Channel Myanmar

Yoon Chan-young

Thirty But Seventeen (2018)[Complete] 8.115
Thirty But Seventeen (2018)[Complete] Thirty But Seventeen (2018)**************************အပိုင်း (၁ မှ ၁၆) အထိ   စ/ဆုံး အူဆောရီ ဆိုတဲ့ကောင်မလေးဟာ တယောတီးခတ်တဲ့နေရာမှာ ပါရမီပါတယ်..သူကိုယ်တိုင်လည်း အအသက် ငယ်လင့်ပင်ကစား  ဂီတကိုပဲ နှစ်မြုတ်ထားတယ်...အရာအားလုံးဟာ ဂီတသင်္ကေတတွေ နှုတ်တွေလို့ပဲမြင်နေတတ်တဲ့သူ... သူ့ရဲ့ တက်လမ်းဆိုတာလည်းအညွှန့်တလူလူလို့ပြောရလောက်အောင် ထူးချွန်ထက်မြက်တဲကလေးတစ်ယောက်...ဒီလိုနဲ့ အသက်၁၇နှစ်မှာ ကံဆိုးစွာပဲ  ကားအက်ဆီးဒန့်ကြောင့်ဆေးရုံမှာ ကိုမာဝင်နေခဲ့တယ်.... သူမဟာ  ၁၃ နှစ်ကြာပြီးတဲ့နောက်မှာ သတိရလာခဲ့တယ်..ပြောရရင် အသက် ၃၀ဖြစ်သော်ငြား အသိဉာဏ်ကတော့ ၁၇ နှစ်အရွယ်ကောင်မလေးသာရှိပါသေးတယ်..ဆယ်စုတစ်တစ်ခုကျော်ကြာတဲ့ကာလမှာ အရာအားလုံးဟာ အများကြီးပြောင်းလဲနေပြီ...အဲ့ဒီနောက်မှာတော့ သူမ ဘယ်လိုတွေ လှုပ်ရှားရုန်းကန်မလဲဆိုတာကိုတော့..Main Lead တွေအနေနဲ့ကဝောာ့Mr Queen , See You In My 19th Life စတဲ့ ဇာတ်လမ်းတွဲတွေထဲမှာကျရာဇာတ်ရုပ်ကို အံဝင်ဂွင်ကျဖြစ်အောင် စီးမျောသရုပ်ဆောင်နိုင်တဲ့ မင်းသမီး Shin Hye SunTemperature of Love , ...
8.115
TMDb: 8.115/10 39 votes
tv

Thirty But Seventeen (2018)[Complete]

2018
Nobody Knows (2020) [Complete] 8
Nobody Knows (2020) [Complete] Nobody Knows (2020) [အစ-အဆုံး]အပိုင်း ၁၄ မှ ၁၆ (ဇတ်သိမ်းပိုင်း) ထိဒီတစ်ခေါက် CM ပရိတ်သတ်ကြီးတွေအတွက် အရမ်းမိုက်တဲ့ ကွင်းဆက်လူသတ်မှုကား‌ဟောင်းလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။အမှုကားတွေကြိုက်တဲ့ ပရိတ်သတ်ကြီးတို့သိကြတဲ့အတိုင်း ကွင်းဆက်လူသတ်မှုတွေမှာ ထူးခြားတဲ့အချက်ကိုလိုက်ပြီး အမှုအမည်တပ်လေ့ရှိပါတယ်။ ဒီကားမှာတော့ ကွင်းဆက်လူသတ်သမားဟာ ခရစ်ယာန်ဘာသာမှာ "ဒဏ်ချက်တော်" လို့ခေါ်ဝေါ်တဲ့ အမှတ်အသားတစ်ခု "Stigmata" ကို နစ်နာသူရဲ့ ခန္ဓာကိုယ်‌ပေါ်ချန်ထားခဲ့တတ်ပါတယ်။ဒီ Stigmata လူသတ်သမားရဲ့ သားကောင်ဖြစ်သွားခဲ့ရတဲ့ သူငယ်ချင်းအတွက် လက်စားချေဖို့ရာ ချာယောင်းဂျင်းတစ်ယောက် စုံထောက်ဖြစ်လာခဲ့ပြီး ၁၉ နှစ်ကြာအောင် ဒီအမှုနောက်ကိုပဲလိုက်ရင်း ဘဝကိုဖြတ်သန်းလာသူပါ။နှစ်များစွာကြာလာတာနဲ့အမျှ "Stigmata ကွင်းဆက်လူသတ်မှု" ကြီး အေးစက်လာတဲ့အချိန်မှာ ချာယောင်းဂျင်းရဲ့သူငယ်ချင်း အထက်တန်းကျောင်းသား ဂိုအွန်းဟိုဟာ ဟိုတယ်အဆောက်အဦးတစ်ခုပေါ်က ခုန်ချပြီး ကိုမာဖြစ်သွားခဲ့ပါတယ်။ဆက်စပ်မှုမရှိတဲ့ "Stigmata" နဲ့ "ဂိုအွန်းဟို" အမှုနှစ်ခုဟာ "ဘဝသစ်ခရစ်ယာန်ဘုရားကျောင်း" နဲ့ ဆက်နွယ်မှုတွေရှိနေရင်းက သံသယဝင်စရာတွေဖြစ်လာပါတော့တယ်။"Stigmata ကွင်းဆက်လူသတ်မှု" ရဲ့ သံသယရှိသူ ဆောဆန်းဝန်းဟာ ...
8
TMDb: 8/10 12 votes
tv

