Channel Myanmar

Tanatorn Saenangkanikorn

La Pluie (2023) 10
La Pluie (2023) La Pluie / အချစ်ရဲ့စကားသံ (2023)ဒီတစ်ခေါက်တင်ဆက်သွားမယ့် စီးရီးလေးကတော့ "La Pluie" ဆိုတဲ့ ဝတ္ထုကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ထိုင်း BL စီးရီးလေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ ဆန်တိုင် ဆိုတဲ့ကောင်လေးက မိုးရွာတဲ့အချိန်ရောက်တိုင်း အကြားအာရုံပျောက်သွားတတ်တဲ့ ရောဂါတစ်မျိုးကို ခံစားနေရသူဖြစ်ပါတယ်။ ဒီရောဂါဟာ သူတို့နေထိုင်နေတဲ့ ကမ္ဘာကြီးမှာဆိုရင် မထူးဆန်းတော့တဲ့ ရောဂါတစ်မျိုးလိုဖြစ်နေပါပြီ။ တချို့ကတော့ ဒီရောဂါဟာ ဆန်းကြယ်မှုတစ်ခုလို့ သတ်မှတ်ကြပြီး တချို့ကတော့ ကျိန်စာလို့ သတ်မှတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ ဒီရောဂါဟာ လုံးဝ နားမကြားရတာမဟုတ်ဘဲ မိုးရွာတဲ့အချိန်မှသာ ဘယ်လိုအသံမျိုးကိုမှမကြားရတော့တာကြောင့်ဖြစ်ပါတယ်။ ဒီအကြားအာရုံပျောက်တဲ့ လက္ခဏာတွေထဲမှာ ထူးဆန်းတာတစ်ခုလည်းရှိနေပါသေးတယ်။ ဒီရောဂါခံစားနေရတဲ့သူတွေမှာ အသက် ၂၀ပြည့်တာနဲ့ ကိုယ့်နှလုံးသားနဲ့ ထပ်တူကျတဲ့ ဖူးစာရှင်ရဲ့ အသံကို ကြားလာရတတ်တယ်ဆိုတဲ့ လက္ခဏာတစ်ခုပါပဲ။ ဒါကို အချစ်စစ်ရဲ့ စတင်မှုတစ်ခုလို့လည်း လူတွေက ယုံကြည်ကြပါသေးတယ်။ဆန်တိုင် ဆိုတဲ့ ကောင်လေးကတော့ ငယ်ဘဝကမိဘတွေရဲ့အိမ်ထောင်ရေးကြောင့် ဒီလိုမျိုး အချစ်စစ်နဲ့ ဖူးစာရှင်ဆိုတာမျိုးကို မယုံကြည်နိုင်ခဲ့ပါဘူး။ အသက် ၂၀ ပြည့်တဲ့နေ့ ဖူးစာရှင်ရဲ့ အသံကို စပြီးကြားလိုက်ရတဲ့နေ့မှာ ဆန်တိုင်တစ်ယောက် ...
10
TMDb: 10/10 1 votes
tv

La Pluie (2023)

