Channel Myanmar
Action
Awaken(2020)
Awaken(2020) Awaken(2020)အညွှန်း**********************အပိုင်းသစ်(၁၆) ဇတ်သိမ်းပို်ငးမင်းသား Nam Goong Min ဟာ Hot Stove League (၂၀၁၉) နဲ့Doctor Prisoner(၂၀၁၉)တို့မှာRo ခန်းမပြောနဲ့ မင်းသမီးကို ချစ်တဲ့ဟန်အမူအရာလုံးဝမပါဘဲ ပွဲပတ်ကြမ်းနေတဲ့ ထူးထူးခြားခြား ကိုရီးယားစီးရီး(၂)ခုမှာ ခေါင်းဆောင်မင်းသားအဖြစ်နဲ့ ပါဝင်ခဲ့တာပါ....ဂျစ်ကန်ကန် မထေမဲ့မြင်အပြုံးနဲ့ တစ်ဘက်သားကို ထိုးနှက်ဖို့စကားလုံးလှလှတွေသုံးရင်း ထက်မြက်လှတဲ့ သူ့အရည်အချင်းတွေနဲ့ ရန်သူကို အနိုင်တိုက်တတ်တဲ့ဒီဟန်အမူအရာတွေကြောင့် အဆင်ငမ်းပါ့မယ်ဆိုတဲ့ နှုတ်ခမ်းနီမလေးတွေတောင် ကြွေခဲ့ပါတယ်.....ဒီစီးရီးထဲမှာလည်း နှုတ်ခမ်းမွေးစစ ပေစုတ်စုတ်နဲ့ လုပ်ချင်ရာလုပ်တဲ့ စုံထောက်အဖြစ်နဲ့ပါဝင်ထားပါတယ်....အပိုင်း(၁)မှာ လွန်ခဲ့တဲ့ ၂၈ နှစ်က အစုလိုက်အပြုံလိုက်သေတဲ့မှုခင်းကြီးတစ်ခုကိုပြထားပြီးနောက် ဓားပြတိုက်တဲ့အဖွဲ့ ကို Nam Goong Min တို့ရဲစုံထောက်တွေလိုက်ဖမ်းတာနဲ့စထားပါတယ်....ကျွန်တော်ကတော့ အပေါ်ကပြောခဲ့တဲ့ စီးရီး(၂)မှာတင် လုံးဝသဘောကျခဲ့တာမို့ဒီစီးရီးမှာလည်း လန်းဖို့များပါတယ်...သူနဲ့အလိုက်ဆုံး စရိုက်နဲ့ ဖွဲ့စည်းထားတာမို့တော်တော်လည်း အထှာကျပါတယ်..ပြီးတော့ ဘက်ဂျက်အများကြီးသုံးထားပုံရပါတယ်..ရိုက်ထားတာတွေလည်း တော်တော်မိုက်ပါတယ်. စုံထောက် ၊အက်ရှင်၊မှုခင်းကားတွေ မျှော်လင့်နေတဲ့သူတွေအဖို့ ရော Nam Goong Min ...
Awaken(2020)
2020
Legend of Fei ( 2020 ) 8
Legend of Fei ( 2020 ) Legend of Fei ဇာတ်လမ်းတွဲမှာ The Untamed ဇာတ်လမ်းတွဲမှာလန်ဝမ့်ကျီဇာတ်ကောင်နဲ့ တရှိန်ထိုးလူကြိုက်များလာပြီးမိန်းကလေးပရိသတ်တွေရဲ့အသည်းစွဲဖြစ်လာခဲ့တဲ့မင်းသားချောလေးဝမ်ရိပေါ်(ချစ်စနိုးနဲ့ Yiboလို့ခေါ်ကြ)နဲ့ပန်းတစ်ပွင့်ရဲ့ဒဏ္ဍာရီဇာတ်လမ်းတွဲမှာ ရှောင်ကူဇာတ်ကောင်နဲ့လူကြိုက်များလာခဲ့ပြီး ပရိသတ်တွေက ချစ်စနိုးYingလို့နာမည်ပေးထားတဲ့ကျောက်လိရင် တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်..ဝမ်ရိပေါ်နဲ့ Ying တို့ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်လမ်းတွဲမပြသခင်ကတည်းကစိတ်ဝင်စားမှုမြင့်တက်ခဲ့ပြီး ပရိသတ်တွေရဲ့ စောင့်မျှော်ခြင်းခံနေရတာပါဒီဇာတ်လမ်းတွဲကို Tencent Video နဲ့ WeTvမှာ ဒီဇင်ဘာ၁၆ရက်နေ့မှစတင်ပြသခဲ့ပြီး လက်ရှိပြသထားတဲ့အပိုင်းထိ ကြည့်ရှုနှုန်းအမြင့်ဆုံးရထားပါတယ်ဒီဇာတ်လမ်းဟာ Preist ဝတ္ထုကို ပြန်ပြောင်းရိုက်ကူးထားတာဖြစ်ပြီးကျိုးဖေရဲ့တဖြည်းဖြည်းကြီးပြင်းလာပြီး ဓားသိုင်းနဲ့နာမည်ကျော်သူရဲကောင်းဖြစ်လာတဲ့ဒဏ္ဍာရီဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်ကျိုးဖေနဲ့ ရှဲ့ယွင်တို့ရဲ့ အချစ်တွေကို အသည်းယားဖွယ်ကြည့်ရှုရမှာပါ...ဇာတ်လမ်းအကျဉ်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သိုင်းလောကရှုပ်ထွေးချိန် သူရဲကောင်းတောင်ဓားလီဝေးဟာ မင်းကြီးရဲ့အမိန့်အရ ဓားပြတွေကိုဝန်းရံတိုက်ခိုက်ခဲ့ပါတယ်ဒီလိုနဲ့ တောင်စခန်း၄၈ခုပေါ်ပေါက်လာခဲ့တယ်နောက်ပိုင်း လီဝေးဆုံးပါးသွားပြီးနောက်ပိုင်းမှာ နာမည်ကျော်မှုတွေလျော့ပါးလာခဲ့တယ်လီဝေးရဲ့သမီးက ခေါင်းဆောင်နေရာကိုဆက်ခံခဲ့ပြီး ကျိုးရီထန်နဲ့လက်ဆက်ခဲ့ပြီးသမီးလေး ကျိုးဖေကို မွေးဖွားလာခဲ့ပါတယ်ကျိုးဖေ၁၃နှစ်အရွယ်မှာ ရှီးမော့မြစ်ကို မတော်တဆဖြတ်ကူးမိချိန်အသက်အန္တရာယ်နဲ့ရင်ဆိုင်ရချိန်မှာ ရှဲ့ယွင်ရဲ့ကယ်တင်ပေးမှုကြောင့်ဖူးစာရေစက်စတင်ခဲ့ပါတယ်...၃နှစ်အကြာမှာ ကောင်လေးနဲ့ကောင်မလေးတို့ဟာဟော့ကျားပေါင်မှာပြန်ဆုံတွေ့ခဲ့ပြီး သိုင်းလောကမှာ နှစ်အတော်ကြာဇာတ်မြှုပ်နေတဲ့ သိုင်းပညာရှင်တွေကို သတိထားမိစေခဲ့ပါတယ်သူတို့နှစ်ယောက်ဟာ လူဆိုးချောင်လက်အောက်က ပေတုံသိုင်းသမား၇ယောက်ရဲ့ လိုက်လံသတ်ဖြတ်ခြင်းကိုခံရပြီး သိုဝှက်နက်ရှိုင်းလှတဲ့လှည့်ကွက်ထဲရောက်သွားပါတော့တယ်....ကျိုးဖေဟာနောက်ပိုင်းမှာ ဖော့ရွှယ်ဓား သိုင်းကွက်နဲ့သိုင်းလောကမှာနာမည်ကျော်ခဲ့ပါတယ်...-Quality : WEB-DL ...
