Channel Myanmar

Adventure

La Brea (2022) Season 2 7.387
La Brea (2022) Season 2 NBC ရဲ့ အချိန်ခရီးသွား၊ မိသားစုဒရာမာ၊ အက်ရှင်၊ စွန့်စားခန်း၊ သိပ္ပံစိတ်ကူးယဉ် ဇာတ်လမ်းတွဲ La brea ရဲ့ အတွဲ ၂ ပြန်လာပါပြီဗျ။ ပြီးခဲ့တဲ့ season 1 မှာတော့ ဂျော့ရှ်နဲ့ ရိုင်လီဟာ အိုင်းဆက်ယတို့နဲ့အတူ ၁၉၈၈ ကိုပါသွားခဲ့ပြီး ဂေဗင်တို့သုံးယောက်ကတော့ ဘီစီ ၁၀၀၀၀ ကို ရောက်လာခဲ့ကြပါတယ်။စကော့နဲ့ အဲဒရစ်ဟာလည်း ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ မိုးမျှော်တိုက်ကြီးကို ရှာလို့တွေ့သွားကြပါတယ်။ season 2 ရောက်တဲ့အခါမှာတော့ ဘီစီ ၁၀၀၀၀ မှာ အနာဂတ်ကလာတဲ့သူတွေနဲ့ တွန်ဗာမျိုးနွယ်စုတွေအပြင် အိတ်ဇိုင်းစ်လို့ခေါ်တဲ့ ဝတ်စုံအနက်တွေဝတ်၊ မြင်းတွေစီးပြီး သံနဲ့လုပ်ထားတဲ့လက်နက်တွေကိုင်ဆောင်ကြတဲ့ လက်ရဲဇက်ရဲ အဖွဲ့တစ်ဖွဲ့ပါ ထပ်ပြီး ပါလာခဲ့ပါပြီ။ဒီ season မှာရော အတိတ်နဲ့ အနာဂတ်ရဲ့ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ဦးမလဲ၊ ဘီစီ ၁၀၀၀၀ မှာရှိနေတဲ့ ခေတ်လွန် အဆောက်အအုံကြီးကရော ဘာကြီးလဲ၊ ဘယ်သူတွေက ဘာကိစ္စတွေကို ဖုံးကွယ်ထားသေးလဲ၊ season 1 ရဲ့ အရှိန်ကိုရော ထိန်းထားနိုင်မလားဆိုတာကို အားလုံး မြင်တွေ့ကြရမှာဖြစ်ပါတယ်။ La Brea season 2 ...
7.387
TMDb: 7.387/10 936 votes
tv

La Brea (2022) Season 2

2021
The Winchesters Season 1 (2022) 6.9
The Winchesters Season 1 (2022) The Winchesters Season 1 (2022)========================IMDb Rating - 6.9/10ပညာသည်နှစ်ဦးတို့ တစ္ဆေမုဆိုးတို့ ဘာညာနာမည်မျိုးစုံနဲ့ ကျော်ကြားခဲ့တဲ့ Supernatural စီးရီးကို လူအတော်များများ ကြည့်ဖူးကြားဖူးမှာပါ။ အဓိက ဇာတ်ဆောင်ကတော့ ဆမ်နဲ့ဒင်း ညီအစ်ကိုနှစ်ယောက်ပေါ့။အခုစီးရီးကတော့ အဲဒီစီးရီးရဲ့ခေတ်မတိုင်ခင် ဆမ်နဲ့ဒင်းရဲ့ အဖေနဲ့အမေဖြစ်တဲ့ ဂျွန် ဝင်ချက်စတာနဲ့ မယ်ရီဝင်ချက်စတာတို့ စတွေ့ပုံရယ် စွန့်စားခန်းတွေ ဖွင့်ခဲ့ ကြပုံတွေရယ်ကို ပြသသွားမှာပဲဖြစ်ပါတယ်။ ဇာတ်ကောင်အသစ်တွေပါလာသလို SPN တုန်းက အရမ်းကြိုက်ခဲ့ရတဲ့သူတွေလည်း ပြန်ပါလာဖို့ မျှော်လင့်ရတာပါပဲ။ပြီးတော့ အရင် SPN မှာမဖော်ပြဖူးတဲ့ မွန်းစတား ကြမ်းကြမ်းတွေလည်း ပါလာဖို့ ရှိတာမို့ သေချာပေါက်စောင့်မျှော်ကြည့်ရှုရမယ့် စီးရီးတစ်ခုပဲဖြစ်ပါတယ်။ အပိုင်း (၁၃)ပိုင်းရှိမှာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ချန်နယ်မြန်မာမှာ ဘာသာပြန် တင်ဆက်ပေးသွားမှာမို့ စောင့်မျှော်ကြည့်ရှုလို့ရပါပြီ။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ဘာသာပြန် ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်။)File Size.............(400 MB) / (800 MB) Quality...............WEB-DL 720p / 1080p Duration............50Mins(@Episode) Subtitle..............Myanmar Hardsub Format...............MP4 Genre.................Adventure, Fantasy Translator..........Mr.Anderson Encoder..............SWM720P ...
6.9
TMDb: 6.9/10 2500 votes
tv

