Channel Myanmar

Park Eun-bin

The Ghost Detective (2018) 5.7
The Ghost Detective (2018) The Ghost Detective (2018)*************************အပိုင်း ၁ မှ ၁၆စ/ဆုံး ဒီကားလေးကတော့ Extraordinary Attorney Woo, Castaway Diva တိုလိုမျိုး ဇာတ်ကားကောင်းတွေနဲ့ ပရိသတ်တွေရဲ့အချစ်တွေကိုဖမ်းစားထားနိုင်တဲ့ မင်းသမီးလေး Park Eun Bin နဲ့ Fly High Butterfly, School 2013 တိုလိုဇာတ်ကားမျိုးတွေမှာသရုပ်ဆောင်ထားတဲ့ Choi Daniel တိုရဲ့ တွေ့ဖူးနေကျစုံထောက်ဇာတ်ကားမျိုးမဟုတ်ဘဲ သရဲတွေနဲ့အမှုတွေကိုဖြေရှင်းရတဲ့မှုခင်းဇာတ်လမ်းတွဲအမျိုးအစာလေးပါဇာတ်လမ်းအကျဥ်း-------------------- အီဒါအီ(Choi Daniel )က စုံထောက်အေဂျင်စီတစ်ခုရဲ့အလွတ်တမ်းစုံထောက်တစ်ယောက်ပါ သူဟာ စစ်တပ်ထဲမှာ တပ်ကြပ်ကြီးရာထူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပေမယ့်လည်း သတင်းအချက်အလက်ပေါက်ကြားတဲ့အမှုနဲ့ တပ်ထဲကနှုတ်ထွက်ခဲ့ရပါတယ် ဂျောင်ယောအူကတော့ အကြောက်အလန့်မရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ အီဒါအီတိုရဲ့စုံထောက်အေဂျင်စီမှာ အချိန်ပိုင်းအလုပ်သမားအဖြစ် အလုပ်လုပ်ဖြစ်သွားခဲ့ပါတယ် သူမဟာ သူမရဲ့ညီမလေးအသတ်ခံရတာနဲ့ပတ်သက်ပြီးတော့ တရားခံကိုရှာဖွေနေခဲ့တာပါအီဒါအီနဲ့ဂျောင်ယောအူတိုအမှုတစ်ခုကိုစုံစမ်းရင်း စုံထောက်အီဒါအီက သရဲမကြိုးကိုင်ထားတဲ့ အမျိုးသမီးတစ်ဦးဆီမှာ အသတ်ခံလိုက်ရပါတယ် မသေဆုံးဘဲနဲ့ ကိုမာအခြေအနေနဲ့ဖြစ်သွားပြီးတော့ ခန္ဓာကိုယ်လည်းပျောက်ဆုံးနေတဲ့အချိန်မှာ အီဒါအီက ဝိဉာဥ်အဖြစ် ခန္ဓာကိုယ်ရဲ့အဝေးမှာရှိနေခဲ့ပါတယ် ထူးဆန်းစွာနဲ့ အီဒါအီကိုလည်း ဂျောင်ယောအူက သာမာန်လူတစ်ယောက်အတိုင်း မြင်ရကြားရပါတယ်ဒါကြောင့် အီဒါအီအသတ်ခံရတဲ့အမှုကို ဘယ်လိုပြန်ပြီးဖော်ထုတ်ပြီးတော့ အလောင်းကိုပြန်ပြီးရှာဖွေသွားကြမလဲ ဂျောင်ယောအူရဲ့ညီမဖြစ်သူအမှုရဲ့ တရားကိုဘယ်လိုတွေရှာဖွေသွားမလဲ တရားခံကရော ဘယ်သူဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းကိုတော့ Kaung Htet Zin ...
5.7
TMDb: 5.7/10 9 votes
tv

The Ghost Detective (2018)