8
TMDb: 8/10 1 votes
tv
Legend of Fei ( 2020 )
2020
Kairos (2020)SE1(Complete)
Kairos (2020)SE1(Complete) Kairos (2020)အညွှန်း********************အပိုင်းသစ် (၁ မှ ၁၆)ထိ စ/ဆုံး Seo Jin ဆိုတဲ့သူဟာ  ဆောက်လုပ်ရေးကုမ္ပဏီကဒါရိုက်တာတစ်ဦးလည်းဖြစ်ပါတယ် ...ဇနီးချောလေးလည်းရှိသလို ချစ်စရာကောင်းတဲ့သမီးလေးလည်းပိုင်ဆိုင်ထားတယ်...သိပ်ပျော်ရွှင်ကြည်နူးစရာမိသားစုလေးပေါ့...တစ်နေ့သူတို့မိသားစုထံကံကြမ္မာဆိုးရောက်လာတယ်..ဒီတစ်ဉီးထဲသောသမီးလေးကိုပြန်ပေးဆွဲသွားကြတယ်...မိဘ(၂)ဉီးဟာရဲကိုတိုင်ပြီး ရေကုန်ရေခန်းရှာဖွေကြတယ်....ပြန်ပေးဆွဲတဲ့သူတွေဟာမည်သူမည်ဝါမှန်းမသိပေမဲ့ သမီးလေးရဲ့ လက်ညှိုးလေးတစ်ချောင်းကိုဖြတ်ပြီးအိမ်ကိုပို့လိုက်တယ်...သမီးလေးသေဖို့ ဖြစ်နိုင်ချေအများဆုံးမို့ ဇနီးဖြစ်သူဟာ ကိုယ့်ကိုကိုယ်သေကြောင်းကြံသွားတယ်...ဒီလက်ညှိုးဟာ သမီးလေးလက်ညှိုးစစ်မှန်ပေမဲ့ ထူးဆန်းစွာပဲ တစ်ယောက်ထဲ ဘာအထိအခိုက်မရှိဘဲ ပြုံးရွှင်လျှောက်သွားနေတာကိုအမျိုးသမီးလေးတစ်ယောက်ကတွေ့မိတယ်....ဆန်းကြယ်မှုတွေဟာ ဆက်တိုက်ဆိုသလို ဖခင်ဖြစ်သူဆီကို အမည်မသိနောက်ဖုန်းတစ်လုံးကလည်းထူးဆန်းစွာပဲခေါ်ဆိုလာတယ်...ဒီစီးရီးက ချစ်ကြိုက်မုန်းဟန်တော့မဟုတ်ဘူး....အက်ရှင် မှုခင်းဘက်ကိုဉီးစားပေးထားပုံပဲ...ပြီးတော့ ကွယ်ဝှက်ထားတာတွေများသလို စစချင်းပဲ အဓိကမင်းသားဖြစ်သူရဲ့ဆောက်တည်ရာမဲ့နေတဲ့ပုံနဲ့ ဇာတ်လမ်းကို အရှိန်တင်ထားတယ်...ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး..မင်းသားနဲ့မင်းသမီးကိုတော့ အတော်များများရင်းနှီးကြမှာပါ...စိတ်ဝင်စားဖို့အတော်ကောင်းနိုင်မဲ့စီးရီးမို့ ဆက်စောင့်ကြည့်ကြတာပေါ့.... Quality – HDTV  720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres-  Action ,Crime, DramaTranslated by ,Shoon Thu Thu Chain, Hnin Pale,Chu Chu & Myat ChelEncoder – ...