The Winchesters Season 1 (2022)

2022
Tanaosri (2023) 7.9
Tanaosri (2023) ချယာ အဖြစ် Golf Anuwat ချီအိုရိ အဖြစ် May Natthapat ကာဝေါင်ဝ် အဖြစ် Typhoon Kanokchat ဟာတာကေ အဖြစ် Kade Tharakadeဇာတ်လမ်းအကျဉ်းတနင်္သာရီတောအုပ်ဟာ မယုံကြည်နိုင်လောက်ထူးဆန်းတဲ့ မကောင်းဆိုးဝါး၊ သမန်းကျားတွေ အစရှိတဲ့ သတ္တဝါ အန္တရာယ်ဆိုးတွေနဲ့ ပြည့်နက်နေတဲ့ နေရာတစ်ခု ဖြစ်သလို ရတနာသိုက်ရှိတယ်လို့လည်း ပြောကြပါတယ်တစ်ရက် ဂျပန်လူမျိုးနှစ်ယောက်ဖြစ်တဲ့ နာကာဟာရနဲ့ ဟိရိုဟာချိတို့ဟာ မုဆိုးကြီး တစ်ဦးကို လမ်းပြငှါးပြီး ရတနာသိုက်မြေပုံနဲ့ တောနက်ထဲ ဝင်သွားခဲ့ရာမှ ဟိရိုဟာချိနဲ့ မုဆိုးကြီးဟာ တနင်္သာရီ တောထဲမှာ ပျောက်ဆုံးခဲ့ပါတယ်နှစ်ဆယ်ချီကြာပြီးနောက် နာကာဟာရက ရတနာသိုက်ကို ထပ်ရှာဖို့ ရည်ရွယ်ချက်နဲ့ ဟိရိုဟာချိရဲ့ ဇနီးနဲ့ သမီးဖြစ်သူ ချိအိုရိကို လိမ်လည်ကာ တနင်္သာရီတောထဲကို ပြန်ဝင်ဖို့ ကြိုးစားပါတော့တယ်တနင်္သာရီတောအုပ်ထဲဝင်ဖို့ လမ်းပြပေးမယ့် မုဆိုးလေးက အရင်မုဆိုးကြီးရဲ့ သားဖြစ်သူ ချယာဖြစ်နေတဲ့အပြင် အဖေ့ကိုပြန်ရှာမယ့် ရည်ရွယ်ချက်ရှိနေတဲ့အခါ…ဟိရိုဟာချိရဲ့ ဇနီးနဲ့သမီးဖြစ်သူချိအိုရိကလည်း နာကာဟာရရဲ့ အကြံဆိုးကို ...
7.9
TMDb: 7.9/10 votes
tv

Tanaosri (2023)

The Last of Us(2023) 9.2
The Last of Us(2023) The Last of Us(2023)================= ဂိမ်းလောကထဲမှာ နာမည်အကြီးဆုံးတွေထဲက တစ်ခုဖြစ်ပြီးဆုပေါင်းများစွာ ရရှိထားတဲ့ The Last of Us action ဂိမ်းကိုစီးရီးအနေနဲ့ တင်ဆက်လာပါပြီ။တစ်ပတ်တစ်ပိုင်းနဲ့ ၉ ပိုင်း အပတ်စဉ် ထွက်ပါလိမ့်မယ်။ ပထမဆုံးအပိုင်းကတော့ Imdb 9.8 နဲ့ တာထွက်ကောင်းနေပါပြီ။ မင်သားကလည်းGame of Thrones, Mandalorian, Kingsmen ကားတွေထဲကPedro Pascal ပါပဲ။ မင်းသမီးကလည်း Game of Thrones ထဲမှာအားလုံးချစ်ကြတဲ့ လေဒီ လာယာနာမော်မွန့်အဖြစ် သရုပ်ဆောင်ခဲ့တဲ့Bella Ramsey ပဲ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ...
9.2
TMDb: 9.2/10 30 votes
tv

