Channel Myanmar

Zeng Li

The Legend of ShenLi
The Legend of ShenLi ရှေးခေတ်က နတ်ဘုရားများစွာ သေဆုံးသွားပြီးတဲ့နောက်တစ်ဦးတည်းကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"ဟာရှင်ယွင်ဆိုတဲ့နာမည်နဲ့ လူသားမျိုးနွယ်ခန္ဓာကိုယ်ကို သုံးပြီး လူ့ပြည်မှာတစ်ကိုယ်တည်း ဇာတ်မြှုပ်ကာ အသက်ရှင်နေထိုင်လျက်ရှိပါတယ်။တစ်ဖက်မှာ ဝိညာဥ်လောကမှ ကျောက်စိမ်းသခင် "ရှန်လီ"ဟာသူမရဲ့အသက်တစ်ထောင်ပြည့်မွေးနေ့မှာ ထိမ်းမြားဖို့ စီစဥ်ခံရတာကြောင့်ထွက်ပြေးရာမှ တိုက်ခိုက်ခံရပြီး မူလဇာမဏီငှက်ပုံသဏ္ဍာန် ပြန်ဖြစ်သွားခဲ့ပါတယ်။ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ လူ့ပြည်ကိုကျသွားတဲ့ "ရှန်လီ"ဟာ ‌ရှေးဟောင်းနတ်ဘုရား"ရှင်ကျစ်"နဲ့ လူ့ပြည်မှာ မတော်တဆဆုံတွေ့ဆုံခဲ့ရာမှာ သူတို့နှစ်ဦးကြားမှာချစ်ခြင်းမေတ္တာတွေ ပေါက်ဖွားလာခဲ့ပါတယ်။ လောကကြီးရဲ့ ငြိမ်းချမ်းမှုနဲ့အရာခပ်သိမ်းကို ကာကွယ်ဖို့ တာဝန်ရှိတဲ့ ရှေးဟောင်းနတ်ဘုရား ရှင်ကျစ်နဲ့မျိုးနွယ်စုတစ်ခုလုံးကို ကာကွယ်ဖို့ တာဝန်ရှိသလို ကြီးမားတဲ့ တာဝန်တွေကိုပုခုံးပေါ် ထမ်းထားရတဲ့ ဇာမဏီအရှင်မ "ရှန်လီ"တို့ သမိုင်းပေးတာဝန်တွေနဲ့ချစ်ခြင်းမေတ္တာကြားမှာ ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမှာလဲ အဆုံးမှာတစ်ဦးနဲ့တစ်ဦး ပေါင်းဖက်ရပါ့မလားဆိုတာတော့ CM ပရိသတ်ကြီး စောင့်မျှော်အားပေးကြပါဦး====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama, Fantasy Runtime : ...

The Legend of ShenLi

2024
Wonderland of Love ( 2023 )
Wonderland of Love ( 2023 ) နယ်စပ်ကိုစောင့်ကြပ်ရင်း သောင်းကျန်းသူတွေကို နှိမ်နင်းဖို့ တာဝန်ပေးခံထားရတဲ့ တိုင်းပြည်ဧကရာဇ်ရဲ့ မြေးတော်တစ်ဦးဖြစ်ပေမဲ့ အာဏာမမက်မောတာကြောင့် သရုပ်မှန်ကို ဖုံးကွယ်ထားရင်း ရှေ့တန်းမှာ လွတ်လွတ်လပ်လပ်နေတတ်တဲ့ စစ်သူကြီး လီနိနယ်စပ်မှာ တာဝန်ထမ်းဆောင်ရင်း သူပုန်တွေကို နှိမ်နင်းနေတဲ့ကာလမှာ လီနိဆုံတွေ့ခဲ့တာက လက်ထောက်တပ်မှူးလေးဟယ်အဖြစ် သရုပ်မှန်ကို ဖုံးကွယ်ထားတဲ့ ချွေးမိသားစုစစ်တပ်ရဲ့ စစ်သူကြီး ချွေးယိရဲ့ တစ်ဦးတည်းသောသမီး ချွေးလင်ဒီလိုနဲ့ အန္တရာယ်များတဲ့ စစ်မြေပြင်မှာ ပခုံးချင်းယှဥ်ပြီး တိုက်ပွဲဝင်ခဲ့ကြတဲ့ သူတို့ ၂ ယောက် တိုင်းပြည်အရှုပ်အထွေးတွေကြားကနေ အချစ်ရဲ့ နယ်မြေထဲကို ဘယ်အချိန်မှာ ဆင်းသက်သွားမလဲဆိုတာတော့ ဒီဇာတ်လမ်းတွဲလေးမှာ အားပေးကြပါဦး==============================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Drama , War & Politics Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By MeeMeeJueJue Encoded ...

