Channel Myanmar

Zhang Ruonan

My Boss ( 2023 )
My Boss ( 2023 ) သူဌေးနဲ့ရှေ့နေမလေးရဲ့ ရိုရိုချိုချိုအချစ်ကားလေး CM မှတင်ဆက်ပေးလိုက်ပါပြီ။ အိပ်မက်တွေအပြည့်နဲ့ ဖြူစင်တက်ကြွတဲ့ရှေ့နေမလေးချန်ယောင်ဟာ အိပ်မက်ကိုအကောင်အထည်ဖော်ဖို့စိတ်အားထက်သန်နေပါတယ်။ သူ့ကိုထိပ်တန်းရှေ့နေရုံးတစ်ခုကမထင်မှတ်ပဲအလုပ်ခန့်လိုက်တော့ သူ့ရဲ့အိပ်မက်တွေတကယ်ဖြစ်လာပြီလား......(function(f,b,n,j,x,e){})();ဒီလိုနဲ့သူက အလုပ်ကိုကောင်းကောင်းပိုလုပ်နိုင်ဖို့ အလုပ်နဲ့နီးတဲ့နေရာကိုပြောင်းလာခဲ့တယ်။ အိမ်ရှင်ကတစ်အိမ်ထဲကိုနှစ်ယောက်ငှားထားမယ်လို့ဘယ်ထင်မိမှာလဲ။ သူနဲ့ငြင်းခုန်ခဲ့တဲ့အဲဒီအိမ်ငှားက မထင်မှတ်ပဲ သူ့ရဲ့အလုပ်ရှင်ဖြစ်နေပါတယ်။ အလုပ်ဆင်းတဲ့ပထမရက်မှာတင် သူဌေးက ရှေ့နေမလေးကို ပြင်းပြင်းထန်ထန်လေ့ကျင့်ပေးပါတော့တယ်။ ချန်ယောင်ကိုရုံးကနှင်ထုတ်ချင်တဲ့ရည်ရွယ်ချက်နဲ့ပေါ့။ ချန်ယောင်ကတော့ သူအလုပ်ရတဲ့အကြောင်းအရင်းမှန်ကိုမသိပဲ သူကံကောင်းလို့အလုပ်ရတဲ့အတွက် အလုပ်ကိုကြိုးစားလုပ်ပြီး သူ့စွမ်းရည်ကိုပြဖို့ပဲစိတ်အားထက်သန်နေတာပါ။ ချန်ယောင်က သူဌေးရဲ့အမြင်စောင်းတာတွေကိုဖယ်ရှားပြီး သူဌေးဆိုးနဲ့ရှေ့နေမလေးကြားမှာဘယ်လို အချစ်မီးပန်းတွေပေါက်ဖွားလာမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပေးပါဦးနော်။=====================Quality : WEB-DL 1080p , 720p Total Episodes : 36 Format : mp4 Genres : Drama , Romance  Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK====================== Ep 1 ( 720p ) - Yoteshin / Usersdrive / MegaUp / StreamWish / Mega.nz Ep 1 ...

My Boss ( 2023 )