Kairos (2020)SE1(Complete)
2020
Tale of the Nine Tailed(2020)[စ/ဆုံး]
Tale of the Nine Tailed(2020)[စ/ဆုံး] Tale of the Nine Tailed(2020)အညွှန်း*********************************အပိုင်း(၁ မှ ၁၆)ထိ စ/ဆုံး<<<<Zip Fileလည်းရပါပြီ>>>>>လီယွန်ဆိုတာ အရပ်ရှည်ရှည် နဲ့ ထီးတစ်ချောင်းကို ကိုင်ရင်း လျှောက်သွားနေတဲ့သူတစ်ယောက်....ဒီထီးက နယ်နယ်ရရတော့မဟုတ်ဘူး..အရေးကြီးအစွမ်းထက်တဲ့ဓားတစ်ချောင်းအဖြစ်ပြောငး်လဲနိုင်သလိုသူ့ကိုလည်း စွမ်းအားပြည့်အသုံးချနိုင်ဖို့အထောက်အကူပြု လက်နက်ဖြစ်တယ်...တကယ်တော့သူဟာလူသားတွေနဲ့မခြားနေနိုင်စွမ်းရှိတဲ့ မြေခွေးတစ်ကောင်ဖြစ်ပါတယ်....သူဟာ တစ်စုံတစ်ယောက်ကိုရှာဖွေနေသလို အဲ့ဒီကာလအတွင်းမှာလည်းအချိို့သောမြေခွေးတွေကို လိုက်သုတ်သင်နေတဲ့သူဖြစ်တယ်....နမ်ဂျီအာဆိုတဲ့ကောင်မလေးကတော့ သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ပရလောကတွေဟာ တကယ်ရှိတယ်လို့ယုံကြည်နေတဲ့သူဖြစ်ပြီး အဲ့အကြောင်းအရာတွေကို လိုက်လံရှာဖွေပြီး တင်ဆက်နေတဲ့ရုပ်သံလိုင်းကပီဒီတစ်ဉီးပေါ့.......လီယွန်ဆိုတဲ့မြေခွေးဟာ ဘာကိုလိုက်ရှာနေတာလဲ....ဒီလောကကြီးထဲမှာ လီယွန်လို လူသားပုံဖြစ်နေတဲ့မြေခွေးတွေဘယ်လောက်များနေပြီလဲ.... လူသားတွေကိုရောဒုက္ခပေးနိုင်လား.....သူတို့လို မြေခွေးတွေကို နှိမ်နှင်းနေတဲ့ တခြား မိစ္ဆာကောင်တွေရောရှိနိုင်လား....နမ်ဂျီအာဆိုတဲ့ကောင်မလေးနဲ့ရော ဘယ်လိုတွေ တွေ့ဆုံကြမလဲ....ဒီဇာတ်လမ်းတွဲကက အပတ်စဉ် Wednesday, Thursday မှာ ထုတ်လွှင့်ပြီးတော့(၁၆) ပိုင်းထိရှိပါတယ်....အက်ရှင်ခန်းတွေက တော်တော်မိုက်သလို သဘာဝလွန်စွမ်းအားတွေကိုအသုံပြုပြီး ဗျင်းတဲ့အခန်းတွေဆိုလည်း တော်တော်ကြည့်ကောင်းပါတယ်....စောင့်မျှော်ကြည့်ရှုကြပါကုန်....Quality – HD-TV 720pDuration – 60Min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genres: Action, Thriller, ...
Tale of the Nine Tailed(2020)[စ/ဆုံး]
2020
Helstrom 2020 6.8
Helstrom 2020 Marvel's Helstrom 2020 - Season 1===========================IMDb Rating - 6.8/10#UnicodeMarvel ရဲ့ Helstrom ကာရိုက်တာကို စီးရီးအဖြစ် ထွက်လာပါပြီ။ကျွန်တော့်အမြင်ကတော့ သူက ကွန်စတန်တင်းနဲ့ ဆင်တယ်ပြောရမှာပါပဲ။အပိုင်း၁ မှာတော့ ဒေမင် ဟဲစ်ထရွန် ဟာ ဘုန်းတော်ကြီးမဟုတ်တဲ့ နတ်ဆိုးနှင်ပေးတဲ့သူပါ။သူ့မှာ အန်နာ ဟဲစ်ထရွန် ဆိုတဲ့ ညီမတစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံးမှာ ထူးဆန်းတဲ့အစွမ်းတွေ ကိုယ်စီရှိပါတယ်။ သူတို့ရဲ့ အဖေက စိတ္တဇလူသတ်သမား တစ်ယောက်လို့သိရပြီးသူတို့အမေကတော့ ဒေမင်ရောအန်နာရော နှင်လို့မရတဲ့ နတ်ဆိုးတစ်ကောင် ပူးကပ်တာကိုခံထားရပါတယ်။ ထူးဆန်းတဲ့ မိစ္ဆာလိုလိုအစွမ်းတွေနဲ့ လူတွေကို ကူညီနေတဲ့ ဒေမင်ကို ဗာတီကန်ဘုရားကျောင်းက စိတ်မချတဲ့အတွက် သူတို့ရဲ့ အတော်ဆုံး သင်တန်းသူ သီလရှင် ဂေဘရီရယ်ကိုတွဲဖက်အဖြစ် လွှတ်လိုက်ပြီး ဒေမင် နဲ့ ဂေဘရီရယ်တို့ နတ်ဆိုးတွေနဲ့ ရင်ဆိုင်ရတာကနေ အစပြုထားပါတယ်။ စူပါနေထရယ် စတိုင် စူပါဟီးရိုးစီးရီးမို့ ...
