Channel Myanmar

Qiao Xin

The Autumn Ballad
The Autumn Ballad The Autumn Balladဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့နန်းတွင်းဇာတ်ကားလေးဖြစ်တဲ့ The Autumn Ballad ပဲဖြစ်ပါတယ်ဒီကားလေးမှာတော့လက်ရှိ CM မှာပြသနေတဲ့ Dream Garden ထဲကမင်းသမီးချောလေး Qiao Xin က (ချိုးယန်း)အဖြစ် Novoland:castle in the sky 2 ထဲကမင်းသားချော Xu Zheng Xi က (လျန်ရိ)အဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ချိုးမိသားစုရဲ့အချစ်မခံရတဲ့ချိုးယန်းမမလေးကတစ်နေ့မှာဖိအားပေးလက်ထပ်ခြင်းခံခဲ့ရတယ်ကံမကောင်းစွာနဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲ သတို့သားလောင်းဟာ သေသွားခဲ့ပြီးချိုးယန်းဟာလည်း အခန်းထဲမှာပိတ်လှောင်ထားခံခဲ့ရပါတယ်ချိုးယန်းကသူမရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဇွဲလုံ့လဝိရိယကိုသုံးပြီးပိတ်လှောင်ထားရာကနေလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့ပါတယ်ဒါပေမယ့်လည်း အဲ့ကိစ္စကမပြီးသေးဘဲ တစ်စတစ်စပိုပိုရူပ်ထွေးတဲ့အမှုဖြစ်လာပါ‌တော့တယ်အဲ့အမှုကိုစုံစမ်းရင်းအခက်အခဲတွေကြုံတွေ့လာတဲ့အချိန်မှာအေးတိအေးစက်နိုင်တဲ့ ဦးရီတော်လျန်ရိနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါ‌တော့တယ်လက်ရုံးရည်ရောနှလုံးရည်နဲ့ပါပြည့်စုံတဲ့ လျန်ရိနဲ့ဉာဏ်ရည်ထက်မြက်တဲ့ချိုးယန်းတို့နှစ်ယောက်အပြန်အလှန်ဖေးမကူညီပေးရင်းအမှုတွေ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်းအချိန်တွေကြာလာတာနဲ့အမျှလျန်ရိနဲ့ချိုးယန်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့CMကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် The Autumn Ballad ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~    Episode 1 Yoteshin / MegaUp / Usersdrive /  VIP   Episode 2 Yoteshin / MegaUp / Usersdrive /  VIP   Episode ...

The Autumn Ballad

2022
Dream Garden (2021)
Dream Garden (2021) ပရိတ်သတ်တွေနဲ့မစိမ်းတဲ့ World of Honour ထဲကမင်းသားလေး Gong Jun နဲ့Ode to joy ထဲက မင်းသမီးလေး Qiao Xin တို့က ပါဝင်သရုပ်ဆောင်ထားတဲ့series အသစ်လေးနဲ့တင်ဆက်ပေးလိုက်ပါတယ်အနေအေးပြီး စိတ်ပညာနဲ့ပတ်သတ်ရင် ကျွမ်းကျင်တဲ့ စိတ်ရောဂါကုဆရာဝန်လေး Lin Shen နဲ့ချစ်မှုရေးရာနဲ့ပတ်သတ်ရင် လက်တွေ့မကြုံဖူးပေမယ့် သူ့ကိုယ်သူ ကျွမ်းကျင်အဆင့်လို့ခံယူထားတဲ့ blogger မလေး xiao xiao တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အတွက်ငြင်းခုံဖူးကြသူနှစ်ဦးပါ။ ဒီလိုနဲ့ စိတ်ပညာနဲ့ပတ်သတ်ပြီး လေ့လာချင်တဲ့xiao xiao တစ်ယောက် စိတ်ရောဂါကုဆရာဝန်တစ်ဦးဆီမှာ လက်ထောက်အဖြစ်လျှောက်ရာကနေ သွေးအေးတဲ့ Lin Shenရဲ့လက်အောက်မှာ လက်ထောက်အဖြစ်အလုပ်လုပ်ခွင့်ရပြီးတဲ့နောက် ကံကြမ္မာက သူတို့နှစ်ဦးကို နီးစပ်စေဖို့ဘယ်လို​အပြောင်းအလဲတွေ ဖန်တီးပေးဦးမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာရင်ခုန်စိတ်လှုပ်ရှားရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်။အချောလေးနှစ်ယောက်ရဲ့ လိုက်ဖတ်မှုအပေါင်းကိုလည်း လှလှပပကြီးခံစားရမယ့်အပြင်Lin Shen တစ်ယောက် အိပ်မွေ့ချကုထုံးတွေနဲ့ လူနာတွေရဲ့ စိတ်ဒဏ်ရာတွေကိုဘယ်လိုဖြေရှင်းပေးမလဲ Xiao Xiao ကရော ...

Dream Garden (2021)

2021