Channel Myanmar

Valorie Curry

Dan Brown’s The Lost Symbol (2021) 8.4
Dan Brown’s The Lost Symbol (2021) Dan Brown's The Lost Symbol (2021)IMDb - 7.3/10မင်းသားကြီး Tom Hanks ရဲ့ The Davinci's Code တို့ Angels and demons တို့ကိုကြည့်ဖူးကြရင် ဒီကားနာမည်နဲ့ မစိမ်းလောက်ပါဘူး။အနောက်တိုင်းဘာသာရေးဂိုဏ်းတွေရဲ့ ပဟေဠိတွေ ဖြေရှင်းတာကို အသက်ရှူဖို့မေ့လောက်အောင် စိတ်ဝင်တစားကြည့်ခဲ့ရပါတယ်။ဒီစီးရီးဟာလည်း အဲ့ဇာတ်လမ်းတွေရဲ့အဆက်ဖြစ်ပြီး သရုပ်ဆောင်တွေပဲပြောင်းသွားတာပါ။စာရေးဆရာ Dan Brown ရဲ့ဝတ္ထုတွေထဲက The Lost Symbol ကို အခြေခံပြီး ရိုက်ကူးထားပဲ ဖြစ်ပါတယ်။ ပရော်ဖက်ဆာရောဘတ်လန်ဒန်ဟာ ဟားဗက်တက္ကသိုလ်မှာ သင်္ကေတဘာသာရပ်ကို သင်ကြားနေသူဖြစ်ပြီး ဘာသာရေးကိစ္စတွေကို ရင်းနီးကျွမ်းဝင်သူပါ။ တစ်နေ့မှာလူစိမ်းတစ်ယောက်ဟာ သူ့ဆရာပီတာကိုပြန်ပေးဆွဲထားကြောင်း ဖုန်းဆက်လာပြီး လျှို့ဝှက်ဝင်ပေါက်တစ်ခုကိုရှာပေးဖို့ ခြိမ်းခြောက်ကာ သဲလွန်စတွေပေးသွားပါတယ်။ဆရာဖြစ်သူကိုကယ်ဖို့ ရောဘတ်ရဲ့ပဟေဠိဝှက်စာဖော်စကေးတွေနဲ့ စွန့်စားအ​ဖြေရှာပုံတွေကို စိတ်ဝင်တစားကြည့်ကြရမှာဖြစ်ပါတယ်။Dan Brown စာအုပ်တွေရဲ့ အရင်ဇာတ်လမ်းတွေကိုကြည့်ဖူးတဲ့သူတွေကတော့ သေချာပေါက်ကြည့်သင့်တဲ့စီးရီးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် ပဟေဠိအမျိုးအစားတွေကြိုက်ကြရင်လည်း လုံးဝလက်လွှတ်မခံဖို့ပြောချင်ပါတယ်။အပတ်စဉ် ကြာသပတေးနေ့တိုင်း တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။အညွှန်းကိုတော့ Pyi Ti Nyein က ရေးသားပေးထားပြီးတော့ဘာသာပြန်ထားတာကတော့ Pyi Ti Nyein နဲ့ Jerrica ပဲ ဖြစ်ပါတယ်။Quality…. 1080p File ...
8.4
TMDb: 8.4/10 7 votes
tv

Dan Brown’s The Lost Symbol (2021)