Channel Myanmar

Tarun Gahlot

Breathe(2018) Complete 7.609
Breathe(2018) Complete 3 idiots ထဲက ရန်ချို့ဘော်ဒါဓာတ်ပုံဆရာ အဓိကဇာတ်လိုက်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် မကြာခင်က တင်ဆက်ခဲ့တဲ့ Breathe into the Shadow ထဲက စုံထောက် ပါဝင်တဲ့ လှို့ဝှက်ဆန်းကြယ် မှုခင်းစီးရီးလေးတစ်ခုကို တင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းအကျဉ်းကို ညွှန်းရရင်တော့ အဆုတ်မကောင်းတဲ့ သားဖြစ်သူ မိတဆိုးလေးကို အမြဲတယုတယ မွေးလာခဲ့တဲ့ အဖေဖြစ်သူ "ဒန်နီ"တစ်နေ့မှာ သူ့ရဲ့သားဟာ အဆုတ်အစားထိုးဖို့ ဖြစ်လာခဲ့တယ် ဒါပေမယ့် အဆုတ်အစားထိုးဖို့အတွက် သူ့သားရှေ့မှာ တန်းစီနေတဲ့ သူတွေကလည်း အများကြီးပေါ့သူ့သားကလည်း အဆုတ်သာအစားမထိုးရင် နေရဖို့က ၅ လကနေ ၆ လပဲ ခံတော့မှာဖြစ်တယ်အဲဒီတော့ သူ့သား အမြန်ဆုံး အဆုတ်အစားထိုးနိုင်ဖို့အတွက် အရှေ့မှာ တန်းစီနေတဲ့ သူတွေမရှိမှ ဖြစ်တော့မှာကို သူသိသွားတယ်ဒါနဲ့ပဲ သူ အဲဒီလူတွေကို စသတ်တော့တယ် သူ့ရဲ့ လူသတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ဖြစ်လာတာက စုံထောက်ကျော် "ကဘီး"သားဇောနဲ့ ပြစ်မှုတွေကို ကျူးလွန်နေတဲ့ ဒန်နီက သဲလွန်စမကျန်အောင် စေ့စပ်အောင် အမှုကျူးလွန်နိုင်တဲ့သူ ဖြစ်တဲ့အပြင် အဲ့ဒီ့အမှုတွေကို ဖော်ထုတ်မယ့်စုံထောက် ကဘီးကလည်း ခေသူမဟုတ်တော့သူတို့နှစ်ယောက်ရဲ့ အားပြိုင်မှု လူသတ်မှုတစ်ခုချင်းစီနဲ့ အမှုဖော်ထုတ်မှုတစ်ခုချင်းစီတွေက လက်ထဲကနေ ဖုန်းမချချင်လောက်အောင်ကို ဆွဲခေါ်သွားမှာဖြစ်လို့ မကြည့်ရသေးသူများ ကြည့်ဖြစ်အောင် ကြည့်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေရှင်Quality ...
7.609
TMDb: 7.609/10 46 votes
tv

Breathe(2018) Complete

2018
Rudra: The Edge Of Darkness (2022) Complete 8
Rudra: The Edge Of Darkness (2022) Complete Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb: 8/10 1 votes
tv

Rudra: The Edge Of Darkness (2022) Complete

2022