Channel Myanmar

Ye Shengjia

Sword and Fairy 1
Sword and Fairy 1 ဒီဇာတ်ကားလေးကတော့ 2005 ခုနှစ်က Hu Ge နဲ့ Liu Yi Fei တို့ရိုက်ကူးခဲ့ပြီးတော့ အရမ်းကိုလျှမ်းလျှမ်းတောက်အောင်မြင်မှုတွေရခဲ့တဲ့sword and fairy 1 ကို ၂၀၂၄ ဗားရှင်းအဖြစ်ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းက အရမ်းကောင်းတာမို့သရုပ်ဆောင်တွေလည်းတာဝန်ကြီးပါတယ် 2005 ခုနှစ်ဗားရှင်းနဲ့ 2024ဗားရှင်းကြားဘယ်လိုတွေကွာခြားမှုရှိနေမလဲဆိုတာကို ပရိသတ်ကြီးက စောင့်ကြည့်ပေးကြပါအုံးရှင် ။ဇာတ်လမ်းအကျဉ်းလေးအနေနဲ့တော့ လီရှောင်းယောင်လို့ခေါ်တဲ့ကောင်လေးကသူ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက်နဲ့အိပ်မက်ကျွန်းဆီခရီးထွက်လာခဲ့ပါတယ်။ အဲဒီကျွန်းမှာပဲ သူချစ်ရတဲ့ မိန်းမလှလေးလင်အာနဲ့တွေ့ဆုံပြီးချစ်ခင်ဆုံမက်ကာ လက်ထပ်ဖြစ်ခဲ့ကြပါတယ် ။ဒီလိုနဲ့ဒေါ်လေးရဲ့ ရောဂါကိုကုသဖို့အတွက် ဆေးလည်းရပြီဖြစ်လို့ အိပ်မက်ကျွန်းကနေအိမ်အပြန်ခရီးလမ်းမှာ ပိုင်ယွဲ့ဂိုဏ်းရဲ့လုပ်ကြံမှုတွေနဲ့ ကြုံတွေ့လာရပါတော့တယ် ။အဲဒီအခါကျမှ လီရှောင်းယောင်လည်း သူအိပ်မက်ကျွန်းကိုသွားဖြစ်အောင်လုပ်ခဲ့တာကလည်းပိုင်ယွဲ့ဂိုဏ်းရဲ့ထောင်ချောက်ဖြစ်ပြီးတော့ ချစ်ရတဲ့သူ လင်အာကိုပြန်ပေးဆွဲဖို့ဆိုတာကိုသိရှိသွားပါတော့တယ် ။ ဒါပေမဲ့ကံဆိုးစွာနဲ့သူလည်း ပိုင်ယွဲ့ဂိုဏ်းရဲ့တိုက်ခိုက်မှုတွေကိုခံလိုက်ရပြီးတော့ ဒဏ်ရာအပြင်းအထန်ရကာအတိတ်မေ့သွားပါတော့တယ် ။ ဆိုတော့ ဇာတ်လမ်းလေးထဲမှာ ပိုင်ယွဲ့ဂိုဏ်းက လင်အာကိုဘာလို့လိုက်ဖမ်းနေတာလဲ ရှောင်းယောင်ကရော ပြန်ပြီးတော့ အတိတ်တွေအားလုံးကို သတိရလာနိုင်မလား အိမ်ပြန်တဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေ အတားအဆီးတွေနဲ့ကြုံတွေရပြီးတော့မိတ်ဆွေလားရန်သူလား ဘယ်လိုတွေခွဲခြားသိကြမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုဖို့မမေ့ကြပါနဲ့နော် ။====================================Quality : ...

Sword and Fairy 1

2024
The Longest Promise ( 2023 )
The Longest Promise ( 2023 ) CM ပရိသတ်ကြီးတို့နဲ့ ရင်းနှီးနေပြီးသား မင်းသားဖြစ်တဲ့ Xiao Zhan ရဲ့ ရှန်းရှကားအသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ မင်းသား Xiao Zhan နဲ့ မင်းသမီး Ren Min တို့က အဓိကသရုပ်ဆောင်တွေအဖြစ် ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောပြရရင် ရှေးအခါတုန်းက ခုံစမ်းနိုင်ငံမှာ အေးဆေးတည်ငြိမ်တဲ့ ခုံစန်းမင်းသား ရှစ်ယင် (Xiao Zhan )နဲ့ ရိုးသားချောမောတဲ့ ချီကျူးမင်းသမီးလေး ကျူးယန် ( Ren Min ) တို့ရှိပါတယ် သူတို့၂ယောက်မှာ အတိတ်ဘဝ က ကြိုတင်သတ်မှတ်ထားတဲ့ တွေ့ဆုံရမယ့် ကံကြမ္မာတစ်ခုရှိပေမယ့်လည်း ဒီဘဝမှာတော့ လွဲမှားမှုတစ်ခုကြောင့် သူတို့ဟာ ၃ နှစ်တိုင်တိုင် ဆရာနဲ့ တပည့်ဖြစ်လာခဲ့ပါတယ်။ရှစ်ယင်က ကျူးယန်ကို မြင်မြင်ချင်း ချစ်မိသွားခဲ့တာပါ။ ကျူးယန် ၁၃ နှစ်အရွယ်မှာ ရှစ်ယင်က ကျူးယန်ကို ကျိုးယိတောင်ကို လွှတ်လိုက်ပြီးတော့ သူ့ကို ကျောက်စိမ်းအရိုး ပေးခဲ့ပါတယ်။ ကျောက်စိမ်းအရိုးဆိုတာ ခုံစန်းဧကရာဇ်တွေက သတို့သမီးတွေကို ပေးလေ့ရှိတဲ့ လက်ဆောင်ပဏ္ဍာတစ်ခုပါ။တချိန်မှာ မိစ္ဆာတွေထကြွလာတဲ့အခါ ခုံစန်းနိုင်ငံဟာ အန္တရာယ်ကျရောက်လာခဲ့တယ်။ ကျူးယန်နဲ့အတူ ကြီးပြင်းလာခဲ့တဲ့ ကျစ်ယွမ်ကို ပင်လယ်ဧကရာဇ်လို့ ရှစ်ယင်က ...

