Channel Myanmar

Park No-shik

Behind Your Touch (2023) [Complete]
Behind Your Touch (2023) [Complete] Behind Your Touch (2023)****************************အပိုင်းသစ် ( ၁ မှ ၁၆ )  စ/ဆုံး ဒီseriesထဲမှာတော့ ကေဒရာမာဖန်တွေသိပြီးသားဖြစ်တဲ့ မင်းသမီး ​Han Jiminမင်းသား Lee Minkiနဲ့ နှုတ်ခမ်းနီမ​လေးတို့ရဲ့အသည်းစွဲ EXOအဖွဲ့ဝင် Suhoတို့ကအဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။အလွဲ​ပေါင်းများစွာနဲ့ ထူးဆန်းဖွယ်ရာ​တွေနဲ့ ပြည့်နှက်နေတဲ့ မူဂျင်းဆိုတဲ့​​​ကျေးလက်​တောရွာ​လေးမှာဘုံရယ်ဘွန်းဆိုတဲ့​ကောင်မ​လေးဟာ တိကုဆရာဝန်မ​လေးအဖြစ်လုပ်ကိုင်​နေရင်းတစ်​နေ့မှာ မ​တော်တဆတစ်ခု​ကြောင့်​ မျော​နေရာက ပြန်နိုးလာ​တဲ့အခါမှာ တိရစ္ဆာန်​တွေပါမကလူ​တွေရဲ့တင်ပါးကိုကိုင်​လိုက်တာနဲ့ အတိတ်ကိုမြင်ရတဲ့ စိတ်စွမ်းအင်ကိုရရှိလာပါတော့တယ်။အဲ့အချိန်မှာပဲ ဆိုးလ်မြို့က​နေ ရာထူးချခံလိုက်ရတဲ့ စုံ​ထောက်​လေး မွန်းဂျန်​ယောလ်ဟာမူဂျင်းရဲစခန်းသို့​ရောက်ရှိလာပါ​တော့တယ်။ရုတ်တရက်​ပေါ်​ပေါက်လာတဲ့လူသတ်မှု​တွေအတွက် စုံ​ထောက်မွန်းဟာရယ်ဘွန်းနဲ့ပူး​ပေါင်းကာ အမှုလိုက်ဖို့ဖြစ်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲ ရပ်ကွက်ထဲကကုန်စုံဆိုင်​လေးကို ပ​ဟေဋိဆန်ဆန်လူ​ချော​လေးဂင်ဆွန်းဝူကပါ ​ပြောင်းလာပြီး အလုပ်လုပ်​နေ​သောအခါ..အလွဲလွဲအချော်‌ချော်နဲ့ သူတို့အမှုကို ဘယ်လိုလိုက်ကြမလဲ...ရွာထဲမှာ​ရောဘယ်လိုထူးဆန်းမှု​တွေရှိ​နေတာလဲ...လူသတ်သမားကဘယ်သူလဲ...ဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရမှာဖြစ်ပါတယ်။(အညွှန်းကိုတော့ KhinNiက ရေးသားထားပါတယ်။) Aired: Aug 12, 2023 - Oct 1, 2023 Aired On:  Saturday, Sunday Genres: Mystery, Comedy, Romance, Supernatural Duration: 60 mins Episodes: 16 Original Network: JTBC Translated by  ...

Behind Your Touch (2023) [Complete]

2023