Channel Myanmar

Shweta Tiwari

Indian Police Force (2023) Complete 9
Indian Police Force (2023) Complete Indian Police Force (2024) "အိန္ဒိယရဲတပ်ဖွဲ့" IMDb - 7.0/10အားလုံးစောင့်မျှော်နေကြတဲ့ အိန္ဒိယရဲတပ်ဖွဲ့ ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးလိုက်ပါပြီဗျ။ Amazon Prime Videoကနေ ထုတ်လွှင့်ခဲ့ပြီး အပိုင်း၇ပိုင်း ပါဝင်ပါတယ်။ မင်းသားက Shershaah (2021)မှာ ပရိသတ်ကြီးအသဲနှလုံးကို သိမ်းပိုက်သွားခဲ့တဲ့ မင်းသားချော ဆစ်ဒါးမယ်လ်ဟိုတရာပဲဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဒီစီးရီးကို ရိုက်ကူးခဲ့တဲ့ဒါရိုက်တာကတော့ Cop Universe franchiseဖြစ်တဲ့ ဆင်းဂမ်းရုပ်ရှင်တွေနဲ့ ဆင်ဘာရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ရိုဟစ်ရှက်တီပဲဖြစ်ပါတယ်။ ဆစ်ဒါးက ဒေလီအထူးတပ်ဖွဲ့က ရဲအရာရှိကဘီးရ်အဖြစ် ပါဝင်ထားပါတယ်။ဒေလီရဲတပ်ဖွဲ့ စတင်တည်ထောင်တဲ့နေ့အတွက် ဂုဏ်ပြုပွဲလုပ်မဲ့နေ့မှာပဲ ဒေလီမြို့တစ်နေရာမှာပေါက်ကွဲမှုဖြစ်ပါတယ်။(function(f,b,n,j,x,e){})();ဆက်တိုက်ဆိုသလိုပဲ တခြားနေရာတွေမှာလည်း ဗုံးတွေ့တဲ့သတင်းတွေ ထွက်ပေါ်လာပါတော့တယ်။ အိန္ဒိယမူဂျာဟီဒင်လို့ သူတို့ကိုယ်သူတို့ခေါ်တဲ့ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုက အဲဒီဖောက်ခွဲမှုတွေက သူတို့လက်ချက်ဖြစ်ကြောင်း တီဗီချန်နယ်လ်တစ်ခုကို အီးမေးလ်ပို့ပါတယ်။ စုစုပေါင်း ပေါက်ကွဲမှု ခြောက်ကြိမ်ဖြစ်မယ်လို့လည်း ဆိုထားပါတယ်။(function(f,b,n,j,x,e){})();ဒီတော့ အထူးရဲတပ်ဖွဲ့ဖြစ်တဲ့ ကဘီးရ်တို့တွေ ဒီဖောက်ခွဲမှုတွေကို လုပ်ဆောင်တဲ့ အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေရပါတော့တယ်။ အထူးရဲတပ်ဖွဲ့နဲ့ အကြမ်းဖက်သမားတို့ ဘတပြန်ကျားတပြန် အားပြိုင်ကြပုံကို ကြည့်ရှုခံစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele ...
9
TMDb: 9/10 1 votes
tv

Indian Police Force (2023) Complete

2024