Channel Myanmar

Ren Zhong

My Everlasting Bride ( 2023 )
My Everlasting Bride ( 2023 ) ဒီတစ်ခါ CM ကနေ တင်ဆက်ပေးမှာကတော့ မင်းသား Cavan Wenက နျဲ့ဗိုလ်မှူးလေး နျဲ့ကျန်း အဖြစ်၊ မင်းသမီး Ke Ying က ဟူတျဲ(ရှောင်တျဲ)အဖြစ် အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ My Everlasting Brideဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ ရှန်မိသားစုရဲ့ သခင်မလေးဖြစ်တဲ့ ရှန်ချင်းရှနဲ့ ဗိုလ်မှူးလေး နျဲ့ကျန်းတို့ဟာ မိသားစုကြား နှစ်ဖက်သဘောတူ လက်ထပ်ဖို့ရှိခဲ့တယ်... ဒါပေမဲ့ လက်မထပ်ခင် ရက်ပိုင်းအလိုမှာ ရှန်သခင်မလေး ရှန်ချင်းရှဟာ အဓမ္မပြုကျင့်ခံလိုက်ရပြီး အရှက်ရသွားပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေသွားတယ်...ရှန်မိသားစုက နျဲ့မိသားစုရဲ့ အကျိုးအမြတ်ကို လိုအပ်နေခဲ့ပြီး ရှန်အိမ်တော်က အစေခံမလေး ရှောင်တျဲက သခင်မလေးအတွက် ကလဲ့စားချေဖို့ ရှန်သခင်မလေးယောင်ဆောင်ပြီး နျဲ့ဗိုလ်မှူးလေးနဲ့ လက်ထပ်ခဲ့တယ်... ရှောင်တျဲက နျဲ့ဗိုလ်မှူးကတော်ရာထူးအဖြစ်နဲ့ အမှန်တရားကို စုံစမ်းရှာဖွေတဲ့အခါမှာ ရှန်ချင်းရှ သေဆုံးမှုနဲ့ ပတ်သက်တဲ့ သက်သေအားလုံးက နျဲ့ကျန်းကို တိုက်ရိုက်ညွှန်ပြနေတာကို သူသတိထားမိသွားပြီး သူ့ရဲ့ သံသယဟာ နျဲ့ကျန်းအပေါ် ရောက်လာခဲ့တယ်...နျဲ့ကျန်းက တကယ်ပဲ ရှန်သခင်မလေးကို သေအောင်လုပ်ခဲ့တဲ့ တရားခံများဖြစ်နေမလား... ရှောင်တျဲကရော သူ့ရဲ့ကလဲ့စားကို အဆုံးထိ ဆောက်ရွက်သွားနိုင်ပါ့မလား.. နျဲ့ကျန်းအပေါ်ထားရှိတဲ့ ...

My Everlasting Bride ( 2023 )

2023