Channel Myanmar

Zach Cherry

Severance (2022) 7.1
Severance (2022) အလုပ်ခေါ်စာတွေထဲမှာ မိသားစုအလုပ်လေးပါတို့၊ ဝိုင်းလုပ်ဝိုင်းစားတို့၊ အောက်သက်ကြေအောင် သင်ပေးမှာပါတို့နဲ့ ချင်းတွေထည့်ခံရဖူးကြသေးလား။ Apple tv+က နာမည်ကြီးနေတဲ့ series လေးကိုကြည့်ကြည့်လိုက်ပါ။ Lumon ဆိုတဲ့ ကုမ္ပဏီလေးအကြောင်းပေါ့။ အလုပ်သမားတွေကို စေတနာနဲ့ အလုပ်ချိန်မှာ တောင်တောင်အီအီမတွေးနိုင်အောင် ဦးနှောက်ကို ခွဲစိတ်ပေးထားလိုက်ပါတယ်။ အလုပ်ချိန်မှာ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဘာမှမမှတ်မိသလို၊ အပြင်ကိုရောက်ရင်လည်း အလုပ်ထဲကကိစ္စတွေ ဘာမှမမှတ်မိတော့ပါဘူး။ ဘယ်လောက်အလုပ်ဖြစ်လဲ။ Mark ဆိုတဲ့လူငယ်တစ်ဦးဟာ သူ့မိန်းမဆုံးသွားတဲ့အတွက် ပူ‌ဆွေးမှုကို သက်သာအောင် Severanceဆိုတဲ့ ခွဲစိတ်မှုကို ပြုလုပ်ပြီး Lumon ဆိုတဲ့ အဲဒီ ကုမ္ပဏီမှာ အလုပ်လုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Lumon ကုမ္ပဏီဆိုတာကလည်း အများထင်သလို မဟုတ်ဘဲအထဲမှာရော ဘာတွေဖြစ်ပျက်နေတာလဲ? သူ့ရဲ့ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ဘဝရယ် ကုမ္ပဏီရဲ့လျို့ဝှက်ချက်တွေရယ် တဖြည်းဖြည်းပေါ်လာတာကို ပဟေဠိအနေနဲ့ ကြည့်ရှုရမှာပါ။နာမည်ကြီး သရုပ်ဆောင် Ben Stiller ကဒါရိုက်တာအနေနဲ့ရိုက်ကူးထားတဲ့ thriller series ဖြစ်ပြီး Adam Scott,Brit Lower ...
7.1
TMDb: 7.1/10 11 votes
tv

Severance (2022)

2022
You (2018) – Season 01 7.7
You (2018) – Season 01 You (2018) - Season 01 =================IMDb Rating - 7.7/10 ဂျိုး က စာအုပ်အရောင်းဆိုင်က သာမန် ဝန်ထမ်းလေးပါ။သူလုပ်တာဆိုလို့ စာဖတ်တာရယ် စာဖတ်ချင်တဲ့သူတွေကို စေတနာထားတာရယ်၊ပြီးတော့ ကောင်မလေး တစ်ယောက်ကို ချစ်မိတာရယ်ပေါ့...ဒီလိုဖြစ်လာတာကလဲ တစ်ရက်မှာ ကောင်မလေး တစ်ယောက် ဂျိုး အလုပ်လုပ်နေတဲ့စာအုပ်ဆိုင်ကိုလာတယ် ဒီကောင်မလေးကို ကြည့်တာနဲ့ ဂျိုး စိတ်ထဲ အားလုံးတွက်ချက်ပြီးအမူအကျင့် နဲ့ ဒီကောင်မလေး ဘာလိုချင်တယ် ဘာကို တွက်ဆ နေတယ်ဆိုတာ အကုန်သိပါတယ်။ဟုတ်ပါတယ် ဂျိုး က သာမန်တော့ သာမန်ပါပဲ . ဒါပေမဲ့ ဉာဏ်ကြီးရှင်ပါ... အရာအားလုံးကို အကွက်ကျကျစီစဉ်လေ့ရှိသူ ဖြစ်ပြီး လူတွေ ရဲ့ စိတ်ကို မှန်းဆပြီး ကစားရတာကို သဘောကျတက်တဲ့သူပေါ့။ သူ သဘောကျတဲ့ ကောင်မလေး နာမည်က ဘက်ခ် တဲ့၊ ဆင်းရဲတယ် ကြိုးစားတယ် ပွေရှုပ်တဲ့ ရည်းစားတစ်ယောက်ရှိပြီး၊ ...
7.7
TMDb: 7.7/10 168000 votes
tv

You (2018) – Season 01

2018
Most Dangerous Game (2021) 7.7
Most Dangerous Game (2021) IMDb Rating (7.1)ဒီစီးရီးက ၂၀၂၀ ခုနှစ်က ထွက်လွှင့်ခဲ့ပြီး အပိုင်း (၁၅) ပိုင်းပါပေမယ့် ၇ မိနစ်စာ Action အတိုလေးတွေမို့၂၀၂၁ ခုနှစ်မှာ အကုန်လုံးပေါင်းပြီးတစ်ကားထဲအနေနဲ့ ထွက်ရှိလာတာပါ။၁၉၂၄ ခုနှစ်က ထွက်ရှိထားတဲ့ Richard Connell ရဲ့ The Most Dangerous GameShort Story လေးတွေကို အခြေခံလို့ ပြန်လည်ရိုက်ကူးထားတာပါ။မင်းသားကတော့ Thor မင်းသားရဲ့ ညီတော်မောင် Liam Hemsworth ဖြစ်ပါတယ်။ဇာတ်လမ်းကတော့...ငွေကြေးအခက်အခဲတွေ၊ မိသားစုအခက်အခဲတွေအပြင် မကြာခင်မှာ မီးဖွားတော့မယ့် မိန်းမအတွက် ငွေအရေးတကြီး လိုအပ်နေတာကြောင့်ဇာတ်လိုက် ဒေါ့ဂျ်တစ်ယောက် ကြံရာမရဖြစ်နေတဲ့ချိန်မှာ အခွင့်အရေးကြီးကြီးမားမားတစ်ခုနဲ့ချိတ်မိပါတယ်။ဒါကတော့ ၄၅ မိနစ်တိုင်းမှာ ဒေါ်လာ ၅၀၀၀၀ ဝင်မယ့် ဂိမ်းကစားနည်းတစ်ခုပါ။ဂိမ်းကစားနည်းက ရှင်းပါတယ်။ မြို့ထဲပတ်ပြေး အမဲလိုက်သမားတွေက လိုက်သတ်မယ့် Hunting Game တစ်မျိုးပါ။၄၅မိနစ်တိုင်း အသက်ရှင်နေတာနဲ့တင် ပိုက်ဆံရနေပြီ...အဲဒီမှာ ခေါင်းပူသွေးပူဖြစ်နေတဲ့ ...
7.7
TMDb: 7.7/10 48 votes
tv

Most Dangerous Game (2021)

2020