Channel Myanmar

Xu Zhengxi

Yongan Dream ( 2024 )
Yongan Dream ( 2024 ) ဒီတစ်ခါတော့ CM ရဲ့ ပရိသတ်တွေအတွက် Royal Rumors နဲ့ The Journey of Chong Zi ထဲက အရှင်ချုံဟွာနဲ့ မင်းသမီးချောလေး Ouyang Nana တို့ရဲ့ ဇာတ်လမ်းတွဲအသစ်လေးကို တင်ဆက်ပေးပါမယ်နော်ဇာတ်လမ်းအညွှန်း ယုံအန်းမြို့တော်ရဲ့ အနောက်ဘက်က ခံတပ်တူးမြောင်းပြိုကျမှုကြောင့် လုပ်ငန်းခွင်တာဝန်ခံအမတ် ရှန်ဝိန်ချီဟာ ဧကရာဇ်မင်းရဲ့ အမျက်တော်ရှမှုကိုခံရပြီး ပြစ်မှုထင်ရှားတာကြောင့် ညတွင်းချင်းပဲ အကျဥ်းချခံခဲ့ရသလို ဒီအဖြစ်အပျက်ကြောင့် ရှန်အိမ်တော်တစ်ခုလုံးပါ ညတွင်းချင်း ဒုက္ခရောက်ကုန်ပါတော့တယ်အထူးသဖြင့် လောကကြီးအကြောင်းကို ဘာမှမသိနားမလည်တဲ့ သမီးငယ်ဖြစ်သူ ရှန်ကျန်း (Ouyang Nana)ဟာ အခက်အခဲတွေကို နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပါတော့တယ်။ ဒီအမှုကိစ္စကိုစုံစမ်းဖို့ တရားစီရင်ရေးအမတ်တစ်ဦးဖြစ်သူ လုရှီယန့် (Xu Zheng Xi)ကို ဧကရာဇ်မင်းက တာဝန်ပေးခဲ့သလို တစ်ဖက်မှာလည်း လုရှီယန့်ဟာ အိပ်မက်ထဲမှာ ပေါ်ပေါ်လာတဲ့ ထူးဆန်းတဲ့မိန်းကလေး တစ်ဦးကြောင့် စိတ်ရှုပ်နေရချိန် ဖြစ်နေခဲ့ပါတယ်လုရှီယန့် တစ်ယောက် အမှုကိစ္စစုံစမ်းရင်း သူ့အိပ်မက်ထဲက ထူးဆန်းတဲ့မိန်းကလေးက ရှန်အိမ်တော်က သမီးငယ်ဖြစ်သူ ရှန်ကျန်း ဖြစ်နေမှန်း သိလိုက်ရတဲ့အခါမှာတော့ ရှန်ကျန်းအနားကို နည်းမျိုးစုံသုံးပြီး ချဉ်းကပ်ဖို့စတင်ကြိုးစားပါတော့တယ် ယုံအန်းမြို့နောက်ဘက်က တူးမြောင်းပြိုကျတဲ့အမှုကြောင့် သိကျွမ်းခဲ့ရာကနေတစ်ဆင့် ရှန်ကျန်းနဲ့ ...

Yongan Dream ( 2024 )

2024
Royal Rumours (2023)
Royal Rumours (2023) ဟွာမျိုးနွယ်ရဲ့အရေးကြီးလူတစ်ယောက်တစ်ဖြစ်လဲ ရေခဲတုံးမင်းသား ကျိယွမ်ချောင် ၊မျိုးနွယ်တွင်းကိစ္စတွေကို စိတ်မဝင်စားဘဲ တာဝန်ကို ခံစားချက်မရှိလုပ်ဆောင်သူအကြောင်းဖန်လာပြီး စစ်သူကြီးချုပ်ရဲ့သမီး ဟွာလျိုလီနဲ့ တွေ့ဆုံခွင့်ရခဲ့တယ်။မိန်းကလေးဖြစ်ပေမယ့်လည်း မာနကြီးကာ အိမ်ရှေ့စံလို စိတ်မာတဲ့သူပေမယ့်လည်း တွေ့စကတည်းက အောက်ကျိုတတ်သူသူတိုနှစ်ယောက်ဆုံဆည်းပြီးနောက်မှာတော့ တိတ်တဆိတ် အပြန်အလှန်လှည့်စားဖို ကြိုးစားကြတယ်။ရဲရင့်ပြတ်သားသူနှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာ ဆွဲငင်မိပြီး အချစ်ပန်းတွေ ပွင့်လန်းလေမလားအင်အားကြီးမားတဲ့ပြည်ထောင်စုကြီးကို အတူလက်တွဲကာ ငြိမ်းချမ်းစေမလားကျိယွမ်ချောင်အဖြစ် မကြာခင်ကပြီးသွားတဲ့ The Jounery of Chongzi ဇာတ်လမ်းတွဲမှအရှင်ချုံဟွာတစ်ဖြစ်လဲ မင်းသား Jeremy Tsui ဟွာလျိုလီအဖြစ် The Untamed တွင် ဝိန့်ချင်၊Immortal Samsara တွင် ကျစ်ရှီအဖြစ် ပါဝင်ဖူးသူ မင်းသမီး Meng Zi Yi တိုက ပါဝင်ထားပါတယ်CM Chinese ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးမှာမို စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်[Reviewed By Minnie Leon Silva]Quality : WEB-DL 720p,1080pTotal Episodes : ...

