Channel Myanmar

Patara Eksangkul

6ixtynin9 the Series (2023)
6ixtynin9 the Series (2023) 6ixtynin9 (2023)ရေငတ်နေတုန်း ရေတွင်းထဲကျရင်တော့ ဘယ်သူမဆို ဝမ်းသာပီတိဂွမ်းဆီထိတတ်ကြပေမဲ့ ကိုယ်ကရေမကူးတတ်လို့ ရေနစ်မှာကိုတော့ ကျွန်တော်တို့မေ့နေတတ်ကြတာဟာ ဓမ္မတာပါပဲ။ဒီဇာတ်လမ်းမှာရော ဘယ်လိုများ ဖြစ်မလဲ?ပရိသတ်အချစ်တော် Mai Davikaရဲ့ Crime Thriller စီးရီးသစ် 6ixtynin9 လေး ယနေ့မှာထွက်ရှိလို့လာပြီဆိုတော့ စီအမ်ပရိသတ်တို့ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီနော်။ကိုဗစ်ရောဂါဆိုးကြီးရဲ့နောက်ဆက်တွဲဖြစ်တဲ့ စီးပွားရေးပျက်ကပ်ကြောင့် အာမခံကုမ္ပဏီဝန်ထမ်းလေးတွန်းတစ်ယောက် ဝန်ထမ်းလျှော့တဲ့ထဲပါပြီး နေ့ချင်းညချင်း အလုပ်လက်မဲ့ဘဝရောက်သွားပါတယ်။ အလုပ်အကိုင်ရှားပါးလို့ စားဝတ်နေရေးကြပ်တည်းလွန်းတာကြောင့် အသက်ကိုပါနုတ်ယူဖို့ပါကြံစည်မိတဲ့အထိပါပဲ။ဒါပေမဲ့ သူ့ရဲ့အိမ်တံခါးဝကို ထူးဆန်းအထုပ်တစ်ထုပ်ရောက်လာပြီး‌ အထဲမှာရှိနေတဲ့အရာကတော့ ငွေသားဘတ်တစ်သန်းပါ။အပေါ်ယံကြည့်ရင်တော့ အလုပ်ပြုတ်တုန်း ဘတ်တစ်သန်းကောက်ရတာက မဟာကံကောင်းခြင်းပေမဲ့ ဒီဘတ်တစ်သန်းဟာ မူးယစ်ရာဇာတွေရဲ့ငွေဖြစ်နေချိန်မှာတော့ ကံဆိုးပြီးရင်းဆိုး‌နေတဲ့ဘွန်းတစ်ယောက် ဘိန်းရာဇာတွေလက်ကလွတ်နိုင်မလားဆိုတာ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။စုစုပေါင်း ၆ ပိုင်း အပြီး စီးရီးပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Mary က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Hmwe, Laii, Moh တို့ပဲ ဖြစ်ကြပါတယ်၊။Genre..... Crime, Thrillee Quality…. 1080p | 720p File size… 400MB | 200MB Format… mp4 Duration…. 40miin Subtitle…. ...

6ixtynin9 the Series (2023)

2023
Midnight Museum (2023) 8.6
Midnight Museum (2023) ခါထာ အဖြစ် Tor Thanapob ဒုန်းမ် အဖြစ် Gun Attaphanဇာတ်လမ်းအကျဉ်းလူတွေကြားထဲပဲ တည်ရှိနေပေမယ့် ဖိတ်ခေါ်သူတွေသာ လာနိုင်တဲ့ "သန်းခေါင်ယံပြတိုက်" ဆိုတဲ့ စိတ်ဝင်စားဖွယ်ရာ ထူးဆန်းတဲ့ပြတိုက် တစ်ခုရှိခဲ့တယ်ပြတိုက်ပိုင်ရှင်က လျှို့ဝှက်ဆန်းကြယ်တဲ့ "ခါထာ" ဆိုသူဖြစ်ပြီး သူပိုင်တဲ့ပြတိုက်ဟာလည်း ကျိန်စာသင့်ပစ္စည်းတွနဲ့ပြည့်နေခဲ့တယ်"ဒုန်းမ်" ကတော့ ကော်ဖီဖျော်ဆရာတစ်ယောက်ဖြစ်ပြီး တစ်ရက် ဆိုင်ပိတ်လိုက်ရတဲ့အချိန် "ခါထာ" က ပြတိုက်မှာအလုပ်လုပ်ဖို့ ကမ်းလှမ်းတာမို့ လက်ခံခဲ့မိတယ်ပြတိုက်မှာ အလုပ်စဝင်ဝင်ချင်းမှာပဲ ဒုန်းမ်တစ်ယောက် အမှားကြီးတစ်ခုလုပ်ခဲ့မိပြီး ပြတိုက်ထဲ ပစ္စည်းတွေ အပြင်ရောက်သွားခဲ့ရတယ်သန်းခေါင်ယံပြတိုက်မှာ သိမ်းဆည်းထားတဲ့ပစ္စည်းတိုင်းက ဆန်းကြယ်တဲ့နောက်ကြောင်းရာဇဝင်တွေနဲ့ပြည့်နေပြီး လူသားတွေကိုအန္တရာယ်ပေးလာနိုင်တဲ့အခါမှာတော့ခါထာနဲ့ဒုန်းမ်တို့ ဘယ်လိုပြန်လည်သိမ်းယူကြမလဲ အပြင်ရောက်လာခဲ့တဲ့ ပစ္စည်းတွေကရော ဘယ်လိုနောက်ကြောင်းတွေရှိနေခဲ့မလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်(အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ဖြစ်ပါတယ်)Native Title: พิพิธภัณฑ์รัตติกาล Episodes: 15 Aired: Mar 6, 2023 - ? Aired On: Monday, Tuesday Original Network: GMM 25, ...
8.6
TMDb: 8.6/10 votes
tv

Midnight Museum (2023)

2023