6.8
TMDb: 6.8/10 3,345 votes
tv
Helstrom 2020
2020
Bring It On, Ghost(2016)[စ/ဆုံး] 7.6
Bring It On, Ghost(2016)[စ/ဆုံး] Bring It On, Ghost(2016)ဇာတ်လမ်းတွဲ**********************************(စ/ဆုံး)လူငယ်လေးတစ်ယောက်..သူ့မှာ မွေးရာပါထူးခြားတဲ့စွမ်းအင်ပါလာတယ်...အဲ့ဒါက သရဲတွေကိုမြင်နေရသလို ဒီသရဲတွေကို ထိတွေ့တိုက်ခိုက်လို့လည်းရတယ်...ဒီလောကကြီးမှာ ကောင်းမွန်တဲ့သရဲတွေရှိသလို လူတွေကို လိုက်လံဒုက္ခပေးနေတဲ့ သရဲဆိုးတွေလည်းရှိနေတော့ ဒီလူငယ်လေးဟာ ခေတ်နဲ့အလိုက်တစ်မျိုးကြံတယ်...သရဲဆိုးတွေကို အခကြေးငွေနဲ့ လိုက်လံနှိမ်နှင်းပညာပေးရင်း စီးပွားရေးလေး တစ်ဘက်တစ်လမ်းကဝင်ငွေတိုးစေဖို့ကြံရွယ်တယ်....ဒီလိုလိုက်ဗျင်းတဲ့အခါမှာ သူ့ပညာအဆင့်က အငယ်တန်းစားမို့ အစွမ်းနိမ့်သရဲတွေကိုပဲနှိမ်နှင်းနိိုင်တာမို့ သရဲဆိုးတွေနဲ့တွေ့ရင်မာလကီးယားပြီးပြန်လာရလေ့ရှိတယ်...ဒါကြောင့် ဝင်ငွေကလည်းထင်သလောက်မရဘူး...ဆိုတော့ သရဲဆိုးတွေကိုနှိမ်နှင်းဖို့သူ့ပညာကို Upgrade လုပ်ရင်း သရဲဆိုးတွေကိုလုပ်ဖို့ကြိုးစားတဲ့အခါမှာတော့သူထင်မထားဖူးတဲ့ သရဲမလေးနဲ့တွေ့ရင်း နောက်ကွယ်က ထူးဆန်းရှုတ်ထွေးလှတဲ့ ဆိုးယုတ်မှုတွေကို သိလာရတဲ့အခါမှာတော့....ဒီစီးရီးက အပိုင်း(၁၆)ပိုင်းရှိပြီး ရယ်လည်းရယ်ရသလို အက်ရှင်ခန်းတွေလည်း တစ်လှေကြီးပါတယ်..ပြီးတော့ ဇာတ်လမ်းလေးက ဆန်းလှသလို မင်းသားမင်းသမီးကလည်း ချေ့စရာလေးတွေမို့...CM ဖန်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်...တစ်ရက်ကို တစ်ပိုင်းနှုန်းတင်ဆက်သွားမှာပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Htet Nandar Aung    ပဲဖြစ်ပါတယ်.... Quality –WEB-DL 720 p Duration – 1hr (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : ...
7.6
TMDb: 7.6/10 28 votes
tv
Bring It On, Ghost(2016)[စ/ဆုံး]
2016
The Good Detective (2020) 7
The Good Detective (2020) UThe Good Detective (2020)ဇာတ်လမ်းတွဲအညွှန်း*****************************************အပိုင်း( ၁ မှ ၁၆)  စ/ဆုံး(စဆုံးခုမှကြည့်မယ့်သူများအတွက် Zip File (၂)ခုဖြင့် ပြုလုပ်ပေးထားပါသည်...)မှုခင်း ဒရာမာ ကြိုက်သူတွေ အတွက် ကိုရီးယားဒရာမာကောင်းကောင်း တစ်ကားတော့ လာပြန်ပါပြီ။အဓိကဇာတ်ဆောင်မင်းသားတွေကတော့ Chocolate နဲ့ Encounter မှာ ပါဝင်ခဲ့တဲ့ မင်းသားချော ဂျန်ဆောင်းဂျို နဲ့သဘာဝကျကျ သရုပ်ဆောင်တတ်တဲ့ မင်းသားကြီး ဆုန်ဟွန်ဂျူးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။လုပ်သက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ စုံထောက်ကြီး ဂန်ဒိုချန်းက အမှုလိုက်ရာမှာ အတွေ့အကြုံ၊ အဆက်သွယ်နဲ့ နည်းပညာကို အသုံးချပါတယ်။လုပ်သက် ၉ နှစ်ရှိပြီ ဖြစ်တဲ့ စုံထောက် အိုဂျီဟော့ ကတော့ ဦးလေးဆုံးပါးပြီး အမွေတွေ ရရှိထားတဲ့ လူကုံထံစုံထောက်တစ်ယောက်ဖြစ်ပါတယ်။သူကတော့ အမှုလိုက်ရာမှာ ရရှိထားတဲ့ သက်သေတွေကို အသုံးချပြီး တရားခံရဲ့ စိတ်ကို ခန့်မှန်းပြီး အမှုလိုက်ပါတယ်။ငယ်စဉ်က ရရှိထားတဲ့ စိတ်ဒဏ်ရာကြောင့် ဖြစ်ပျက်သမျှ ...
7
TMDb: 7/10 1 votes
tv
The Good Detective (2020)
2020
Train (2020)[စ/ဆုံး]
Train (2020)[စ/ဆုံး] Train (2020)ဇာတ်လမ်းတွဲအညွှန်း*****************************အပိုင်း(၁ မှ ၁၂)ထိ စဆုံးMystery, Crime ကြိုက်သူတွေ သဘောတွေ့နိုင်တဲ့ ၂၀၂၀ ထွက် Train(2012) ပါတဲ့။အလုပ်ကို လိုတာထက်ပိုပြီး ကြိုးစားလုပ်တတ်တဲ့ စုံထောက်တစ်ယောက် ဖြစ်တဲ့ ဆောဒိုဝမ် က အသုံးမပြုတော့တဲ့ရထားဘူတာရုံတစ်ခုမှာ မြှုပ်ထားတဲ့ အလောင်း လေးလောင်းကို တရားခံလိုက်ဖမ်းရင်း မျှော်လင့်မထားဘဲတွေ့လိုက်ရပါတယ်။ဒီအလောင်းတွေအကြောင်း စုံစမ်းရင်း အရင် အနှစ် ၂၀ က ဖြစ်ခဲ့တဲ့ ဟန်ဆိုဂျောင်းရဲ့ အဖေ သေဆုံးမှုနဲ့ အများကြီးတိုက်ဆိုင်မှုရှိနေတာကိုတွေ့လာရပါတယ်။အရင်အနှစ် ၂၀ ကလူသတ်သမားက ပြန်လာတာလား။စုံထောက်ဆောဒိုဝမ်ကတော့ အရင် အနှစ် ၂၀ က လူသတ်မှုမှာ လူသတ်သမားက သူ့အဖေဖြစ်မယ်လို့ ယုံထားပါတယ်။ဒါပေမဲ့ ဒီအလောင်းတွေ အကြောင်း စုံစမ်းရင်း အပြိုင်စကြဝဠာတစ်ခုအကြောင်းကို မတော်တဆသိရှိလာရပါတယ်။တကယ့်လူသတ်သမားအစစ်က သူ့ရဲ့ ညီမလေးလို ချစ်သူလို ချစ်ရတဲ့ ဟန်ဆိုဂျောင်းကို သတ်သွားပြီးတဲ့အခါမှာစကြဝဠာနှစ်ခုကြားခုန်ကူးပြီး အပြိုင်စကြဝဠာမှာရှိတဲ့ လူသတ်သမားကို ဖမ်းဖို့ကြိုးစားပါတော့တယ်။ဒီစီးရီးကို Chnannel ...
