Channel Myanmar

Zhou Qi

White Cat Legend
White Cat Legend တရုတ်ဇာတ်လမ်းတွဲကောင်းလေးများကို အမြဲဘာသာပြန်တင်ဆက်ပေးနေတဲ့ CM ကနေ ခုတစ်ခေါက်လည်း တရုတ်ကားပရိတ်သတ်တွေ အကြိုက်တွေ့စေမယ့်ရှေးခေတ်မှုခင်းစုံစမ်းရေးကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးထဲမှာ Main casts တွေအနေနဲ့ The romance of tiger and rose ကားနဲ့ နာမည်ရလာခဲ့တဲ့ Ding Yuxi ကတော့ တရားစီရင်ရေးဌာနရဲ့ခေါင်းဆောင် ကြောင်ဖြူလီပင်(မကောင်းဆိုးဝါးပင်)အဖြစ် A little reunion ကားထဲမှာ လူကြိုက်များခဲ့တဲ့ Zhou Qi က ဒီကားထဲမှာ သွက်လက်တဲ့ လယ်သမားလေးကနေမှ တရားစီရင်ရေးဌာနရဲ့ ဟင်းချက်ဝါသနာပါတဲ့ စာရေးဖြစ်လာခဲ့တဲ့ ချန်ရှီအဖြစ် Ding Jiawen ကစာပေနဲ့ပန်းချီပညာမှာတော်တဲ့ ‌တရားစီရင်ရေးဌာနရဲ့မော်ကွန်းထိန်း ချွေးပေ့အဖြစ်Zhang Yicong ကသိုင်းပညာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက ကိုယ်ရံတော် စွန်းပေါက်အဖြစ် Feng Man က‌တော့ မိန်းကလေးလိုပြင်ဆင်ရာမှာကျွမ်းကျင်တဲ့ တရားစီရင်ရေးဌာနက မှတ်တမ်းမှူးဝမ်ချီးအဖြစ် Wa er ကတရုတ်ရိုးရာယဉ်ကျေးမှုကို စိတ်ဝင်စားတဲ့ တိုင်းတစ်ပါးကနေလာပြီး တရားစီရင်ရေးဌာနမှာ ကိုယ်ရံတော်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့အားလီပါပါအဖြစ် အသီးသီးပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းလေးကတော့ တရုတ်သမိုင်းရဲ့တစ်ဦးတည်းသော အမျိုးသမီးဧကရာဇ် ဝူကျယ်ထျန်းလက်ထက်ကို အခြေခံပြီးရိုက်ကူးထားပုံရပါတယ်ထန်ခေတ်ရဲ့ညစာစားပွဲတစ်ခုမှာ တိုင်းပြည်ရဲ့ ဧကရာဇ်က လီပင်ကို တရားစီရင်ရေးဌာနရဲ့ ခေါင်းဆောင်အဖြစ်ခန့်အပ်လိုက်ရာကနေမှ လီပင် ...

White Cat Legend

2024