2024
Love is Panacea ( 2023 )
Love is Panacea ( 2023 ) love is panacea ဆိုတဲ့ဇာတ်ကားကောင်းလေးကိုတော့ ပရိတ်သ‌တ်တွေ အားလုံးလည်းရင်းနှီးပြီးသားဖြစ်တဲ့ နာမည်ကြီးမင်းသား Luo Yun Xi နဲ့ မင်းသမီး Zhang Ruo Nan တို့က အဓိကမင်းသား မင်းသမီးအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ် ။ဇာတ်လမ်းအကျဉ်းလေးတော့ : ဆေးပညာအသိုင်းအဝိုင်းကနေမွေးဖွားလာတဲ့ Gu Yun Zheng လို့ခေါ်တဲ့ လူငယ်လေးဟာ ဆေးဘက်ဆိုင်ရာဉာဏ်ကြီးရှင်တစ်ဦးလည်းဖြစ်တဲ့အပြင် နိုင်ငံတွင်း အငယ်‌ဆုံး အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်လည်းဖြစ်ပါတယ် ။ သူက ဉာဏ်ကောင်းကာ ချောမောပြီး ဆေးရုံမှာဆို ဆွဲဆောင်မှု့အရှိဆုံးဆရာဝန်‌တစ်ယောက်ဖြစ်ပါတယ် ။ အဲဒီလိုချောမောပြီး ဉာဏ်ကောင်းလွန်းတာကြောင့် သူကောလိပ်တက်နေစဉ်ကတည်းက မိန်းကလေးတော်တော်များများရဲ့ စိတ်ကူးယဉ်အိပ်မက်ကလေးလည်း ဖြစ်ခဲ့ရပြန်ပါတယ် ။ဒေါက်တာကုရဲ့ တစ်ဘဝစာ ရည်မှန်းချက်ပန်းတိုင်ကတော့ " လူငယ်အာရုံကြောခွဲစိတ် ဆရာဝန်တွေကိုပေးအပ်တဲ့ Wang Zhong Cheng ဆုတံဆိပ်" ကိုရရှိဖို့ပါတဲ့ ။ ဒါပေမဲ့ သူအာဖရိကမှာအလုပ်လုပ်နေစဉ်အတောအတွင်းမှာပဲ ဒေါက်တာကုဟာ MBBS ပဉ္စမနှစ်ကျောင်းသူလေး Su Wei An လို့ခေါ်တဲ့ သူ့ဘဝရဲ့ ချစ်ခြင်းမေတ္တာလေးနဲ့တွေ့ဆုံခဲ့ပါတော့တယ် ။ Su Wei An ...

Love is Panacea ( 2023 )

2023
A Date With the Future ( 2023 )
A Date With the Future ( 2023 ) ဒီတစ်ခေါက် CM ကနေတင်ဆက်ပေးမဲ့ဇာတ်လမ်းတွဲလေးကတော့‌ မီးဘေးအန္တရာယ်‌‌က‌‌ေနလူေတွကိုရဲစွမ်းသတ္တိအပြည့်နဲ့ကယ်တင်ပေးနေတဲ့မီးသတ်သမားလေးနဲ့ မြေပြင်သတင်းများကိုအချိန်နဲ့တစ်ပြေးညီတင်ဆက်ပေးနေတဲ့သတင်းထောက်မလေးကြားကပေါ်ပေါက်လာတဲ့အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်...ဒီဇာတ်လမ်းလေးမှာအဓိကပါဝင်သရုပ်ဆောင်ထားကတော့ မင်းသမီးချော Zhang Ruoan နဲ့ဟောင်‌ေကာင်မင်းသားချော William Chan..သူ့ကိုအရင်ကတည်းက သိုင်းကား Legend of Zu Mountain,Pearl Eclipse အစရှိတဲ့သိုင်းကားတင်သာမကပဲ action ကားများထဲလည်းသူ့ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေနဲ့အများရင်းနှီးပြီးသားဖြစ်မှာပါ😌ဒီဇာတ်လမ်းလေးမှာကတော့ မီးသတ်သမား‌‌ေလးကျင်ရှီချွမ်းဟာ ငလျင်ကယ်ဆယ်ရေးတစ်ခုမှာရွှီလိုင်လိုအမည်‌ရတဲ့ကောင်မလေးတစ်ယေက်ကိုကယ်တင်ခဲ့တယ်။ အဲ့ကောင်မလေးကသူ့ကိုကယ်‌တင်ပေးတဲ့ကယ်တင်ရှင်ကို ၁၀နှစ်ပြီးရင်‌ပြန်လည်‌ေတွ့ဆုံမယ်ဆိုတဲ့ကတိကို‌ေပးထားခဲ့တယ်။အဲ့အချိန်မှာတော့မီးသတ်သမားကလည်းကောင်မလေး ဒဏ်ရာရနေတာကိုငဲ့ညှာပြီး လက်ခံခဲ့တာကနေစပါတယ်။၁၀နှစ်ပြီးတဲ့နောက် ရွှလိုင်ဟာသတင်းထောက်ရာထူးအပြင်နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးလက်မှတ်ပါရထားတဲ့သူအဖြစ်နဲ့တရုတ်ပြည်ကိုပြန်ရောက်လာခဲ့တယ်။ သူမဟာ သတင်းတင်ဆက်ရင်း ကျင်ရှီချွမ်းနဲ့ ကယ်ဆယ်ရေးတစ်ခုမှာပြန်လည်တွေ့ဆုံခဲ့တယ်။အဲ့အချိန်မှာတော့ ကျင်ရှီချွမ်းကသူမကိုမမှတ်မိတဲ့အပြင်ကို သူ့ကိုအကျင့်စာရိတ္တမကောင်းတဲ့သတင်းထောက်ဆိုပြီးနားလည်မှုလွဲနေခဲ့တယ်။ဒါပေမဲ့ရွှီလိုင်ဟာလက်မလျှော့ပဲနဲ့ ကျင်ရှီချွမ်းတို ကယ်ဆယ်ရေးအဖွဲတည်ထောင်တဲ့အခါမှာသူမရဲ့နိုင်ငံတကာခွေးလေ့ကျင့်သင်ကြားရေးကျွမ်းကျင်မှုနဲ့ အဖွဲမှာကျင်ရှီချွမ်းရဲ့ပါတနာအဖြစ်လုပ်ကိုင်ရင်းကျင်ရှီချွမ်းကသူ့အပေါ်မေတ္တာမျှလာစေအောင်ဘယ်လို‌အားထုတ်သလဲ....ယခင်ကအဖွဲဝင်တစ်ယောက်ဆုံးရှုးထားတဲ့စိတ်ဒဏ်ရာကြောင့် တဖန်ချစ်ဖိုဝန်လေးနေတဲ့ကျင်ရှီချွမ်းကရောရွှီလိုင်ရဲ့ရည်ရွယ်ချက်ရှိရှိချဉ်းကပ်မှုတွေ၊ ဖွင့်ဟပြောဆိုမှုတွေပေါ်ယိမ်းယိုင်လာမလား...နှစ်ဦးနှစ်ဖက်ကအလုပ်သဘောအရ‌အ‌ေရး‌ေပါ်အန္တရာယ်တွေကြားမှာကြိမ်ဖန်များစွာတွေ့ဆုံရင်းအခက်အခဲတွေကိုအပြန်အလှန်ဖေးမရင်းဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကိုCM နဲ့အတူစောင့်မျှော်ကြည့်ရူကြဖိုဖိတ်ခေါ်လိုက်ပါတယ် 🥰 Reviewed By Tsuki Mon Quality : WEB-DL 720p,1080p Total Episodes : 36 Format : mp4 Genres : Romance, Drama Duration : 45 min per Episode Subtitle : ...

