Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Natalia Sumska
7.341
Servant of the People (2019) Season 3 Complete
Servant of The People (2019) Season 3 Complete ~ IMDb rating - 6.8/10 ~ The Servant of the People လူထုအစေခံတဲ့။ Season 1 နဲ့ Season 2 လည်းကြည့်ပြီးကြပြီဆိုတော့ ဇာတ်ရှိန်ကလုံးဝမကျသွားတာကို သိကြမယ်ထင်ပါတယ်။ ဘယ်လောက်ထိကောင်းလဲဆိုရင်တော့ S2 ပြီးတဲ့အချိန်မှာ S3 ကို ဆက်မျှော်နေတဲ့ထိကို ကောင်းလှတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ Season 1 နဲ့ Season 2 မှာ အပိုင်း 20 ကျော်တွေကြည့်လာရသမျှ Season 3 မှာတော့ စုစုပေါင်း ၃ ပိုင်းသာရှိပါတော့တယ်။ အပိုင်းတိုင်းဟာ ၁ နာရီနီးပါးစီကြာမြင့်ပြီး ကျွန်တော်အနေနဲ့ မှတ်ချက်ပြုရမယ်ဆိုရင် ဇာတ်လမ်းဟာ အမြန်အဆုံးသတ်ပစ်လိုက်သလိုကြီး လုံးဝကို ဖြစ်မနေပါဘူး။ Season 1 ...
7.341
TMDb:
7.341/10
41 votes
tv
Servant of the People (2019) Season 3 Complete
2015
7.2
Servant of the People (2017) Season 2 Complete
Servant of The People (Season 2) Complete ~ IMDb rating - 7.3/10 ~ အားလုံးပဲစောင့်မျှော်နေကြတဲ့ ယူကရိန်းသမ္မတ ဇလန်စကီး အပြင်မှာသမ္မတမဖြစ်ခင် သူကိုယ်တိုင်သမ္မတနေရာက သရုပ်ဆောင်ပြီးရိုက်ကူးခဲ့တဲ့ နိုင်ငံရေးဟာသ Political Satire ဇာတ်လမ်းတွဲလေး Servant of The People ရဲ့ Season 2 ကိုတင်ဆက်ပေးလိုက်ပါပြီ။ Season 1 ကိုကြည့်ဖူးကြတဲ့သူတွေကတော့ ဘယ်လိုဇာတ်လမ်းလဲဆိုတာ သိပြီးသားဖြစ်မှာမို့ အထူးတလည် မိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ အမှန်တကယ်ဆိုရင် ယူကရိန်း-ရုရှားကျူးကျော်စစ်ဖြစ်တဲ့အချိန်မှ နာမည်ကြီးသင့်တာမဟုတ်ပဲ စထွက်ထဲကကို ကမ္ဘာကျော်ခဲ့သင့်တာပါ။ သရော်တဲ့နေရာမှာလည်း ကိုယ်တိုင်က နိုင်ငံရေးကို ထဲထဲဝင်ဝင်လေ့လာထားရမှာဖြစ်တဲ့အပြင် တော်ရုံဗဟုသုတနဲ့လည်း ဒီလိုဘက်စုံထောင့်စုံထိမိအောင်ရိုက်နိုင်မှာမဟုတ်တဲ့အတွက် ဇာတ်လမ်းဖန်တီးသူတွေရဲ့အရည်အချင်းကို မဖြစ်မနေအသိအမှတ်ပြုရမှာဖြစ်ပြီး သရုပ်ဆောင်တွေရဲ့နေရာအလိုက် အကောင်းဆုံးသရုပ်ဆောင်နိုင်မှုတွေကလည်း တကယ်ကိုချီးကျူးစရာပါ။ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ အနောက်နိုင်ငံတွေ၊ အဂတိမှုတွေ၊ အာဏာသိမ်းမှုတွေစတဲ့ ရာဇဝင်ဆိုးတွေမရှိခဲ့တဲ့နိုင်ငံက လူတွေအတွက် ရင်ထဲရောက်ချင်မှရောက်နိုင်ပေမယ့် ကျွန်တော်တို့လိုမျိုးစုံ ...