Royal Rumours (2023)

2023
The Journey of Chongzi (2023)
The Journey of Chongzi (2023) ဒီဇာတ်ကားလေးကတော့နီလွင်လိုခေါ်တဲ့နတ်ဆိုးဘုရင်က နတ်ဆိုးလောကမှ ရုန်းထွက်လာပြီးလူ့လောကကို လွတ်မြောက်လာခဲ့ပါတယ် ချုံကျီလိုခေါ်တဲ့ကောင်မလေးကတော့ဖြူစင်ကြင်နာတတ်သူလေးဖြစ်ပေမဲ့သူဟာနတ်ဆိုဘုရင်နီလွင်ရဲ့သမီးဖြစ်နေခဲ့တယ်ချုံကျီဟာနတ်မျိုးနွယ်ဖြစ်တဲ့ ချူဘူဖုရဲ့ကယ်တင်ခြင်းကိုခံရပြီးတဲ့နောက်မှာ‌တော့နန်ဟွားတောင်ဖျားမှာ စွမ်းအားပျိုးထောင်ဖိုဆုံးဖြတ်ခဲ့ပေမဲ့ တစ်ချိန်မှာနတ်ဆိုးဖြစ်လာမှာပဲလိုကြိုတင်အသိပေးထားတဲ့အတွက် သူမဟာနန်ဟွားတောင်ကနေ ထွက်သွားခဲ့ပါတယ်အဲဒီအချိန်မှာပဲလော့ယင်းဖန်လိုခေါ်တဲ့ဆရာနဲ့တွေ့ဆုံပြီး ချုံကျီကို သူ့ရဲ့တစ်ဦးတည်းသောတပည့်အဖြစ်အံ့သြစရာကောင်းအောင်လက်ခံပေးခဲ့ပါတယ် ချုံကျီက သူ့ကိုအရမ်းအားကိုးပြီးတခြားဘာကိုမှဆန္ဒမရှိဘဲ သူ့ဘေးနားနေရဖိုကိုပဲစိတ်အားထက်သန်နေခဲ့တယ်လော့ယင်းဖန်ကလည်းသူမကိုကာကွယ်ပေးပါမယ်လိုကတိပေးခဲ့တယ် အဲဒီနောက်တော့ကံဆိုးစွာနဲ့ ပူးပေါင်းလုပ်ကြံမှုတစ်ခုကြောင့် ချုံကျီဟာအကျဥ်းချခံထားရဖိုဖြစ်လာပြီးလော့ယင်းဖန်ကလည်းဘယ်သူ့ကိုမှကူညီဖိုမတတ်နိုင်ခဲ့ဘဲ ငြိမ်းချမ်းရေးအတွက်နဲ့သူမဟာသေဆုံးသွားခဲ့ရပါတယ်ချုံကျီ ဒုတိယဘဝမှာလည်း နန်ဟွားတောင်ကိုထပ်ရောက်သွားခဲ့ပြီး‌လော့ယင်းဖန်ကလည်းချုံကျီကိုတွေ့တာနဲ့မှတ်မိနေခဲ့ပါတယ်သူ့ရဲ့ကာကွယ်ပေးမယ်ဆိုတဲ့ကတိကြောင့်မကောင်းဆိုးဝါးစစ်မာကို သူမကိုယ်ထဲမှာစည်းခပ်ထားလိုက်ပြီး သူမကိုလည်းအနီးကပ်စောင့်ရှောက်ရင်းသူတိုနှစ်ယောက်ရဲ့ဆရာတပည့်ဆက်ဆံရေးကိုဆက်လက်တည်မြဲစေခဲ့တယ် သိုပေမဲ့လည်းကံကြမ္ပာဆိုးကနေမလွတ်မြောက်နိုင်ဘဲချုံကျီက မြားတွေရဲ့ပစ်မှတ်ဖြစ်လာခဲ့ပြန်တယ်သူမလည်းဒေါသထွက်သွားပြီး သူ့ရဲ့နတ်ဆိုးဘက်အခြမ်းကိုလက်ခံလိုက်ကာ ပြန်လိုမရတဲ့ပန်းတိုင်ကိုရောက်သွားပါတော့တယ်ကံကြမ္မာကလည်း ချစ်သူအချင်းချင်းအပေါ်မှာ ရက်စက်ကြမ်းကြုတ်စွာ ပြက်ရယ်ပြုခဲ့လေရဲ့ တစ်ယောက်ကကမ္ဘာကို ပခုံးပေါ်တင်ဆောင်ထားရတဲ့ အရှင်သခင်ဖြစ်ပြီး ကျန်တစ်ယောက်ကတော့နတ်ဆိုးသွေးများ သွေးကြောထဲတွင် စီးဆင်းနေတဲ့သူဖြစ်နေကြတယ် သူတိုဟာ ကူကယ်ရာမဲ့ ချစ်မိသွားခဲ့ကြပြီးတစ်ယောက်ကိုတစ်ယောက် ရန်ပြုခဲ့ကြသော်လည်း သူတိုရဲ့ခံစားချက်တွေကနေလည်း မလွတ်မြောက်နိုင်ကြပါသူတိုရဲ့ ချစ်ခြင်းမေတ္တာက ကောင်းကင်နှင့်မြေကြီးရဲ့စည်းမျဉ်းတွေကို လှုပ်ခတ်စေနိုင်မလားဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုရင်းအားပေးကြပါဦးရှင်(အညွှန်းရေးသားထားသူကတော့ Khin Myat Noe ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 40Format : mp4Genres : Romance, Wuxia, ...