2018
Castaway Diva(2023)[Complete]
Castaway Diva(2023)[Complete] Castaway Diva(2023)********************အပိုင်း ( ၁ မှ ၁၂ ) ထိ စ/ဆုံးငယ်ငယ်လေးတည်းက အဆိုတော်ဖြစ်ချင်လွန်းလှတဲ့ ဒေသိယစကားသံဝဲဝဲလေးနဲ့ ကောင်မလေး Seo Mok Ha .. အလယ်တန်းရောက်တော့ အဆိုပြိုင်ပွဲတစ်ခုမှာဝင်ပြိုင်ရင်း ပြိုင်ပွဲမှာအနိုင်ရရှိခဲ့တယ်။ သီချင်းဆိုရတာကိုရူးသွပ်တဲ့ Mok Ha က တစ်နေ့မှာ နယ်ကနေ ဆိုးလ်ကို လူရွေးပွဲဝင်ပြိုင်ဖို့အသွား လမ်းမှာမတော်တဆမှုတစ်ခုဖြစ်ပြီး လူသူကင်းမဲ့တဲ့ကျွန်းကြီးတစ်ကျွန်းမှာသောင်တင်သွားခဲ့ရတော့တယ်။ အဆိုတော်မကြီးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက် လူဆိုလို့သူ့အပြင်မရှိတဲ့ကျွန်းကြီးမှာ ၁၅ နှစ်ကြာ တစ်ယောက်တည်း အခက်အခဲဆင်းရဲဒုက္ခတွေနဲ့ရင်ဆိုင်ရင်း တစ်နေ့မှာတော့ ကျွန်းကြီးပေါ်ကနေ ပြန်အကယ်တင်ခံခဲ့ရပါတော့တယ်။ ၁၅ နှစ်လုံးလုံးကင်းကွာနေခဲ့တဲ့လူ့ပတ်ဝန်းကျင်ကိုပြန်ရောက်လာပြီး အပြောင်းအလဲတွေနဲ့အသားကျအောင်ကြိုးစားရင်း ဘာတွေဖြစ်ဦးမလဲ .. သူ့ရဲ့အဆိုတော်ဖြစ်ချင်တဲ့အိပ်မက်ကိုရော ဆက်အကောင်အထည်ဖော်နိုင်ဦးမလား ..။Cast တွေအနေနဲ့ကတော့ “ဝူယောင်းဝူ” ဇာတ်ကောင်နဲ့ ချီးကျုးမှုတွေ တစ်ခဲနက်ရရှိခဲ့ပြီး Daesang ဆုကြီးအထိပါသိမ်းပိုက်နိုင်ခဲ့တဲ့ “Park Eun Bin” နဲ့ “Nevertheless” ဇာတ်ကားနဲ့ အာလူးလေးလို့လူသိများခဲ့တဲ့ “Chae Jong Hyeop” တို့က အဓိကပါဝင်သွားမှာဖြစ်သလို CM ကနေ အပတ်စဉ် စနေ, တနင်္ဂနွေတိုင်း ...

Castaway Diva(2023)[Complete]

2023
Extraordinary Attorney Woo (2022)
Extraordinary Attorney Woo (2022) Extraordinary Attorney Woo (2022)“Strange Lawyer Woo Young Woo” ကနေ “Extraordinary Attorney Woo”လို့နာမည်ပြောင်းခဲ့ရပြီး ထုတ်လွှင့်မယ့်ရုပ်သံလိုင်းတွေ အမျိုးမျိုးပြောင်းခဲ့ရာကနေ နောက်ဆုံးတော့ အားလုံးရှေ့မှောက်ကိုရောက်လာပြီဖြစ်တဲ့ ချစ်စရာကောင်မလေး Woo Young Woo လုံးလုံးလေးပါ။Woo Young Woo က IQ 164တောင်ရှိပြီး ငယ်စဥ်ကတည်းစာတော်ခဲ့တဲ့အပြင် ဆိုးလ်အမျိုးသားတက္ကသိုလ်ကနေ စီးပွားရေး နဲ့ ရှေ့နေဘွဲ့နှစ်ဘွဲ့တောင်ရခဲ့တဲ့ ရှေ့နေမလေးပါ။ ဉာဏ်ကောင်းချက်ကတော့ ငယ်စဥ်ကဖတ်မှတ်ခဲ့ရတာတွေကို အကုန်မှတ်မိတဲ့အပြင် ဥပဒေရေးရာအသုံးအနှုန်းတွေကို သည်၊ ၏ မလွဲ မှတ်နိုင်တဲ့အထိပါပဲ။ ဒီလိုချစ်စရာကောင်းပြီးထက်မြက်တဲ့ရှေ့နေမလေးက ဘာလို့များ “ထူးခြားတဲ့ရှေ့နေ ဝူ” ဖြစ်နေရတာပါလဲ။မွေးရာပါ Asperger’s Syndrome ရောဂါသည်လေးမို့ ဉာဏ်ရည်မှာသူများတွေထက်အများကြီးသာလွန်ပေမယ့် သာမန်လူတွေအလွယ်လေးလုပ်နိုင်သမျှကို Yong Woo ခမျာ မလုပ်နိုင်ရှာပါဘူး။ ခံစားချက်ကိုဖော်ပြဖို့ခက်ခဲသလို သူငယ်ချင်းမိတ်ဆွေရယ်လို့လည်း များများစားစားမရှိပါဘူး။ လူတွေကြားထဲမှာနေရတာ သူ့အတွက်ခက်ခဲပြီး များသောအားဖြင့်တစ်ယောက်တည်းအနေများတဲ့ Woo Young Woo ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်က လူအများနဲ့ဆက်ဆံရပြီး တစ်ဖက်လူရဲ့လျှောက်လဲချက်တွေကို အချေအတင်ပြန်ချေပရတဲ့ ရှေ့နေအလုပ်ဖြစ်နေတဲ့အခါ ..အပတ်စဥ် ဗုဒ္ဓဟူး၊ ကြာသပတေးနေ့တိုင်းတင်ဆက်ပေးသွားမှာမို့ ...