Wonderland of Love ( 2023 )

2023
Ripe Town ( 2023 ) 8.3
Ripe Town ( 2023 ) ကဲ တရုတ်ဇာတ်ကားတွေထဲက အခုနှစ်တွေမှာ အဆင့်မြင့်လာတယ်လို့ ပြောရလောက်အောင်ကို ဇာတ်လမ်းဇာတ်အိမ်တွေကအစ ဆွဲဆောင်မှုရှိလာတာ တွေ့ရမှာပါ။ အခုလည်း တရားမျှတမှုကို မရလို့ ကိုယ်တိုင် တရားစီရင်ပေးတဲ့အကြောင်းကို တွေ့ရမယ့် ဇာတ်ကားပါ။နာမည်က 繁城之下 Ripe Town လို့ခေါ်တယ်။ ဇာတ်လမ်းကို မင်မင်းဆက်ခေတ် ဝမ့်လိဧကရာဇ် 萬曆皇帝 ၃၇ နှစ်မြောက်အချိန်မှာ စတင်ထားပါတယ်။ ဝမ့်လိဧကရာဇ် နန်းသက် ၃၇ နှစ်မြောက်ကာလ ကျန်းနန်ဒေသက ရှေးဟောင်းမြို့လေးမှာ ကွင်းစက်လူသတ်မှုတွေ ဆက်တိုက်ပေါ်ပေါက်လျက်ရှိတယ်။သေဆုံးမှုတွေထဲမှာ လူအမျိုးမျိုး ပါဝင်နေပြီး သေဆုံးသူတွေ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အဆက်အစပ် မရှိကြဘူး။ အဲ့ဒါထက် ထူးဆန်းတာက သေဆုံးသူတွေရဲ့ ရုပ်အလောင်းကို ထူးဆန်းတဲ့ ကိုယ်ဟန်အနေအထား ပုံစံအမျိုးမျိုးနဲ့ သတ်ဖြတ်ပြီး ချန်ထားခဲ့တာပါပဲ။ ဒါ့အပြင် မှုခင်းဖြစ်တဲ့နေရာမှ ာ စီရင်ချက်ချလိုက်ကြောင်း စာတစ်ကြောင်းကို ချန်ရစ်ထားခဲ့လေ့ ရှိပါတယ်။အလုပ်သင်အနေနဲ့ ပထမဆုံးမှုခင်းကို ကိုင်တွယ်နေရတဲ့ ရဲမက်ဗိုလ်လေး ချွီဆန်းကန်းဟာ သူ့ထက်ဝါနုတဲ့ တွဲဖက်တစ်ယောက်နဲ့အတူ ဒီအမှုတွေကို စုံစမ်းစစ်ဆေးရပါတော့တယ်။ အမှုက နက်ရှိုင်းလာတာနဲ့အမျှ ဟိုးအခြေခံ လယ်သမားလူတန်းစားကစလို့ သူဌေးသူကြွယ်ကနေ ရာထူးအာဏာရှိတဲ့ မှူးမတ်တွေနဲ့ပါ ဆက်နွယ်နေတာကို သူတို့ သိလာကြတယ်။ ...
8.3
TMDb: 8.3/10 3 votes
tv

Ripe Town ( 2023 )

2023
Unchained Love (2022) 8
Unchained Love (2022) ဒီတစ်ခါCMကနေ တင်ဆက်ပေးမဲ့နန်းတွင်းကားလေးကတော့လနတ်အရှင်နဲ့ နဂါးနိုင်ဓားထဲက ကျောက်မိန်လေးတိုရဲ့ ကားသစ်လေးပါဒီဇာတ်လမ်းလေးထဲမှာ လနတ်အရှင်က မိန်းမစိုးရှောင်တုအနေ သရုပ်ဆောင်ထားတာပါကျောက်မိန်လေး ကတော့ အစေခံပုယွင်လော့အနေနဲ့ သရုပ် ဆောင်ထားတာပါလုံဟွာခေတ်ကာလမှာ မိန်းမစိုးရှောင်တုက ဖုဝမ်ထီးနန်းတက်ရဖိုအတွက်အစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်ဘုရင်ကြီးနတ်ရွာစံရင်အသေခံတွေပါလိုက်သေပေးရတဲ့ဓလေ့အတိုင်း ပုယွင်လော့လေးဟာလည်းဘုရင်ကြီးနဲ့အတူမြေမြုပ်သင်္ဂြိုလ်ခံရမှာပါဒါပေမဲ့နောက်တက်မဲ့ဘုရင် ဖုဝမ်ဟာ ပုယွင်လော့ကို ချစ်မိသွားတဲ့အတွက်သင်္ဂြိုလ်တဲ့ထဲမသွားစေဘဲ မိန်းမစိုးရှောင်တုအိမ် တော်မှာ ဖွက်ထားခဲ့ပါတော့တယ်ပုယွင်လော့နဲ့ရှောင်တုဟာ အိမ်တော်မှာ ခဏခဏတွေ့ကြရာမှ လူငယ်သဘာဝချစ်ကြိုက်သွားကြမလား?အစောထဲက ဘုရင်နှစ်သက်သူမိန်းကလေးမို ဘယ်လိုအလက်အခဲတွေ ကြုံတွေ့ရမလဲ?နောက်ဆုံးအချိန် ကာကွယ်ပေးနိုင်ပါ့မလားဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်ပါရှောင်တုအဖြစ် Dylan Wang ပုယွင်လော့အဖြစ် Chen Yu Qi (Yukee Chen)(အညွှန်းရေးသားထားသူကတော့ Kong Hou ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 36Format : mp4Genres : Romance, HistoricalDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( ...
8
TMDb: 8/10 1 votes
tv