2023
Mission Fan-Possible (2023)
Mission Fan-Possible (2023) Mission Fan Possible / Idol စစ်ဆင်ရေး (2023) =====================လောကမှာ မဖြစ်နိုင်တဲ့မစ်ရှင်ဆိုတာ မရှိပါဘူး .. အထူးသဖြင့် အိုင်ဒေါတွေကို အရူးအမူးစွဲလမ်းကြတဲ့ ဆယ်ကျော်သက်ပရိသတ်လေးတွေအကြံထုတ်တဲ့ မစ်ရှင်ဆိုရင်ပေါ့ ..။ဇာတ်လမ်းလေးကတော့ အောင်မြင်မှု အတော်အတန်ရနေတဲ့ Secret Dream ဆိုတဲ့အဖွဲ့က အားလုံးရဲ့ရှေ့မှောက်ကို ၅ နှစ်ပြည့်နှစ်ပတ်လည်ပွဲရယ် concert ရယ်နဲ့ ပြန်ရောက်လာတဲ့အချိန်ပဲဖြစ်ပါတယ်။ ကိုယ်အားပေးတဲ့အိုင်ဒေါအဖွဲ့ချင်းတူနေတဲ့အခါ fandom ထဲကသူတွေအချင်းချင်းရင်းနှီးတာကတော့ အဆန်းမဟုတ်ဘူးပေါ့။ ဒီအတိုင်းပဲ Patty ဆိုတဲ့ကောင်မလေးမှာလည်း သူချစ်တဲ့ အဆိုတော် Nanai ကို သူ့လိုပဲချစ်ကြ အားပေးကြတဲ့ အကြိုက်တူ အွန်လိုင်းသူငယ်ချင်း Lullabies (fandom name) လေးတွေရှိပါတယ်။ဒီလိုနဲ့ concert ကျင်းပမယ့်နေ့ကို ကြေညာလိုက်တော့ Patty တို့ အွန်လိုင်းသူငယ်ချင်းတွေ concert မှာ ပျော်ပျော်ကြီးဆုံကြဖို့ တိုင်ပင်ကြရင်း မထင်မှတ်တဲ့အကြောင်းအရင်းလေး ပေါ်လာပါတော့တယ်။ သူငယ်ချင်းတွေထဲက တစ်ယောက်ဖြစ်တဲ့ Ninja က ကင်ဆာနောက်ဆုံးအဆင့်နဲ့ဆေးရုံတက်နေရသူဖြစ်ပြီး concert ကျင်းပမယ့်အချိန်အထိ အသက်ရှင်ဖို့မသေချာဘူးမို့ သူသိပ်တွေ့ချင်တဲ့ Nanai ...

Mission Fan-Possible (2023)

2023
Remember Me (2022) [Complete]
Remember Me (2022) [Complete] Remember Me ~ ချစ်ခြင်းဖြင့်ရေးဖွဲ့ထားသော (2022) [အစ-အဆုံး]အပိုင်းသစ် - ၁၄ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ)"ကိုယ်ချစ်ရသူဆီကပြန်လာမယ့်စာကို မျှော်လင့်ချက်တကြီး စောင့်မျှော်ခဲ့ရတဲ့ လွမ်းဆွတ်ဖွယ်နေ့ရက်တွေကို မှတ်မိသေးလား ?လက်ရေးစာလေးကနေ MSN, Messenger,Blackberry, LINE ... ခေတ်တွေပြောင်းလဲသွားပေမယ့် ချစ်ခြင်းမေတ္တာရဲ့ခံစားချက်တွေကို မက်ဆေ့ချ်‌တွေကတဆင့်ဖော်ပြခွင့်ရခဲ့တယ်။ ဒီလို ဆက်သွယ်ရေးကြောင့် ကျွန်တော်တို့ပိုပြီးနီးကပ်လာတာက ကျွန်တော်တို့‌တွေရဲ့ နှလုံးသားကြားက အကွာအဝေးကို တစ်နည်းတဖုံနက်ရှိုင်းသွားစေသလား? "ဒီကားလေးကတော့ "The YearBook" ပြီးသွားတဲ့‌နောက် "Mean" ကိုယ်တိုင် Director အဖြစ်နဲ့ရော သရုပ်ဆောင်အနေနဲ့ပါ ပါဝင်ရိုက်ကူးထားတဲ့ ဒုတိယမြောက်ဇာတ်လမ်းတွဲလေးပါ ~"The YearBook" ထဲကအတွဲလေးလည်းပြန်ပါမှာဖြစ်ပြီး BL fan တွေအားလုံးသဘောကျခဲ့ရတဲ့ "Don't Say No" ထဲက Ja နဲ့ First လေးကိုလည်း ပြန်တွေ့မှာဖြစ်ပါတယ်။P' Mean ရဲ့လက်ရာကိုတော့ The YearBook ကြည့်ဖူးကြတဲ့လူတိုင်းသိတယ်ဟုတ်? ဒီကားလေးမှာရော ချစ်ခြင်းကိုဘယ်လိုပုံဖော်ပြသွားမလဲဆိုတာ ...

Remember Me (2022) [Complete]

2022