Channel Myanmar

Vikas Kumar

Aarya Season 2 + 3 7.625
Aarya Season 2 + 3 Aarya (2021) Season 2+3 IMDb-7.8/10၂၀၂၀ခုနစ်က ထွက်ရှိခဲ့ပြီး အတွဲ(၁)နဲ့ရပ်နေခဲ့တဲ့ အာရ်ယာစီးရီးဟာဆိုရင် ၂၀၂၃ နိုဝင်ဘာလကပဲ အတွဲ(၂) နဲ့ အတွဲ(သုံး)ကို တစ်ပြိုင်နက်ထုတ်လွှင့်သွားခဲ့ပါတယ်။ ဘောလိ၀ုဒ်ရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးကြီး ဆူရှ်မီတာဆန်က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။အာရ်ယာက ခင်ပွန်းဖြစ်သူတက်ဂျ်နဲ့အတူ သားနှစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်တဲ့မိသားစုလေးကို ပိုင်ဆိုင်ထားပါတယ်။ တက်ဂျ်ကလည်း အာရ်ယာရဲ့အဖေ ဇိုရာဝါ မောင်ဖြစ်သူ ဆန်နန်ဂမ်တို့နဲ့အတူတူ ဒိုးတူပေါင်ဖက် စီးပွားရေးလုပ်နေတော့ ပျော်ရွှင်တဲ့အသိုင်းအဝိုင်းတစ်ခုမှာ အာရ်ယာနေထိုင်ခဲ့ရပါတယ်။တကယ်တော့ သူတို့လုပ်ကိုင်နေတဲ့စီးပွားရေးက ရှေ့မှာ ဆေးဝါးကုမ္ပဏီကို ဗန်းပြပြီး နောက်ကွယ်မှာတော့ မူးယစ်ဆေးတွေဖြန့်ချိနေတာပါ။တစ်ရက်မှာတော့ မူးယစ်ရာဇာကြီး ရှက်ခါဝဒ်ရဲ့ ဘိန်းဖြူသန်းသုံးရာဖိုး အဖြောင်ခံလိုက်ပါတယ်။ အဲဒီဘိန်းဖြူတွေကို ဖြောင်သွားတာက အာရ်ယာရဲ့ခင်ပွန်းဖြစ်သူ တက်ဂျ်ပဲလုပ်တာလား မောင်ဖြစ်သူ ဆန်နန်ဂမ်ကပဲလုပ်တာလားဆိုတဲ့ သံသယတွေနဲ့အတူ တက်ဂျ်တစ်ယောက် အသတ်ခံလိုက်ရပါတော့တယ်။ အဲဒီကနေစလို့ အာရ်ယာတစ်ယောက် ဒီလိုမူးယစ်မာဖီးယားဂိုဏ်းတွေနဲ့ပတ်သက်နေမှုကနေ ထွက်ပြေးလွတ်မြောက်နိုင်မှာလား။ယောကျ်ားဖြစ်သူကိုရော ဘယ်သူက သတ်သွားတာလဲဆိုတာကို စုံစမ်းရင်းအဖြေရှာနိုင်မှာလား။ သူကြုံလာရတဲ့ဒုက္ခတွေကို သန်သန်မာမာနဲ့ ပြန်လည်တိုက်ခိုက်သွားမှာကို မြင်တွေ့ကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ...
7.625
TMDb: 7.625/10 12 votes
tv

