Channel Myanmar

Pahun Jiyacharoen

Dangerous Romance (2023)
Dangerous Romance (2023) Dangerous Romance / အန္တရာယ်ရှိတဲ့အချစ် (2023)တစ်ယောက်နဲ့တစ်ယောက် မတည့်ကြတဲ့ အခြေအနေကနေ ချစ်သွားတဲ့အခြေအနေမျိုးကို ရောက်သွားတတ်သလိုပဲ ဒီဇာတ်လမ်းလေးကတော့ အချင်းချင်းမတည့်ရာကနေ ချစ်သွားကြမယ့် ဇာတ်လမ်းလေးပါ။Sailom က ဆင်းရဲပေမယ့် စာတော်တဲ့ကျောင်းသားလေးတစ်ယောက်။ ပြီးတော့ အချိန်ပိုင်းအလုပ်တွေလုပ်ပြီး ရုန်းကန်နေရတဲ့သူပါ။Kanghan ကတော့ ချမ်းသာပြီး အနိုင်ကျင့်တတ်တဲ့ ခပ်ဆိုးဆိုးကျောင်းသားတစ်ယောက်ပေါ့။Sailon တစ်ယောက် သူ့သူငယ်ချင်းကို Kanghan တို့အုပ်စု ဝိုင်းအနိုင်ကျင့်တာကို ဝင်ကူညီပေးရင်း သူကိုယ်တိုင်ပါ Kanghan တို့အုပ်စုရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ အတန်းပိုင်ဆရာကလည်း လူချမ်းသာတွေဘက်ကိုပဲ ဦးစားပေးတဲ့သူဆိုတော့ ကျောင်းမှာ Kanghan တို့အဖွဲ့ လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး။ ဒီလိုနဲ့ အချင်းချင်းမတည့်ကြတဲ့ သူတို့နှစ်ယောက် ဘယ်လိုမျိုး ချစ်မိသွားကြမလဲဆိုတာကို အပတ်စဉ် သောကြာနေ့တိုင်း ဇာတ်လမ်းထဲမှာပဲ အတူတူကြည့်ကြရအောင်နော်။အညွှန်းကိုတော့ Moh Moh က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Moh Moh, Mary, Hmwe, Laii တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… ...

Dangerous Romance (2023)

2023
Past-Senger (2023)
Past-Senger (2023) Past-Senger (2023)BL ပရိသတ်တွေအတွက် ကြည့်စရာဇာတ်လမ်းတွဲအသစ်လေးကို CM ကတင်ဆက်ပေးပါဦးမယ်နော်ကီရို့ဆိုတဲ့ကောင်လေးက သူငယ်ချင်းတစ်သိုက်နဲ့ အမြဲပျော်နေတတ်ပြီး ဗိသုကာပညာကိုသင်ယူဖို့တက္ကသိုလ်တက်တော့မယ့်အချိန်မှာ ကချော်ကချွတ်နဲ့ နောက်ပြောင်ရင်း နောက် ၂၅ နှစ်ကိုရောက်သွားပါလေရော...ဘီးလ်ဆိုတဲ့ကောင်လေးကတော့ ၂၀၂၂ ခုနှစ်မှာ ဗိသုကာမေဂျာတက်နေတဲ့ ရိုးသားကြိုးစားဖိုးသခွားလေးပေါ့နော်အဲအချိန်မှာ သူတို့နှစ်ယောက်ဆုံပြီးတော့ ဘာတွေဆက်ဖြစ်ကြမလဲ ၂၅ နှစ်ဆိုတဲ့ ကွာဟနေတဲ့အချိန်ကာလကိုရော ဘယ်လိုရင်ဆိုင်ကြမလဲ... BL ထဲမှာပါ အချိန်ခရီးသွားပုံစံလေးနဲ့ဆိုတော့ တစ်မျိုးတစ်မည်ဖြစ်နေလို့ အထူးညွှန်းစရာမလိုတော့လို့ ကြည့်လိုက်ကြပါဦးနော်အညွှန်းကိုတော့ Joyz က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Joyz, Blue, MyoMyo, ThantSin တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 1GB | 500MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz, Blue, MyoMyo, ThantSin Encoder ..... Aaron720pEpisode 01 - Userdrive | ...

Past-Senger (2023)

2023
Chains of Heart (2023)
Chains of Heart (2023) Chains of Heart (2023)သစ်တောအရာရှိလေးတစ်ယောက်ဖြစ်တဲ့ဒင်မှာ ခန်ဆိုတဲ့ နှစ်နဲ့ချီမြတ်နိုးရတဲ့ချစ်သူရှိပါတယ်။ RS သက်တမ်းလည်းမနည်းလှတဲ့ သူတို့နှစ်‌ယောက်ရဲ့ဘဝက ကြမ္မာဆိုးငင်ချင်တော့ မူးယစ်မှောင်ခိုမာဖီးယားဂိုဏ်းတစ်ဂိုဏ်းနဲ့ပတ်သက်မိပြီး တောင်စောင်းကနေ နှစ်ယောက်တူတူ ပြုတ်ကျသွားတဲ့အခါ...ခန်တစ်ယောက် အသက်မသေဘဲနိုးထလာခဲ့ပေမဲ့ သေသည်ရှင်သည်လည်း သေချာမသိရဘဲ အစရှာမရ ပျောက်ခြင်းမလှပျောက်နေတဲ့ဒင်၊ ဒင်ကို‌ဆုံးရှုံးလိုက်ရတာကြောင့် နှလုံးသားတံခါးကိုချိတ်ပိတ်လိုက်တဲ့ "ခန်" တစ်ယောက် ၂ နှစ်အကြာမှာ ရန်ပွဲထဲကသူ့ကို ရုတ်တရက်ဝင်ကယ်သူနဲ့ဆုံလိုက်ရပေမဲ့ မျက်နှာကိုသေချာမြင်ခွင့်မရလိုက်တဲ့အခါ...အဲဒီနေ့က မမျှော်လင့်ထားတဲ့အဖြစ်အပျက်နဲ့ သူ့ရဲ့ဘဝထဲကို တိတ်တခိုးဝင်ရောက်လာတဲ့ အမည်မသိလူသားလေးနဲ့ ချစ်ရသူနဲ့ခပ်ဆင်ဆင်တူတဲ့အချက်တွေကြောင့် "ဒင်" လို့ထင်နေမိတဲ့ "ခန်" တို့ ဘယ်လိုရှေ့ဆက်ကြမလဲ။ ကံကြမ္မာမုန်တိုင်းကြောင့် ကွဲကွာနေတဲ့အချစ်ငှက်ငယ်လေးတွေရော ကံအလှည့်အပြောင်းမှာ ပြန်‌ဆုံနိုင်မလားဆိုတာ အားလုံးအ‌တူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Shin, Cali, Moh တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p | 720p | File size… 600MB | 300MB Format… mp4 Duration….47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...

Chains of Heart (2023)

2023