Channel Myanmar

Sanya Kunakorn

Doctor Detective (2023)
Doctor Detective (2023) Doctor Detective / အထောက်တော် ဆရာဝန် (2023)ခွန်ခေါင် အဖြစ် Nadech Kugimiya ကျိန်ကျီရာ အဖြစ် Kimmy Kimberly ထီထတ် အဖြစ် Alex Rendell မင်တရာ အဖြစ် Namwhan Phulitaဇာတ်လမ်းအကျဥ်း၂၀၀၀ ခုနှစ်အတွင်း GMP ဆေးသုတေသနဓာတ်ခွဲခန်းကြောင့် ရွာသားတွေ အဆိပ်မိမှုဖြစ်ပွားခဲ့တာမို့ ကူးစက်ရောဂါအထူးကုဒေါက်တာက အမိန့်စာနဲ့ ဓာတ်ခွဲခန်းကိုပိတ်ဖို့ကြိုးစားခဲ့ပါတယ် ဒီအချိန်မှာပဲ ဓာတ်ခွဲခန်းပေါက်ကွဲခဲ့ပြီး အထူးကုရော သူရဲ့ဇနီးဖြစ်သူ သုတေသနဆရာဝန်ပါမီးလောင်မှုမှာသေဆုံးခဲ့ရတယ်နှစ်၂၀ ကျော်ကြာပြီးနောက် ဆရာဝန်နှစ်ဦးရဲ့သားဖြစ်သူ ခွန်ခေါင်ဟာ အဖေဖြစ်သူလို ကူးစက်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီး အာဖရိကနိုင်ငံတွေမှာကူးစက်နေတဲ့ အီဘိုလာရောဂါကို ထိုင်းနိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တယ်ကျိန်ကျီရာကတော့ နာမည်ကြီးသတင်းထောက်ပျိုလေးဖြစ်ပြီး ဒေါက်တာခွန်ခေါင့်ကို ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အင်တာဗျူးချင်နေတဲ့သူတစ်ယောက်ပေါ့ လက္ခဏာဆန်းတွေနဲ့သေဆုံးသူတွေ နောက်ထပ်ရှိလာချိန်မှာတော့ ဒေါက်တာခွန်ခေါင်ဟာ နောက်ကွယ်ကအကြောင်းအရာကိုရှာဖွေဖို့ကြိုးစားပါတော့တယ် သတင်းလိုချင်နေတဲ့ ကျိန်ကျီရာကလည်း ခွန်ခေါင်နောက်လိုက်ခဲ့ရင်း သူတို့နှစ်ယောက် ဒီဖြစ်ရပ်တွေနောက်မှာ ဘာအန္တရာယ်တွေရင်ဆိုင်လာရမလဲရောဂါဆန်းရှာဖွေရေးခရီးစဥ်မှာ နှလုံးသားရေးရာလေးတွေ ပါဝင်လာချိန်မှာတော့ ကျိန်ကျီရာ ၊ခွန်ခေါင်၊ မင်တရာ၊ ထီထတ်တို့ကြား ဘာတွေဆက်ဖြစ်လာမလဲ ရောဂါတွေရဲ့အကြောင်းအရင်းကိုရော ရှာနိုင်ပါ့မလားဆိုတာ ကြည့်ရှူရမှာပဲဖြစ်ပါတယ်အညွှန်းကိုတော့ Nue Nue က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Nue Nue, Nang ...

Doctor Detective (2023)

2023
Behind the Revenge (2023) 8.5
Behind the Revenge (2023) "အချစ်မီးလျှံကလဲ့စား ၂၀၂၃ " မြန်မာစာတန်းထိုးနုတ်ဖရွတ် အဖြစ် Son Yuke Songpaisan ဖွမ်ဝလိုင် အဖြစ် Bee Namthip ယွတ်ထီယင်း အဖြစ် Pim Pimprapaဇာတ်လမ်းအကျဉ်း"နုတ်ဖရွတ် ဘွန်ယကွမ်"က ဘွန်ယာကွမ်ဆေးရုံပိုင်ရှင်ဖြစ်တဲ့ ထိုင်းနိုင်ငံနံပါတ်တစ်ခွဲစိတ်ဆရာဝန်ပရဂေါပ်ရဲ့သားပါဒါပေမဲ့ "ဖွမ်ဝလိုင်" ဆိုတဲ့သူနာပြုမလေးဟာ ဘွန်ယာကွမ်မိသားစုအပေါ်ရှိတဲ့အငြိုးတွေကြောင့်ဘွန်ယာကွမ်ဆေးရုံကိုအပိုင်သိမ်းပြီးလက်စားချေချင်နေတာမို့ နုတ်ဖရွတ်ကိုချဉ်းကပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး ဒီလိုနဲ့နုတ်ဖရွတ်ရဲ့အဖေ ဒေါက်တာပရဂေါပ်ကိုချဉ်းကပ်ခဲ့ပါတယ်တစ်နေ့မှာ ဒေါက်တာပရဂေါပ်ဟာ ကားမတော်တဆဖြစ်ရင်း နှလုံးရောဂါဖောက်ပြီးသေဆုံးသွားခဲ့ပါတယ်သေတမ်းစာမှာ "ဖွမ်ဝလိုင်" ကို ဆေးရုံစီအီးအိုအဖြစ်ပေးအပ်ခဲ့တဲ့အတွက် နုတ်ဖရွတ်ဟာ ဒီကိစ္စအတွက်မယုံသင်္ကာတွေဖြစ်ပြီး သူ့အဖေ ဘာ့ကြောင့် ရုတ်တရက်ကြီး နှဖောက်သွားပြီး သေဆုံးသွားရတာလဲ "ဖွမ်ဝလိုင်" ကိုရော ဘာလို့ စီအီးအိုပေးခဲ့တာလဲဆိုတာလိုက်စုံစမ်းပါတော့တယ်"ဖွမ်ဝလိုင်" စီအီးအိုဖြစ်ပြီးနောက်ပိုင်း ဆရာဝန်အဟောင်းတွေထွက်ခိုင်းပြီး ဆရာဝန်အသစ်တွေဝင်ခိုင်းပါတယ် အဲ့ထဲမှာမှ သူ့ညီမ "ယွတ်ထီယင်း" ဆရာဝန်မလေးပါနေခဲ့ပါတယ်"ယွတ်ထီယင်း" ကတော့ မင်းသားအေဖပညာသင်ဆုပေးထားပြီး ဆေးကျောင်းပြီးခဲ့တဲ့ဆရဝန်မလေးပေါ့ သူ့ကျေးဇူးရှင်ကို ကျေးဇူးဆပ်ဖို့ ဒီဆေးရုံကိုရောက်လာတာပါဒါကို နုတ်ဖရွတ်က သူ့ကို "ဖွမ်ဝလိုင်" ရဲ့ညီမဆိုပြီးအငြိုးတွေထား သူ့ကိုအနိုင်ကျင့်ပါတော့တယ်ဒီလိုနဲ့ပဲ နုတ်ဖရွတ်က သူ့အဖေသေဆုံးမှုအမှန်ကိုစုံစမ်းနိုင်မလား ယွတ်ထီယင်းနဲ့ဆက်ဆံရေးကရော အငြိုးကနေဘာတွေဆက်ဖြစ်လာမလဲ ဇာတ်ကားထဲမှာကြည့်ရှုလိုက်ရအောင်နော်(အညွှန်းရေးသားသူ Nang Mwe Kham ဖြစ်ပါတယ်) Native ...
8.5
TMDb: 8.5/10 votes
tv

Behind the Revenge (2023)

2023