Channel Myanmar

Omar Benson Miller

True Lies (2023) 7.846
True Lies (2023) True Lies(2023)မကြာသေးခင်ကမှ ထွက်ရှိထားပြီး အမေရိကန် action, comedy စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကျောရိုးကတော့ အမေရိကန်တို့ရဲ့ထုံးစံအတိုင်း ပစ်မယ်ခတ်မယ်၊ ကမ္ဘာကြီးကိုကယ်တင်မယ်၊ ကြားထဲက အရွှန်းလေးတွေ ဖောက်မယ်ပေါ့ဗျာ။ သို့ပေမဲ့လည်း ဒီစီးရီးလေးကို 1994ခုနှစ်က ဒါရိုက်တာကြီး James Cameron စီစဉ်ရိုက်ကူးတင်ဆက်ထားပြီး မင်းသားကြီး Arnoldပါဝင် သရုပ်ဆောင်ခဲ့တဲ့ True Liesဆိုတဲ့ ရုပ်ရှင်အပေါ် မှီငြမ်းထားတာပါ။ ဒီမှာ တစ်ခု သတိထားမိတာက Japan anime industryထဲက Spy x familyနဲ့လည်း တချို့တစ်နေရာမှာ ခပ်ဆင်ဆင်လေး သွားတူနေတယ်ဆိုတာပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ Harry Taskerဟာ ကွန်ပျူတာ အရောင်းစာရေးလေးအဖြစ် အသွင်ယူထားတဲ့ နိုင်ငံ့ထိပ်တန်း သူလျှိုအဖွဲ့အစည်းတစ်ခုက သူလျှိုတစ်ယောက်ပဲဖြစ်ပါတယ်။ အိမ်ထောင်ရက်သား ကျပြီးလို့ ၁၇နှစ်အကြာ သားသမီးတွေ ထွန်းကားပြီးတာတောင်မှ သရုပ်မှန်ကို အခုထိပိပိရိရိ ဖုံးကွယ်ထားနိုင်ဆဲပါ။ တစ်ဖက်မှာလည်း ဇနီးဖြစ်သူ Helenအနေနဲ့ Harryရဲ့ အချိန်မတိကျမှုတွေ အလုပ်ကိစ္စဆိုပြီး မကြာခဏ ရက်တိုခရီးထွက်တာတွေအပေါ် သင်္ကာမကင်း စဖြစ်လာပါတော့တယ်။ အဲဒီလိုနဲ့ပဲ သရုပ်မှန်မပေါ်ချင်သလို အိမ်ထောင်ရေးပြဿနာလည်း မတက်ချင်တဲ့ Harryခမျာ ကြံရာမရတဲ့အဆုံး လံကြုပ်ဇာတ်ခင်းပြီး ...
7.846
TMDb: 7.846/10 13 votes
tv

True Lies (2023)

2023
The Last Days of Ptolemy Grey (2023) 8
The Last Days of Ptolemy Grey (2023) The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့် Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။ စီးရီးနာမည်က "တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ" ပေါ့။တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။ တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။ သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။ တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့ တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့် ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။ ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊ သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb: 8/10 25 votes
tv

The Last Days of Ptolemy Grey (2023)

2022