Nobody Knows (2020) [Complete]

2020
Gap Dong(2014)[Complete] 7.3
Gap Dong(2014)[Complete] Gap Dong(2014)***************အပိုင်း( ၁ မှ  ၂၀ ) အထိ စ/ဆုံးကိုရီးယားနိုင်ငံမှာ ၁၉၈၆ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်ဟွာဆောင်းကွင်းဆက်လူသတ်မှုကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ဒီဖြစ်ရပ်မှန်မှာ အဓိက ကျူးလွန်တဲ့ လူရဲ့နာမည်က Lee Chun-jae လို့ခေါ်ပါတယ်..သူဟာအပြင်လောကမှာ မှုခင်းပေါင်း ခန့်မှန်း ၄၅ခုကျူးလွန်ခဲ့တယ်လို့ဆိုတယ်...လူပေါင်း ၁၅ဦးထက်မနည်းသတ်ဖြတ်ခဲ့ပြီး မုဒိမ်းမှုပေါင်း ၃၀ကျော်လည်း ကျူးလွန်ခဲ့တယ်လို့ဆိုတယ်..ဆိုတော့ ဒီလူဟာ ဘယ်လောက်ရက်စက်ပြီး အမှုတွေအများကြီးကျူးလွန်ခဲ့တာတောင်ရဲတွေမဖမ်းနိုင်လောက်အောင် တော်လဲဆိုတာကို ခန့်မှန်းမိကြမယ်ထင်ပါတယ်...ဒါ့ကြောင့်ဒီဖြစ်ရပ်မှန်ကို အခြေတည်ရိုက်ကူးထားတဲ့ဒီစီးရီးဟာ ဘယ်လိုမျိုးဇာတ်လမ်းတွဲမျိုးဖြစ်မယ်ဆိုတာတော့ခန့်မှန်းမိလောက်ကြမယ်ထင်ပါတယ်...ဇာတ်လမ်းတွဲရဲ့အစမှတော့ မူယောမ်ဆိုတဲ့လူငယ်လေးရဲ့ အဖေဟာ ဟွာဆောင်းကွင်းဆက်လူသတ်မှုတရားခံအဖြစ်စွပ်စွဲခံရပါတယ်... ဒီလူသတ်မှုရဲ့စွပ်စွဲချက်ကြောင့် သူ့အဖေဟာ လူ့အသိုင်းအဝန်းကဖယ်ကျဉ်ခံရတဲ့ဒဏ်ကိုမခံနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်..ဒါ့ကြောင့် မူယောမ်ဟာ စုံထောက်တစ်ယောက်ဖြစ်အောင်ကြိုးစားပြီးတကယ်လူသတ်တရားခံအစစ်ကိုလိုက်လံဖမ်းဆီးဖို့ကြိုးစားပါတော့တယ်..အပိုင်း ၂၀ ထိရှိပြီး အပိုင်းတိုင်းဟာ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရပြီးဉာဏ်ပြေးလွန်းတဲ့လူသတ်သမားနဲ့ စုံထောက်တွေကြား လိုက်လံတွေးတောရင်းကိုယ်ပါစုံထောက်လိုက်လုပ်ရသလို ဖီလင်မျိုးရတာကြောင့်crime ဇာတ်လမ်းကောင်းကြိုက်တဲ့သူတွေလက်မလွှတ်သင့်ပါကြောင်း.....Episodes: 2၀File Size:1.5GB, 500MBQuality :Web-DL 1080p,720PGenres: Thriller, Mystery, Drama, CrimeTranslated by Ei ...
7.3
TMDb: 7.3/10 6 votes
tv

