Channel Myanmar

Satish Kaushik

Guns & Gulaabs (2023) 8.7
Guns & Gulaabs (2023) Guns & Gulaabs 2023 IMDb - 8.1/10The Family Man, Farzi တို့လို အိန္ဒိယစီးရီးမှာ မြင်တွေ့နေကျပုံစံမဟုတ်ဘဲ ဆန်းသစ်တဲ့တင်ဆက်မှုတွေနဲ့ အမြဲဖန်တီးတတ်တဲ့ Raj & DK တို့ရဲ့လက်ရာအသစ်ကို Netflix ကနေပူပူနွေးနွေးထွက်ရှိထားလို့ တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေအနေနဲ့က‌တော့ Rajkummar Rao, Dulquer Salmaan တို့အပြင် The White Tiger ဇာတ်ကားထဲက Adarsh Gourav စတဲ့ နာမည်ကြီးမင်းသားတွေ အများကြီးနဲ့ရှယ်ကြမ်းထားပြီး casts တွေနဲ့တင်ကြည့်ရတန်နေပါပြီ။ဇာတ်လမ်းကတော့ ၁၉၉၀ ဝန်းကျင်ခုနှစ်တွေတုန်းကအငွေ့အသက်တွေ ပြန်ရစေတဲ့အပြင် ဆန်းသစ်တဲ့ ဇာတ်လမ်းတင်ဆက်ပုံတွေကြောင့် rating အများကြီးရထားတဲ့ black comedy, crime, thriller စီးရီးတစ်ခုဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဂူလာ့ဘ်ဂျီဆိုတဲ့မြို့ငယ်လေးထဲမှာ ဂန်ချီဆိုတဲ့ဆရာကြီး လက်ဝါးကြီးအုပ်နေပြီး အိန္ဒိယရဲ့ဒုတိယအကြီးဆုံး ဘိန်းချက်စက်ရုံရှိတဲ့နေရာလည်းဖြစ်ပါတယ်။တစ်နေ့မှာ မြို့ထဲကိုမူးယစ်ဆေးဝါးထိန်းချုပ်ရေးအရာရှိ အသစ်ပြောင်းလာပြီး သူတို့စက်ရုံမှာလုပ်နေကျ အညှီအဟောက်တွေကို ရှာတွေ့သွားတဲ့အခါ.... တစ်ဖက်မှာလည်း သာမန်စက်ပြင်ဆရာလေးက ဂန်ချီလက်အောက်မှာအလုပ်လုပ်နေတဲ့ အဖေဖြစ်သူ ရုတ်တရက်အသတ်ခံလိုက်ရတာကိုလိုက်လံစုံစမ်းရင်း ဖုံးကွယ်တဲ့အမှန်တရားတွေ တစ်စတစ်စပေါ်လာတဲ့ချိန်မှာတော့ ဘယ်နေရာမဆို ဂန်ချီရဲ့နား၊ မျက်စိဖြစ်နေတဲ့ မြို့သေးသေးလေးထဲမှာ သူတို့ဘယ်လို စုံစမ်းရှာဖွေမယ်ဆိုတာကို action vibe အပြည့်အဝခံစားနိုင်မှာမို့ မလွှတ်တမ်းကြည့်ရှုသင့်တဲ့ ...
8.7
TMDb: 8.7/10 3 votes
tv

Guns & Gulaabs (2023)