Extraordinary Attorney Woo (2022)

2022
The King’s Affection (2021)
The King’s Affection (2021) The King’s Affection (2021)ဒီတစ်ခါမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နန်းတွင်းကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်ဂျိုဆွန်းခေတ်မှာ အိမ်ရှေ့စံမင်းသားရဲ့ မိဖုရားဟာ ကိုယ်ဝန်ရခဲ့ပြီး မင်းသားရယ် မင်းသမီးရယ် အမွှာလေး ဖွားမြင်ခဲ့ပါတယ် ဒါပေမယ့် မင်းသားဖြစ်ရမယ့်သူက မိန်းမတစ်ယောက်နဲ့ တစ်ဝမ်းတည်းထွက်ခဲ့တာကြောင့် မကောင်းတဲ့နိမိတ်လို့ ယူဆကြပြီး မင်းသမီးငယ်လေးကို သတ်ဖို့ လုပ်ခဲ့ကြပါတယ် ဒီလိုကနေ တော်ဝင်သမားတော်ကြီးနဲ့ အိမ်ရှေ့စံမိဖုရားတို့က မင်းသမီးငယ်လေးကို သေတဲ့ပုံစံလုပ်ပြီး ​တောတွင်းက ဘုန်းကြီးကျောင်းထဲ စွန့်ပစ်ခဲ့ကြတာပေါ့ အချိန်ကာလတစ်ခု ကြာမြင့်လာတဲ့အခါ မင်းသမီးငယ်လေးက မိဖုရားကြီးရှေ့ ပြန်ပေါ်လာချိန်မှာတော့..... နန်းတွင်းရေးအရှုပ်တွေကြားကနေ ဖြစ်ပေါ်လာမယ့် လူငယ်တွေရဲ့ ခံစားချက်ကို ဖော်ကျူးရိုက်ပြထားပါတယ်She would never know နဲ့ လူသိများခဲ့တဲ့ မင်းသားလေး Rowoon ပါဝင်တဲ့ Cast ချောချောလေးတွေ များစွာပါဝင်တဲ့ နန်းတွင်းကား ချောချောကောင်းကောင်းလေးပါ အပတ်စဉ် တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ Channel Myanmar ကနေ တင်ဆက်ပေးသွားမှာမို့ ​စောင့်မျှော်အားပေးကြပါဦးနော်အညွှန်းကိုတော့ Amelia က ရေးသားပေးထားပြီးတော့ဘာသာပြန်တွေကတော့ Jerrica, Shwe Pyae, Amelia, Thet Hnin Hsu တို့ပဲ ဖြစ်ကြပါတယ်။Encoder - AugustSize: 500MB Quality: 720p Subtitle: ...