Gap Dong(2014)[Complete]

2014
Delivery Man(2023)[Complete]
Delivery Man(2023)[Complete] Delivery Man(2023)******************အပိုင်း ( ၁ မှ ၁၂) ထိ စ/ဆုံးဒီစီးရီးဇာတ်လမ်းကအတော်ဆန်းတယ်..ရယ်လည်းရယ်ရတယ်..Seo Min Youngကတော့ တက္ကစီဒရိုင်ဘာလေးပါ။ဒါပေမယ့် သူ့ခရီးသည်တွေက လူတွေမဟုတ်ဘဲ သရဲတွေတွေပေါ့။သူက သရဲတွေရဲ့ ဆန္ဒကို ဖြည့်ပေးပြီး လိုရာကို ပို့ပေးရင်း တစ်ရက်မှာတော့ အတိတ်မေ့နေတဲ့သရဲမလေး Kang Ji Hyunနဲ့ တွေ့ပြီး ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့ ကြည့်ရှုလိုက်ရအောင်နော်...Castတွေကလည်း All Of Us are Deadထဲက မင်းသား Yoon Chan Youngနဲ့ Girl's Dayအဖွဲ့ထဲကMin-Ahတို့မလို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရတဲ့ ကားကောင်းလေးဖြစ်ပါလိမ့်မယ်နော်။Episodes: 12File Size:1.1GB, 500MBQuality :HDTV 1080p,720PGenres:Comedy, Fantasy, SupernaturalTranslated by  Hay Thar Oo, Miri, Tiff   & Hnin Wai OoEncoded by  Phyo Pyae  >>>>TELE LINK ...

Delivery Man(2023)[Complete]

2023
Juvenile Delinquency S02 (2022) [Complete] 10
Juvenile Delinquency S02 (2022) [Complete] Juvenile Delinquency S02 (2022) [အစ-အဆုံး] အပိုင်း - ၈ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) S1 မှာ ဆေးခြောက်ခင်းအတူစိုက်ပြီး ပိုက်ဆံရှာဖို့ တိုင်ပင်ထားကြတဲ့ ဂယောင်ဒါဂျောင်းတို့ သူငယ်ချင်းတစ်စု ...ဒါဂျောင်းရဲ့ အမေက ဆောင်းဂယောင်းရဲ့ သတင်းပေးမှုနဲ့အတူ ဒါဂျောင်းရှိနေတဲ့နေရာကို သိသွားပြီး လိုက်လာရာက ဒါဂျောင်းကို လက်ပူးလက်ကြပ်ပြန်မိသွားပါတယ်။ အမေဖြစ်သူရဲ့လက်ထဲ ပြန်လိုက်သွားရတော့မလိုဖြစ်ရင်း... သူ့အမေက ပြစ်မှုဟောင်းတွေကြောင့် ထောင်ကျသွားတဲ့အခါမှာတော့ ဒါဂျောင်းက ဆေးခြောက်စိုက်ခင်းဘက် ပြန်လှည့်ဖို့ ကြိုးစားပါတော့တယ်။ ကံဆိုးချင်တော့ ယုံကြည်ခဲ့ရတဲ့ ဆောင်းဂယောင်းက ဒါဂျောင်းကို သစ္စာဖောက်ပြီး ဆေးခြောက်ခင်းတစ်ခင်းလုံးကို 'မ'သွားတဲ့အခါ ...အားလုံးကိုယ်စီ နေရပ်ကိုပြန်ခဲ့ကြရပြီး လမ်းပျောက်သွားကြပါတယ်။ဒါပေမဲ့ သူတို့တွေဘယ်လိုပြန်ဆုံစည်းပြီး ဘာတွေကြုံတွေ့ရဦးမလဲ?လူငယ်တွေကြား Romance လေးတွေရော ပါလာဦးမလား? ဆိုတာကို S2 မှာ ဆက်လက်ပြီး စောင့်မျှော်ကြည့်ရှုလို့ရအောင် CM ကတင်ဆက်ပေးလိုက်ပါပြီဗျ။ Aired: May 31, 2022 Aired On: Tuesday Genres: Drama Duration: ...
10
TMDb: 10/10 2 votes
tv

Juvenile Delinquency S02 (2022) [Complete]

