Channel Myanmar

Walton Goggins

Fallout (2024) 9.4
Fallout (2024) ကမ္ဘာကျော် အက်ရှင် သိပ္ပံ ဂိမ်းကြီးတစ်ခုဖြစ်တဲ့ Fallout ကိုအခြေခံတဲ့ စီးရီးအသစ်လာပါပြီ။ Halo စီးရီးလိုပဲ ဇာတ်လမ်းကောင်းကောင်း ရိုက်ချက်ကောင်းကောင်းနဲ့တင်ဆက်ထားတာပါ။ ပစ်တာခတ်တာ ဖောင်းဒိုင်းတာတွေ ကြမ်းလို့ ကလေးတွေ မပြသင့်ပါဘူး။ဇာတ်လမ်းအကျဉ်းအနုမြူစစ်ပွဲကြီးဖြစ် ကမ္ဘာကြီးပျက်သွားပြီး နှစ် ၂၀၀ ကျော်အကြာကို အခြေခံထားတာပါ။ ကမ္ဘာမျက်နှာပြင်ပေါ်က အနုမြူရောင်ခြည်တွေကြောင့် မြေအောက်မှာ အလုံခန်းကြီးတွေဆောက်နေတဲ့ အလုံခန်းသားတွေရှိမယ်၊ ကမ္ဘာပေါ်မှာပဲ ခပ်ကြမ်းကြမ်းအသက်ရှင်နေတဲ့ မြေပေါ်သားတွေရှိမယ်။ အလုံခန်းတွေကို လိုက်ဓားပြတိုက်နေတဲ့သူတွေ၊ မြေပေါ်က သန္ဓေပြောင်းကောင်တွေ စသဖြင့် အန္တရာယ် အစုံရှိပါတယ်။ဇာတ်လမ်းအစမှာတော့ အလုံခန်း-၃၂ ရဲ့ အုပ်ကြီးဖြစ်သူကို မြေပေါ်ဓားပြတွေက ဖမ်းသွားပါတယ်။ အလုံခန်းသားတွေကလည်း ကြောက်လို့လိုက်မကယ်ချင်ကြသလို၊ ခေါင်းဆောင်ကိုသွားကယ်လိုက်ရင် သူတို့ခေါင်းဆောင်မလုပ်ရမှာစိုးလို့ မကယ်ကြပါဘူး။ အုပ်ကြီးရဲ့ သမီးကတော့ မြေပေါ်ကို ခိုးတက်သွားပြီး သူ့အဖေကို လိုက်ရှာပါတော့တယ်။ တချိန်တည်းမှာပဲ သံမဏိအဖွဲ့ဆိုတဲ့ နည်းပညာထိန်းချုပ်ရေးအဖွဲ့ကလည်း သူတို့ရဲ့ စစ်သည်တော်တွေ စစ်သည်တော်လက်ထောက်တွေနဲ့ စစ်ဆင်ရေးတစ်ခု လွှတ်လိုက်ချိန်မှာ ...
9.4
TMDb: 9.4/10 11 votes
tv

Fallout (2024)

2024
George & Tammy (2022) Complete 7.9
George & Tammy (2022) Complete George & Tammy (2022) Completed Limited Series ~ IMDb 7.5/10, Rotten Tomatoes - 85% ~ ပထမဆုံး ပြောချင်တာတော့ စီးရီးတစ်ခုလုံးကို ဘာသာပြန်လို့ပြီးတဲ့အချိန် ကျွန်တော့်အတွက်တန်ဖိုးထားစရာ သီချင်းကောင်းတွေနဲ့အတူ မြတ်နိုးချင်စရာ အနုပညာရှင်နှစ်ယောက် တိုးလာတယ်ဆိုတာပါပဲ... ကန်းထရီးဂီတနဲ့ အဆက်ပြတ်နေတာကတစ်ကြောင်း၊ ခေတ်ကွာတာကတစ်ကြောင်းကြောင့် George Jones နဲ့ Tammy Wynette ဆိုတဲ့ ကန်းထရီးစတားတွေကို ဒီကားမရေးရခင်ထိ မသိခဲ့ရိုးအမှန်ပါ... နှစ်ယောက်အတူဆို သိပ်ကိုအင်အားကောင်းတဲ့ လူနှစ်ယောက်ရဲ့အကြောင်းကို သိလိုက်ရတဲ့အတွက်လည်း ဒီစီးရီးက ကျွန်တော့်အတွက် သုတရော ရသပါ ပေးတဲ့ စီးရီးတစ်ခုလို့ ပြောလို့ရခဲ့ပါတယ်... ဒီစီးရီးမှာ ဂျော့ဂျ်နဲ့ တမ်မီတို့ရဲ့အနုပညာခရီး အချစ်ခရီးနှစ်ခုလုံးကို စိတ်ဝင်စားဖွယ် မြင်တွေ့ရမှာပါ။ ဂျော့ဂျ်နဲ့တမ်မီတို့ရဲ့ သမီးဖြစ်သူ ကိုယ်တိုင်ရေးထားတဲ့... '' The Three of Us: Growing Up with Tammy and ...
7.9
TMDb: 7.9/10 9 votes
tv

