Channel Myanmar

Yu Miyazaki

A Sign of Affection (2024) 8
A Sign of Affection (2024) A Sign of Affection (2024) (Original Title - Yubisaki to Renren) Genre – Anime, Comedy, Drama, Romance IMDB – 7.8/10 MyAnimeList – 8.3/10 ကျွန်မ ကမ္ဘာလေးထဲမှာ မွေးဖွားလာကတည်းက အသံတွေဆိုတာ မရှိခဲ့ပါဘူး…။ဟုတ်ပါတယ် ကျွန်မက ဆွံ့အနားမကြားတဲ့ ကောလိပ်ကျောင်းသူတစ်ယောက်ပါ။နာမည်က Yuki တဲ့ ပြောရမယ်ဆို နှင်းစက်လေးပေါ့။အဲဒါကြောင့် စဉ်းစားမိသေးတယ် အချစ်ဆိုတာလည်းကောင်းကင်ပေါ်က ဆင်းသက်လာတဲ့ နှင်းစက်လေးတွေလိုအရည်ပျော်သွားသလားပေါ့လေ။ အချစ်အကြောင်းဆိုလို့ တစ်ရက်ကျ မီးရထားပေါ်မှာ စကားမပြောတတ်တဲ့ကျွန်မကို နိုင်ငံခြားသားတစ်ယောက်က လမ်းလာမေးပါလေရော…စကားမပြောနိုင်တဲ့လူမို့ လက်ဟန်ခြေဟန်နဲ့ ဒုက္ခရောက်နေတုန်းအရပ်ရှည်ရှည် ဆံပင်ငွေရောင်နဲ့ ယောက်ျားတစ်ယောက်ကကူညီပေးသွားခဲ့ပါတယ်။ သူ့ကို ကျွန်မရဲ့ လက်ဟန်ပြဘာသာစကားနဲ့ ကျေးဇူးတင်နေတုန်းမှာကျွန်မကို ထူးဆန်းတဲ့သတ္တဝါလေးတစ်ကောင်လိုတအံ့တသြနဲ့ စူးစူးစိုက်စိုက် ကြည့်သွားခဲ့ပြီး ခေါင်းကိုလည်းသာသာလေးပုတ်ခတ်သွားကာ နောက်မှတွေ့မယ်နော်ဆိုပြီးထွက်ခွာသွားချိန် ကျွန်မရဲ့ နှလုံးသားတစ်စုံလည်းသူနဲ့အတူတူ ပါသွားလေရဲ့…။ ဘာများဆက်ဖြစ်လာမလဲ နောက်ထပ်တွေ့ခွင့်ရှိမလားကျဉ်းမြောင်းတဲ့ကျွန်မရဲ့ ကမ္ဘာလေးက ကျယ်ပြန့်လာမလားနှင်းစက်တွေလိုပဲ အရည်ပျော်သွားမှာလား ဆိုတာကတော့…..။ရိုမန်တစ်ဆန်တာမျိုး ကြည့်ချင်သပဆိုတဲ့လူများ ...
8
TMDb: 8/10 4 votes
tv

A Sign of Affection (2024)

2024