Unchained Love (2022)

2022
Love Like the Galaxy (2022)
Love Like the Galaxy (2022) ရှေးခေတ်ကားကောင်းကောင်းတွေကိုကြိုက်တဲ့CM ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့အသစ်ထွက်ရှိလာတဲ့ဇာတ်လမ်းတွဲတစ်ခုကိုရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။  Main casts တွေအနေနဲ့ငယ်စဥ်ကတည်းသသရုပ်ဆောင်လောကထဲဝင်ရောက်ခဲ့ပြီးNation's Little Brother အဖြစ်သတ်မှတ်ခံရထားရတဲ့ Leo Wu (Wu Lei) ၊အားလုံးရဲ့အသည်းကျော်လေး Zhao Lusi (Who rules the world) တို့ပဲဖြစ်ပါတယ်။ နာမည်ကြီးဝတ္ထုကိုအသက်သွင်းရိုက်ကူးထားတာဖြစ်ပြီးသရုပ်ဆောင်တွေကလည်း ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့သူတွေဆိုတော့ ကြည့်ရတာတန်စေမယ့်ဇာတ်ကားပါပဲ။  ဇာတ်လမ်းအကျဥ်းကတော့...ချန်ရှောင်ရှန်းဟာစစ်ပွဲကြောင့်မိဘတွေနဲ့ခွဲခွာခဲ့ရပြီးအဒေါ်ဖြစ်သူရဲ့အိမ်မှာနေထိုင်ရပါတယ်။အဒေါ်ဖြစ်သူဟာ သူမကိုနှိမ်ထားပြီးဘာမှမတတ်တဲ့အသုံးမကျသူသာဖြစ်စေလိုတယ်။သူ့ကိုယ်သူကာကွယ်ဖို့အတွက် ချန်ရှောင်ရှန်းဟာဘာမှမသိ ပြဿနာပဲရှာတတ်တဲ့ငတုံးငအပုံစံ ဟန်ဆောင်နေခဲ့ပါတယ်။ဒါပေမဲ့လည်း ဘာလုပ်လုပ်အကောင်းမမြင်ဘဲမျက်မုန်းကျိုးနေတဲ့အဒေါ်ဖြစ်သူမိသားစုနဲ့အတူနေထိုင်ရတာဟာ သူမအတွက် မလွယ်ကူခဲ့ပါဘူး။ လင်ပုယီကတော့ မင်းကြီးရဲ့မွေးစားသားဖြစ်ပြီး၊လျို့ဝှက်ချက်တွေ ရန်ငြိုးတွေကိုသိုဝှက်ထားတဲ့သူပေါ့။သူဟာလည်း ချန်ရှောင်ရှန်းလိုပဲ မေတ္တာငတ်မွတ်နေသူဖြစ်ပါတယ်။ မိသားစုရဲ့မေတ္တာကိုငတ်မွတ်နေကြတဲ့သူနှစ်ဦး တွေ့ကြတဲ့အခါမှာနှစ်ဦးသားဟာတစ်ယောက်ရဲ့ကွက်လပ်ကို တစ်ယောက်ဖြည့်နိုင်ခဲ့ကြပါတယ်။ဘာအခက်အခဲ ပြဿနာနဲ့ပဲကြုံလာပါစေအတူရင်ဆိုင်ကူညီဖြေရှင်းကြပြီး ၊ တဖြည်းဖြည်းနဲ့ရင့်ကျက်လာကြတဲ့ဇာတ်လမ်းတစ်ပုဒ်ကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းရေးသားထားသူကတော့ Yin Wai Phyo ...

Love Like the Galaxy (2022)

2022