Channel Myanmar

Sriman

Label (2023)
Label (2023) Label (2023) "နာမည်တွင်ကျန်ရစ်..." IMDb - 7.1/10အခုတင်ဆက်ပေးမှာက Disney+ Hotstarက လွှင့်ခဲ့တဲ့ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ ရသပေါ်လွင်အောင်ရိုက်ကူးထားတဲ့ တမီးလ်ဇာတ်လမ်းတွဲပါဗျ။ ဇာတ်လိုက်ကျော်ကတော့ Chennai 600028(2007)မှာ ပရိတ်သတ်အကြိုက်တွေ့ခဲ့တဲ့ မင်းသား ဂျေးပဲဖြစ်ပါတယ်။လူတွေဆိုတာ ဘယ်နေရာက လာလဲဆိုတာအပေါ်မှာ ဂုဏ်ယူတတ်ကြတယ်... ကိုယ့်အတွက် ထိုက်တန်တဲ့ အမြင့်တစ်နေရာကို ဂုဏ်သိက္ခာရှိရှိနဲ့ရယူပြန်တော့လည်း ကိုယ်လာခဲ့တဲ့နေရာကို လေးစားကြပြန်ရော... နေထိုင်ကြီးပြင်းခဲ့တဲ့ အရပ်ဒေသပေါ်မူတည်ပြီး လူတစ်ယောက်အပေါ်မှာခွဲခြားဆက်ဆံသင့်ရဲ့လား... ကျွန်တော်နေထိုင်တဲ့နေရာပေါ်မှာ မူတည်ပြီး ကျွန်တော့်ကိုမြင်တဲ့အမြင်တွေက အရမ်းဆိုးရွားတာပဲ... နေတဲ့နေရာကို ကြည့်ပြီး ကျွန်တော့်ကိုတံဆိပ်ကပ်ကြတယ်... နာမည်တပ်ကြတယ်... ကျွန်တော် အဲဒီဒဏ်ကို မခံနိုင်ဘူး... မခံချင်ဘူး... ကျွန်တော် ဘာဖြစ်လာမှ အဲဒီအရာကို ဖယ်ရှားနိုင်မှာလဲ... အဲဒီတံဆိပ်ကြီးကို ခွာချနိုင်မှာလဲ...ငယ်စဉ်ကလေးဘ၀တည်းက ဒီလိုနာကြည်းမှုတွေနဲ့ ပရာဘာတစ်ယောက် သူ့ကို တပ်ထားတဲ့နာမည် သူ့အပေါ်ကပ်ထားတဲ့ တံဆိပ်ကို ခွာချနိုင်ဖို့ကြိုးစားရင်း သူနေတဲ့နေရာရဲ့ နာမည်ဆိုးကိုလည်း ဘယ်လိုဖယ်ရှားမလဲဆိုတာ အားပေးကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတေ့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)File Size ...

Label (2023)

2023
Mansion 24 (2023) 5
Mansion 24 (2023) Mansion 24 (2023) "ပဟေဠိ စံအိမ်"Disney+ Hotstarကနေထုတ်လွှင့်ခဲ့ပြီး တောင်ပိုင်းမင်းသမီးချောဗာရာလက်ရှ်မီးဆာရာသ်ကူးမား အဓိကပါဝင်ထားတဲ့ အပိုင်းခြောက်ပိုင်းနဲ့ ထိတ်လန့်သည်းဖိုရုပ်ရှင်ဇာတ်လမ်းတွဲလေးကို တင်ဆက်ပေးပါရစေ။ ဇာတ်အိမ်တစ်ခုရဲ့ နောက်မှာပဲ မတူညီတဲ့ ဇာတ်လမ်းတွေနဲ့ရိုက်ကူးတင်ဆက်ထားပါတယ်။အမ်ရူသာဆိုတာ ထောက်လှမ်းရေးသတင်းထောက်တစ်ယောက်။ အိပ်ရာထဲလဲနေတဲ့ အမေဖြစ်သူကိုပြုစုရင်း စိတ်ပင်ပန်းနေရတယ်။အိပ်ရာထဲလဲရတာကလည်း အဖေဖြစ်သူ ရှေးဟောင်းသုသေတနပညာရှင်ကြီးက တန်ဖိုးရှိရှေးဟောင်းရတနာတွေနဲ့ ထွက်ပြေးသွားတယ်ဆိုပြီး မီဒီယာတွေရော ရဲတွေရော ရှေးဟောင်းသုသေတနအသိုင်းအဝိုင်းကပါ တံဆိပ်အကပ်ခံရတဲ့စိတ်နဲ့ပါ။ အမှန်တရားကိုသိရဖို့အတွက် သတင်းထောက်အမ်ရူသာတစ်ယောက် အဖေဖြစ်သူကို နောက်ဆုံးတွေ့လိုက်ရတယ်ဆိုတဲ့ စံအိမ်ကြီးဆီကိုသွားဖို့ ဖြစ်လာပါတော့တယ်။ အဲဒီစံအိမ်ကြီးရဲ့ထူးခြားချက်က ဝင်ပြီးသွားတဲ့လူတိုင်း အသက်ရှင်လျက်ပြန်ထွက်မလာကြတော့တာပဲ။ အဲဒီလို စံအိမ်ကြီးထဲကိုမှ အားလုံးတားနေတဲ့ကြားကနေ စံအိမ်ကြီးဆီကိုရောက်သွားတဲ့အခါမှာတော့...။ စံအိမ်ကြီးထဲက တဖက်လပ်အစောင့်အဘိုးကြီးနဲ့တွေ့ပြီး ပဟေဠိဆန်ဆန်ဇာတ်လမ်းတွေကို နားထောင်ရင်း အဖြေရှာရတဲ့အခါမှာ...။အမ်ရူသာတစ်ယောက် စံအိမ်ကြီးထဲမှာ ဘာကိုသတိထားမိသွားမှာလဲ။ ပျောက်ဆုံးနေတဲ့ အဖေဖြစ်သူကိုရော ရှာတွေ့မှာလား။ ဘ၀မှာ ကြုံတွေ့ရတဲ့လူတိုင်းဆီကနေ မေးခွန်းတစ်ခုနဲ့ အစပြုခဲ့ကြတယ်။တချို့မေးခွန်းတွေက အဆုံးသတ်ချိန်ထိ အဖြေရှာမတွေ့ခဲ့ရဘူး။ဒီလိုပဲ အဖြေမရှိတဲ့မေးခွန်းတစ်ခုကို ရှာနေခဲ့တာလား။(အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ BpL ~ Yunni ~ Alex~ ToMo ~ Thaik San တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ ...
5
TMDb: 5/10 3 votes
tv

Mansion 24 (2023)

2023