Channel Myanmar

Uno Elger

Young Royals – Season (01)(02) 8.5
Young Royals – Season (01)(02) Young Royals - Season (01)(02) ====================== IMDb Rating - 8.3/10ဇာတ်လမ်းနာမည်အတိုင်းပါပဲ။ နန်းတွင်းထဲကတော်ဝင်မျိုးနွယ် လူငယ်လေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။ အတိအကျပြောရရင်တော့ ဆွီဒင်နိုင်ငံရဲ့မင်းသားတစ်ပါးဖြစ်တဲ့ မင်းသားဝီလ်ဟမ်ရဲ့ဇာတ်လမ်း လေးပါ။မင်းသားဝီလ်ဟမ်ဟာ အထက်တန်းကျောင်းသား ဆယ်ကျော်သက် လူငယ်လေးတစ်ယောက်ပါ။ တစ်နေ့ သူကလပ်မှာ ရန်ဖြစ်တဲ့ဗီဒီယို အွန်လိုင်းမှာပြန့်သွားပြီးနောက်မှာတော့ သူတို့ဆွီဒင်နိုင်ငံရဲ့ အချမ်းသာဆုံး လူကုံထံသားသမီးတွေတက်တဲ့ ဟီလာစကာဆိုတဲ့ ဘော်ဒါမှာ ကျောင်းအိပ် ကျောင်းစားသွားတက်ရပါတော့တယ်။ အဲဒီဘော်ဒါက တော်ဝင်မျိုးနွယ် ကစလို့ ကုမ္ပဏီပိုင်ရှင်၊ မြေပိုင်ရှင်သားသမီး ခေတ်စကားနဲ့ဆို RK တွေပဲ တက်တဲ့ကျောင်း၊ လူတန်းစားခွဲခြားမှုလည်းသိပ်များတဲ့ကျောင်းပေါ့။အဲဒီထဲမှာမှ စီမွန်နဲ့ဆာရာကတော့ သာမန်လူလတ်တန်းစား မိသားစုက ဘော်ဒါမနေဘဲနေ့ကျောင်းတက်တဲ့ မောင်နှမနှစ်​ယောက်ပါ။ ဝီလ်ဟမ်က တော်ဝင်မျိုးနွယ်ရဲ့ဂုဏ်အဆောင်အယောင်တွေကို ကြိုက်လည်းမကြိုက်၊ လွန်လည်းမလွန်ဆန်နိုင်ဘူး။ ဒီလူကုံထံတွေရဲ့ လူတန်းစားခွဲခြားပြီး ခေါင်းပုံ ဖြတ်တဲ့အတွေးအခေါ်တွေကိုလည်း သူမကြိုက်တော့ အတန်းထဲက တစ်ဦး တည်းသောလူလတ်တန်းစား စီမွန်ရဲ့အတွေးအခေါ်တွေက သူ့သဘောထားနဲ့ သွားတိုက်ဆိုင်တာပေါ့။အဲလိုနဲ့ သူတို့နှစ်​ယောက်ဟာ ကျောင်းသားသစ်ကြိုဆိုပွဲပါတီမှာ ရင်းနှီးသွား ကြတယ်။ ရင်းနှီးရုံသာမက တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားကြတယ် ဆိုပါတော့။ သာမန်လူလတ်တန်းစားတစ်​ယောက်လည်း ဖြစ်တဲ့အပြင် လိင်တူ ချစ်သူလည်းဖြစ်နေတော့...စည်းမျဥ်းတင်းကြပ်လှတဲ့ တော်ဝင်မျိုးနွယ်မှာ ဝီလ်ဟမ်တစ်ယောက် ဘယ်လိုတွေရှေ့ဆက်မှာလဲ။ သူ့အမေဘုရင်မကြီးပြောတဲ့ "မင်းသားဖြစ်ရတာ ပြစ်ဒဏ်မဟုတ်ဘူး။ အခွင့်ထူးစံစားရတာပဲ" ဆိုတဲ့စကားက ဝီလ်ဟမ့်အတွက်ရောမှန်ပါ့မလားဆိုတာတွေကိုတော့ ဆက်လက်ကြည့်ရှုလိုက် ကြပါဦး။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA ...
8.5
TMDb: 8.5/10 23000 votes
tv

Young Royals – Season (01)(02)

2021