Aarya Season 2 + 3

2021
Aarya (2020) 8.1
Aarya (2020) Aarya (2020)===========IMDb Rating - 8.1/10#Unicodeအခုတင်ဆက်ပေးမှာကတော့ June 19 ရက်နေ့က Netflix မှာပြသသွားပြီး အပိုင်း ၉ ပိုင်းပါဝင်တဲ့India Crime, Thriller, Drama စီးရီးကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့အာယာဆာရင်းနဲ့ တစ်ဂျ်ဆာရင်းတို့က သိပ်ချစ်ကြတဲ့ဇနီးမောင်နှံပါ။ သူတို့မှာ သားကြီးဗီရာရယ်သမီးလတ်အာယုရယ် သားငယ်လေးအာဒီရယ်ရှိပါတယ်။ အပေါ်ယံကြည့်ရင်တော့ သိပ်ကိုပျော်ရွှင်ပြီချမ်းသာကြွယ်ဝတဲ့မိသားစုလေးပါပဲ။ တစ်ဂျ်ကလည်း အာယာ့အဖေ သူ့ယောက္ခမဇိုရဝါကို အဖေအရင်းလိုချစ်ခင်ပြီး သူ့လက်အောက်​ ဆေးကုမ္ပဏီမှာပဲ အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ဆေးကုမ္ပဏီက အမြတ်အစွန်းတွေကြောင့် သူတို့ဒီလိုချမ်းသာနေတာမဟုတ်ပါဘူး။ သူတို့မိသားစုဟာတရားမဝင်ဘိန်းပင်တွေစိုက်ပြီး အဲဒီကနေ ဘိန်းကိုအခြေခံပြီးထုတ်လုပ်တဲ့ မူးယစ်ဆေးအပျော့စားတွေကို နိုင်ငံခြားကို တင်သွင်းတာပါ။ တစ်နေ့မှာတော့ အာယာရဲ့မောင်ဖြစ်သူက  မူးယစ်ရာဇာကြီး ရှီခါဝပ်ဆီကနေ သန်း ၃၀၀ တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေခိုးလာတဲ့အခါမှာတော့။ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေကို အာယာတစ်ယောက် ဘယ်လိုကြံ့ကြံ့ခိုင်ရင်ဆိုင်မလဲဆိုတာကို ရှုစားရမှာဖြစ်ပါတယ်။IMDB 8.1/10 အထိရရှိထားသလို ထိပ်တန်းမင်းသမီး Sushmita ...
8.1
TMDb: 8.1/10 5,020 votes
tv

Aarya (2020)

2020
Kaala Paani (2023) 7
Kaala Paani (2023) Kaala Paani (2023) "သဘာ၀တရားရဲ့ဒဏ်ခတ်ခြင်း" IMDb - 8.1/10Netflixကနေ ထုတ်လွှင့်လိုက်တဲ့ ကပ်ရောဂါဘေးဇာတ်လမ်းတွဲ အမိုက်စားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ 3Idiotsဇာတ်ကားထဲမှာ မင်းသမီးရဲ့အစ်မဖြစ်သူနေရာက ဖုန်စုတ်စက်နဲ့ မီးဖွားခဲ့ရတဲ့ မင်းသမီးမိုနာဆင်းဂ်က ဒေါက်တာဆင်းဂ်အဖြစ် အဓိကသရုပ်ဆောင်ထားပါတယ်။ရေပတ်လည်ဝန်းရံနေတဲ့ ဆိပ်ကမ်းမြို့လေးတစ်ခု။ပွဲတော်ကြီးကျင်းပမှာမို့ ခရီးသွားတွေထောင်ချီလာရောက်လည်ပတ်ကြမယ့်နေရာ။ ရှားပါးသစ်ပင်ပန်းမန်တွေနဲ့ လူမျိုးနွယ်စုတွေ နေထိုင်နေတဲ့ တောတောင်တွေနဲ့။ အဲဒီလိုသဘာ၀တရားကြီးက ပေးထားတဲ့ကောင်းခြင်းတွေတည်ရှိရာနေရာ။ ရှားပါးလူရိုင်းမျိုးနွယ်စုနဲ့ တောတောင်ရေမြေပြုန်းတီးမှာစိုးရိမ်လို့ သဘာ၀တရားကြီးကိုကာကွယ်ပေးချင်သူတစ်စု။ သဘာ၀တရားကို ဖျက်ဆီးပြီး တကိုယ်ရည်ကောင်းကျိုးကိုရှာချင်ကြတဲ့လူက တစ်စု။အဲဒါတွေကြားထဲမှာ ကိုယ်လုပ်စရာရှိတာလုပ်ပြီး ထင်ရာစိုင်းခေါင်းမာတတ်တဲ့ ဒေါက်တာဆင်းဂ်။ ကိုဗစ်ကပ်ရောဂါကြီးအပြီး အဲဒီရေပတ်လည်ဝန်းရံနေတဲ့ ကျွန်းတွေထဲက အဒါမန်နဲ့ နီကိုဘာဆိုတဲ့ ကျွန်းပေါ်မှာ LHF-27 ဆိုတဲ့ကူးစက်မြန်ရောဂါပိုးတစ်ခုပျံ့နှံ့ဖြစ်ပွားလာပါတော့တယ်။ ဒီရောဂါပိုးကိုစတင်တွေ့ရှိခဲ့တာကတော့ ဒေါက်တာဆင်းဂ်။ရောဂါပိုးက အခုမှာဖြစ်တာတော့မဟုတ်။ လွန်ခဲ့တဲ့နှစ်လေးဆယ်ကလည်းဖြစ်ခဲ့ပြီး အဲဒီတုန်းကလည်း စုစုပေါင်းခုနစ်ယောက်ပဲသေခဲ့တာဆိုတော့ ဒေါက်တာဆင်းဂ်ပြောတာဆိုတာ ပိတ်ပင်တားဆီးတာတွေ ဘယ်သူကမှနားမထောင်။ ဒီလိုနဲ့ ကပ်ရောဂါကြီးက အရှိန်အဟုန်နဲ့ကူးစက်ပါတော့တယ်။လူ့ဘဝမှာ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ မရှိပါဘူး။ ဘာလို့လဲဆိုတော့ အဆုံးသတ်ဆိုတာကိုက မရှိလို့ပါတဲ့။ လူတွေကသေပြီးသွားရင် ကိုယ့်ကိုချစ်တဲ့လူတွေဆီမှာ မျက်ရည်တစ်ဖြစ် အပြုံးတစ်ဖုံနဲ့ ရှိနေတတ်ကြပါတယ်တဲ့။ အိုရ နာရ သေရတဲ့ ဒီတိုတောင်းလှတဲ့ဘဝလေးအတွင်း လူအများသိကြတဲ့ ကိုဗစ်ဗိုင်းရပ်စ်လိုမျိုး ကူးစက်မြန်ကပ်ရောဂါပျံ့နှံ့မှုကြောင့် ရှင်သန်ဖို့နည်းကို အသည်းအသန်ရှာကြရတဲ့ ဇာတ်လမ်းတွေထဲက စီးရီကောင်းလေးတစ်ခုမို့ ...
7
TMDb: 7/10 5 votes
tv