The King’s Affection (2021)

2021
Hot Stove League (2019) 8.7
Hot Stove League (2019) Hot Stove League (2019)ဇာတ်လမ်းတွဲအညွှန်း***************************************အပိုင်းသစ်(၁၆) ဇတ်သိမ်းDreams ဆိုတဲ့ဘေ့စ်ဘောအသင်းဟာ ရာသီဆက်နီးပါ အမှတ်ပေးဇယားအောက်ခြေကနေရုန်းမထွက်နိုင်ဘူး...ပရိတ်သတ်တွေရဲ့စိတ်ပျက်လက်ပျက်ဖြစ်မှုဟာ နေ့စဉ်နဲ့အမျှတိုးပွားနေတယ်....ပြောရရင် Dream အသင်းဟာအဘက်ဘက်က ယိုယွင်းနေပါတယ်...ပိုင်ရှင်သူဌေးကလည်း အမြတ်နည်းလှတဲ့အသင်းကို သံယော်ဇဉ်မရှိလှသလိုနည်းပြအဖွဲ့တွေကစလို့ ဟိုးအောက်ခြေကစားသမားတွေအထိ အဖွဲ့တွေကွဲပြားနေလို့အသင်းအခြေအနေဟာ ဟိုးအောက်ခြေကနေမတက်တော့တဲ့အနေအထားပါ....ဒီရာသီမှာတော့ ပရိတ်သတ်တွေရဲ့သီးခံနိုင်မှုကုန်ဆုံးလာသလို အထွေထွေမန်နေဂျာကိုယ်တိုင်လည်း နှုတ်ထွက်သွားပါတယ်....ဒါ့ကြောင့် နောက်ရာသီအတွက်ပြင်ဆင်ဖို့ Dreams အသင်းဟာ အရည်အချင်းရှိတဲ့ မန်နေဂျာတစ်ယောက်ခေါ်ဖို့စတင်ကြိုးစားပါတယ်....သူဌေးနဲ့စီမံရေးမန်နေဂျာတို့ဟာ လာရောက်အင်တာဗျူးတဲ့အထဲကမှ အကြိုက်ဆုံး(၂)ယောက်ကိုရွေးထုတ်ထားတယ်... ဘေ့စ်ဘောအကြောင်းလုံးဝမသိဘဲ  အရင်က လက်ပစ်ဘောအထွေထွေမန်နေဂျာနဲ့တခြားအသင်းအချိို့မှာအလုပ်လုပ်ဖူးတဲ့ သူတစ်ယောက်နဲ့တောင် အင်တာဗျူးမှာရန်ဖြစ်ခဲ့ပါသေးတယ်....နောက်တစ်နေ့မှာတော့စီမံရေးဌာနကတောင်မသိဘဲ ပိုင်ရှင်သူဌေးကိုယ်တိုင်က ဘေ့စ်ဘောအကြောင်းလုံးဝမသိတဲ့အင်တာဗျူးမှာပြဿနာဖြစ်ခဲ့တဲ့သူကို အထွေထွေမန်နေဂျာအဖြစ်ခန့်အပ်လိုက်သတဲ့...နည်းပြအဖွဲ့အကွဲအလွဲတွေ၊လေ့ကျင့်ရေးအထောက်အကူပြုပစ္စည်းချို့တဲ့မှုတွေ၊တန်းဆင်းဇုံကအသင်းမို့ ကစားသမားကောင်းမလာချင်ငွေမသုံးနိုင်တဲ့အနေအထားတွေ၊ ကင်းထောက်အဖွဲ့တွေကစားသမားသင်းကွဲတွေနဲ့ဘေ့စ်ဘောအကြောင်းမသိတဲ့အထွေထွေမန်နေဂျာတုိ့ ဆုံတွေ့ကြတဲ့အခါမှာတော့....ဒီစီးရီးက ဘေ့စ်ဘော အားကစားနဲ့ဆိုင်တဲ့စီးရီးမို့အတော်များများက ကြည့်ဖို့လက်ရှောက်ကြပါတယ်...ဒါပေမဲ့ အပိုင်းတစ်ဆုံးအောင်ကြည့်လိုက်တာနဲ့ဆက်တိုက်ကြည့်ချင်သွားတယ်...အဓိကသရုပ်ဆောင်မင်းသား Nam Goong Min နဲ့ လိုက်ဖက်တာကြောင့်လည်းပါမယ်ထင်တယ်..တစ်လျှောက်လုံး အပြုံးအရယ်လုံးဝမရှိပဲ ခပ်ထေ့ထေ့ မျက်ဝန်းတစ်ခုထဲနဲ့ ဇာတ်ကားတစ်ကားလုံးကိုသူမွှေနှောက်သွားတာ....အလန်းဆုံးကတော့ Plot Twistတွေပဲ...ဘာဆက်လုပ်မယ်ကို မှန်းမရတာ...အကွက်ကြီးတွေက အလန်းကြီးဟ လို့ ထရေရွတ်မိအောင် အခန်းတိုင်းလုပ်နိုင်တယ်...မကြည့်ရသေးတဲ့သူတွေကြည့်ပါ..အခေါက်ခေါက်အခါခါပြန်ကြည့်ချင်တဲ့စီးရီးထဲမှာလုံးဝပါပါတယ်..အနှစ်ချုပ်ရရင်တော့ နင်းကန်ကောင်းလို့နင်းကန်ဒေါင်းကြပါ...ကြည့်ပြီးသားသူတွေတော့ စပွိုင်လာမန့်မျိုးတွေရှောင်ပေးကြပါခင်ဗျ.,,အားလုံးကို ...
8.7
TMDb: 8.7/10 7 votes
tv

