Channel Myanmar

Ryo Nishikido

Let’s Get Divorced(2023)[Complete] 8.7
Let’s Get Divorced(2023)[Complete] Let's Get Divorced(2023)***********************အပိုင်း ( ၁ မှ ၉) အထိ စ/ဆုံး ဒီစီးရီးလေးကတော့ အိမ်ထောင်သက်တမ်းကြာလာတာနဲ့ အချစ်တွေမရှိတော့ဘဲ ကွာရှင်းဖို့သာအားပြုနေကြတဲ့လင်မယားစုံတွဲလေးအကြောင်းကို ရိုက်ကူးထားတဲ့ Comedy Drama Seriesလေးပါ။ ခင်ပွန်းဖြစ်သူ တအိရှိဟာ နိုင်ငံရေးမိသားစုအသိုင်းအဝိုင်းက ကြီးပြင်းလာသူ၊ လက်ရှိမှာလည်း ရွေးကောက်ခံဥပဒေပြုအဖွဲ့ဝင်တစ်ယောက်ပေါ့။ သူ ရွေးကောက်ခံနိုင်ငံရေးသမားဖြစ်လာပုံကအဆန်းဗျ။ ဇနီးဖြစ်သူဟာ နာမည်ကျော်မင်းသမီးဖြစ်နေလေတော့မင်းသမီးယောကျာ်းဆိုပြီးမဲပေးရင်း၊ မဲဆွယ်ရင်းက ရွေးကောက်ပွဲနိုင်ထားတာပါ။ ဇနီးဖြစ်သူ ယူအီဟာလည်း ရုပ်ရှင်ရိုက်ကွင်းတွေ မအားတဲ့ကြားက ယောကျာ်းရဲ့ မဲဆွယ်ပွဲတိုင်းလိုလိုပါဝင်အားဖြည့်ပေးနေကျ ပါရမီဖြည့်ဖက်လေးပါ။ ဒီလိုဇနီးလေးရထားတာကိုမှ တအိရှိဟာတီဗီအစီအစဥ်ကြေငြာသူတစ်ယောက်နဲ့လမ်းဘေးမှာနမ်းရင်း ဖောက်ပြန်မိသွားပါတယ်။ တအိရှိတစ်ယောက် ဖောက်ပြန်မိတဲ့အတွက် ဇနီးဖြစ်သူကို သုံးနှစ်လုံးလုံး တောင်းပန်ရိုကျိုးခဲ့ပေမယ့်အခုကျထပ်ပြီးသတင်းထွက်လာတော့ သူလည်းမအောင့်နိုင်တော့ဘဲ ကွာရှင်းဖို့ကြံပါလေရော။ တစ်ဖက်မှာလည်း ယူအီကိုယ်တိုင်က ခင်ပွန်းဖြစ်သူကို လက်လွှတ်ရမလား၊ ထပ်ခွင့်လွှတ်ပြီး ရှေ့ဆက်ရမလား ဝေခွဲမရဖြစ်နေရှာပါတယ်။ သို့ပေမဲ့လည်း အိမ်ထောင်ကိစ္စ၊ ကွာရှင်းကိစ္စဆိုတာ သူတို့အတွက်ကျတော့ လွယ်ကူမနေပြန်ဘူး။ အချစ်တွေမေတ္တာတွေက အနေနီးလို့မမြင်ရပေမယ့် သံယောဇဥ်ကရှိနေဆဲပဲလေ။ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းလေးတွေရှိဦးမလဲ၊ ဘယ်သူတွေက စနှိုက်ကြမှာလား၊ခြံခုန်ကြမှာလားဆိုတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုဖို့တင်ဆက်ပေးလိုက်ပါတယ်။Episodes: 9File Size:800MB, 300MBQuality :Web-DL ...
8.7
TMDb: 8.7/10 3 votes
tv

Let’s Get Divorced(2023)[Complete]

2023