Channel Myanmar

Xia Nan

Yongan Dream ( 2024 )
Yongan Dream ( 2024 ) ဒီတစ်ခါတော့ CM ရဲ့ ပရိသတ်တွေအတွက် Royal Rumors နဲ့ The Journey of Chong Zi ထဲက အရှင်ချုံဟွာနဲ့ မင်းသမီးချောလေး Ouyang Nana တို့ရဲ့ ဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်ပေးပါမယ်နော်ဇာတ်လမ်းအညွှန်း ယုံအန်းမြို့တော်ရဲ့ အနောက်ဘက်က ခံတပ်တူးမြောင်းပြိုကျမှုကြောင့် လုပ်ငန်းခွင်တာဝန်ခံအမတ် ရှန်ဝိန်ချီဟာ ဧကရာဇ်မင်းရဲ့ အမျက်တော်ရှမှုကိုခံရပြီး ပြစ်မှုထင်ရှားတာကြောင့် ညတွင်းချင်းပဲ အကျဥ်းချခံခဲ့ရသလို ဒီအဖြစ်အပျက်ကြောင့် ရှန်အိမ်တော်တစ်ခုလုံးပါ ညတွင်းချင်း ဒုက္ခရောက်ကုန်ပါတော့တယ်အထူးသဖြင့် လောကကြီးအကြောင်းကို ဘာမှမသိနားမလည်တဲ့ သမီးငယ်ဖြစ်သူ ရှန်ကျန်း (Ouyang Nana)ဟာ အခက်အခဲတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။ ဒီအမှုကိစ္စကိုစုံစမ်းဖို့ တရားစီရင်ရေးအမတ်တစ်ဦးဖြစ်သူ လုရှီယန့် (Xu Zheng Xi)ကို ဧကရာဇ်မင်းက တာဝန်ပေးခဲ့သလို တစ်ဖက်မှာလည်း လုရှီယန့်ဟာ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ ထူးဆန်းတဲ့မိန်းကလေး တစ်ဦးကြောင့် စိတ်ရှုပ်နေရချိန် ဖြစ်နေခဲ့ပါတယ်လုရှီယန့် တစ်ယောက် အမှုကိစ္စစုံစမ်းရင်း သူ့အိပ်မက်ထဲက ထူးဆန်းတဲ့မိန်းကလေးက ရှန်အိမ်တော်က သမီးငယ်ဖြစ်သူ ရှန်ကျန်း ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ရှန်ကျန်းအနားကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ဖို့စတင်ကြိုးစားပါတော့တယ် ယုံအန်းမြို့နောက်ဘက်က တူးမြောင်းပြိုကျတဲ့အမှုကြောင့် သိကျွမ်းခဲ့ရာကနေတစ်ဆင့် ရှန်ကျန်းနဲ့ ...

Yongan Dream ( 2024 )

2024
The Legend of Anle ( 2023 )
The Legend of Anle ( 2023 ) ဒီတစ်ခါမှာတော့ CMက‌နေ ဘာသာပြန်တင်ဆက်တင်‌ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့ အားလုံးစောင့်မျှော်နေကြတဲ့ ရန်အန်းလဲ့(တိကျစ်ယွမ်)အဖြစ် အချစ်တော်လေး Dilireba အိမ်ရှေ့စံမင်းသားဟန်ယဲ့အဖြစ် ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် မင်းသားGong Jun တို့အပြင် Long Ballad ကားနဲ့ မြန်မာပရိတ်သတ်ရဲ့ကြိုက်နှစ်သက်မှုကိုရထားတဲ့ Liu Yuning က အမတ် လော့မင်ရှီးအဖြစ် ပါဝင်အားဖြည့်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ လွန်ခဲ့တဲ့ ၁၀နှစ်က တိုင်းပြည် သစ္စာဖောက်မှုနဲ့ မှားယွင်းစွပ်စွဲခံခဲ့ရတဲ့ တိမိသားစုရဲ့ မျိုးဆက် တိကျစ်ယွမ်ဆိုတဲ့ သတ္တိခဲမလေးက ၁၀ နှစ်အကြာမှာတော့ ပြည်သူတွေရဲ့ အေးချမ်းမှုကို ဖော်ဆောင်ပေးရင်း နန်းတွင်းကို ချဉ်းကပ်ဖို့ အကြံစည်နဲ့ ရန်အန်းလဲ့အဖြစ် တစ်ဖန်ပေါ်လာခဲ့ပါတယ်တိမိသားစုရဲ့ အပြစ်ကင်းစင်ကြောင်းကို ပြန်လည်ဖော်ထုတ်ဖို့ အကြံရှိတဲ့သူမနဲ့ ပြည်သူတွေကို အလေးထားတဲ့ အိမ်ရှေ့စံ မင်းသား ဟန်ယဲ့တို့ ၁၀ နှစ်အကြာမှာ ပြန်လည်တွေ့ဆုံခဲ့ပါတယ် ငယ်စဉ်ကတည်းက ဘိုးတော်မင်းကြီးရဲ့အမိန့်နဲ့ မင်းသားနဲ့ ကျစ်ယွမ်တို့က စေ့စပ်ထားတာပဲဖြစ်ပါတယ်ပြန်လည်ဆုံတွေ့ချိန်မှာတော့ မမှတ်မိခဲ့တဲ့မင်းသားက ကျစ်ယွမ်ဆိုတဲ့ ကောင်မလေးအပေါ်မှာ သစ္စာရှိနေဆဲဖြစ်နေပြီး တိုင်းပြည်အတွက် အောင်မြင်မှု တစ်ခုလုပ်ဆောင်နိုင်ခဲ့တဲ့ အန်းလဲ့ကတော့ အိမ်ရှေ့စံမိဖုရားနေရာကို ဆုအဖြစ်တောင်းခံခဲ့ရာမှာတော့ မင်းသားက ငြင်းဆိုခဲ့ပါတယ်...နောက်ပိုင်းတွေမှာ နှစ်ယောက်အတူတူ တိုင်းပြည်အတွက် ဘယ်လိုတွေ ပူးပေါင်း တိုက်ပွဲဝင်သွားမှာလဲ သူတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်မှာလဲ အန်းလဲ့ကရော နောက်ဆုံးမှာ တိမိသားစုအတွက် တရားမျှတမှုကို ...

The Legend of Anle ( 2023 )

2023