A Date With the Future ( 2023 )

2023
The Psychologist ( 2021 )
The Psychologist ( 2021 ) Hello…အခု မိတ်ဆက်ပေးမှာကတော့ (Ashes Of Love) ထဲက မင်းသမီး Yang Ziကအမျိုးသမီးစိတ်ပညာရှင် ဟဲ့သွမ့်အနေနဲ့ (Monster Hunt)ထဲက မင်းသား Jing Boranကရေဒီယိုအသံလွှင့် စီစဉ်တင်ဆက်သူ ချန်ခိုင်ယိအနေနဲ့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့The Psychologist ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အမျိုးသမီးစိတ်ပညာရှင်ဖြစ်တဲ့ဟဲ့သွမ့်က မိမိကိုယ်ကိုသေကြောင်းကြံစည်မှုအသိပေးတားမြစ်ရေးကြော်ငြာကြောင့်သူရဲ့အသက်မွေးဝမ်းကြောင်းအကြပ်ရိုက်ခဲ့တယ်။ စိတ်ဓာတ်ကျနေတဲ့ ဟဲ့သွမ့်ကသူ့အချစ်ဆုံးသူငယ်ချင်းနဲ့ စားသောက်ဆိုင်မှာတူတူရှိချိန်မှာဘဲ အမှတ်မထင် ရဲ့ကျားဝေးနဲ့ရေဒီယိုအသံလွှင့်ဌာနက တင်ဆက်သူ ချန်ခိုင်ယိနဲ့ ဆုံတွေ့သွားကြတယ်။ချန်ခိုင်ယိက ဟဲ့သွမ့်ကို စိတ်ပညာရေးဆိုင်ရာရေဒီယိုအစီအစဉ်လုပ်ဖို့ ကမ်းလှမ်းရာကနေ တူတူလုပ်ဖြစ်သွားကြတယ်။အဲ့အစီအစဉ်က လူသိများလားပြီး ဟဲ့သွမ့်လည်း အလုပ်တွေများလာသလို ဟဲ့သွမ့်အပေါ်ချန်ခိုင်ယိရဲ့လျှို့ဝှက်တဲ့ချစ်ခြင်းမေတ္တာတွေရှိလာပြီး နောက်ပိုင်းတော့……. အဲ့အချိန်မှာဘဲ ဟဲ့သွမ့်ရဲ့ကျေးဇူးရှင်ဆရာကျိမင်ချုံးက အရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရတဲ့အခါ…. ဟဲ့သွမ့်က ပြဿနာ ဖြစ်ရပ်မှန်ကိုရှာဖွေရင်းသူ့ဆရာရဲ့လျှို့ဝှက်ချက်ကိုသိသွားတဲ့နောက်မှာ….. နောက်ပြီး အချစ်ဆုံးသူငယ်ချင်းရဲ့ အိမ်တွင်းရေးပြဿနာတွေ……ရဲ့ကျားဝေးက သူ့ကိုအသုံးချပြီး ကျေးဇူးရှင်ဆရာကို ကလဲ့စားချေတာကို ဟဲ့သွမ့်သိသွားတဲ့အခါ…..မထင်ထားတဲ့ အဖြစ်ပျက်တွေကြားမှာ စိုးရိမ်ပူပန်လွန်းတာကြောင့် စိတ်ဖိစီးလာတဲ့ ဟဲ့သွမ့်ဟာငယ်ငယ်ကမကောင်းတဲ့အတိတ်တွေပြန်နိုးလာပြီး Sleepwalkingရောဂါပြန်ပေါ်လာတဲ့နောက်…..ကျောက်ရှီးဖင်(ဟဲ့သွမ့် အမေ)နဲ့ ဟဲ့သွမ့်တို့ရဲ့ ...

