Channel Myanmar

Song Weilong

The Bionic Life ( 2023 )
The Bionic Life ( 2023 ) ဒီတစ်ခါမှာတော့ Song Wei Long နဲ့ Vicky Chen တို့ပါဝင်ထားတဲ့ Sci-Fi, Thriller ဇာတ်လမ်းကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။နည်းပညာတိုးတက်လာနဲ့အမျှ လူသားနဲ့အနီးစပ်ဆုံးတူတဲ့ စက်ရုပ်တွေကိုဖန်တီးထုတ်လုပ်နိုင်လာကြပါတယ်။ "လူတစ်ပိုင်း" လို့အမည်ပေးထားတဲ့ ဒီစက်ရုပ်တွေဟာ လူသားတွေထက်ပိုပြီးအစွမ်းထက်လာကြပါတယ်။ သူတို့ကိုကနဦးထည့်သွင်းထားတဲ့ပရိုဂရမ်အပေါ်မူတည်ပြီး အလုပ်လုပ်တာကြောင့် သူတို့ဟာသစ္စာရှိတဲ့ဝန်ထမ်းကောင်း၊ လိမ္မာတဲ့သားသမီး စသဖြင့် လူသားတွေရဲ့စိတ်ဖြေရာအ​ဖြစ် ကမ္ဘာတစ်ဝှမ်းကျယ်ပြန့်စွာသုံးစွဲလာကြပါတယ်။အကျိုးအပြစ်ဒွန်တွဲနေတယ်ဆိုသလိုပဲ လူတစ်ပိုင်းတွေဟာလူသားတွေရဲ့ အန္တရာယ်အ​ဖြစ်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာတဲ့အခါ နိုင်ငံတကာစုဝေးပြီး လူတစ်ပိုင်းတွေကိုထုတ်လုပ်ဖြန့်ဖြူးမှုကိုရပ်တန့်ဖို့၊ ပျံ့နှံ့နေတဲ့လူတစ်ပိုင်းတွေကိုပြန်လည်ခေါ်ဆောင်ထိန်းချုပ်ဖို့ လုပ်ဆောင်ပါတော့တယ်။ ထိန်းချုပ်ဖို့ဌာနတစ်ခုကိုလည်းဖွဲ့စည်းခဲ့ကြပါတယ်။ဒါပေမဲ့လဲလူသားနဲ့လူတစ်ပိုင်းတွေကိုခွဲခြားဖို့ကအလွန်ခက်ခဲတာကြောင့် အလုပ်မတွင်ဖြစ်ခဲ့ရပြီး နှစ်ပေါင်းများစွာကြာတဲ့အထိ လူတစ်ပိုင်းတွေဟာလူသားတွေကြားမှာရောနှောတည်ရှိနေဆဲဖြစ်ပါတယ်။အဲ့ဒီလူတစ်ပိုင်းတွေဟာအငြိမ်မနေဘဲ လူသားတွေကိုအန္တရာယ်ပေးပြီးပြစ်မှုတွေ ကျူးလွန်လာခဲ့အခါ... အဲ့ဒီ လူတစ်ပိုင်းစက်ရုပ်ပြဿနာကိုဘယ်လိုဖြေရှင်းလေမလဲ။ ပြစ်မှုတွေရဲ့တရားခံကရော တကယ်ပဲလူတစ်ပိုင်းတွေလား။ထူးဆန်းထွေလာစုံထောက်ဇာတ်လမ်းများကိုကြိုက်တတ်တဲ့ပရိသတ်ကြီးအတွက် နောက်ထပ်အကြိုက်တွေ့စရာဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာ ဦးမှာမို့ စောင့်မျှော်ကြည့်ရှုလိုက်ကြပါဦး။===========================Quality : WEB-DL 1080p , 720p Total Episodes : 12 Format : mp4 Genres : Drama , Crime , Mystery , Sci-Fi & Fantasy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...

The Bionic Life ( 2023 )

2023
A League of Nobleman (2023)
A League of Nobleman (2023) ဒီတစ်ခေါက်မှာတော့ မှုခင်းစုံထောက်ကားကိုမှ historical typeနဲ့ကြည့်ချင်တဲ့CM fanလေးတွေအတွက် အားလုံးသိပြီးသားဖြစ်မဲ့ Jing Bo Ranနဲ့Song Wei Longတိုမှ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုပါတယ်။လမ်းဘေးမှာ ခေါက်ဆွဲလုပ်ရောင်းရင်း ဘဝကိုရုန်းကန်အသက်မွေးမှုပြုနေရတဲ့ -ကျန်းဖျင်လူတွေဟာ မမှီတဲ့အသီးကိုမှဆွတ်ချင်ကြတယ်ဆိုသလို ကျန်းဖျင်ဟာကိစ္စတစ်ခုကို အခြေခံသဘောတရားကနေ အမှုတစ်ခုလုံး လုံးလုံးလျားလျားပေါ်အောင်ဖော်ထုတ်နိုင်စွမ်းရှိသည့်အလျောက် ရုံးတော်ရဲ့အရေးအခင်းတွေကိုလည်း စိတ်ဝင်စားနေပြန်ပါတယ်။နန်းတွင်းဌာနမှ ရုပ်ရည်ချောမောမှုနဲ့ ဂုဏ်သတင်းပြန့်ပြီး အများမသိအောင်ဇာတ်ကြောင်းတစ်ခုကို ဖုံးကွယ်ထားတဲ့ ဒုအမတ်မင်းအပြင်ကျန်းဖျင်ရဲ့သွေးသောက်ညီနောင်အသွင်ဝန်းရံမဲ့" လန်ကျွယ်"-နန်းတွင်းမှုခင်းတွေကို စူးစမ်းလိုတဲ့ကျန်းဖျင်နဲ့ အမတ်လန်ကျွယ်တိုနှစ်ဦးပူးပေါင်းလိုက်တဲ့အခါ အမှန်တရားနဲ့တရားမျှတမှုက....တစ်လှေတည်းစီးသမား‌တွေအဖြစ် ဆက်ထိန်းထားနိုင်မလားလန်ကျွယ်ဖုံးကွယ်ထားတဲ့ ဇာတ်ကြောင်းကိုလည်းကျန်းဖျင်တစ်ယောက် သိရှိသွားလေမလား။နန်းတွင်းမှာရော မည်သည့်လျှိဝှက်ချက်တွေရှိနေဦးမလဲအဆုံးသတ်ကရော.....ဒီလိုရင်ခုန်လှုပ်ရှားစရာတွေနဲ့အဆုံးသတ်ကို ခန့်မှန်းလိုမရလေအောင်ပရိတ်သတ်တိုကို သိချင်စိတ်တဖွားဖွားဖြစ်အောင်ချပြပေးမဲ့အမိုက်စားဇာတ်လမ်းလေးတစ်ပုဒ်ကိုကြည့်စေလိုရန် CMမှာ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။(အညွှန်းရေးသားထားသူကတော့ Anle ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 29Format : mp4Genres : Thriller, Mystery, Wuxia, DramaDuration : 45 min per EpisodeSubtitle ...

A League of Nobleman (2023)

2023