2023
Pop Kaun (2023) 7
Pop Kaun (2023) Pop Kaun (2023)IMDb-6.6/10သင်္ကြန်နားနီးပြီဆိုတော့ CMပရိသတ်ကြီးလည်း ရှာပုံတော်ဖွင့်လိုက်ပါဦး ချစ်သူမဟုတ်ဘဲ အဖေရှာပုံတော်ပါဆာဟေးလ်ဆိုတဲ့ကောင်လေးဟာ ဟိုးငယ်ငယ်လေးတည်းက သူ့အဖေကိုဂုဏ်ယူပြောတတ်သူပါ ချစ်သူကောင်မလေးပီဟူးနဲ့ လက်ထပ်ဖို့စီစဉ်ကြချိန်မှာ ယောက္ခမလောင်းကြီးက မျိုးဂုဏ်ရိုးဂုဏ်ကိုမက်မောတန်ဖိုးထားသူဖြစ်နေပါတယ်ဆာဟေးလ်ကရွေးကောက်ခံအမတ်လောင်းဘရစ်ဂျ်ကစ်ရှိုးထရီဗီဒီရဲ့သားဖြစ်တော့ ကြည်ကြည်ဖြူဖြူသဘောတူလိုက်ပါတယ် ဒါပေမဲ့ မင်္ဂလာမဆောင်ခင်တစ်ရက်မှာပဲ ဆာဟေးလ်တောင်မသိတဲ့ အမှန်တရားကြီးကအခြေအနေအားလုံးကိုပြောင်းပြန်လှန်လိုက်ပါပြီ ဆာဟေးလ်ဟာ ဘရစ်ဂ်ျကစ်ရှိုးရဲ့ သားအရင်းမဟုတ်ပါဘူး...ဆိုတဲ့အမှန်တရားပါ အမြဲဂုဏ်ယူပြောနေတဲ့ အဖေကအဖေအရင်းမဟုတ်မှန်းသိသွားတဲ့ ဆာဟေးလ်....မိဘမျိုးရိုးတန်ဖိုးထားလွန်းတဲ့ ယောက္ခထီးလောင်းကြီးကလည်းမင်္ဂလာပွဲကိုပါ ဖျက်သိမ်းဖို့လုပ်လာချိန်မှာ ဆာဟေးလ်တစ်ယောက်အဖေရှာပုံတော်ဖွင့်ရပါတော့တယ် ဟာသသရုပ်ဆောင်ပေါင်းများစွာပါ၀င်တဲ့ ဒီကားဟာ စိတ်အမောပြေ ာအခွီကြည့်ချင်တဲ့ပရိသတ်ကြီးအကြိုက်တွေ့စေမှာပါFile Size – 700MB/ 300MBQuality – 1080p / 720pDuration – 30mTotal Episodes:6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ComedyTranslator – Khin Khin~BpL~YunniEncoder – YK 720p Episode 1 - Yoteshin / Userdrive / Megaup / Streamvid Episode 2 - Yoteshin / Userdrive / Megaup / ...
7
TMDb: 7/10 1 votes
tv

Pop Kaun (2023)

2023
Karm Yuddh (2022) 7
Karm Yuddh (2022) Karm Yuddh (2022)အခု တစ်ခါမှာတော့ အရမ်းကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဟင်ဒီ TV Series လေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်..ခရိုနီကြီးတွေရဲ့ ယုတ်မာကောက်ကျစ်မှုတွေ အကြောင်းဆိုရင်လည်း မမှားနိုင်လောက်ပါဘူး ဘာလို့လဲဆိုတော့ ဒီစီးရီးလေးက တကယ့်လုပ်ငန်းရှင်သူဋ္ဌေးကြီးတွေအချင်းချင်း ကိုယ်အကျိုးအမြတ်ရဖို့အတွက် အာဏာလု ရပိုင်ခွင့်လုကြပြီး အောက်ခြေလူတန်းစားကို နည်းနည်းလေးမှ မငဲ့ကွက်တဲ့အကြောင်းတွေကို အမိအရရိုက်ကူးထားလို့ပဲဖြစ်ပါတယ်...ဒီလိုစီးပွားရေးလုပ်ငန်းရှင် မိသားစုတစ်စုရှိတယ်...ရွိုင်းမိသားစုလို့ခေါ်တယ်...ထုံးစံအတိုင်း ခရိုနီမိသားစုဆိုတော့ မိသားစုအတွင်းထဲမှာတင်ပဲ မြေခွေးလို အကောက်ကြံနေကြတာပေါ့..စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို တစ်ဦးတည်း မောင်ပိုင်စီးချင်နေကြတယ်...သူတို့ ရပိုင်ခွင့်လုရင်း ပဲကြီးလှော်ကြား ဆားညှက်ခဲ့ရတာကတော့ စက်ရုံအလုပ်သမားတွေပါပဲ..တစ်ညမှာ စက်ရုံအကြီးအကျယ်မီးလောင်ခဲ့ပြီး အလုပ်သမားတွေ အများကြီးသေဆုံးခဲ့ရတယ်...စီဘီအိုင်တွေက ဒီအမှုကို လိုက်လံစုံစမ်းတော့ ဒီကိစ္စဟာ သွေးရိုးသားရိုးမဖြစ်နိုင်တဲ့အခါ....။နောက်ကွယ်က ကန့်လန့်ကာ ဘယ်လိုကွာကျလာမလဲဆိုတာကို တစ်ပိုင်းချင်းအလိုက် စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်...လုပ်ငန်းရှင်အချင်းချင်းကြား အပြိုင်အဆိုင်တွေကိုကြည့်ရမယ့်အပြင် တစ်ယောက်နဲ့တစ်ယောက် အားပြိုင်ကျရင်း ကျရောက်လာမယ့် အန္တရယ်တွေနဲ့ အဆင့်ဆင့်ကျော်လွှားပုံတွေကို မြင်တွေ့ရမှာဖြစ်လို့ ဗဟုသုတလည်းရ ကြည့်ရလည်းတန်တဲ့ စီးရီးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်လို့ ညွှန်းပေးလိုက်ပါနော်...IMDb ကလည်း လူအယောက် 13K က 8.5/10 ပေးထားတာဆိုတော့...။File Size – 800MB / 400MBQuality – 1080p ...
7
TMDb: 7/10 1 votes
tv

