Channel Myanmar

Park Hyung-Soo

Happiness (2021) 8.5
Happiness (2021) Happiness (2021)==============ဒီတစ်ခါ အသစ်ထွက်ရှိလာတဲ့ ကားလေးကတော့ အမည်မသိကူးစက်ရောဂါပျံ့နှံ့လာမှုကိုအခြေခံပြီး အစပျိုးထားတဲ့သည်းထိတ်ရင်ဖိုဇာတ်လမ်း‌လေးပါ။ မြို့တော်မှာ ဆောက်လုပ်ပြီးစီးတော့မယ့် အထပ်မြင့်အဆောက်အဦးအသစ်တစ်ခုမှာလူတန်းစားအ‌မျိုးမျိုး နောက်ခံအမျိုးမျိုးနဲ့  လူပေါင်းစုံနေထိုင်နေကြပေမဲ့ ကူးစက်ရောဂါပျံ့ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှအထိတ်တလန့်နဲ့ သွေးရူးသွေးတန်းတွေဖြစ်လာကြရင်း လူတန်းစားပေါင်းစုံကြားထဲက ပဋိပက္ခတွေနဲ့အတူ ‌ကူးစက်ရောဂါရဲ့ခြောက်လှန့်မှုတွေကလည်း ပိုလို့တောင်ကြီးထွားလာခဲ့ပါတယ်။ရှုပ်ထွေးပွေလီလွန်းတဲ့ လောကကြီးထဲ အေးအေးချမ်းချမ်းနေချင်တဲ့ အထူးရဲတပ်ဖွဲ့ဝင်Yoon Sae-Bom (Han Hyo-Joo) နဲ့ဘေ့စ်ဘောကစားသမားဘဝကိုလက်လျော့လိုက်ရပြီး အကြမ်းဖက်မှုစုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တဲ့ Jung Yi-Hyun(Park Hyung-Sik)တို့ သူငယ်ချင်းနှစ်ယောက်က လှည့်ကွက်ပေါင်းစုံကြားထဲ အဖြေရှာကြရင်း၊ရောဂါကူးစက်မှုနဲ့ပက်သက်တဲ့ဝှက်ဖဲကို စုံစမ်းဖော်ထုတ်ကြမှာပါ။နောက်ဇာတ်ကောင်ဖြစ်တဲ့ Han Tae-Seok (Jo Woo-Jin)ကတော့  စစ်တပ်က ထွက်လာပြီးနောက်ပိုင်း  ဆေးဝါးကုမ္ပဏီတစ်ခုရဲ့အမှုဆောင်အကြီးအကဲအဖြစ်လုပ်ကိုင်နေသူပါ။ကူးစက်မှုရဲ့ သော့ချက်ကို လက်ကိုင်ထားသူအဖြစ်လည်း ယူဆရပြီး ဘယ်လိုနေရာကပါဝင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပါဝင်အားဖြည့်ပေးထားတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်တွေပါပဲ။အတော်ကြာမှ Han Hyo Jooနဲ့ Park Hyung Sikတို့ကို ပြန်လည်မြင်တွေ့ရမယ့် အခွင့်အရေးလည်းဖြစ်တာကြောင့်ဘယ်လိုအပေးအယူမျှမျှ အားဖြည့်ထားမလဲဆိုတာကို စောင့်ကြည့်သင့်တဲ့ ကားလေးပါ။သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲတွေ ...
8.5
TMDb: 8.5/10 2 votes
tv

Happiness (2021)

2021