Train (2020)[စ/ဆုံး]
2020
Backstreet Rookie (2020) 8.5
Backstreet Rookie (2020) [Unicode]အားလုံး စောင့်မျှော်နေတဲ့ "Backstreet Rookie" လေးလာပါပြီ ။ ဒီဇာမ်လမ်းလေးက နာမည်ကြီး webtoon တစ်ခုကို ရိုက်ကူးထားတာဖြစ်ပြီး Kim Yoo Jung လေးကို ဖိုက်တာမလေးအဖြစ်မြင်တွေ့ရမှာပါဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းဂျောင်ဆယ်ဗြောဟာ ပြဿနာအိုး အထက်တန်းကျောင်းသူလေးတစ်ယောက်ပါ... သူမက သူငယ်ချင်းတွေကိုလည်း အရမ်းကိုချစ်ပါတယ်တစ်ရက်မှာတော့ သူမတို့ သူငယ်ချင်းအုပ်စုနဲ့ ချွဲဒယ်ဟွန်းတစ်ယောက် ပက်ပင်းတိုးပါတော့တယ် သူတို့သူငယ်ချင်းတစ်စုဟဆေးလိပ်သောက်ချင်လို့ ချွဲဒယ်ဟွန်းကို ဆေးလိပ်ဝယ်ခိုင်းကြပါတော့တယ်... ဆေးလိပ်ဝယ်ခိုင်းတဲ့ အဖိုးအခ အဖြစ် kiss ပေးခဲ့တဲ့ ကောင်မလေးကို ချွဲဒယ်ဟွန်းတစ်ယောက် စိတ်ထဲမှာ မမေ့မလျော့နဲ့ကို မှတ်ထားခဲ့ပါတယ် ၊အဲ့လိုနဲ့ ၄ နှစ်ကြာပြီးနောက် ချွဲဒယ်ဟွန်းက ကိုယ်ပိုင် convenience store လေးတစ်ခုကို ဖွင့်ခဲ့ပါတယ် ။ သူရဲ့ ဆိုင်အတွက် အချိန်ပိုင်း အလုပ်သမားခေါ်တဲ့အချိန်မှာ ဂျောင်ဆယ်ဗြောနဲ့ ပြန်တွေ့ပါတော့တယ်...ဒီတစ်ကြိမ်မှာတော့ ဂျောင်ဆယ်ဗြောက တက္ကသိုလ်ကျောင်းသူကြီး တစ်ယောက်ဖြစ်နေပါပြီ ပြဿနာရှာလွန်းတဲ့ ဂျောင်ဆယ်ဗြောလေးက အချိန်ပိုင်း အလုပ်သမားဖြစ်လာတဲ့ အခါမှာကော ဘယ်လိုတွေပြဿနာရှာဦးမလဲ... ချွဲဒယ်ဟွန်းနဲ့ ဆယ်ဗြောတို့ ...
8.5
TMDb: 8.5/10 votes
tv
Backstreet Rookie (2020)
2020
Prophecy of Love (2020) 7.4
Prophecy of Love (2020) [Unicode]"အချစ်ဝှက်အကြားအမြင်ဆရာမလေး"Casts ထီရွတ် အဖြစ် James Jirayu ရိုစီတာ(ရို့စ်) အဖြစ် Ice Preechayaဇာတ်လမ်းအကျဉ်း၂၀၁၂ ခုနှစ်မှာ ပြင်သစ်နိုင်ငံမှာနေထိုင်သူ ထိုင်းလူမျိုးရိုစီတာတစ်ယောက် ကားမတော်တဆမှုဖြစ်ပြီး သုံးလလောက် သတိလစ်နေခဲ့တယ် ရို့စ် ပြန်နိုးလာချိန်မှာတော့ ထူးဆန်းတဲ့ စွမ်းရည်တစ်ခုရနေခဲ့ပြီ အဲ့ဒီစွမ်းရည်က နှင်းဆီပန်းကို ထိရင် ထိထားသူရဲ့ အနာဂတ်ကို မြင်ရတာပါပဲ... ဒီလိုနဲ့ နာမည်ကြီး အကြားအမြင်ဆရာမတစ်ယောက်ဖြစ်လာပြီး လူအများရှေ့မှာ နာမည်ကြီးသရုပ်ဆောင်မင်းသား ထီရွတ်ကို မိန်းကလေးတစ်ယောက်ကို ကိုယ်ဝန်ရှိစေခဲ့ပြီး တိတ်တိတ်ပုန်းကလေးရမယ်လို့ ဟောပြောခဲ့တယ်... ဒီဟောပြောချက်ကြောင့် ထီရွတ်တစ်ယောက် နာမည်ပါအထိနာခဲ့ပြီး ရို့စ်နဲ့ဆက်ဆံရေးကလည်း အဆင်မပြေဖြစ်ခဲ့ပါတယ်၆နှစ်ကြာပြီးနောက် အခမ်းအနားတစ်ခုမှာ ထီရွတ်အပါအဝင် နာမည်ကြီး ငါးယောက် ဖိတ်ခေါ်ခဲ့ပြီး ရိုစီတာကို ထပ်မံဟောပြောခိုင်းခဲ့ပါတယ်🌹ရိုစီတာတစ်ယောက် ကမ်းလာပေးတဲ့ နှင်းဆီတွေထိလိုက်ချိန်မှာ သူမနဲ့ထီရွတ်တို့ အရမ်းချစ်ပြီး ဖက်နေနမ်းနေတဲ့ရိုမန့်တစ်ဆန်တဲ့ မြင်ကွင်းတွေမြင်လိုက်ရပြီး အရမ်းတုန်လှုပ်ခဲ့တယ်🌹သူမပုံစံက အရမ်းထူးဆန်းနေခဲ့လို့ ဘာမြင်ခဲ့လဲဆိုတာ နာမည်ကြီးငါးယောက်က သိချင်နေခဲ့တယ် ရိုစီတာကတော့ ဘာမှမမြင်ခဲ့ဘူးပဲ ပြောခဲ့ပေမယ့် ဘယ်သူမှမယုံခဲ့ကြပါဘူး🌹နောက်ရက်ကစပြီး ထူးဆန်းတာတွေ စတင်ဖြစ်ပေါ်လာတော့တယ် ရို့စ် ဆက်တိုက် ...
