Channel Myanmar

Shannon Chan-Kent

Sonic Prime (2022) – Season (01),(02) 7.3
Sonic Prime (2022) – Season (01),(02) Sonic Prime (2022) - Season (01),(02) ============== IMDb Rating - 7.3/10Netflix ကနေ ထွက်ရှိလာတဲ့ အများကြိုက်ကြတဲ့ နာမည်ကြီး ဆိုးနစ်ကာတွန်းဇာတ်လမ်းတွဲဖြစ်ပါတယ်။ Rating တွေလည်း 7.3 လောက်အထိရထားပြီး storyline ကောင်းကောင်းနဲ့အရင်ထွက်ခဲ့ ပြီးသား red sonic တို့နဲ့ ချိတ်ဆက်နေမယ့် animation ဇာတ်လမ်း ကောင်းဖြစ်ပါတယ်။အပြာရောင်ဖြူကောင် speedster လေး ဆိုးနစ်တို့ သူငယ်ချင်းတစ် သိုက်ဟာ ဂရင်းဟေးနယ်မြေမှာ ပျော်ရွှင်စွာနေထိုင်ခဲ့ရင်း သူ့ရဲ့ရန်သူ ပေါင်းများစွာကို တိုက်ခိုက်နှိမ်နင်းနိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ မဟာ ရန်သူကြီး ဒေါက်တာ အက်ဂ်မန်းရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့အတူ ဂရင်းဟေးရဲ့ ပင်မအရင်းအမြစ် ဝိရောဓိဖန်သားကျောက်ကို လုယူ သိမ်းပိုက်ပြီး ဆိုးနစ်တို့ကိုအနိုင်ယူလိုက်ကာ အချိန်စီးကြောင်းပြောင်း သွားပါတယ်။ဆိုးနစ်က မတူတဲ့ အနာဂတ်တိုင်းလိုင်းတစ်ခုကိုရောက်သွားပြီး ဒေါက် တာအက်ဂ်မန်းကို ပြန်လည်တားဆီးပုံကို စွန့်စားခန်းများစွာနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်။)File Size.............(650 MB) Quality...............WEB-DL 1080p Duration............25Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Animation, Action, ...
7.3
TMDb: 7.3/10 2912 votes
tv

Sonic Prime (2022) – Season (01),(02)

2022
Supernatural Academy (2022) 9
Supernatural Academy (2022) Supernatural Academy (2022)ဟယ်ရီပေါ်တာဇာတ်လမ်းမတိုင်ခင်ထဲက မှော်ကျောင်းတွေ၊မှော်ပညာတွေကိုအခြေခံတဲ့ ဇာတ်လမ်း၊ဝတ္ထုတွေဟာလူတွေကြားမှာခေတ်စားနေခဲ့တာပါ။ ခေတ်တွေအဆက်ဆက်ပြောင်းလာတာနဲ့အမျှ ဖန်တီးသူတွေကလည်းပရိသတ်တွေကိုအသစ်အဆန်းတွေချပြဖို့အမြဲကြိုးစားလေ့ရှိပါတယ်။Chilling Adventures of Sabrina, The Owl House, Fate: The Winx Saga စသဖြင့်မှော်အစွမ်းတွေ၊ မှော်ပညာတွေကိုအခြေခံတဲ့ Live action ရော Animated Series တွေကိုပါအမြဲဖန်တီးနေကြပေမယ့်လည်း လူငယ်တွေအကြိုက် မှော်ကျောင်းတော်ကြီးတွေနဲ့အဲဒီကကျောင်းသားလေးတွေရဲ့စွန့်စားခန်းတွေအကြောင်း ကာတွန်းဖြစ်စေ၊ တကယ့်ရုပ်ရှင်ဖြစ်စေ အခုထိရိုးမသွားသေးတာတော့အမှန်ပါပဲ။ဒီတစ်ခါ Supernatural Academy ဆိုတဲ့ ကာတွန်းဇာတ်လမ်းတွဲလေးကတော့ ယခုနှစ်မှ Season(1)ထွက်ရှိထားတာဖြစ်ပြီး အပိုင်း(16) ပိုင်းပါဝင်ပါတယ်။ နာမည်မှာထဲက အကယ်ဒမီဆိုတဲ့အတိုင်းပဲမှော်ကျောင်းကြီးတစ်ခုကိုအခြေခံထားပါတယ်။ တခြားဇာတ်လမ်းတွေနဲ့မတူတာကတော့သူတို့ကျောင်းဟာ မှော်ဆရာတွေ၊ စုန်းမတွေသက်သက်မဟုတ်ပဲ တခြားမှော်ဆန်တဲ့သတ္တဝါတွေပုံစံပေါင်းစုံနဲ့ပါဝင်နေတာပါ။ ပထမဆုံးအပိုင်းကိုကြည့်လိုက်ရင်တော့ ဇာတ်ကောင်တွေရဲ့ပုံစံတွေကကြည့်ရတာရိုးနေသလို ကလေးဆန်သလိုလိုထင်ရပေမယ့် တကယ်တမ်းဇာတ်လမ်းဇာတ်အိမ်ကခိုင်မာတယ်လို့ပြောနိုင်ပါတယ်။ ကမ္ဘာအနှံ့မှာတော့လောလောဆယ် ဝက်ဝက်ကွဲအောင်မြင်တဲ့အနေအထားမျိုးမရောက်သေးပေမယ့် တစ်ချိန်မှာလူတွေပါးစပ်ဖျားရောက်လာမယ့်မှော်ကာတွန်းဇာတ်လမ်းတစ်ခုဖြစ်လာမယ်လို့ ပြောနိုင်တဲ့အဆင့်တစ်ခုမှာရှိပါတယ်။စာရေးဆရာမ Jaymin Eve ရဲ့ဝတ္ထုတွဲကိုကာတွန်းစီးရီးအဖြစ်ပြန်လည်အသက်သွင်းထားတာဖြစ်ပြီးစာအုပ်အနေနဲ့ကတော့ ငါးအုပ်ထွက်ရှိထားပါတယ်။ ဝတ္ထုကလည်းအထိုက်အလျောက်အောင်မြင်ပြီးသားဖြစ်တာကြောင့် ဇာတ်လမ်းကတော့မညံ့တာ အသေအချာပါ ။ ...
9
TMDb: 9/10 2 votes
tv

Supernatural Academy (2022)

2022