Hot Stove League (2019)

2019
The Legend ( 2007 ) ( Completed ) 9
The Legend ( 2007 ) ( Completed ) The Legend ဆိုတာဟာ ၂၀၀၇ ခုနှစ်က တောင်ကိုရီးယားသမိုင်းတစ်ခုကိုပြန်လည်အသက်သွင်းရိုက်ကူးထားပြီး မြန်မာနိုင်ငံရဲ့ MRTV ချန်နယ်မှာ"မြင့်မြတ်သူတို့နှလုံးသား" နာမည်နဲ့ ပြသသွားခဲ့တဲ့သဘာဝလွန်နန်းတွင်းကားလေးတစ်ကားဖြစ်ပါတယ်ဟိုတုန်းက အားလုံးရဲ့ အသည်းစွဲမင်းသားကြီး (ရှင်ဒေါင်ဟန့်လို့လည်းသိကြတဲ့)ဘေယောင်ဂျွန်း နဲ့ The Penthouse ဇာတ်ကားထဲမှမင်းသမီး Lee Ji Ah, Moon So Ri တို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်ဇာတ်လမ်းလေးကို ကြည့်ဖူးသူတွေ ပြန်အမှတ်ရပြီး မကြည့်ဖူးသူတွေသိရှိသွားအောင် ဇာတ်လမ်းအစလေး နည်းနည်းပေးမြည်းပါမယ်ဟိုးရှေးရှေးတုန်းက မီးစွမ်းအင်တွေကို ခေါင်းဆောင်အစဉ်အဆက်လက်ဆင့်ကမ်းလာတဲ့ ကျားမျိုးနွယ်စုဟာ လက်ရှိခေါင်းဆောင်ကာဂျင်းရဲ့ ဦးဆောင်မှုနဲ့ လောကကြီးကိုအုပ်စိုးနေပါတယ်သူတို့ဟာ မရှင်းထုတ်နိုင်သေးတဲ့ ဝက်ဝံမျိုးနွယ်စုကလွဲပြီးကျန်တဲ့မျိုးနွယ်စုတွေကိုရှင်းပစ်ထားပါတယ်ကောင်းကင်ဘုံဘုရင်ရဲ့သားတော် ဟွမ်ဝွန်းဟာ လူ့ပြည်မှာ ပြည်သူတွေအေးအေးချမ်းချမ်းနေရဖို့အတွက် ဂျူရှင်းနယ်မြေကို တည်ထောင်ခဲ့ပါတယ်သူနှင့်အတူ ခေါ်ဆောင်လာတဲ့ နတ်သုံးပါးကို အရှေ့ဖက်အရပ်ကိုတိမ်နတ်မင်း နဂါးပြာ, အနောက်ဖက်အရပ်ကို လေနတ်မင်း ကျားဖြူ,မြောက်ဖက်အရပ်ကို မိုးနတ်မင်း လိပ်မြွေ အသီးသီးစေလွှတ်ပြီး ဂျူရှင်းနယ်မြေကို စောင့်ရှောက်စေခဲ့ပါတယ်သူတို့ရဲ့အေးချမ်းတဲ့ဂျူရှင်းနယ်လေးအထိ ကျားမျိုးနွယ်စုတွေလာရောက်ကျူးကျော်တိုက်ခိုက်လာတဲ့အခါမှာတော့ကာဂျင်းရဲ့မီးစွမ်းအင်ကို မီးငှက်နှလုံးသားထဲသိမ်းယူထားပြီး ကြင်နာသနားတတ်တဲ့ဝက်ဝံမျိုးနွယ်စုရဲ့ အမျိုးသမီးစစ်သည်ကို ...
9
TMDb: 9/10 2 votes
tv

The Legend ( 2007 ) ( Completed )

2007