Karm Yuddh (2022)

2022
Guilty Minds(2022) 8
Guilty Minds(2022) Guilty Minds(2022)ဇာတ်လမ်းတွဲအညွှန်း***********************************အပိုင်း (၁ မှ ၁၀) အထိ စ/ဆုံးအိန္ဒိယပြည်သူတွေနဲ့ ရုပ်သံဌာနတွေ သတင်းစာမျက်နှာဖုံးတွေထက်မှာသတင်းထူးကြီ:တက်လာတယ်...နာမည်ကြီးမင်းသမီးတစ်ဦးက ဒါရိုက်တာကြီးတစ်ဦးကို မုဒိမ်းမှုနဲ့တရားစွဲလိုက်တာပဲဖြစ်ပါတယ်...သိပ်လည်းလှတဲ့မင်းသမီးဖြစ်သလို ဖန်လည်းတောင့်တဲ့အတွက် သူမဘက်ကဝန်းရံတဲ့သူတွေလည်းအများအပြားပဲ...ဒီမှာပြဿနာကဘာလဲဆိုတော့ ရှေ့နေတွေဖြစ်တယ်... ရှုံးတဲ့သူဘက်က လိုက်တဲ့ရှေ့နေအဖွဲ့ဟာနာမည်အကြီးအကျယ်ပျက်နိုင်သလို နိုင်တဲ့သူကျတော့ ကြေငြာစရာမလိုဘဲ နာမည်တက်မဲ့အနေအထားမျိုးပဲ...တစ်နိုင်ငံလုံးစိတ်ဝင်စားကြသလို တရားခွင်ဟာလည်း နားထောင်တဲ့သူတွေအများအပြားပါပဲ...ဒါ့ကြောင့် နာမည်ကျော်ရှေ့နေတွေဟာ ဒီအမှုအတွက် သတိကြီးကြီးနဲ့ချဉ်းကပ်ကြသလိုဂရုတစ်စိုက်နဲ့ပြင်ဆင်လာကြတယ်...အဲ့ဒီနောက်မှာတော့ တရားခွင်စစ်ရင်းစုံစမ်းရင်းနဲ့ မထင်မှတ်ထားတဲ့ပြဿနာတွေပါဆက်တိုက်ပေါ်လာတဲ့အခါမှာတော့....ဒီစီးရီး (၁၀) ပိုင်းရှိပြီး  အပိုင်း (၁)မှာကတည်းက ဆွဲဆောင်မှုရှိတယ်..Crime ,Law တွေမှ သဘောကျတဲ့သူတွေအတွက်တော့ ညွှန်းဆိုပါတယ်..Episodes: 10Duration: 60 MinQuality :Web-DL 1080p,720pGenres: Action, Adventure , DramaTranslated by Alias,May Myat Thu, Zuel Khant Thwin  & Jumper NeysmanEncoded by  Phyo Pyae  Episode 1 720P(340MB)>>>> UsersDrive   | Yoteshin |   ...
8
TMDb: 8/10 1 votes
tv

Guilty Minds(2022)

2022
Scam 1992 – The Harshad Mehta Story 9
Scam 1992 – The Harshad Mehta Story လွန်ခဲ့သောရက်ပိုင်းအတွင်း imdb website မှာ rating အမြင့်ဆုံး စီးရီးတွေဖြစ်တဲ့ Breaking Bad,Charnobyl အစရှိသည့် စီးရီးတွေကို ကျော်ဖြတ်ပြီး India Series တစ်ခုက rating 9.8 ဖြင့် ထိပ်ဆုံးရောက်ရှိခဲ့တဲ့ သတင်းက အတော်နာမည်ကြီးသွားခဲ့တယ်၊ India နိုင်ငံကလူတွေ မင်းသားအစွဲ၊မင်းသမီးအစွဲကြောင့် မဟုတ်ပဲ ဇာတ်လမ်းကို သဘောကျလွန်းလို့ ကြည့်ပြီးတဲ့ သူတိုင်း Rating 10 ပေးခဲ့တာကြောင့် အခုလို Rating 9.8 ရပြီး ထိပ်ဆုံးရောက်သွားခဲ့ရခြင်းဖြစ်တယ်၊ ကြည့်ရှူသူများလာလို့ vote များပြီး Rating ကျလာပေမယ့် အခုအချိန်ထိ Top 10 ထဲမှာ ဆက်လက်ရှိနေပါတယ်၊ ထိုဇာတ်ကားကတော့ ယခု CM ပရိသတ်တွေကို တင်ဆက်ပေးလိုက်တဲ့ Scam 1992 : The Harshad Mehta Story ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်၊ တကယ့်ဖြစ်ရပ်မှန် ...
9
TMDb: 9/10 7 votes
tv

Scam 1992 – The Harshad Mehta Story

2020