Channel Myanmar

Thomas Aquino

Criminal Code (2023) 6.9
Criminal Code (2023) Criminal Code (2023) =============== IMDb Rating - 6.9/10Criminal Action စီးရီးတွေကို မျှော်လင့်နေကြတဲ့သူတွေအတွက် အကြိုက်တွေ့စေနိုင်မဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးကောင်းတစ်ခုကို တင် ဆက်ပေးလိုက်ပါပြီ။နာမည်ကျော် ဒုစရိုက်မှုတွေနဲ့ ကျော်ကြားတဲ့ ဘရာဇီးလ်-ပါရာဂွေး နှစ်နိုင်ငံ နယ်စပ်မှာ အကြီးစားငွေတိုက်ဖောက်ထွင်းမှုတစ်ခု ဖြစ်ပွား ခဲ့ပါတယ်။ ရဲတပ်ဖွဲ့တွေထက် ပိုများတဲ့လူအင်အားတွေ၊ သာလွန်တဲ့ လက်နက်အင်အားတွေကြောင့် ဓားပြတွေဘက်က အသာစီးရနေခဲ့ ပါတယ်။ နှစ်နိုင်ငံနယ်စပ်တည့်တည့်မှာ ဖြစ်ပွားတဲ့ အမှုကြီးဖြစ်တဲ့ အတွက် တစ်ဖက်စီကလည်း ဒီအမှုကို သူကိုင်မယ် ငါကိုင်မယ် အလု အယက်နဲ့ပါပဲ။ဒီလိုအမှုကြီးကို ကိုင်တွယ်ဖို့ အကြောင်းဖန်လာတဲ့သူကတော့ ဘနီဆို လို့ ခေါ်တဲ့ ဖက်ဒရယ်ရဲအရာရှိတစ်ဦး ဖြစ်ပါတယ်။ သူကတော့ မကြာ သေးခင်က ဖြစ်ပွားခဲ့တဲ့ ထောင်ဖောက်မှုမှာ တွဲဖက်ပါတနာကောင်း တစ်ယောက်ကို ဆုံးရှုံးထားရပြီး တစ်ကိုယ်တော်လှုပ်ရှားနေရတဲ့ အရာ ရှိတစ်ဦးပါ။ လက်ရှိဖောက်ထွင်းမှုနဲ့ သူ့ပါတနာသေဆုံးခဲ့ရတဲ့ ထောင် ဖောက်မှုတို့က ဆက်စပ်နေတာကို သိရှိပြီးနောက်ပိုင်းမှာတော့ ဘနီဆို့ အတွက် ဒီအမှုကို ရေဆုံးမြေဆုံးလိုက်ဖို့ အကြောင်းတရားတွေ ဖန်လာ ခဲ့ပါပြီ။ဖြစ်ရပ်မှန်စီးရီးတစ်ခုဖြစ်တာကြောင့် ဒီအမှုကို လိုက်စဉ်မှာ အသုံးပြုခဲ့တဲ့ နည်းပညာတွေ၊ လျှို့ဝှက်မစ်ရှင်တွေကိုပါ ထည့်သွင်းဖော်ပြပေးထားပါ တယ်။ ပထမဆုံးနိုင်ငံတကာမှုခင်းကြီးတစ်ခုဖြစ်ပြီး ...
6.9
TMDb: 6.9/10 1735 votes
tv

Criminal Code (2023)

2023
Santo (2022) 6.692
Santo (2022) Santo (2022)Netflix ကနေ စက်တင်ဘာလကမှ ထွက်ရှိလာတဲ့ စပိန်စကားပြော Crime/Thriller ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။အခုလက်ရှိမှာတော့ Season 1 ထွက်ရှိထားပြီး အပိုင်း ၆ ပိုင်း ပါဝင်ပါတယ်။ Netflix ကနေထွက်ရှိလာတဲ့ စပိန်ဇာတ်လမ်းတွဲတွေဟာဆိုရင် ဇာတ်လမ်းဇာတ်အိမ်ကောင်းတာမို့ နာမည်ကြီးကြပါတယ်။ ရာဇဝတ်မှု နှိမ်နင်းတဲ့ စုံထောက်ဇာတ်လမ်းမျိုးကို ကြိုက်နှစ်သက်သူသာဆိုရင် လက်လွတ်မခံဖို့ ပြောချင်ပါတယ်။ ဆန်တို ဟာဆိုရင် နာမည်ကြီး မူးယစ်ရာဇာတစ်ယောက်ဖြစ်ပါတယ်။ သူ မကျူးလွန်ဘူးတဲ့ ပြစ်မှုဆိုတာ မရှိသလောက်ပါပဲ။ ထူးခြားတာကတော့ သူ့ကို ဘယ်သူမှမမြင်ဖူးကြပါဘူး။ ရဲတွေက အသည်းအသန်လိုက်ဖမ်းကြသော်လည်း ဘယ်လိုမှ ဖမ်းလို့မမိဖြစ်နေပါတယ်။ မီလန်နဲ့ ကာဒိုနာ ဆိုတဲ့ ရဲနှစ်ယောက်ဟာဆိုရင် ပထမဆုံးအကြိမ် ဆုံတွေ့ကြပြီး ဆန်တိုကို လိုက်ဖမ်းဖို့ ကြိုးစားကြပါတော့တယ်။အဆိုပါလူကို ဖမ်းနိုင်ဖို့ဆိုရင် သူတို့အနေနဲ့ အဖွဲ့လိုက်လုပ်ဆောင်သွားမှပဲ ဖြစ်နိုင်ပါလိမ့်မယ်။ သူတို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရမလဲ တကယ်ရော ဖမ်းနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းတွဲထဲမှာ ဆက်လက်ကြည့်ရှု့လိုက်ကြပါဦး။အညွှန်းကိုတော့ Leonard Lin က ရေၕးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ .... Leonard Lin, Kuz, K.Hein, ...
6.692
TMDb: 6.692/10 13 votes
tv

Santo (2022)

2022