Channel Myanmar

Seo Young-hwa

Save Me (2019) Season 2 8.2
Save Me (2019) Season 2 Save Me (2019) Season 2 **************************** အပိုင်း   (  ၁  မှ  ၁၆   ) အထိ စ/ဆုံး Save Me S1 တင်ဆက်ပေးအပြီးမှာတော့ CM ဖန်တွေအတွက်ဆက်လက်ပြီး Save Me S2ကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ S2 ဆိုပေမယ့် ဘာသာရေးအယူသီးမှုအကြောင်းအခြေခံထားတာကလွဲရင် ဇာတ်လမ်းရော၊ ဇာတ်ကောင်တွေရောမတူညီကြတာမို့ S2 ကနေပဲ စကြည့်လို့လည်းရပါတယ်။ဇာတ်လမ်းအကျဥ်းဂင်မင်ချောဟာ အထက်တန်းကျောင်းတုန်းက အလားအလာရှိတဲ့ဂျူဒိုအားကစားသမားဖြစ်ခဲ့ပေမယ့် တရားမျှတတဲ့စိတ်ပြင်းထန်တာကြောင့် ထောင်ထဲကိုဝင်လိုက်ထွက်လိုက်လုပ်နေတဲ့သူပါ။ တစ်နေ့ သူ့ဇာတိမြို့လေးဖြစ်တဲ့ ဝေါ်လ်ချူးရီဟာဆည်သစ်တည်ဆောက်ဖို့အတွက် ရေနစ်မြှုပ်မယ့်ဒေသအဖြစ်ရွေးချယ်ခံရပြီး လျော်ကြေးရမယ့်အကြောင်းကြားခဲ့ပါတယ်။သူ့ဇာတိမြို့ငယ်ဆီပြန်ရောက်တော့ သူစိမ်းတွေရောက်နေတာတွေ့ပြီးတစ်ခုခုထူးဆန်းနေတာကို ခံစားလိုက်ရပါတယ်။ဂင်ယုံဆွန်းကတော့ ဂင်မင်ချောရဲ့ညီမဖြစ်ပြီး သူနာပြုအတတ်ပညာကိုလေ့လာနေသူပါ။ ပြဿနာအိုးအစ်ကိုဖြစ်သူကြောင့် မြို့လေးကနေအမြန်ဆုံးထွက်သွားဖို့စီစဥ်နေသူလေးပေါ့။ အဲလိုယုံဆွန်းဆီကိုသင်းအုပ်ဆရာတစ်ယောက်က ချဥ်းကပ်လာခဲ့ပါတယ်။ချွဲဂယောင်ဆော့ကတော့ ဝေါ်လ်ချူးရီကို အကြံအစည်ဖုံးကွယ်ပြီးအပြုံးမျက်နှာနဲ့ရောက်လာတဲ့ တရားခံပြေးလူလိမ်ဖြစ်ပါတယ်။ဘာသာရေးကိုအသုံးချပြီး မြို့သားတွေရဲ့ယုံကြည်မှုကိုရအောင်ယူကာနောက်ကွယ်မှာ ငွေတွေလိမ်ပြေးဖို့ကြံနေသူပါ။သူ့အကြံအစည်တွေကို ဂင်မင်ချောတစ်ယောက် မတော်တဆသိရှိသွားပြီး ညီမဖြစ်သူနဲ့ဇာတိမြို့ဆီကျရောက်လာမယ့်အန္တရာယ်ကိုကာကွယ်နိုင်ပါ့မလား....မြို့သူမြို့သားတွေကရော ဂင်မင်ချောလိုထောင်ထွက်လူမိုက်ရဲ့စကားကို ယုံကြည်ကြပါ့မလားဆိုတာကတော့...ဒီကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်~~ Episodes : 16File Size  ...
8.2
TMDb: 8.2/10 29 votes
tv

Save Me (2019) Season 2

2019
Save Me (2017) Season 1 8.155
Save Me (2017) Season 1 Save Me (2017) Season 1 **************************** အပိုင်း   (  ၁  မှ  ၁၆   ) အထိ   စ  / ဆုံး Ongoing အပိုင်းသစ်တွေမျှော်ရင်း ဇာတ်ကားဟောင်းကြည့်ဖို့ရှာနေသူများအတွက် ၂၀၁၇ ကထွက်ရှိထားတဲ့ "Save Me" ဆိုတဲ့ကားဟောင်းလေးကို CM ကနေဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။OCN ကားဆိုတဲ့အတိုင်း thriller, mystery အမျိုးအစားဖြစ်ပြီးနာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Ok Taec-yeon,Woo Do-hwan, Seo Ye-ji တို့ ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းဆန်းမီတို့မိသားစုဟာ စီးပွားရေးကျပ်တည်းမှုကြောင့် ဆိုးလ်မြို့ကြီးကနေမူဂျီဆိုတဲ့ နယ်မြို့လေးကိုပြောင်းရွှေ့လာခဲ့ရပါတယ်။မူဂျီမြို့မှာအခြေကျဖို့ကြိုးစားရင်း ဖခင်ဖြစ်သူက ရရာအလုပ်တွေရှာဖွေလုပ်ပြီးမိသားစုစားဝတ်နေရေးအတွက် ရုန်းကန်ဖြေရှင်းနေရပါတယ်။ဒီလိုခက်ခဲနေတဲ့ ဆန်းမီတို့မိသားစုလေးကို ကူညီပေးမယ့်သူပေါ်ပေါက်လာပါတယ်။အဲဒါကတော့ မူဂျီမြို့မှာ လူအများလေးစားယုံကြည်ကြတဲ့ဘာသာရေးအဖွဲ့တစ်ဖွဲ့ပဲဖြစ်ပါတယ်။ဒါပေမယ့် သာမန်ဘာသာရေးအဖွဲ့မဟုတ်ဘဲ နယ်မြေခံရဲတွေအစိုးရအရာရှိတွေပါဝင်ပတ်သက်နေတဲ့အစွန်းရောက်ဘာသာရေးအဖွဲ့ဖြစ်နေတဲ့အခါမှာတော့.....ဆန်းမီတို့မိသားစုရဲ့ကံကြမ္မာက ဘယ်လိုဖြစ်သွားမလဲ~ဆန်းမီရဲ့ "ကယ်ကြပါ" ဆိုတဲ့ အချက်ပြစကားတစ်ခွန်းကြောင့်အဲဒီအဖွဲ့နောက်လိုက်စုံစမ်းကြတဲ့ လူငယ်လေးယောက်ကရောဆန်းမီကိုကယ်တင်နိုင်ပါ့မလား~ ...
8.155
TMDb: 8.155/10 29 votes
tv

Save Me (2017) Season 1

2017