Kaala Paani (2023)

2023
Human (2022) 8
Human (2022) Human (2022) ================= ဘောလိဝုဒ်ပရိသတ်ကြီးအတွက် IMDb rating 8 အထိရထားတဲ့ အိန္ဒိယ TV Series လေးကို တင်ဆက်ပေးပါရစေဆရာဝန်မျိုးရိုးက ဆင်းသက်လာပြီးတော့ နာမည်ကြီးဦးနှောက်အထူးကုဆရာဝန်လည်းဖြစ်သလို ဘိုပယ်လ်မြို့က မန်သန်ဆေးရုံအုပ်လည်းဖြစ်တဲ့ ဒေါက်တာဂေါ်ရီနတ်ဒ်....ဂေါ်ရီရဲ့ ထောက်ခံချက်နဲ့ ဆေးရုံကို ရောက်ရှိလာတဲ့ နှလုံးခွဲစိတ်ဆရာဝန် ဒေါက်တာဆိုင်ရာ....မန်ဒန်မြို့မှာ ဆေးအသစ်ထုတ်လုပ်ပြီးတော့ အဲ့ဒီဆေးကိုတရားမဝင်ရောင်းချဖို့အတွက်လူတွေကိုစမ်းသပ်တဲ့အခါ သေစေနိုင်လောက်တဲ့ထိ side effect တွေရှိပေမယ့် ထုတ်လုပ်သူတွေဟာအဲ့ဒါတွေကို သတိမထားမိခဲ့ကြပါဘူးဒီဆေးကြောင့်နောက်ပိုင်းဘယ်လိုထိခိုက်မှုတွေဖြစ်လာမှာလဲဒီကိစ္စနောက်ကွယ်မှာကော ဘယ်လိုလူတွေပါဝင်ပတ်သတ်နေဦးမှာလဲ ဆိုတာHuman ဆိုတဲ့ စီးရီးလေးမှာ အားပေးကြည့်ရှုကြပါဦးနော်ထိုင်ရာကမထစတမ်းကြည့်ချင်လောက်အောင် ဆွဲဆောင်နိုင်တဲ့Series လေးမို့လို့ အားလုံးအကြိုက်တွေ့စေရန်အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်File Size – 300MB@EpisodeQuality – 720pDuration – 45 minute (@Episode)Total Episodes:10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Drama / ThrillerTranslator – JimX ...
8
TMDb: 8/10 1 votes
tv

Human (2022)

2022