Channel Myanmar

Raúl Esparza

A Murder at the End of the World (2023) 7.7
A Murder at the End of the World (2023) A Murder at the End of the World (2023) ============================= IMDb Rating 7.7/10(function(f,b,n,j,x,e){})();ဒါဘီဟာ့တ်ဟာ အပျော်တမ်းလူငယ်စုံထောက် ဟက်ကာတစ်ယောက်ပါ။ အဖေဖြစ်သူက မှုခင်းအရာရှိ‌တစ်ယောက်ဖြစ်လို့ သူဟာ ငယ်ငယ်ကတည်း က အလောင်းတွေ လူသေမှုတွေနဲ့ မစိမ်းတဲ့လူတစ်ယောက်ပေါ့။ တစ်နေ့ ဒေတာမှတ်တမ်းတွေကို ဟက်ခ်ပြီး ရှာဖွေကြည့်တော့ ဒီလူသေမှုတွေရဲ့ တစ် ဝက်က မတော်တဆမှုနဲ့ သေဆုံးတာဖြစ်ပြီး ကျန်တစ်ဝက်က မဖြေရှင်းနိုင်တဲ့ လူသတ်မှုတွေဆိုတာ သူသိလိုက်ရတယ်။ဒီလိုနဲ့ ဒါဘီဟာ ဘီလ်ဆိုတဲ့ အဖော်ကောင်လေးနဲ့အတူ သူပထမဆုံး လိုက်ခဲ့တဲ့ လူသတ်မှုအကြောင်း " ဆေးလ်ဗားဒိုး" ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့တယ်။ ဒီစာ အုပ်ကြောင့် တစ်ရက်မှာ နည်းပညာအရာမှာ ဆရာတစ်ဆူကျတဲ့ အန်ဒီရွန်ဆန် ဆိုသူဟာ စွန့်ဦးတည်ထွင်သူတွေပါဝင်တဲ့ ခရီးစဉ်တစ်ခုမှာ ဒါဘီ့ကို ပါဝင်ဖို့ ဆက် သွယ်လာတယ်။ လေးစားအားကျရသူရဲ့ ဖိတ်ခေါ်မှုကြောင့် လိုက်ပါလာတဲ့ ဒီခရီး စဉ်က သူ့ရဲ့ စုံထောက်ပညာကို တစ်ဖန်ထပ်အသုံးချဖို့ ဖြစ်လာမယ်ဆိုတာတော့ ဒါဘီဟာ့ဒ်တစ်ယောက် မသိခဲ့ပါဘူး ....တစ်ပတ်တစ်ပိုင်းနှုန်းနဲ့ (၇)ပိုင်းထွက်ရှိမှာဖြစ်ပြီး၊ ...
7.7
TMDb: 7.7/10 1961 votes
tv

A Murder at the End of the World (2023)

2023
Candy (2022) (Complete) 8.5
Candy (2022) (Complete) Candy (2022) Completed Mini Series  ~ IMDb - 7.4/10, Rotten Tomatoes - 68% ~ တစ်ခါတလေကျရင်တော့ လူ‌ဘုံလူ့လောကကြီးမှာ အသက်တစ်ရာမနေရပေမဲ့၊ အမှုတစ်ရာပွေရစမြဲပဲလို့ ဆိုရမလိုပါပဲ။ တစ်ချို့အမှုတွေမှာ အပြစ်မရှိဘဲ အပြစ်တွေပုံချခံခဲ့ရတဲ့သူတွေရှိသလို တစ်ချို့ကျပြန်တော့လည်း အပြစ်ရှိလျက် လွတ်ကြပြန်ပါတယ်။ သွေးအေးလူသတ်သမားအချို့ဟာ အကြောင်းပြချက်မဲ့စွာ လူသတ်တတ်ကြသလို တစ်ခါတလေကျရင်တော့ တစ်ချို့လူသတ်သမားတွေဟာ ဘယ်လိုကြောင့်ဘယ်လိုလူသတ်လိုက်မိတာလဲဆိုတာကို သူတို့ကိုယ်သူတို့တောင် နားမလည်မိတတ်ကြတဲ့အထိပါပဲ။ ဒီစီးရီးဟာ ၁၉၈၀ ပြည့်နှစ်က အမေရိကန်နိုင်ငံ တစ်နိုင်ငံလုံး ဟိုလေးတကျော်ကျော်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်လူသတ်မှုတစ်ခုကို ပြန်လည်ရိုက်ကူးထားတဲ့ စီးရီးဖြစ်ပြီး ထိုလူသတ်မှုမှာတော့ အိမ်ရှင်မတစ်ယောက်ဟာ သူ့သမီးရဲ့သူငယ်ချင်းဖြစ်တဲ့ကလေးမလေးရဲ့ မိခင်ဖြစ်သူကို ပုဆိန်တစ်ခုနဲ့ ၄၁ ချက်တိတိအထိ ခုတ်သတ်ခဲ့တာလည်းဖြစ်ပါတယ်။ လူတစ်ယောက်သေဖို့ဆိုရင် ပုဆိန် ၄၊ ၅ ချက်ဟာ လုံလောက်နေပါပြီ။ ၁၀ ချက်ကျော်‌ဆိုရင်တောင် ပိုလွန်းနေပြီပဲဖြစ်ပါတယ်။ ဒါကို ဘယ်လိုစိတ်နဲ့များ အချက်ပေါင်း ၄၁ ချက်ကျော်အထိ ခုတ်သတ်ခဲ့ပါသလဲ။ ...
8.5
TMDb: 8.5/10 18 votes
tv

Candy (2022) (Complete)

2022