Channel Myanmar

Vincent Londez

Into the Night Season 2(2021) Complete 7.5
Into the Night Season 2(2021) Complete Into The Night (2021) ၂၀၂၀ခုနှစ်မှာ ကမ္ဘာတစ်ဝန်းက အက်ရှင်သိပ္ပံကားကြိုက်သူများကို သိမ်းသွင်းခဲ့တဲ့ "Into The Night"ဟာ Season 2 ထွက်ရှိလာပြီဖြစ်ပါတယ်။Rating လည်းမြင့်ပြီး ဝက်ဝက်ကွဲ​အောင်မြင်ခဲ့တဲ့​ကား​လေးကို မသိသူမရှိ​လောက်​​ပေမယ့် အမြည်းဇာတ်ညွှန်း​လေး​တော့ ရေး​ပါရ​စေဗျာ။အကယ်၍များ ကျွန်​တော်တို့သက်ရှိ​သတ္တဝါတွေကို နေလုံးကြီးက လိုက်သတ်​နေရင် ဘယ်လိုလုပ်ကြမလဲဗျ။ကျွန်​တော်တို့ အသက်ရှင်နိုင်ကြပါ့မလား။အသက်ရှင်တယ်ဆိုရင်​တောင် ရှင်သန်လှုပ်ရှားဖို့ဖြစ်နိုင်ပါ့မလား။ဘယ်လိုစား​သောက်​နေထိုင်ကြမှာလဲ။စဥ်းစားကြည့်​တော့လည်း မဖြစ်နိုင်သလိုပဲ​နော်။ဒါ​​ပေမယ့် ဒီကား​လေးက အ​ပေါ်ကမေးခွန်း​တွေကို အ​ခြေခံပြီး ရိုက်ကူးထားပါတယ်။နေ​ရောင်​ကွယ်တဲ့ မြေ​အောက်စခန်းထဲက မွန်းကြပ်မှု​တွေ အသက်ရှင်နိုင်ဖို့ ရုန်းကန်ရတာ​တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။Season 1 မှာ​ လေယာဥ်တစ်စီးနဲ့ ကမ္ဘာပတ်​ပြေးခဲ့ရတဲ့ လူတစ်ခုဟာ အခု season 2 မှာ​တော့ မြေ​အောက်စစ်တပ်စခန်းတစ်ခုမှာ နေရာကျသွားကြပါပြီ။ဒါ​ပေမဲ့ အခက်အခဲ​တွေ​တော့ရှိ​​နေပါ​သေးတယ်။ သို​​လှောင်ထားတဲ့ ရိက္ခာများပျက်စီးမှု​​ကြောင့် ငတ်မွတ်​ခေါင်းပါးမှု​ဘေးနဲ့ကြုံ​တွေ့နေရပါတယ်။ရွေးချယ်စရာရှိတာက မြေ​​အောက်မှာ အစာပြတ်လတ်ပြီး​​သေမလား မြေပြင်​ပေါ်တက်ပြီး စွန့်စားကြမလားဆိုတာပါပဲ။ဒါ​ကြောင့်သူတို့ဟာ နော်​ဝေနိုင်ငံမှာရှိတဲ့ မျိုး​စေ့တွေကို လေယာဥ်နဲ့သွားယူဖို့ ဆုံးဖြတ်လိုက်ကြတယ်။အဲ့​တော့နေ​လုံးကြီးရဲ့ အန္တရာယ်ကို​ရှောင်ကွင်းပြီး ...
7.5
TMDb: 7.5/10 259 votes
tv

Into the Night Season 2(2021) Complete

2020