Channel Myanmar

Tomohisa Yamashita

Drops of God (2023) 7.8
Drops of God (2023) Drops of God (2023)Drops of God ကတော့ နာမည်ကြီးဂျပန်မန်ဂါတစ်ခုပေါ် အခြေခံထားတဲ့ ဝိုင်အကြောင်းစီးရီးပါ။ ပြင်သစ်ကရိုက်တဲ့စီးရီးဆိုတော့ မန်ဂါကိုအပြောင်းအလဲတွေလုပ်ထားတယ်။ အဓိကဇာတ်ကောင်ကိုလဲ ဂျပန်အမျိုးသားနေရာမှာ ပြင်သစ်အမျိုးသမီးအနေနဲ့ပြောင်းလဲထားတယ်။ အလက်ဇန်းဒါးဆိုသူက ဝိုင်နဲ့ပတ်သက်ရင်အထူးကျွမ်းကျင်သူလေ့လာသူ ပြင်သစ်လူမျိုးပရော်ဖက်ဆာတစ်ယောက်ပါ။ သူက ဆုံးပါးခါနီးမှာ သေတမ်းစာထားခဲ့ပါတယ်။ သူရဲ့သန်းပေါင်းများစွာတန်တဲ့အိမ်နဲ့အတူ ကမ္ဘာပေါ်ကအကြီးမားဆုံးတန်ဖိုးအရှိဆုံးဝိုင်တွေကို ထိုက်တန်သူကဆက်ခံခွင့်ရမှာပါ။ အမွေဆက်ခံသူကတော့နှစ်ယောက်ပဲရှိပါတယ်။ တစ်ယောက်က အလက်ဇန်းဒါးရဲ့သမီးကမီးလ် နောက်တစ်ယောက်ကအလက်ဇန်းဒါးရဲ့တပည့်ဖြစ်သူ တိုမီနီပါ။ သူတို့နှစ်ယောက်က ဝိုင်ကိုမြည်းစမ်းပြီး အဲ့ဒီဝိုင်နဲ့ပတ်သက်ပြီးစပျစ်အမျိုးအစား ပေါက်ရောက်ရာမြေ သက်တမ်းစသဖြင့်အားလုံးကိုပြောနိုင်ရမှာဖြစ်ပါတယ်။ အဲ့လိုသုံးကြိမ်ယှဥ်ပြိုင်ပြီး အနိုင်ရသူကအမွေတွေကို ဆက်ခံရရှိမှာပါ။ ပြသနာကတော့ ကမီးလ်ကအရသာအာရုံသိပ်ပြင်းပြလွန်းသူဖြစ်ပါတယ်။ သူက အရက်ကိုလဲ လုံးဝမသောက်ပါဘူး။ ဝိုင်လဲမသောက်ပါဘူး။ အနံ့ပြင်းတာ၊ အရသာပြင်းတာ တစ်ခုခုလေး သောက်မိတာနဲ့ နှာခေါင်းထဲကချက်ချင်းသွေးတွေယိုစီးကျလာအောင်ထိခိုက်သူဖြစ်ပါတယ်။ ဖခင်နဲ့ကလဲ နှစ်ပေါင်းများစွာအဆက်အသွယ်ပြတ်နေပြီး ဖခင်ရဲ့နောက်ဆုံးအချိန်ကိုတောင်မမှီခဲ့ပါဘူး။ ဒါပေမဲ့ကမီးလ်အဖေက ကမီးလ်ကိုဝိုင်တွေနဲ့အကျွမ်းဝင်စေဖို့ သူ့သူငယ်ချင်းစပျစ်ခြံမှာနေထိုင်ဖို့ကြိုတင်စီစဥ်ပေးခဲ့တယ်။ ပြီးတော့ကမီးလ်ကလဲ ဒီယှဥ်ပြိုင်မှုကိုလက်ခံဖို့ဆုံးဖြတ်လိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲစိတ်ဝင်စားစရာပါပဲ။ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကမီးလ်နဲ့အတူ ဝိုင်အကြောင်း ဘာမှမသိတဲ့ ကြည့်ရှုသူပရိသတ်တွေလဲ လိုက်လံလေ့လာခွင့်ရမှာပါ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 600MB | 300MB Format… mp4 Duration…. ...
7.8
TMDb: 7.8/10 5 votes
tv

Drops of God (2023)

2023
Tokyo Vice (2022)
Tokyo Vice (2022) Tokyo Vice (2022)IMDb - 9.5/10သတင်း​ထောက်​တစ်​ယောက်အတွက် သတင်း​ကောင်း​ကောင်း လိုက်​နိုင်လေ ရန်သူများ​လေလို့ ဆိုကြစမြဲပါ၊ အထူးသဖြင့် ဒုစရိုက်အဖွဲ့​တွေနဲ့နွယ်တဲ့ သတင်း​တွေကို ​​ရေးရတဲ့ သတင်း​ထောက်​တွေအ​နေနဲ့ သတင်းမှန်​လေ၊ အသက်အန္တရာယ်ကြီး​လေပါ၊ဒီစီးရီးက​တော့Tokyo Viceလို့​ ခေါ်တဲ့ မူရင်းစာအုပ်ကို ပြန်လည်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်မှုခင်းစီးရီးပဲ ဖြစ်ပါတယ်၊ HBO maxက​နေ လွှင့်သွားမှာဖြစ်ပြီး IMDb 9.5 အထိ ရရှိထားပါတယ်၊Cast​တွေအ​နေနဲ့က​တော့ - Baby Driver, West Side Storyထဲက မင်းသား Ansel Elgort - Inception, Memoirs of a Geishaလို ဇာတ်ကားကြီး​တွေမှာ ပါဝင်ထားတဲ့ ဝါရင့်သရုပ်​ဆောင်မင်းသားကြီ Ken Watanabeတို့ပဲဖြစ်ပါတယ်၊အ​မေရိကန်သတင်း​ထောက် ဂျိတ် အဒယ်စတင်းဟာ ၁၉၉၀​ကျော် ကာလ​တွေမှာ နိုင်ငံခြားသတင်း​ထောက်အဖြစ် ဂျပန်နိုင်ငံ၊တိုကျိုမြို့ကို ​ရောက်သွားခဲ့ပါတယ်၊ သူသတင်းလိုက်တဲ့ အပိုင်းက​တော့ တခြားမဟုတ်ဘဲ မှုခင်း​ရေးရာအပိုင်းဖြစ်​နေတာပါ၊ ဖခင်ဖြစ်သူ ​သေမှု​သေခင်းအရာရှိဆီက​နေ အမှုအခင်းပိုင်းကို စိတ်ဝင်စားလာတဲ့ ဂျိတ်က ထူးဆန်းစွာပဲ ဂျပန်ရဲ့ ဒုစရိုက်​လောက ကို အထူးစိတ်ဝင်စားကာ မဲအိချိုရှင်းဘန်းသတင်းစာတိုက်ရဲ့ မှုခင်းသတင်း​ထောက်ဖြစ်​အောင် ...

Tokyo Vice (2022)

2022