Channel Myanmar

Vinay Pathak

P.I. Meena (2023) 6.8
P.I. Meena (2023) PI Meena (2023) "စုံထောက်မလေးမီနာနှင့် ဗိုင်းရပ်စ်ကပ်ဆိုးကြီး" IMDB 7.3/10အခုတစ်ခါတင်ဆက်ပေးမဲ့ စီးရီးကောင်းလေးက ပရိသတ်ကြီး အကြိုက်တွေ့မှာဖြစ်တဲ့ crime/thriller စီးရီးလေးဖြစ်ပြီး Tooth Pari ဗန်ပိုင်းယားစီးရီးထဲက မင်းသမီးချောလေး တန်နရာက ဦးဆောင်ပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့… မီနာဟာ သူ့အလုပ်သူလည်းစိတ်ကုန် လောကကြီးကိုလည်းစိတ်ကုန် ဆေးရုံမှာလဲ ကိုမာဝင်နေတဲ့မောင်လေးနဲ့ ဘဲကလည်းမရှိ အလုပ်ကပင်ပန်း နည်းပေါင်းစုံနဲ့ဘူနေတဲ့ အလွတ်စုံထောက်မလေးပါမိုးလေဝသသတင်းဆိုတာ ကြိုခန့်မှန်းကြပေမဲ့ မထင်မှတ်ထားတဲ့အချိန်မျိုးမှာ ကိုယ်မသိလိုက်ဘဲနဲ့တောင် မုန်တိုင်းအလယ်ရောက်နေတာမျိုး ဖြစ်သွားတတ်ပါတယ်…မီနာရဲ့ဘဝကလည်း အဲ့လိုပါပဲ ကိုယ့်ဟာကိုယ် လမ်းလျှောက်နေရင်း ဆိုင်ကယ်ကို ကားနဲ့တိုက်ပြေးသွားလို့ တိုက်ခံရတဲ့ကောင်လေးကို ဆေးရုံပို့ပေးခဲ့ပါတယ် ကောင်လေးကတော့ ကိုမာဝင်ပြီးမကြာခင်မှာ သေဆုံးသွားခဲ့တယ်အဲ့ကောင်လေးအတိုက်ခံရတာ သွေးရိုးသားရိုးမဟုတ်ဘဲ ပိုကြီးမားတဲ့ ကိစ္စတွေ နောက်ကွယ်မှာရှိနေတာကို မီနာတစ်ယောက်မသိခဲ့ဘဲ ကောင်လေးရဲ့အမေက အကူအညီတောင်းလို့ အမှုကိုဆက်စုံစမ်းခဲ့တဲ့အခါမှာ…..ဇာတ်အိမ်ကောင်းကောင်းနဲ့ ရင်ခုန်ခံစားရတဲ့ အရသာကို ကောင်းကောင်းပေးစွမ်းနိုင်မှာမို့ ပရိသတ်တို့ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )File Size – ...
6.8
TMDb: 6.8/10 4 votes
tv

P.I. Meena (2023)

2023
Special OPS (2020) Season1 Complete 8.078
Special OPS (2020) Season1 Complete Special OPS (2020)အိန္ဒိယမှာ တကယ်ဖြစ်ခဲ့ဖူးတဲ့ Mumbai 26/11 အကြမ်းဖက်မှု ၊ ၂၀၀၁ ပါလီမန်အိမ်တိုက်ခိုက်ခံရမှုလိုမျိုး တကယ့်အဖြစ်အပျက်တွေကို အခြေခံရိုက်ထားတဲ့စီးရီးဖြစ်ပါတယ် ပါဝင်ထားတဲ့မင်းသားတွေကလည်း Key Key Menon ၊ Karan Tacker တို့လို တောင့်တောင့်ဖြောင့်ဖြောင့် အက်ရှင်မင်းသားတွေချည်းပါပဲဇာတ်လမ်းအညွှန်း၂၀၀၁ ပါလီမန်အိမ်တော်တိုက်ခိုက်ခံရမှုကြောင့် ရဲနဲ့ပြည်သူဘက်ကလည်း နစ်နာမှုကြီးမားခဲ့ရသလို ရဲတွေဘက်က ရတဲ့သတင်းအစအနနဲ့ ဘဏ္ဍာရေးလမ်းကြောင်းတွေ လိုက်လံပိတ်ဆို့ခံတဲ့အတွက် အကြမ်းဖက်အဖွဲ့တွေမှာလည်း အထိနာကုန်ပါတယ်။အကြမ်းဖက်အဖွဲ့ရဲ့ ထိပ်သီးပိုင်းခေါင်းဆောင်တွေက ကိုယ့်အထုပ်ကိုယ်ပိုက်ရင်းနဲ့ ပုန်းအောင်းကြကုန်တော့ လက်အောက်ခံအဖွဲ့ခွဲတွေမှာ ငွေပြတ်လပ်တဲ့ပြဿနာကြုံရပါတော့တယ်။ ဒီတော့ ဇာတ်လိုက်ကျော်ကြီးဟင်းမတ်(Menon)ကလည်း သူရထားတဲ့အချက်အလက်နဲ့ အခြေအ‌နေကို အသုံးချလို့ သူနှစ်ရှည်လများ လိုက်လံရှာဖွေနေခဲ့တဲ့ အီကလက်ခန်းရဲ့ ညာလက်ရုံးဖြစ်တဲ့ ဝါဆင်းကို ငွေထုပ်နဲ့မျှားရင်း သဲလွန်စရချိန်မှာ အမိဖမ်းဖို့ပြင်ဆင်ပါတော့တယ်။ဒီစစ်ဆင်ရေးအတွက် သူ‌ရွေးချယ်ခဲ့သူကတော့ သူကိုယ်တိုင် ၅ နှစ်တိတိ လေ့လာခဲ့တဲ့ ဖာရုအလီ(Karan)ပါပဲ။ ဝါဆင်းကိုရှင်းပြီးတော့ UAEမှာဆက်နေခဲ့တဲ့ ဖာရုတစ်ယောက် ဆက်လက်စုံစမ်းရင်းနဲ့ တစ်ချိန်က ၂၀၀၁ ခုနှစ် ပါလီမန်တိုက်ခိုက်ခံရမှုကစတင်လို့ ပုံစံခပ်ဆင်ဆင်နဲ့ ဖြစ်လာသမျှ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူလို့ ဟင်းမတ်သံသယဝင်နေတဲ့ အီကလက်ခန်းရဲ့သတင်းအစအနကို ရလာတဲ့အခါမှာတော့...နှစ်ဆယ်နဲ့ချီ ...
8.078
TMDb: 8.078/10 32 votes
tv