George & Tammy (2022) Complete

2022
The Last Days of Ptolemy Grey (2023) 8
The Last Days of Ptolemy Grey (2023) The Last Days of Potlemy Grey (2023)ပဟေဠိဆန်ဆန် စိတ်ကူးယဥ်ဇာတ်လမ်းတွေကို စိတ်ဝင်စားသူတွေ အကြိုက်တွေ့ဦးမယ့် Samuel L.Jackson အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ series ကောင်းတစ်ခုပါ။ စီးရီးနာမည်က "တော်မီဂရေးရဲ့ နောက်ဆုံးနေ့ရက်များ" ပေါ့။တော်မီဆိုတာကတော့ အတိတ်မေ့ဝေဒနာကို ခံစားနေရတဲ့ ၉၁ နှစ်အရွယ် အဖိုးကြီးတစ်ယောက်ပါ။ ဒီလိုအဖိုးကြီးရဲ့ နောက်ဆုံးနေ့ရက်တွေမှာ ဘာတွေများထူးထူးခြားခြားဖြစ်နိုင်မှာမို့လို့လဲပေါ့။ တော်မီက မိသားစုမိတ်ဆွေတော်တော်များများကို မမှတ်မိနိုင်တော့ပါဘူး။ သူ့ကိုယ်သူတောင်သေချာမမှတ်မိဘဲ အတိတ်ရဲ့ပုံရိပ်တွေကလဲလာလာခြောက်လှန့်နေတာကိုခံနေရသူပါ။ သူနဲ့လောကကြီးကြားက တစ်ခုထဲသောအဆက်အသွယ်ကတော့ သူ့မြေးဖြစ်သူရက်ဂျီပါ။ တစ်နေ့မှာရက်ဂျီတစ်ယောက် အသတ်ခံလိုက်ရချိန်မှာတော့ တော်မီလဲကူကယ်ရာမဲ့ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ တော်မီ့အတွက် ရက်ဂျီ့နေရာကိုအစားဝင်သူလို့ခေါ်ရမယ့်မိန်းကလေးတစ်ယောက်နဲ့ သူ့ရဲ့အတိတ်မေ့ရောဂါအတွက် စမ်းသပ်နေဆဲဆေးအသစ်တစ်မျိုးကိုရလိုက်ချိန်မှာတော့ တော်မီက သူ့ရဲ့နောက်ဆုံးနေ့ရက်တွေမှာ ဆန်းပြားလွန်းတဲ့သူရဲ့သမိုင်းကိုရေးသွားပုံကိုကြည့်ရှုရမှာပါ။ဒီဇာတ်လမ်းတစ်ခုလုံးက ဒီဆေးပေါ်မှာပဲ အခြေခံထားတာဖြစ်ပြီး အပြင်လောကမှာတော့တကယ်မရှိပါဘူး။ ဆေးရဲ့အလုပ်လုပ်ပုံကတော့ တော်မီ့အနေနဲ့ ရက်အနည်းငယ်ကြာ မှတ်ဥာဏ်ပြန်ကောင်းမှာဖြစ်ပေမယ့် ပြီးသွားရင်တော့သူ့ရောဂါက အရင်ထက်ဆိုးရွားပြီးအသက်အန္တရာယ်ပါရှိလာမှာပါ။ ဒီဆေးကတကယ်မရှိပေမယ့် ဒီစီးရီးထဲမှာတော့ အတိတ်မေ့ဝေဒနာခံစားနေရတဲ့ လူကြီးတွေရဲ့ဘဝ၊ သူတို့ရဲ့ရုန်းကန်ရမှုတွေ၊ ချစ်ခင်ရသူတွေနဲ့ရော ကိုယ်ကိုယ်တိုင်နဲ့ပါအဆက်အသွယ်ပြတ်မှုတွေကို ကောင်းကောင်းကြီးမီးမောင်းထိုးပြထားတာကြောင့် ပညာလဲရ စိတ်ဝင်စားစရာလဲကောင်းတဲ့ limited series ပါပဲ။အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p ...
8
TMDb: 8/10 25 votes
tv

The Last Days of Ptolemy Grey (2023)

2022