Channel Myanmar

Ratchanok Saeng-Chuto

Spice and Spell (2023) 5
Spice and Spell (2023) ရှူးရှူးရှဲရှဲ အချစ်မန္တန် (၂၀၂၃)ဒီနေ့မှာတော့ ချိုချဉ်ငံစပ် ထိုင်းအသုပ်စုံလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ “ဘန်လမွန်” လို့ခေါ်တဲ့ ကမ်းခြေမြို့လေးမှာ “မွန်” လို့ခေါ်တဲ့ ကောင်မလေးဦးစီးဖွင့်ထားတဲ့ ရှူးရှဲအသုပ်ဆိုင်လေးက ဒေသခံတွေအားပေးတာနဲ့တင် ရောင်းရတာ လက်မလည်ပါပဲ။အကြောင်းအရင်းကတော့ “မွန်” တို့မိသားစု အစဉ်အဆက်မပြတ်ထိန်းသိမ်းလာတဲ့ လျှို့ဝှက်ငါးပိလုပ်နည်းနဲ့ စားသုံးသူတွေအပေါ်ထားတဲ့စေတနာကြောင့်ပေါ့။ “မွန်” ကတော့ အရေအတွက်ထက် အရည်အသွေးကိုပိုဦးစားပေးတတ်တဲ့သူမျိုးဖြစ်ပြီး ဆိုင်ရောင်းအားကောင်းဖို့ထက် စားစရာအရည်အသွေးမကျသွားအောင်ပဲ တစ်နိုင်တစ်ပိုင်ရောင်းချချင်သူပါ။တစ်ဖက်မှာလည်း ဓာတ်ပုံပညာရှင်တစ်ယောက်ဖြစ်တဲ့ “ထို့” က ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးကုမ္ပဏီထောင်နိုင်ခဲ့တဲ့အထိ အောင်မြင်ခဲ့ပေမယ့် ကိုဗစ်ရောဂါဆိုးကြီးကြောင့် စီးပွါးပျက်ပြီး အကြွေးတွေတင်နေရသူပေါ့။ တစ်ရက်မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ နာမည်ကြီး influencer “ဗျူတီး” နဲ့အတူ “မွန်” ရဲ့ဆိုင်လေးကို ရီဗျူးလုပ်ဖို့အသွား ဆိုင်ရှင်ဖြစ်တဲ့ “မွန်” က သဘောမတူဘဲ သဘောထားကွဲလွဲမှုတွေဖြစ်လာတဲ့အခါ ..။အညွှန်းကိုတော့ Lai Laii က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Laii, Mary, Kppks, Su Myat, Thae, Char Ou, Ada, Laila တို့ပဲ ဖြစ်ပါတယ်။Genre..... Comedy, Drama Quality…. ...
5
TMDb: 5/10 1 votes
tv

Spice and Spell (2023)

2023