7.2
TMDb:
7.2/10
38 votes
tv
Servant of the People (2017) Season 2 Complete
2015
7.1
Servant of the People (2015) Season 1
Servant of The People IMDb 6.9 Political satireဒီစီးရီးကတော့ ယူကရိန်းသမ္မတ ဇလန်စကီးရဲ့ နာမည်ကျော်ရုပ်သံစီးရီးဖြစ်ပါတယ်...ဘယ်လောက်နာမည်ကျော်ခဲ့သလဲဆိုရင် ဒီစီးရီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဇလန်စကီးဟာ ၂၀၁၉ ခုနှစ် ယူကရိန်းနိုင်ငံရဲ့ရွေးကောက်ပွဲမှာ သမ္မတဖြစ်ခဲ့တဲ့ထိ လူကြိုက်များခဲ့ပါတယ်။စီးရီးရဲ့နာမည်က Servant of The People "လူထုရဲ့အစေခံ" တဲ့။နိုင်ငံတစ်ခုရဲ့သမ္မတ/အစိုးရဆိုတာ လူထုရဲ့အစေခံအဖြစ် အလုပ်အကျွေးပြုရပါမယ်ဆိုတဲ့ သဘောမျိုးပေါ့..."လူထုအစေခံ"ဆိုတဲ့နာမည်နဲ့ပါတီထောင် ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ပြီး သမ္မတဖြစ်ခဲ့တဲ့ ဇလန်စကီးဟာတော့ ယနေ့ချိန်ခါမှာ အင်အားကြီးရုရှားနိုင်ငံရဲ့ကျူးကျော်မှုကို ယူကရိန်းလူထုနဲ့အတူ ဦးဆောင်ဖြေရှင်းနေတာ တွေ့ရမှာပါ။ဇာတ်လမ်းကိုပြန်ဆက်ရရင်..ဇလန်စကီးက ရုပ်ရှင်ထဲမှာ ရိုးရိုးကျောင်းဆရာတစ်ယောက်ဗျ။ မိန်းမဖြစ်သူနဲ့ကလေးနဲ့ကွဲထားပြီး သူ့မိဘအိမ်မှာ ပြန်လာတက်နေနေတဲ့ ကျောင်းဆရာကိုလူအေးပေါ့ဗျာ။ ကိုလူအေးဆိုပေမဲ့ အေးချင်လို့အေးနေတာတော့မဟုတ်ဘူး။ သမိုင်းသင်တာဆိုတော့ အကုန်လုံးကို သိပေမဲ့ မသိချင်ယောင်ဆောင်ပြီး စိတ်လျှော့ထားရတာမျိုးပေါ့။ ဒါပေမဲ့စိတ်မရှည်တော့တဲ့အထိ သည်းခံနိုင်စွမ်းကုန်သွားတဲ့တစ်နေ့ ဒုကျောင်းအုပ်ကို ရွေးကောက်ပွဲကိစ္စတွေ၊ နိုင်ငံရေးဂျင်းသမားတွေအကြောင်းတွေ၊ နိုင်ငံတော်ကြီးအမြဲဘာလို့သောက်တစ်လွဲဖြစ်နေရလဲတွေကို ပေါက်ကွဲပွင့်ထွက်ပြောနေတဲ့ ဗီဒီယိုကို သူ့ကျောင်းသားတစ်ယောက်က ခိုးရိုက်ပြီး လိုင်းပေါ်တင်ရာကနေ လူပေါင်းသန်းချီသဘောကျသွားတာကနေ ဇာတ်လမ်းစသွားတယ်ပေါ့ဗျာ။တစ်ခါမှမပေါက်ကွဲဖူးတဲ့ ...
7.1
TMDb:
7.1/10
27 votes
tv
Servant of the People (2015) Season 1
2015