The Journey of Chongzi (2023)

2023
The Autumn Ballad
The Autumn Ballad The Autumn Balladဒီတစ်ခါ CMကနေ ဘာသာပြန်တင်ဆက်ပေးဖို့ ရွေးချယ်ထားတဲ့ ဇာတ်ကားလေးကတော့နန်းတွင်းဇာတ်ကားလေးဖြစ်တဲ့ The Autumn Ballad ပဲဖြစ်ပါတယ်ဒီကားလေးမှာတော့လက်ရှိ CM မှာပြသနေတဲ့ Dream Garden ထဲကမင်းသမီးချောလေး Qiao Xin က (ချိုးယန်း)အဖြစ် Novoland:castle in the sky 2 ထဲကမင်းသားချော Xu Zheng Xi က (လျန်ရိ)အဖြစ်အဓိကပါဝင်သရုပ်ဆောင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့ချိုးမိသားစုရဲ့အချစ်မခံရတဲ့ချိုးယန်းမမလေးကတစ်နေ့မှာဖိအားပေးလက်ထပ်ခြင်းခံခဲ့ရတယ်ကံမကောင်းစွာနဲ့မင်္ဂလာဆောင်တဲ့နေ့မှာပဲ သတို့သားလောင်းဟာ သေသွားခဲ့ပြီးချိုးယန်းဟာလည်း အခန်းထဲမှာပိတ်လှောင်ထားခံခဲ့ရပါတယ်ချိုးယန်းကသူမရဲ့ဉာဏ်ရည်ထက်မြက်မှုနဲ့ဇွဲလုံ့လဝိရိယကိုသုံးပြီးပိတ်လှောင်ထားရာကနေလွတ်မြောက်အောင်ကြံဆောင်နိုင်ခဲ့ပါတယ်ဒါပေမယ့်လည်း အဲ့ကိစ္စကမပြီးသေးဘဲ တစ်စတစ်စပိုပိုရူပ်ထွေးတဲ့အမှုဖြစ်လာပါ‌တော့တယ်အဲ့အမှုကိုစုံစမ်းရင်းအခက်အခဲတွေကြုံတွေ့လာတဲ့အချိန်မှာအေးတိအေးစက်နိုင်တဲ့ ဦးရီတော်လျန်ရိနဲ့ရင်းနှီးကျွမ်းဝင်ခဲ့ပါ‌တော့တယ်လက်ရုံးရည်ရောနှလုံးရည်နဲ့ပါပြည့်စုံတဲ့ လျန်ရိနဲ့ဉာဏ်ရည်ထက်မြက်တဲ့ချိုးယန်းတို့နှစ်ယောက်အပြန်အလှန်ဖေးမကူညီပေးရင်းအမှုတွေ အခက်အခဲတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီရင်းအချိန်တွေကြာလာတာနဲ့အမျှလျန်ရိနဲ့ချိုးယန်းတို့ရဲ့ချစ်ခြင်းမေတ္တာတွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာကိုတော့CMကနေ မကြာခင်မှာတင်ဆက်ပေးတော့မယ့် The Autumn Ballad ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာ စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးနော်~    Episode 1 Yoteshin / MegaUp / Usersdrive /  VIP   Episode 2 Yoteshin / MegaUp / Usersdrive /  VIP   Episode ...

The Autumn Ballad

2022