Channel Myanmar

R. Madhavan

The Railway Men – The Untold Story of Bhopal 1984 (2023) 8.1
The Railway Men – The Untold Story of Bhopal 1984 (2023) The Railway Men (2023) "မီးရထားဌာနက သူရဲကောင်းများ" IMDb-8.6/103idiotsရုပ်ရှင်ထဲမှာ ဖာဟန်နေရာကသရုပ်ဆောင်တဲ့ မင်းသားကြီးအာမဒ်ဟတ်ဗန်နဲ့ ဗီလိန်ဇာတ်ရုပ်တွေမှာ ပိုင်နိုင်လှတဲ့မင်းသားကြီးကေကေမီနွန်တို့ ပါဝင်ထားတဲ့ အပိုင်းလေးပိုင်းနဲ့ ဇာတ်လမ်းတွဲတစ်ခုကို Netflixက ထုတ်လွှင့်ခဲ့ပါတယ်။ ၁၉၈၄ခုနှစ်က အိန္ဒိယနိုင်ငံ ဘိုပါလ်အခြေဆိုက် ပိုးသတ်ဆေးကုမ္ပဏီတစ်ခုက ဓာတ်ငွေ့ယိုစိမ့်မှုကနေ ဖြစ်ခဲ့တဲ့ကပ်ဆိုးကြီးမှာ လူ့အသက်ပေါင်းများစွာကိုကယ်ဆယ်ခဲ့တဲ့ မီးရထားအလုပ်သမားတွေအကြောင်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ။ဘိုပါလ်မှာ ယူနီယံကာဗိုက်ဆိုတဲ့ ပိုးသတ်ဆေးထုတ်တဲ့နိုင်ငံခြားကုမ္ပဏီတစ်ခုအခြေဆိုက်ထားတယ်။ အမ်အိုင်စီ(MIC)လို့ခေါ်တဲ့ ကန်ကြီးတွေနဲ့သိုလှောင်ထားတဲ့ မီသိုင်းအိုက်ဆိုဆိုက်ယာနိုက် ဓာတုဆေးရည်တွေကနေ ပိုးသတ်ဆေးထုတ်လုပ်တာပေါ့။တန်ပေါင်း ရာချီအောင်သိုလှောင်ထားတဲ့ကန်ကြီးတွေနဲ့။ အဲဒီဓာတုဆေးရည်က ရေနဲ့ပေါင်းစပ်မိတဲ့အခါမှာ လူတွေရဲ့အသက်ကိုထုတ်ယူနိုင်တဲ့ အဆိပ်ငွေ့အဖြစ်ပြောင်းလဲသွားတတ်တဲ့ ဂုဏ်သတ္တိရှိတယ်။အလုပ်သမားတွေကို ထရိန်နင်ကောင်းကောင်းမပေးတဲ့ စက်ရုံကြီးမှာ လူအင်အားမလုံလောက် လုပ်ငန်းသဘောကို ကောင်းကောင်းမကျွမ်းကျင်တဲ့ အလုပ်သမားတွေနဲ့လည်ပတ်နေပါရော။ ဒီကြားထဲမှာ စက်ပစ္စည်းတွေကလည်းချို့ယွင်းလို့။တစ်နေ့မှာတော့ စက်ချို့ယွင်းတာရယ် အလုပ်သမားတယောက်ရဲ့ပေါ့ဆမှုရယ်ကြောင့် အမ်အိုင်စီကန်ထဲကို ရေယိုစိမ့်မှုဖြစ်တယ်။ အဲဒီကနေ အဆိပ်ငွေ့တွေထွက်လာရာက မီးရထားဌာနက အလုပ်သမားတွေပြည်သူတွေရဲ့ အသက်ကို ကယ်တင်ရဖို့ဖြစ်လာပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)Quality : 1080p WEB DL ...
8.1
TMDb: 8.1/10 15 votes
tv

The Railway Men – The Untold Story of Bhopal 1984 (2023)

2023
Breathe(2018) Complete 7.609
Breathe(2018) Complete 3 idiots ထဲက ရန်ချို့ဘော်ဒါဓာတ်ပုံဆရာ အဓိကဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် မကြာခင်က တင်ဆက်ခဲ့တဲ့ Breathe into the Shadow ထဲက စုံထောက် ပါဝင်တဲ့ လှို့ဝှက်ဆန်းကြယ် မှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကို ညွှန်းရရင်တော့ အဆုတ်မကောင်းတဲ့ သားဖြစ်သူ မိတဆိုးလေးကို အမြဲတယုတယ မွေးလာခဲ့တဲ့ အဖေဖြစ်သူ "ဒန်နီ"တစ်နေ့မှာ သူ့ရဲ့သားဟာ အဆုတ်အစားထိုးဖို့ ဖြစ်လာခဲ့တယ် ဒါပေမယ့် အဆုတ်အစားထိုးဖို့အတွက် သူ့သားရှေ့မှာ တန်းစီနေတဲ့ သူတွေကလည်း အများကြီးပေါ့သူ့သားကလည်း အဆုတ်သာအစားမထိုးရင် နေရဖို့က ၅ လကနေ ၆ လပဲ ခံတော့မှာဖြစ်တယ်အဲဒီတော့ သူ့သား အမြန်ဆုံး အဆုတ်အစားထိုးနိုင်ဖို့အတွက် အရှေ့မှာ တန်းစီနေတဲ့ သူတွေမရှိမှ ဖြစ်တော့မှာကို သူသိသွားတယ်ဒါနဲ့ပဲ သူ အဲဒီလူတွေကို စသတ်တော့တယ် သူ့ရဲ့ လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ဖြစ်လာတာက စုံထောက်ကျော် "ကဘီး"သားဇောနဲ့ ပြစ်မှုတွေကို ကျူးလွန်နေတဲ့ ဒန်နီက သဲလွန်စမကျန်အောင် စေ့စပ်အောင် အမှုကျူးလွန်နိုင်တဲ့သူ ဖြစ်တဲ့အပြင် အဲ့ဒီ့အမှုတွေကို ဖော်ထုတ်မယ့်စုံထောက် ကဘီးကလည်း ခေသူမဟုတ်တော့သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှု လူသတ်မှုတစ်ခုချင်းစီနဲ့ အမှုဖော်ထုတ်မှုတစ်ခုချင်းစီတွေက လက်ထဲကနေ ဖုန်းမချချင်လောက်အောင်ကို ဆွဲခေါ်သွားမှာဖြစ်လို့ မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်Quality ...
7.609
TMDb: 7.609/10 46 votes
tv

Breathe(2018) Complete

2018