7.4
TMDb: 7.4/10 votes
tv
Prophecy of Love (2020)
2020
Betaal (2020) [COMPLETE] 6.4
Betaal (2020) [COMPLETE] Netflix နဲ့ SRK ရဲ့ ထုတ်လုပ်ရေးတို့၏ ဒုတိယမြောက် အိန္ဒိစီးရီးပါဇာတ်လမ်းအကျဉ်းကတော့ ဘီတဲလ်တောင်ကြီးကို ဥမင်တူးပြီး ဟိုက်ဝေးလမ်းဖေါက်ဖို့ အစိုးရကကြိုးပမ်းချိန်မှာ အနီးအနားရွာတွေက လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်ဒီဥမင်ကိုဖွင့်လို့မရဘူး ကျိန်စာသင့်နေတာ ဒီဥမင်ကိုပိတ်ထားရမယ်ဆိုပြီး အနုနည်းရော အကြမ်းနည်းပါကန်ကွက်မှုတွေ ဖေါက်ခွဲမှုတွေလုပ်လာတဲ့အခါ ဘဇ်အဖွဲ့ဆိုတဲ့ အထူးတပ်ဖွဲ့က လာရောက်နှိမ်နင်းဖို့ အကြောင်းဖန်လာပါတော့တယ်ဘာကြောင့် ရွာသားတွေ ခွင့်မပြုရတာလဲ ဒီဥမင်ထဲမှာ ဘာကျိန်စာတွေရှိလို့လဲ ....ဟောဒီမှာ ကိုလင်းခယံရဲ့ ရီဗျူးကို ကူးယူဖေါ်ပြထားပါတယ်Zombies တွေပတ်သက်လို့ ဆိုရင် အိန္ဒိယဟာ ထွေထွေ ထူးထူး ရိုက်ပြခဲ့မယ် လို့ မထင်ခဲ့ရိုးအမှန်ပါ။အခုက Netflix နဲ့ ပေါင်း ရိုက်တာရယ် ရှာရွတ်ခမ်း ရဲ့ Production ရယ် ပါနေတာကြောင့် ကြည့်ခဲ့မိပါတယ်။Mini - Serie မို့ အပိုင်း ၄ ပိုင်းပဲ ပါ၀င်ပါတယ် ။ အပိုင်း ၁ နဲ့ ...
6.4
TMDb: 6.4/10 25 votes
tv
Betaal (2020) [COMPLETE]
2020
Rugal (2020)
Rugal (2020) Rugal (2020)===========Korea MyDrama List မှာ Rating 9.1/10 ထိရရှိထားပါတယ်။#Unicodeကိုရီးယားကားဆို အချစ်ကားချည်းပဲ မထင်ကြပါနဲ့။ ဒီလို အက်ရှင်ကားကောင်းကောင်းတွေလည်း ရှိပါတယ်။ရဲအက်ရှင်ကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တော့ တော်တော်ကြီး ကောင်းတဲ့ကား ဖြစ်သွားတာပါပဲ။ ဇာတ်လမ်းကတော့ "ရူဂယ်" ဆိုတဲ့ အထူးလျှိူ့ဝှက်တပ်ဖွဲ့ အကြောင်းပါ။ ဘယ်လို တပ်ဖွဲ့မျိုးလဲဆိုတော့ ချိုကျိုးနားရွက်ပဲ့တပ်ဖွဲ့ပါ။ မျက်စိကန်းတဲ့လူ၊ တစ်ကိုယ်လုံးမီးလောင်ထားတဲ့လူ၊ ခေါင်းကို ကျည်ဆံမှန်ထားတဲ့လူ နဲ့ လက်ကို ထိခိုက်ထားတဲ့လူ တွေ ပါပါတယ်။ ဒီလူတွေကို နည်းပညာနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ သူမတူအောင် ထူးခြားသွားပါတော့တယ်။ မျက်စိမမြင်တဲ့လူကို လူကဖန်တီးတဲ့ မျက်စိ ထည့်လိုက်တဲ့ အချိန်မှာတော့ မျက်စိပြန်မြင်လာရတဲ့အပြင် မျက်စိကနေ အချက်အလက်တွေ ရလာပါတယ်။ စောင့်ကြည့်ကင်မရာလို အသုံးချလို့ ရလာပါတယ်။တခြားလူတွေလည်း အားနည်းချက်ကို ပြုပြင်လိုက်တဲ့အခါမှာ အားသာချက်တွေ ပြန်ဖြစ်လာကြပါတယ်။သူတို့အဖွဲ့က "အားဂို့စ်" ဆိုတဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့.....Webtoon ...
Rugal (2020)
2020
Memorist (2020) 10
Memorist (2020) Memorist (2020) ဇာတ္လမ္းတြဲ******************************အပိုင်း (၁ မှ ၁၆) ထိ [စ/ဆုံး](Unicode)Dong Baek (Yoo SeungHo) ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ သဘာဝလွန်စွမ်းအားတစ်ခုကို ရရှိခဲ့ပါတယ်....... သူ့ရဲ့စွမ်းအားကတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုထိလိုက်တာနဲ့ အဲ့လူရဲ့မှတ်ဥာဏ်ကိုဖတ်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ် .....တိုက်ရည်ခိုက်ရည်ရှိတဲ့အပြင် ရရှိထားတဲ့စွမ်းအားတွေကိုအသုံးချလေတော့ အထက်မြက်ဆုံးသော စုံထောက်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်...... တစ်နေ့တော့ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်တယ်.... သိပ်မကြာခင် မှာပဲနောက်တစ်ယောက်ဆက်သတ်ခံရတယ်..... ဒီအမှုတွေက စုံထောက် Dong Baek (Yoo SeungHo) ကို အတော်ခေါင်းကိုက်စေတယ်လို့ဆိုရမယ်...သဲလွန်စတွေလည်းမကျန်သလို လူသတ်သမားကလည်း ခေါင်းကောင်းတဲ့ ကြေးစားလူသတ်သမားဖြစ်ပုံရတယ်.....ပြီးတော့ ဒီလူသတ်မှုနောက်ကွယ်က ဘယ်လိုအဖွဲ့အစည်းတွေပါမလဲဆိုတာလည်း မသိရသေးဘူး... အဲ့ဒီအမှုတွေကိုလည်း Han Sun Mi (Lee Se Young) ဆိုတဲ့ ခပ်ချောချော အထူးစုံ ထောက်မလေးလည်း လိုက်နေတယ်... Dong Baek (Yoo SeungHo) နဲ့ Han Sun Mi (Lee Se Young) တို့ပေါင်းမိပြီး ဒီ ထူးဆန်းပြီးလူမဆန်တဲ့ကွင်းဆက်လူသတ်မှုကို ဖောက်ထုတ်နိုင်မလား... သူတို့မတားဆီးနိုင်တဲ့အပြင် နောက်ထပ်လူသတ်မှုတွေ ...