2022
Six Flying Dragons(2015) 8.1
Six Flying Dragons(2015) Six Flying Dragons(2015) ဇာတ်လမ်းတွဲအညွှန်း****************************************အပိုင်း ( ၁ မှ ၅၀ ) ထိ စ/ဆုံးကိုးရီးယားက သမိုင်းနောက်ခံစီးရီးတွေများစွာရိုက်ကူးခဲ့ပေမဲ့ ဒီအထဲမှာအကောင်းဆုံးကိုပြပါဆိုရင်Six Flying Dragons ဆိုတဲ့စီးရီးပါပဲ...အကောင်းဆုံး ဒရမ်မာဆု , သရုပ်ဆောင်ဆု  ထိပ်တန်းဆုပေါင်းများစွာကို၂၀၁၅နဲ့ ၂၀၁၆မှာ သိမ်းကြုံးယူသွားခဲ့ပါတယ်...ဒါ့ကြောင့် ဒီစီးရီးကို ကြည့်ဖို့တော့လုံးဝ ရာနှုန်းပြည့်ညွှန်းဆိုပါတယ်..အက်ရှင်ခန်းတွေလည်းအတော်မိုက်သလိုSetting တွေ Constume Design တွေကလည်း အသေးစိတ်ကျပြီး အခန်းတိုင်း မျက်စိပသာဒဖြစ်ပါတယ်...တစ်ချို့ကြည့်ပြီးသားဖြစ်ပေမဲ့ပြန်ကြည့်ချင်တဲ့သူတွေအတွက်လည်း 1080P ကိုကြည်တောက်ရှင်းနေအောင် ပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းတွဲကြီးကို ဇာတ်အိမ်တည်ထားတဲ့ ‌ကာလအပိုင်းအခြားကတော့ ခြစားမှုတွေနဲ့ယိုယွင်းပျက်စီးလာနေတဲ့ ဂိုလျောခေတ်အကုန် ဂျိုဆွန်းခေတ်စဖို့ ဦးတည်နေတဲ့အချိန်ပါပဲ။ရှေးခေတ်ကားဆိုသော်ငြား နန်းတွင်းထဲမှာ ဘုရင်တွေကို လုပ်ကြံ၊ မိဖုရား၊ကြင်ယာတော်တွေ အာဏာလုပုံမျိုးကို မြင်တွေ့ရမှာမဟုတ်ဘဲ နိုင်ငံရေးသဘောသဘာဝကိုပဲအကျယ်ချဲ့ပြီး ရိုက်ပြပေးထားတာမလို့ လက်ရှိအချိန်နဲ့ ယှဉ်ထိုးကြည့်ရင်တောင်နားလည်သဘောပေါက်လွယ်မဲ့ နိုင်ငံရေးလှည့်ကွက်တွေ အစုံအလင်ပါဝင်နေတာမလို့ကြည့်ရင်းနဲ့ စိတ်ဝင်စားလာစေပါတယ်..အာဏာရလူမျိုးစုဖြစ်တဲ့ မျိုးရိုးမြင့်အရာရှိတွေက တိုင်းပြည်ယိုယွင်းပျက်စီးနေချိန်မှာတောင်ပြည်သူပြည်သားတွေအပေါ် ဘယ်လိုအမြတ်ထုတ်ယူပြီး ကိုယ်ကောင်းစားဖို့အတွက်ပဲ ကြံစည်ကြသလဲဆိုတာကိုပါသက်ကြီးဝါရင့်သရုပ်ဆောင်တွေက မာန်ပါပါနဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

Six Flying Dragons(2015)

