Channel Myanmar

Tracie Thoms

Truth Be Told (2019) 7.4
Truth Be Told (2019) Truth Be Told 2019 IMDB rating -7.5  UnicodeCM ပရိသတ်ကြီးအတွက် rating အလန်းစီးရီကားတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ Crime, Dram, Thriller ဇာတ်လမ်းကြိုက်သူတွေအတွက်လုံးဝလက်မလွှတ်သင့်ဇာတ်ကားလေးပါ။ ဒီဇာတ်လမ်း စီးရီးကို Apple TV+ က ထုတ်လွှင့်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းက ဝေါ်ရိန်ကေ့ဗ်တစ်ယောက်တက္ကသိုလ်ကျောင်းဆရာတစ်ယောက် ချာ့ခ်ဘာမန် ကိုသတ်တယ်ဆိုတဲ့အမှုကနေစထားပါတယ်။ ဝေါ်ရိန်ကေ့ဗ်ကိုစွပ်စွဲထားတဲ့အမှုဟာ သက်သေခိုင်လုံတဲ့အတွက်ကြောင့်မဟုတ်ဘဲ ချာ့ခ်ဘာမန်ရဲ့သမီး လန်နီဘာမန်ရဲ့မျက်မြင်ထွက်ဆိုချက်ရယ်အိမ်ထဲမှာလက်ဗွေရာကျန်ခဲ့ဆိုတာရယ်ကြောင့် ထောင်ကျခဲ့ရတာပါ။ ဒါ့အပြင် The New York Time မဂ္ဂဇင်းရဲ့သတင်းထောက် ပေါ့ပီပေါ်နယ်ရဲ့ သတင်းအရေးအသားတွေကြောင့် ဝေါ်ရိန်ကိုထောင်ကျဖို့ပိုမိုခိုင်လုံသွားခဲ့တာပါ။ ဒါပေမယ့် ဝေါ်ရိန်ရဲ့အမေဟာသူ့သားအပြစ်ကင်းကြောင်း ပြဖို့နှစ်နှစ်ဆယ်လုံးလုံးရှာဖွေခဲ့ပါတယ်။ တစ်နေ့မှာတော့ လန်နီရဲ့သက်သေထွက်ဆိုချက်ဟာမှားကြောင်းဗီဒီယို ထွက်လာခဲ့ပါတယ်။ အဲ့ဒါကြောင့်တရားရုံကိုပြန်လည်လျှောက်ထားခဲ့ပါတယ်။အဲဒီအချိန်မှာ ပေ့ါပီဟာလဲတရားရုံးမှာရှိနေခဲ့ပါတယ်။ အဲ့ဒါကြောင့်ပေ့ါပီဟာ သူ့ကြောင့်အပြစ်မဲ့ကလေးတစ်ယောက်ကိုထောင်ကျအောင်လုပ်မိပြီဆိုပြီး နောင်တတွေရပြီး ဝေါ်ရိန်ရဲ့အမှုကိုအစအဆုံးကိုပြန်လိုက်ခဲ့ပါတယ်။ ပေ့ါပီဟာ ဝေါ်ရိန်အပြစ်မရှိဘူးဆိုတာယုံကြည်ပြီး ချာ့ခ်ဘာမန်ကိုဘယ်သူတွေသတ်တာလဲ ဘာကြောင့်သတ်တာလဲ သူ့သမီးကရောဘာလို့လိမ်ညာထွက်ဆိုတာလဲ ။ နောက်ကွယ်ဘယ်လိုအရာတွေရှိမှာလဲ၊ နောက်ထပ်ဘယ်လိုအကြောင်းအရာတွေရှိဦးမလဲ၊ စတဲ့အရာတွေကို ပေ့ါပီတစ်ယောက်ဘယ်လိုဖော်ထုတ်မလဲဆိုတာစိတ်ဝင်တစားနဲ့ကြည်ရှုရမယ့်ဇာတ်လမ်းကောင်းလေးမို့လို့တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin နဲ့ d3mon တို့ပဲဖြစ်ပါတယ်။)   Quality – 720p ...
7.4
TMDb: 7.4/10 9 votes
tv

Truth Be Told (2019)

2019