The Last of Us(2023)

2023
Island(2022)
Island(2022) Island(2022)****************အပိုင်း( ၁ မှ ၁၂ ) ထိ စ/ဆုံးဒီစီးရီးက မထွက်ခင်ကတည်းက တော်တော်ဟိုက်နေတဲ့အထဲပါတယ်...နတ်ဆိုးတွေ စူပါပါဝါတွေအပြင် ခပ်ဆန်းဆန်း ဇာတ်အိမ်နဲ့ပါဝင်တဲ့သရုပ်ဆောင်တွေကြောင့်ဆိုလည်းမမှားပါဘူး...ဇာတ်လမ်းတွဲက ခေါင်းစဉ်အတိုင်း ကျွန်းတစ်ကျွန်းကိုအခြေခံထားပါတယ်..ဒီကျွန်းမှာ အံဖွယ်ဖြစ်ရပ်များစွာရှိပြီး သာမန်လူတွေယုံဖို့ခက်ခဲတဲ့ဖြစ်ရပ်ဆန်းတွေရှိတယ်...အားလုံးတိမ်ကောနေပြီလို့ထင်ထားတဲ့ နတ်ဆိုးတွေကိုလူတစ်စုဟာ မတော်တဆ သွားနှိုးလိုက်သလိုဖြစ်သွားပြီးတဲ့နောက်မှာတော့..နတ်ဆိုးတွေပြန်လည်ရှင်သန်နိုးထလာခဲ့တယ်..အဲ့ဒီနောက်မှာတော့ လူသားတွေကို သိမ်းပိုက်ဖို့နဲ့နတ်ဆိုးတွေလောကကြီးကိုအုပ်စိုးဖို့ ဘာမဆိုလုပ်ဖို့ဖြစ်လာတဲ့အခါမှာတော့...စွမ်းအားရှင်တွေ ဘယ်လိုကာကွယ်ကြမလဲဆိုတာကိုတော့... Episodes: 12File Size:1.1GB, 500MBQuality :Web-DL AMZN 1080p,720PGenres: Sci-Fi & Fantasy, Action & Adventure, DramaTranslated by  Estel, Thynn ,Hae Areum  & MiriEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]     »»»   UsersDrive  •   Yoteshin   •   MegaUp   •   StreamSB   •   Mega.NZ     •  StreamVID[1080p]  ...

Island(2022)

2022
La Révolution (2020) 6.6
La Révolution (2020) La Révolution (2020) ================ IMDb Rating - 6.6/101787 ခုနှစ်မှာ ပြင်သစ်ပြည်ကြီးဟာ ဝါးအစည်းပြေသလို ဖရိုဖရဲနဲ့ ဖြစ်ချင်တိုင်း ဖြစ်နေပါတယ်။ အောက်ခြေ လူတန်း စားတွေက ငတ်မွတ်ခေါင်းပါးပြီး ဆင်းရဲမွဲတေနေသလောက် အာဏာပိုင်တွေကတော့ အဓိပ္ပာယ်မရှိတဲ့ အခွန်အတုတ်တွေ ကောက်ပြီး ပျော်ပါးနေကြတဲ့ ကာလပါ။အဲဒီလို အချိန်ကာလမှာ မွန်တာဇင်းနယ်မြေမှာ ရေဗက္ကာဆိုတဲ့ ဆင်းရဲသားမိန်းကလေးတစ်ယောက် အသတ်ခံလိုက်ရပါတယ်။ အာဏာပိုင်တွေကတော့ တိုင်းတစ်ပါးသား ကလေကချေ အိုးမဲ့ အိမ်မဲ့ တစ်ယောက်က သတ်သွားတာလို့ ဝါဒဖြန့်ပြီး အိုကာဆိုတဲ့ အိမ်ခြေရာမဲ့ကို ကြိုးပေးဖို့ ပြင်ပါတော့တယ်။ ဒါပေမဲ့ အိုကာရဲ့ အကျဉ်းထောင် တာဝန်ခံဆရာဝန် ဂျိုးဆက်က အိုကာ့မှာ အပြစ် မရှိဘူးလို့ ယုံကြည်ပြီး လူသတ်သမား အစစ်ကို ရှာဖွေဖို့ ကြိုးစား ရင်းနဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲမှာ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ် ပိုး တစ်ခုကို တွေ့ရှိသွားတဲ့နောက်မှာတော့…၁၈ ရာစု ပြင်သစ်တော်လှန်ရေးကြီး မဖြစ်ခင်ကာလကို သဘာ ဝလွန် အဖြစ်အပျက်တွေနဲ့ စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးထား တာပါ။ ဖြစ်ရပ်မှန်နဲ့ fantasy ကို ရောသမမွှေလိုက်ရင် ...
6.6
TMDb: 6.6/10 5900 votes
tv

