Channel Myanmar

Yoo Ji-yeon

In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၇၃) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
Happiness (2021) 8.5
Happiness (2021) Happiness (2021)==============ဒီတစ်ခါ အသစ်ထွက်ရှိလာတဲ့ ကားလေးကတော့ အမည်မသိကူးစက်ရောဂါပျံ့နှံ့လာမှုကိုအခြေခံပြီး အစပျိုးထားတဲ့သည်းထိတ်ရင်ဖိုဇာတ်လမ်း‌လေးပါ။ မြို့တော်မှာ ဆောက်လုပ်ပြီးစီးတော့မယ့် အထပ်မြင့်အဆောက်အဦးအသစ်တစ်ခုမှာလူတန်းစားအ‌မျိုးမျိုး နောက်ခံအမျိုးမျိုးနဲ့  လူပေါင်းစုံနေထိုင်နေကြပေမဲ့ ကူးစက်ရောဂါပျံ့ပွားမှုနှုန်းမြင့်တက်လာတာနဲ့အမျှအထိတ်တလန့်နဲ့ သွေးရူးသွေးတန်းတွေဖြစ်လာကြရင်း လူတန်းစားပေါင်းစုံကြားထဲက ပဋိပက္ခတွေနဲ့အတူ ‌ကူးစက်ရောဂါရဲ့ခြောက်လှန့်မှုတွေကလည်း ပိုလို့တောင်ကြီးထွားလာခဲ့ပါတယ်။ရှုပ်ထွေးပွေလီလွန်းတဲ့ လောကကြီးထဲ အေးအေးချမ်းချမ်းနေချင်တဲ့ အထူးရဲတပ်ဖွဲ့ဝင်Yoon Sae-Bom (Han Hyo-Joo) နဲ့ဘေ့စ်ဘောကစားသမားဘဝကိုလက်လျော့လိုက်ရပြီး အကြမ်းဖက်မှုစုံစမ်းရေး ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့တဲ့ Jung Yi-Hyun(Park Hyung-Sik)တို့ သူငယ်ချင်းနှစ်ယောက်က လှည့်ကွက်ပေါင်းစုံကြားထဲ အဖြေရှာကြရင်း၊ရောဂါကူးစက်မှုနဲ့ပက်သက်တဲ့ဝှက်ဖဲကို စုံစမ်းဖော်ထုတ်ကြမှာပါ။နောက်ဇာတ်ကောင်ဖြစ်တဲ့ Han Tae-Seok (Jo Woo-Jin)ကတော့  စစ်တပ်က ထွက်လာပြီးနောက်ပိုင်း  ဆေးဝါးကုမ္ပဏီတစ်ခုရဲ့အမှုဆောင်အကြီးအကဲအဖြစ်လုပ်ကိုင်နေသူပါ။ကူးစက်မှုရဲ့ သော့ချက်ကို လက်ကိုင်ထားသူအဖြစ်လည်း ယူဆရပြီး ဘယ်လိုနေရာကပါဝင်သွားမလဲဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပါဝင်အားဖြည့်ပေးထားတဲ့ သရုပ်ဆောင်တွေကတော့ လူတိုင်းနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ သရုပ်ဆောင်တွေပါပဲ။အတော်ကြာမှ Han Hyo Jooနဲ့ Park Hyung Sikတို့ကို ပြန်လည်မြင်တွေ့ရမယ့် အခွင့်အရေးလည်းဖြစ်တာကြောင့်ဘယ်လိုအပေးအယူမျှမျှ အားဖြည့်ထားမလဲဆိုတာကို စောင့်ကြည့်သင့်တဲ့ ကားလေးပါ။သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲတွေ ...
8.5
TMDb: 8.5/10 2 votes
tv

Happiness (2021)

2021