Channel Myanmar

Naravit Lertratkosum

We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Loneliness Society 8.2
Loneliness Society မီနာ အဖြစ် Nune Woranuch ထန် အဖြစ် Joss Way-ar အာထစ် အဖြစ် Iang Sittha ခေထီ အဖြစ် Jan Ploychompooဇာတ်လမ်းအကျဉ်းမီနာဆိုတဲ့မိန်းက​​လေးက အွန်လိုင်းပစ္စည်းတွေကို လိုက်ပို့ပေးတဲ့ ပစ္စည်းပို့သမားတစ်ယောက်ဖြစ်ပြီး အာထစ်ကတော့ လိုင်းပေါ်ကနေပစ္စည်းတွေမှာရကြိုက်သူတစ်ယောက်ဖြစ်ပါတယ်ခေထီကတော့ အာထစ်ရဲ့ချစ်သူဖြစ်ပြီး စိတ်အလိုမကျတိုင်း လမ်းခွဲမယ်ပဲပြောနေတတ်သူတစ်ယောက်ပေါ့တစ်ရက် အာထစ် ကားမတော်တဆဖြစ်ပြီး သတိလစ်​နေတာကို မီနာက ဝင်ကူလိုက်ရင်း အာထစ်ရဲ့မိသားစုတွေက မီနာ့ကိုချွေးမလေးအဖြစ် အထင်မှားသွားခဲ့တယ်မီနာကလည်း သူမ အရင်ကသဘောကျခဲ့သူက အာထစ်လို့မှတ်ယူပြီး ချွေးမလောင်းအဖြစ်ဟန်ဆောင်နေရာယူခဲ့ပါတော့တယ်အာထစ်တစ်ယောက် သတိပြန်ရလာချိန်မှာတော့ အတိတ်မေ့နေခဲ့ပြီး မီနာ့ရဲ့ပစ္စည်းလာပို့တဲ့မှတ်ဥာဏ်တွေကို သူ့ချစ်သူအဖြစ်အမှတ်တရတွေလို့ အထင်မှားနေခဲ့ပါတော့တယ်စိတ်ဆိုးပြီးလမ်းခွဲထားတဲ့ ချစ်သူအစစ် ခေထီကအာထစ်ကိုပြန်လာရှာချိန်မီနာထင်နေခဲ့တဲ့ သူမသဘောကျမိခဲ့သူက အာထစ်မဟုတ်ဘဲ သူ့ညီ ထန်ဖြစ်နေခဲ့ချိန်မှာတော့အစ်ကိုဖြစ်သူရဲ့ချစ်သူအဖြစ်ဟန်ဆောင်နေပြီးချိန်မှ ညီဖြစ်သူကိုခံစားချက်အစစ်ရှိလာတဲ့ မီနာ အာထစ်ကို ပြန်ရယူချင်တဲ့ခေထီ အစ်ကို့ချစ်သူမှန်းသိပေမဲ့ သဘောကျနေမိတဲ့ ထန် မီနာ့ကိုပဲ ချစ်သူထင်နေခဲ့တဲ့ အာထစ် သူတို့လေးယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှူကြရအောင်( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ပါ )Native ...
8.2
TMDb: 8.2/10 votes
tv

Loneliness Society

2023