Channel Myanmar

Yuki Kaji

Akuma Kun (2023) 7.8
Akuma Kun (2023) Akuma kun 2023ဒီဇာတ်ကားထဲမှာ photosensitive scenes များစွာပါဝင်ပါတယ်CM anime ပရိသတ်ထဲမှာ supernatural နဲ့ sherlock ဖန်တွေရှိကြလားမသိဘူး အခုတင်ဆက်ပေးမဲ့ စီးရီးကတော့ အဲ့နှစ်ခုကိုရောထားတဲ့ ဖီလင်မျိုးကို ရရှိမှာဖြစ်ပါတယ်အဓိကဇာတ်ကောင် အာကူးမားကွန်က နတ်ဆိုးကနေ ပြုစုပျိုးထောင်ပေးခဲ့တဲ့လူသားတစ်ယောက် နှစ်တစ်ထောင်မှာ တစ်ယောက်ပဲပေါ်တဲ့ ဂျီးနီးယပ်စ် သူနဲ့အတူ လုပ်ဖော်ကိုင်ဖက်လဲဟုတ် မိတိဆွေဆိုလဲဟုတ်တာက မယ်ဖီသတို သုံး(၃) လို့ခေါ်တဲ့ လူတစ်ပိုင်းနတ်ဆိုးတစ်ပိုင်းကောင်လေးသူတို့နှစ်ယောက်တူတူနေပြီး ဘာလုပ်တာလဲဆိုတော့ သဘာဝလွန်ဖြစ်ရပ်တွေကို ဖြေရှင်းစုံစမ်းပေးတာ ဘယ်လိုလဲပရိသတ်ကြီး အထာက ဆမ်နဲ့ဒင်းလိုလို ရှားလော့ခ်နဲ့ဒေါက်တာဝပ်ဆင်လိုလိုနဲ့ 221B ဘေကာလမ်းကိုတောင် သတိရမိသွားတယ်မလားအဓိကဗီလိန်ကြီးမလာခင် အပိုင်းတိုင်းမှာ ဖြေရှင်းစရာလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ဖြစ်ပြီး စိတ်ဝင်စားစရာနဲ့ တစ်ဆင့်ချင်းဆွဲခေါ်သွားတာမို့ ဇာတ်လမ်းကတော့ သောက်ရမ်းလန်းကြောင်း ပြောပါရစေဒီစီးရီးကို Netflix ကနေ တာဝန်ယူဖန်တီးထားပေးတာဖြစ်ပြီး အန်နီမေးရှင်းစတိုင်က လုံးဝကို old school vibe နဲ့ ဟာသလိုလိုကလေးကြည့်လိုလို ဆွဲထားပေမဲ့ နတ်ဆိုးတွေပေါ်လာတဲ့အခန်းတွေကတော့ သွေးထွက်သံယိုဖြစ်တဲ့အပြင် မိဘက သားသမီးကို သတ်တဲ့အကွက်လို စောင်ဆန်းကြီးဇာတ်ဝင်ခန်းတွေလဲ ပါတာမို့ R Rated မိသားစုနဲ့ မကြည့်ရှုရန်ဖြစ်ကြောင်းပါခင်ဗျာကလေးများကိုလဲ အသက်မပြည့်ရင် ...
7.8
TMDb: 7.8/10 5 votes
tv

Akuma Kun (2023)

2023
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 8.6
Berserk: The Golden Age Arc – Memorial Edition(2022)Season 1 Berserk : The Golden Age arc 2022 ===========================(သတိပေးချက်- ယခုဇာတ်လမ်း၌ ကိုယ်လုံးတီးအခန်းများ၊ ခေါင်းနှစ်ခြမ်းခွဲ၊ မျက်လုံးဖောက်ထုတ်၊လျှာဖြတ်သော ကြမ်းကြမ်းတမ်းတမ်းသတ်ဖြတ်ခန်းများနှင့် ကြမ်းတမ်းသော စကားလုံးအသုံးအနှုန်းများအပြင် လိင်ဆက်ဆံခန်းများနှင့် မုဒိန်းကျင့်ခန်းများပါသောကြောင့် ကလေးသူငယ်များနှင့် အသက်၁၈ နှစ်အောက် လူငယ်များကြည့်ရန်မသင့်လျော်ပါ။)IMDb - 7.5/10 MyAnimeList - 7.7/10ဒီစီးရီးကတော့ ဂျပန်animeတွေထဲကdark fantasy genreတွေထဲမှာ နံပါတ် ၁ လို့ကိုပြောလို့ရတဲ့ဇာတ်လမ်းဖြစ်ပြီး 1997တုန်းကလည်းanime စီးရီးထွက်ခဲ့ဖူးကာ အရမ်းကိုလည်းအောင်မြင်ခဲ့ပါတယ်။ အခုထွက်လာတဲ့စီးရီးကတော့ remake စီးရီးဖြစ်တာမလို့အရင်ထွက်တာတွေကိုပြန်မကြည့်လည်းရတဲ့အပြင် ရုပ်ထွက်တော်တော်ကိုလှတာမလို့ရုပ်ထွက်ပိုင်းနဲ့ဇာတ်လမ်းပိုင်းဦးစားပေးသူတွေကြည့်ကိုကြည့်သင့်တဲ့စီးရီးပါ။ဒီစီးရီးဟာ အင်္ဂလန်ရဲ့သမိုင်းကြောင်းထဲကTudorတိုင်းပြည်နဲ့Midlandတိုင်းပြည်တို့ရဲ့နှစ်တစ်ရာစစ်ပွဲကိုအခြေခံထားတာပါ။အဲ့ဒီစစ်ပွဲအတွင်းမှာ Griffithဆိုတဲ့သူရဲကောင်းပေါ်လာခဲ့ပြီး တိုက်ပွဲတိုင်းကိုအနိုင်ယူနိုင်ခဲ့ပြီးMidlandဘုရင်ရဲ့သူကောင်းပြုတာကိုပါခံခဲ့ရပါတယ်။ အဲ့လိုလူတိုင်းလေးစားရတဲ့Griffithဆီမှာ ထူးဆန်းတဲ့ Egg of kingဆိုတဲ့ကျောက်တုံးလေးတစ်ခုရှိပါတယ်။ အဲ့လိုနဲ့ကြမ္မာငင်တဲ့တနေ့မှာတော့ စိတ်ကူးနဲ့တောင်တွေးမထင်နိုင်လောက်တဲ့ကိစ္စကြီးဖြစ်လာခဲ့ပြီးအခြေအနေတွေဟာ တဆစ်ချိုးပြောင်းလဲသွားပါတော့တယ်။  Episodes : 13File Size –300MB / 150MB @EpisodeQuality –1080p / 720pDuration – 25 ...
8.6
TMDb: 8.6/10 441 votes
tv