10
TMDb: 10/10 1 votes
tv
Memorist (2020)
2020
Daybreak (2019) 6.9
6.9
TMDb: 6.9/10 29 votes
tv
Daybreak (2019)
2019
Kengan Ashura (2019) 6.6
Kengan Ashura (2019) ______KENGAN ASHURA______ Action, Martial art အမျိုးအစား Anime တစ်ခုဖြစ်ပါတယ် လက်ရှိ Season နှစ်ခုခွဲပြီး Episode 24 ခုထိထွက်ရှိထားတဲ့ Netflix series တစ်ခုဖြစ်ပြီး Tv series မဟုတ်ပဲ ONA အမျိုးအစားဖြစ်တာကြောင့် လူသိနည်းတဲ့ Underrated anime ကောင်း တစ်ခုဖြစ်ပါတယ်။ Martial art စိတ်ဝင်စားသူတွေ Fight scene အကြမ်းစား ကြိုက်တဲ့သူတွေ သဘောတွေ့​စေမဲ့ anime တစ်ခုပါ ပုံမှန်အားဖြင့် လုပ်ငန်းရှင် တွေတစ်ဦးနဲ့တစ်ဦး အလုပ်ကိစ္စ ညှိနှိုင်းကြရမှာ အစည်းအဝေး တွေ​ ​သဘောတူစာချုပ်တွေနဲ့ပဲ ညှိနှိုင်းကြပါတယ် ဒါပေမဲ့ ဒီ Kenganverse မှာတော့ လုပ်ငန်းရှင်တွေဟာ တစ်ဦးနဲ့ တစ်ဦး လုပ်ငန်းပိုင်းဆိုင်ရာညှိနှိုင်းနိုင်ဖို့ Figher တွေကိုအလုပ်​ခန့်ထားပြီး အလုပ်ကိစ္စ ညှိနှိုင်းစရာရှိလာတဲ့အခါ နှစ်ဖက်လုံးက ကိုယ်မွေးထားတဲ့ Fighter တွေကိုအချင်းချင်းတိုက်ခိုက်စေပြီး အနိုင်ရသူက အလိုရှိရာကိုယူနိုင်တဲ့ ညှိနိုင်းမှုနည်းစနစ်ကို ကျင့်သုံးကြပါတယ် ဒီစနစ်နဲ့ ထိုးသတ်ပွဲတွေကို Kengan အဖွဲ့အစည်းက ကြီးမှူးကျင်းပပါတယ် ဒီ Kenganverse ...
6.6
TMDb: 6.6/10 5 votes
tv
Kengan Ashura (2019)
2019
Supergirl Season 4 5.8
Supergirl Season 4 Supergirl ပြန်လာပါပြီပြီးခဲ့တဲ့ Season မှာ Haron El ကြောင့် စူပါဂဲလ် ၂ ယောက်ပြောင်းသွားခဲ့ပါတယ်ဒီ Season မှာတော့ Martian Manhunter က သူ့အဖေမှာခဲ့တဲ့အတိုင်း ငြိမ်းချမ်းရေးကိုဖော်ဆောင်နေပါပြီSupergirl ကလညိး ကမ္ဘာအနှံ့ကလူတွေကိုကူညီရင်း Kara Danvers ဘဝကိုအနေနဲ့ ဘဝ၂ခုကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ထားနိုင်နေပါတယ်ဒါပေမယ့် ဂြိုလ်သားပပျောက်ရေးကို လူတစ်စုက ဆောင်ရွက်လာတဲ့အခါမှာတော့ Supergirlတို့အခက်ကြုံရပါတော့တယ်(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့  ရဲမာန်အောင် ဖြစ်ပါတယ်။)  Quality – 720p AMZN WEB-DLDuration – 43min (@Episode)Subtitle – Myanmar HardsubFormat – Mp4Genre : Action , Adventure , DramaSource : 720p.AMZN.WEBRip.DDP5.1.x264-QOQTranslator - Ye Man AungEncoder – Thanhtike Zaw  ALL Episodes : Yoteshin[1-11] / ...