The Psychologist ( 2021 )

2021
Defying the Storm (2022)
Defying the Storm (2022) ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်လမ်းတွဲလေးကတော့တော်လှန်ရေးကာလကို အခြေခံထားတဲ့Defying the Strom ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်Castsတွေကိုပြောပြရမယ်ဆိုရင်ပွဲဦးထွက်ဇာတ်လမ်းလေးဖြစ်တဲ့ A love so beautifulနဲ့နာမည်ကြီးလာတဲ့ Hu Yitian ကဝေဟင်သူရဲကောင်း Zhang Qi အဖြစ်My Love, Everyone wants to meet you အစရှိတဲ့ရုပ်ရှင်ဇာတ်လမ်းတွဲတွေနဲ့ နာမည်ရလာတဲ့ Zhang Ruonan ကဆရာမလေး Meng Haitang အဖြစ်ပါဝင်ထားကြတာပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကို ပြောပြရမယ်ဆိုရင်1937 ခုနစ်မှာ ဂျပန်တွေရဲ့ကျူးကျော်မှုကြောင့်မြောက်ပိုင်းက ကျောင်းတွေတော်တော်များများဟာတောင်ပိုင်းကို ပြောင်းရွှေ့ကြပေမယ့်လည်းစစ်မီးကတစ်စတစ်စ ပိုပိုကြီးလာခဲ့ပါတော့တယ်တိုင်းပြည်ကြီးအနိုင်ကျင့်ခံနေရတဲ့အချိန်မှာတော့ပညာတတ်လူငယ်တွေဟာ ဖောင်တိန်အစားသေနတ်ကိုင်ကာ ပြန်လည်တွန်းလှန်ကြဖို စီစဉ်ကြပါတော့တယ်မျိုးချစ်စိတ်ဓာတ်အပြည့်ရှိကြတဲ့Zhang Qi နဲ့Meng Haitangတိုချစ်သူနှစ်ဦးဟာလည်းမိမိတိုတိုင်းပြည်ကြီးအတွက်ကျရာတာဝန်ကိုထမ်းဆောင်ရင်းလွတ်လပ်ရေးရဖို ကြိုးပမ်းခဲ့ကြပါတယ်လွတ်လပ်ရေးရဖိုအတွက်ပြည်သူတိုင်းရဲ့ စွန့်လွှတ်မှု အနစ်နာခံမှုတွေကို ရိုက်ကူးထားတဲ့Defying the Storm ဆိုတဲ့ကားလေးကိုCM ကနေတင်ဆက်ပေးတော့‌မှာဖြစ်လို အားပေးကြပါဦးနော်~~~~ Quality : WEB-DL 720pTotal Episodes : 40Format : mp4Genres : ...

Defying the Storm (2022)

2022