The Longest Promise ( 2023 )

Mirror: A Tale of Twin Cities ( 2022 )
Mirror: A Tale of Twin Cities ( 2022 ) ဒီတစ်ခါ CM ကနေ ဘာသာပြန်တင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ကားလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်ရိုက်ကူးထားတဲ့ ရှေးခေတ်ကားလေး Mirror: Twin cities ပဲဖြစ်ပါတယ်ရှေးဒဏ္ဍာရီစကားတွေအရ နတ်ဘုရားတွေကဘုံခြောက်ဘုံအလယ်မှာ အလွန်အေးချမ်းသာယာတဲ့ယွီဟွမ်ဆိုတဲ့နေရာတစ်ခုကိုဖန်တီးထားကြတယ်တဲ့အလယ်ပိုင်းဒေသမြောင်မျိုးနွယ်ကမိန်းကလေးနာရှန်းဟာရန်ပွဲတွေကြောင့်သူတို့အိုးအိမ်တွေပျက်စီးသွားတဲ့အချိန်မှာယွီဟွမ်ဒေသကိုထွက်လာခဲ့ပါတော့တယ် ရေသူမျိုးနွယ်စူးမော့နဲ့ခုန်းစန်းမျိုးနွယ်ကအိမ်ရှေ့စံမင်းသမီးပိုင်ရင်းတို့ဟာလွန်ခဲ့တဲ့နှစ်တစ်ရာလောက်ကမျှော်စင်ဖြူမှာ တွေ့ဆုံခဲ့ကြပါတယ်ပိုင်ရင်းက ခုန်းစန်းမျိုးနွယ်အိမ်ရှေ့စံမင်းသားကျန်းလန်နဲ့စေ့စပ်ထားသူဖြစ်ပြီးစူးမော့ကတော့ခုန်းစန်းမျိုးနွယ်တွေဖမ်းထားတဲ့ ပိုင်ရင်းရဲ့အစေခံရေသူမျိုးနွယ်တစ်ယောက်ပါ သုံးနှစ်လောက်အတူတူနေလာပြီးတဲ့အခါမှာတော့ပိုင်ရင်းကစူးမော့ကိုချစ်မိသွားပါတော့တယ်ဒါပေမဲ့ကံကြမ္မာကမျက်နှာသာမပေးတော့ ပိုင်ရင်းဟာ22kmမြင့်တဲ့မျှော်စင်ဖြူကနေခုန်ချပြီးသတ်သေသွားခဲ့ပါတယ်သူသတိရလာချိန်မှာ ခုန်းစန်းမျိုးနွယ်ကပျက်စီးခါနီးအခြေအနေရောက်နေပါပြီနှစ်ပေါင်းတစ်ရာကြာပြီးနောက် ယွီဟွမ်ဒေသကိုကျန့်လျိုမျိုးနွယ်တွေချုပ်ကိုင်နေချိန်မှာ စူးမော့ဟာသူ့အချစ်ဟောင်းပိုင်ရင်းကိုရှာဖို့ယွီဟွမ်ဒေသကိုပြန်လာခဲ့ပါတယ်အခက်အခဲမျိုးစုံကြားမှာ စူးမော့ဟာသူ့လူမျိုးတွေကိုပြန်ခေါ်ထုတ်ဖို့နဲ့သူ့ချစ်သူပိုင်ရင်းကိုပိုင်ဆိုင်ဖို့လုပ်လာရင်းဘယ်လိုဖြစ်သွားမလဲဆိုတာ ကြည့်ရှူခံစားရမှာပါအဓိကသရုပ်ဆောင်တွေအနေနဲ့ Legend of Chusen ထဲကမင်းသားချော Li Yifeng က ပင်လယ်ဘုရင် Su Mo အဖြစ်Heavenly sword and Dragon slaying sabre ထဲကမင်းသမီးချောလေး Chen Yuqi (ကျောက်မိန်)ကသခင်မလေးBai Ying အဖြစ် Love of thousand years ထဲကမင်သား Zheng Yecheng က ခုံစန်းအိမ်ရှေ့စံ Zhen Lan အဖြစ်ပါဝင်ထားကြတဲ့ Mirror :Twin Citiesဆိုတဲ့စိတ်ကူးယဉ်အိမ်မက်ဆန်ဆန်ရိုက်ကူးထားတဲ့ ...

Mirror: A Tale of Twin Cities ( 2022 )

2022