Berserk: The Golden Age Arc – Memorial Edition(2022)Season 1

2022
Ranking of Kings (2021) 8.195
Ranking of Kings (2021) Ousama Ranking ............................ Myanimelist 8.6/10 IMDb 8.6/10ကျ​နော်တို့ငယ်ငယ်တုန်းကဆိုရင် လူတိုင်း အိပ်ခါနီးတိုင်း ပုံပြင်​ပြောပြလုပ်ဖူးခဲ့ကြမှာ​သေချာပါတယ်။ ပုံပြင်​ကောင်း​ကောင်းတပုဒ်ကို​နား​ထောင်ရတဲ့ည​တွေဆိုရင် အိပ်ကိုမအိပ်​တော့ပဲ ပုံပြင်ဆုံးတဲ့အထိစိတ်ဝင်တစားနား​ထောင်ဖူးကြတာမျိုးလည်း ကြုံဖူးမယ်ထင်ပါတယ်။ အခုဒီကားတွန်း​လေးဟာလည်း ငယ်ငယ်ကအိပ်ယာဝင်ပုံပြင်တစ်ပုဒ်ကိုနား​ထောင်ရတဲ့အလား ဖြစ်​စေတယ်ဗျ။ ကာတွန်းဆန်တဲ့ရုပ်ထွက်​ပေမဲ့ သမာရိုးကျဇာတ်လမ်း​တွေနဲ့မတူတဲ့ ပုံပြင်​ကောင်း​လေးတစ်ပုဒ်လို့ပဲ ကျ​နော်က​တော့ဆိုချင်ပါတယ်။ ဒီစီးရီးကိုကြည့်တုန်းကဆိုရင် ဘာဖြစ်​တော့မယ်လို့ထင်ထားတာ​တွေလည်း တစ်ခုမှကိုမမှန်တဲ့အထိ ဇာတ်လမ်းအသွားအလာက လုံးဝခန့်မှန်းလို့မရပါဘူး။ ​သေချာတာတခုက​တော့ ဒီစီးရီးကိုကြည့်ရင် စိတ်ဝင်စားဖို့လုံးဝ​ကောင်း​စေရမယ်။ ဆန်းကြယ်တဲ့စိတ်ကူးယဥ်စွန့်စား​ရေးခရီးတခုကိုထွက်​နေရတဲ့အလား ဖြစ်​စေရမယ်လို့ အာမခံပါတယ်။ ဇာတ်လမ်းအမြည်း​လေးကို​ပြောပြရရင်​တော့....ဟိုး​ရှေး​ရှေးတုန်းက ​ဘော့စ်တိုင်းပြည်မှာ ဘုရင်ကြီးတပါးအုပ်ချုပ်ပါတယ်။ အဲ့ဒီဘုရင်ကြီးမှာ သား​တော်နှစ်ပါးရှိပြီး ပထမသား​တော်ကြီးက​တော့ ​မွေးကတည်းက ဆွံ့အနားမကြားပဲ အားအင်လည်းမရှိသူဖြစ်ပါတယ်။ သား​တော်အငယ်​လေးက​တော့ တိုက်ရည်ခိုက်ရည်ပါရမီရှိတာမလို့ သက်ဦးဆံပိုင်ဘုရင်​ခေတ်မှာ သား​တော်အငယ်က ထီးနန်းဆက်ခံဖို့​​ရေပန်းစားပါတယ်။ အဲ့လိုနဲ့ တ​နေ့မှာ​တော့ ဘုရင်ကြီးဟာ နာမကျန်းဖြစ်လာခဲ့ပြီး ထူးဆန်းတဲ့ကိစ္စကြီးတခုလည်းဖြစ်လာခဲ့ကာ တခါမှမမြင်ဖူးတဲ့စွန့်စား​ရေးခရီးရှည်ကြီးဟာလည်း ပရိသတ်​ရှေ့​​မှောက်ကို​ရောက်လာခဲ့ပါ​တော့တယ်။File Size – 300MBQuality – 1080p WEB DL AAC2.0CHDuration –23m Total Episodes: 23EpisodeSubtitle – Myanmar HardsubFormat – Mp4Genre : Animation , Action , AdventureTranslator ...
8.195
TMDb: 8.195/10 141 votes
tv

Ranking of Kings (2021)

2021