5.8
TMDb: 5.8/10 752 votes
tv
Supergirl Season 4
2015
Sacred Games Season 2 [COMPLETE] 8.1
Sacred Games Season 2 [COMPLETE] Bollywood ပရိသတ်တွေအတွက် အိန္ဒိယဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sacred Games ကိုတင်ဆက်ပေးလိုက်ပါတယ်။Rating အနေနဲ့လည်း IMDb 8.9/10 အထိရရှိထားလို့ ကောင်းမကောင်းညွှန်းနေဖို့ မလိုလောက်ပါဘူး၂၀၁၈ က Season 1 ထွက်ခဲ့ပြီး အားပေးကြိုက်နှစ်သက်သူများခဲ့သလို ယခုလည်း မကြာခင်ကမှ Season 2 ထွက်လာလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Season 1 ကြည့်ဖူးသူတွေအတွက်တော့ ထွေထွေထူးထူးဇာတ်လမ်းပြောပြစရာမလိုပေမယ့် အခုမှစကြည့်မယ့်သူတွေအတွက် ဇာတ်လမ်းလေး ညွှန်းပေးလိုက်ပါမယ်မွန်ဘိုင်းမြို့ရဲ့ အကျင့်ပျက်ချစားရဲတွေကြားမှာ သင်းကွဲလိုဖြစ်နေသူ စုံထောက်ကြီး ဆာရ်တက်ဂျ်ထံကို သတင်းပေးတဲ့ဖုန်းတစ်ခုဝင်လာပါတယ်အဲ့ဒိဖုန်းထဲမှာဘာသတင်းပေးခဲ့တာလဲ ဆိုရင် မွန်ဘိုင်းမြို့ဟာ ၂၅ ရက်အတွင်းပျက်စီးတော့မယ်ခင်ဗျားမြို့ကိုကယ်တင်ပါဆိုပြီးတော့ ဖြစ်ပါတယ်ဒီသတင်းပေးတဲ့သူကတော့ တခြားသူမဟုတ်ဘဲ မွန်ဘိုင်းမြို့မှာ တွေ့တာနဲ့ပစ်သတ်ဖို့ အမိန့်ပေးခံထားရတဲ့ ဒုစရိုက်၊ လူဆိုးလူမိုက်ကြီး ဂနေ့ရှ် ဂိုင်တွန်ဒီပဲဖြစ်ပါတယ်ဂနေ့ရှ် ဂိုင်တွန်ဒီနဲ့ ဆာရ်တက်ဂျ်တို့ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိသလဲ၂၅ ရက်အတွင်းမှာ ဘာဖြစ်မှာလဲဆိုတာကတော့ အားလုံးပဲ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ***ဒီဇာတ်လမ်းတွဲဟာ TV-MA ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေကြမ်းပါတယ်သွေးသံရဲရဲအခန်းတွေနဲ့ လိင်အသားပေးအခန်းတွေအများအပြားပါဝင်သောကြောင့် ကလေးသူငယ်များ၊ မိသားစုဝင်များနှင့်အတူကြည့်ရှုသူများ ...
8.1
TMDb: 8.1/10 47 votes
tv
Sacred Games Season 2 [COMPLETE]
2018
Wu Assassins (2019) 6.8
Wu Assassins (2019) အက်ရှင်အကြမ်းစားတွေကြိုက်တဲ့ ဘော်ဒါတွေအတွက် နာမည်ကြီး ထိုင်းကားThe Raid ရဲ့ မင်းသား Iko Uwais ဦးဆောင်ထားတဲ့Wu Assassin ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါစေ။ဆန်ဖရန်စစ်စကို ရဲ့ တရုတ်တန်းမှာ အုပ်ချုပ်နေတဲ့ ထရိုက်ရက်ဂုဏ်း ခေါင်းဆောင် ဦးလေးခြောက် ရဲ့ မွေးစားသား ခိုင်ဂျင်း ကလူမိုက်လေကထဲမှာ မနေချင်ပါဘူး။ဒါပေမဲ့ သဘာဝလေကကြီးရဲ့ ဟန်ချက်ကို ထိန်းညှိဖို့အတွက် ဝူ လို့ခေါ်တဲ့မီး ရေ မြေကြီး သစ်သား သတ္ထု စတဲ့ ဓာတ်တွေရဲ့ အရှင်သခင်တွေကိုမကောင်းမှုလုပ်ခြင်းမှ တားဖို့ ဝူ သုတ်သင်သူ အဖြစ် ခိုင်ဂျင်း ကိုရွေးချယ်လိုက်ပါတယ်။ကိုယ်ခံပညာနဲ့ချတဲ့ အက်ရှင်ကားတွေ ကြိုက်တဲ့ ပရိတ်သတ်တွေအတွက်အက်ရှင်ခန်းတွေ အများကြီးပါတဲ့ Wu Assassin ဇာတ်လမ်းတွဲကို ကြည့်ကြည့်ဖို့ တိုက်တွန်းပါရစေ။Translators : Little Neo , Htet Wai Lwin , ...
6.8
TMDb: 6.8/10 8 votes
tv
Wu Assassins (2019)
2019
The Rising of The Shield Hero (season 01) 8.3
The Rising of The Shield Hero (season 01) ဆယ်ကျော်သက်ကျောင်းသားIwatani Naofumiဟာအပြိုင်စကြဝဠာကိုအခြားလူ၃ယောက်နဲ့အတူသူရဲကောင်းတွေဖြစ်လာဖို့အတွက် ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်သူတို့လေးယောက်စလုံးဟာသက်ဆိုင်ရာဒဏ္ဍာရီဝင်လက်နက်တစ်ခုစီကိုရရှိခဲ့ပြီးIwatani Naofumiကတော့ဒိုင်းကာကိုလက်နက်အနေနဲ့ရရှိခဲ့ပါတယ်အပြင်လောကရဲ့အတွေ့အကြုံနည်းပါးမှုနဲ့သြဇာကင်းမဲ့မှုတို့ကြောင့်သူရဲကောင်း၄ယောက်ထဲမှာ အားအနည်းဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်အစ၃ရက်မှာတင်သစ္စာဖောက်ခံရ၊မှားပြီးအစွပ်စွဲခံရတဲ့အပြင်ပစ္စည်းလုတာပါခံခဲ့ရပြီးဘုရင်ကအစ ကျွန်အဆုံးရဲ့မသတီခြင်းကိုပါခံခဲ့ရပါတယ်အဲ့လိုကိစ္စတွေကြောင့်Iwatani Naofumiအတွက်တော့လက်စားချေလိုစိတ်နဲ့အမုန်းတရားကလွဲပြီးမရှိတော့ပါဘူးသူရဲ့အပြိုင်ကမ္ဘာစွန့်စားခန်းကဘယ်လိုဖြစ်သွားမလဲဆိုတာကိုကြည့်နိုင်ပါပြီ(ဘာသာပြန်ပေးထားတာတော့ DrNyanပဲဖြစ်ပါတယ်) File Size : (170MB) Quality : 720p Running Time : 24min Format : Mp4 Genre : Animation,Adventure,Action Subtitle : Myanmar Subtitle (Hard Sub) Source : 1080p Translated by DrNyan Encoded by YKComplete Zip Ep01-12    Yoteshin  /  Megaup     Ep13-25    Yoteshin  /  Megaup    
8.3
TMDb: 8.3/10 27 votes
tv
The Rising of The Shield Hero (season 01)
2019