2015
Juvenile Delinquency S01 (2022) [Complete]
Juvenile Delinquency S01 (2022) [Complete] Juvenile Delinquency S01 (2022) ဇာတ်လမ်းတွဲအညွှန်း အပိုင်း - ၁၀ (ဇာတ်သိမ်းပိုင်း)(1080p ရပါပြီ) ကဲ ဒီတစ်ခါမှာတော့ All of Us are Dead ဇွန်ဘီကားနဲ့ အားလုံးရဲ့အသည်းကို ခြွေချသွားတဲ့ တက်သစ်စ မင်းသားလေး ယွန်းချန်းယောင်းရဲ့ လူငယ်ကားသစ်လေးတစ်ကားကို ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးကလည်း လူငယ်ကားလေးဖြစ်ပေမဲ့ AOUAD နဲ့မတူညီတဲ့ Vibe မျိုးရမဲ့ ကားလေးဖြစ်ပါတယ်။ ကိုရီးယားကားတွေထဲ ဆေးခြောက်/မူးယစ်ဆေးကို သေချာကွက်ကွက်ကွင်းကွင်းရိုက်ပြထားမဲ့ ဇာတ်အိမ်မျိုးဖြစ်တာကြောင့် ဆန်းသစ်ပြီး ကြည့်ရတာတမျိုးထူးနေမှာပါ။မင်းသမီးလေးကလည်း မျက်နှာသစ်ဖြစ်တဲ့အပြင် လူအများမှတ်မိမဲ့ ဇာတ်ကောင်ကတော့ A Year-End Medley ဇာတ်လမ်းထဲက ကောင်လေးတွေကြိတ် Crush ခြင်းခံရတဲ့ "အင်မ်အာယောင်း" ဆိုတဲ့ဇာတ်ကောင်ပဲဖြစ်ပါတယ်။ ဒီမင်းသမီးလေးနဲ့ အသည်းကျော်ချန်းယောင်းတို့ ဘယ်လိုအတွဲညီညီနဲ့ ပိုင်နိုင်တဲ့ သရုပ်ဆောင်ပညာတွေကို ချပြမလဲဆိုတာတော့ ဆက်လက်စောင့်ကြည့်ပေးကြပါဦးဗျ။ ဇာတ်လမ်းအကျဉ်းကတော့...လူငယ်သဘာဝ ကျောင်းတက်ပြီးပျော်ရွှင်နေရမဲ့ ဆယ်ကျော်သက်အရွယ်ဖြစ်သူ "ဂယောင်ဒါဂျောင်း" ဆိုတဲ့ကောင်မလေးက ကိုယ့်မိဘအရင်းခေါက်ခေါက်ဆီကနေ ...

Juvenile Delinquency S01 (2022) [Complete]

2022
All of Us Are Dead (2022) 10
All of Us Are Dead (2022) All of Us Are Dead (2022) ဇာတ်လမ်းတွဲအညွှန်း******************************************အပိုင်း ၁ မှ ၁၂ (အစ-အဆုံး) "ဇွန်ဘီတွေက ရုပ်ရှင်ထဲမှာပဲ ရှိရမှာလေ...ဘာလို့ ငါတို့ကျောင်းမှာလဲ?" သာမန်နေ့တစ်နေ့ကိုပဲ ဖြတ်သန်းနေတဲ့ Hyosan အထက်တန်းကျောင်းက ကျောင်းသားတွေ...ကျောင်းမှာ ဇွန်ဘီဗိုင်းရပ်စ် ကူးစက်လာပြီး သူငယ်ချင်းတွေက ဇွန်ဘီတွေဖြစ်သွားတဲ့ အခိုက်အတန့်...ဒါ့အပြင် ပိတ်မိနေတာတောင် ကူကယ်မယ့်သူမရှိဘဲ ကိုယ့်လွတ်လမ်းကိုရှာဖွေပြီး အသက်ရှင်ဖို့ကြိုးပမ်းရတဲ့အခါမှာတော့...ကျောင်းသားတွေရဲ့စာအံသံ၊ စလိုက်နောက်လိုက် ရန်ဖြစ်သံတွေနဲ့ ပြည့်နေတဲ့ကျောင်းလေးမှာ သွေးသံတရဲရဲ အော်ဟစ်သံတွေက ကြောက်မက်ဖွယ် ဖုံးလွှမ်းသွားပါတော့တယ်။ ဒီကားလေးထဲမှာ မျက်နှာသစ်သရုပ်ဆောင်အများစုကို သုံးထားပြီး လက်တွေ့ဆန်အောင်ရိုက်ကူးထားတဲ့အတွက် ကိုယ့်ကျောင်းမှာ တကယ်ဖြစ်နေသလိုခံစားရစေမှာပါ။ပိုကောင်းကောင်းခံစားချင်ရင် အခန်းမီးမှိန်မှိန်မှာ အသံကျယ်ကျယ်ဖွင့်ကြည့်ဖို့လည်း ဒါရိုက်တာတစ်ယောက်က recommend ပေးထားပါသေးတယ်^^ တစ်ပြိုင်တည်း ၁၂ပိုင်းလုံးထွက်ရှိမှာဖြစ်လို့ သောကြာနေ့ညကို ကုန်ဆုံးဖို့ ဇာတ်လမ်းကောင်းရှာနေတဲ့ CM ပရိသတ်ကြီးအတွက် ဒီကားလေးကို ကြည့်ရှုခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေနော် ...(အညွှန်းကို Ei Phyu Khin က ရေးသားပေးထားပါတယ်) Aired: January ...
10
TMDb: 10/10 3 votes
tv

All of Us Are Dead (2022)

2022