Channel Myanmar

Tobias Menzies

Manhunt (2024) 7
Manhunt (2024)  လွတ်မြောက်ခြင်းရဲ့ ပြယုဂ်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု သမ္မတကြီး အေဗရာဟမ် လင်ကွန်း လုပ်ကြံသတ်ဖြတ်ခံရတာဟာ အမေရိကန်သမိုင်းမှာ အကြီးမားဆုံး သမိုင်းအချိုးအကွေ့ကြီးဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ လင်ကွန်း သမ္မတအဖြစ်အပ်နှင်းခံရပြီး မကြာခင်မှာ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့အခါ တရားခံအဖြစ် တစ်ထချ ယူဆရတဲ့ ပြဇာတ်သရုပ်ဆောင် ဂျွန်ဝိတ်ဘုသ်ကို သမ္မတကြီးလင်ကွန်း ယုံကြည်အားကိုးရတဲ့ အတွင်းရေးမှူး အက်ဒဝင် စတန်တွန်က ၁၂ ရက်တာ သစ္စာရှိရှိ ရွပ်ရွပ်ချွံချွံ လိုက်လံစုံစမ်းပြီး ရှာပုံတော်ထွက်တဲ့အကြောင်းကို စိတ်ဝင်စားဖွယ်ရာ သမိုင်းပညာပေးအနေနဲ့ ပြန်လည်ဖန်တီးရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ဒီဇာတ်ကားလေးမှာဆိုရင် လူဖြူ လူမဲခွဲခြားဆက်ဆံခံရတဲ့ခေတ်၊ ကျွန်စနစ်၊ သမ္မတ လင်ကွန်းယူဆောင်လာပေးတဲ့ လူမဲလွတ်လပ်ခွင့်၊ လင်ကွန်းသေဆုံးသွားတဲ့အခါ မျှော်လင့်ချက်ရောင်ခြည်လေး မှေးမှိန်လာမှု၊ တန်းတူညီမျှမှုရှိတဲ့ ခေတ်သစ်ကိုပြောင်းလဲဖော်ဆောင်လိုတာ၊ လူမဲတွေကို နှိပ်ကွပ်ထားတဲ့ ကျွန်စနစ်မဖျက်သိမ်းစေလိုတာ အစရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားပြိုင်မှု စတာတွေကို လုပ်ကြံသတ်ဖြတ်သူ တရားခံကို လိုက်လံဖမ်းဆီးနေတဲ့ဇာတ်အိမ်ကို အဓိကတည်ပြီး ရိုက်ကူးထားတာဖြစ်လို့ စိတ်ဝင်စားစရာ အရမ်းကောင်းတဲ့အတွက် မျက်စိမနှေးဘဲ ...
7
TMDb: 7/10 14 votes
tv

Manhunt (2024)

2024
Rome (2005) S1+S2 Complete 8.3
Rome (2005) S1+S2 Complete Rome (2005) series ဇာတ်အိမ်ခိုင်ခိုင်၊ ဘတ်ဂျတ်တောင့်တောင့်နဲ့ တစ်ခမ်းတစ်နားရိုက်ထားပြီး ဆယ့်ရှစ်အပေါင်းတွေလဲ အများကြီးပါတဲ့ HBOရဲ့ စီးရီးကို ပြောပါဆိုရင် တစ်ရာမှာ တစ်ရာ့တစ်ယောက်က Game Of Thronesလို့ပဲ ဖြေကြမှာ သေချာပါတယ်။ ဒါပေမယ့် HBOကပဲ လွှင့်ခဲ့ပြီး တစ်ပိုင်းကို ဒေါ်လာဆယ်သန်း အကုန်ကျခံရိုက်ထားတဲ့ Rome စီးရီးကိုလဲ မေ့မထားသင့်ပါဘူး။ GOTလို‌ fantasyစီးရီးတော့ မဟုတ်ဘူး‌ပေါ့ဗျာ ။ ရောမခေတ် စစ်သမိုင်း နောက်ခံ ဖြစ်ရပ်မှန်စီးရီးဖြစ်ပြီး‌တော့ ဇာတ်အိမ်ခိုင်ခိုင်ကို big budgetသုံးရိုက်ထားတာမို့ ကြည့်ရတာ တန်လွန်းလှပါတယ်။ ရောမခေတ် လူနေမှုပုံစံ ၊ အဆောက်ဦး ၊ ဝတ်စားဆင်ယင်မှုပုံစံတွေကို သဘာဝကျစွာ မြင်ရမှာဖြစ်ပြီး ဒီစီးရီးမှာ သုံးတဲ့ ရောမစစ်သည်တော်တွေရဲ့ ချပ်ဝတ်တန်ဆာတွေကအစ အသေးစိတ်ဖန်တီးထားတဲ့ ဒီဇိုင်နာလက်ရာ handmadeတွေ ဖြစ်ပါတယ်။ အားလုံး ကြားဖူးနားဝရှိပြီးသား ရောမခေတ်က စစ်ပြိုင် ရန်သူကြီးတွေ ဖြစ်ခဲ့ကြတဲ့ ဂျူးလိယက် ဆီဇာ နဲ့ ပွမ်ပေ မက်ဂနပ်စ်တို့ ရောမရဲ့ ပုလ္လင်ကို လုကြတဲ့အကြောင်းကိုပဲ ရိုက်ထားတာဖြစ်ပေမယ့်၊ ဒီစီးရီးမှာတော့ ဂျူးလိယက်ဆီဇာရဲ့ ...
8.3
TMDb: 8.3/10 875 votes
tv

Rome (2005) S1+S2 Complete

2005