Special OPS (2020) Season1 Complete

2020
Khakee: The Bihar Chapter (2022) 7.588
Khakee: The Bihar Chapter (2022) Khakee:The Bihar ChapterIMDb-8.3/10ဒီကားဟာ တကယ့်လက်တွေ့မှာရှိခဲ့တဲ့ အာမစ်လိုဟာရဲအရာရှိရဲ့ "Bihar Diaries"ဆိုတာကို အခြေခံပြီးရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲဖြစ်ပါတယ် ရဲအရာရှိအာမစ်လိုဟာက အပြင်မှာတစ်ကယ်ရှိပြီး ကျန်သောဇာတ်ကောင်များကတော့ စိတ်ကူးယဉ်ဖန်တီးထားတာပါတဲ့ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းကို စီးရီးအဖြစ်အသက်သွင်းရေးသားခဲ့တဲ့ Neeraj Pandey ဟာလည်း Best story , Best Director, Best Film award ဆုပေါင်းများစွာရရှိထားတဲ့သူဖြစ်တာမို့ ဒီစီးရီးဟာ ကြည့်ရှုသူတွေအတွက် ပြည့်စုံနေတဲ့ကားတစ်ကားဆိုလည်း မမှားပါဘူးဇာတ်လမ်းအညွှန်းအနေနဲ့ကတော့အာမစ်လိုဟာဆိုတာ ရဲသင်တန်းကျောင်းပြီးခါစဇနီးအသစ်စက်စက်လေးနဲ့ ဘီဟာကို IPS အဖြစ်တာ၀န်ထမ်းဆောင်ဖို့ သွားမယ့်သူ‌ပေါ့ ရဲဆိုတာ ပြည်သူကိုစောင့်ရှောက်ဖို့ လုံခြုံမှုပေးဖို့ဆိုတာပဲသိတဲ့ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်ယောက်ဟာ ရောက်တဲ့နေ့မှာပဲ SSP မူကတ်ရွှာချက်ဘီရဲ့ lesson ပေးတာကို ခံလိုက်ရတော့တာပါပဲ တစ်နေ့တော့ အဲဒီက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့သားပြန်ပေးဆွဲခံရတာကို ကယ်ထုတ်ရင်း ဆူခိုဆာဟန်နီဂိုဏ်းအဖွဲ့နဲ့ ထိပ်တိုက်‌တွေ့တော့တာပါပဲ....နိုင်ငံရေးနဲ့ ရာဇ၀တ်မှုအရှုပ်အထွေးတွေကြားမှာ ဖြောင့်မတ်တဲ့ရဲအရာရှိတစ်ယောက် အမှုတွေကိုဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့လဲ.... အာမစ်ရဲ့ဘ၀တစ်ကွေ့ကို Neeraj Pandey ကရော ဘယ်လိုမျိုးလက်ရာမြောက်‌မြောက်ဖန်တီးထားလဲရှုစားကြည့်ပါဦးFile Size : 1Gb  / 500MBQuality :1080p NF WEB DL / 720pTotal Episodes : 7EpsFormat ...
7.588
TMDb: 7.588/10 17 votes
tv

Khakee: The Bihar Chapter (2022)

2022