La Révolution (2020)

2020
Fantasy Island – Season (01),(02) 6.122
Fantasy Island – Season (01),(02) Fantasy Island - Season (01),(02) ======================= IMDb Rating - 6.2/10အခု Fantasy Island (2021) ဇာတ်လမ်းတွဲဟာ ၁၉၉၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ဇာတ်လမ်းတွဲရဲ့ တိုက်ရိုက်အဆက်ဖြစ်သလို ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ Fantasy Island ရုပ်ရှင်ရဲ့ အဆက်လည်းဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဟာဆိုရင် Horror/ Thriller ပုံစံမျိုးသွားခဲ့ပေမယ့် အခု ဇာတ်လမ်းတွဲ ကတော့ Fantasy/Drama အမျိုးအစားမျိုးဖြစ်နေပါတယ်။ စိတ်ကူး ယဉ်ကျွန်းဆိုတဲ့ ကျွန်းကြီးတစ်ကျွန်းပေါ်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို တစ်ပိုင်းချင်းစီမှာ မတူညီတဲ့ရသ တင်ဆက်ပုံတွေနဲ့ အပိုင်းလိုက် တင်ဆက်ထားပါတယ်။အပိုင်း (၁) မှာတော့ အစားအသောက်ကို စားချင်ပေမယ့် ဝိတ်ချဖို့မစားနိုင်ဘူးဖြစ်နေတဲ့ တင်ဆက်သူ ခရစ္စတင်း ကောလင်းရယ်၊ မဲလ်အကူဒါနဲ့ ရူဘီအကူဒါဆိုတဲ့ အဘိုးကြီး အဘွားကြီးစုံတွဲရယ် စိတ်ကူးယဉ်ကျွန်းပေါ်ကို ရောက်လာခဲ့ ပါတယ်။ ရူဘီဟာဆိုရင် ကင်ဆာရောဂါနဲ့သေခါနီးဖြစ်နေတာမို့ နောက်ဆုံးအနေနဲ့ ‌ပျော်ပါးနိုင်ဖို့ ဒီကျွန်းကိုရောက်လာခဲ့တာပါ။ အကြောင်းကိစ္စအသီးသီးနဲ့ ရောက်လာကြတဲ့ သူတို့ ၃ ယောက်ရဲ့ ဘဝတွေကို ဆန်းကြယ်မှုတွေ ပြည့်နှက်နေတဲ့ကျွန်းကြီးက ...
6.122
TMDb: 6.122/10 41 votes
tv

Fantasy Island – Season (01),(02)

2021
Outer Banks (2020) 8.48
Outer Banks (2020) ဒီတစ်ခါ ပရိသတ်ကြီးကို IMDb 7.6 အထိရထားတဲ့ အမေရိကန် ကျွန်းပေါ် ကားလေးတစ်ကားတင်ဆက်ပေးလိုက်ပါတယ် သူတို့ကျွန်းမှာ ထူးဆန်းတာက လူတန်းစား ၂မျိုးကွဲနေတာပါပဲ အရမ်းချမ်းသာကြတဲ့ ကွတ် တွေနဲ့ သူတို့ဆီမှာအလုပ်လုပ်ရင်း အသက်မွေးကြရတဲ့ ပို့ချ်တွေပါ ဒီကားလေးထဲမှာတော့ ပို့ချ်တွေဖြစ်တဲ့ ဂျွန်ဘီရယ် ဂျေဂျေရယ် ပုပ်ရယ် နဲ့ ကွတ် ဖြစ်တဲ့ ကီယာရာတို့ သူငယ်ချင်း ၄ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ထားတာပါ သူတို့သူငယ်ချင်းတွေ နွေရာသီမှာ အပြတ်ကဲဖို့‌မောင်းတင်ထားပေမဲ့ ဟာရီကိန်း မုန်တိုင်းတိုက်လို့ မကဲလိုက်ရတော့တာပါ မုန်တိုင်းတိုက်ပြီးနောက်ရက်မှာတော့ သူတို့တွေ ၄ယောက်သား လျှောက်လည်ကြရာကနေ လှေတစ်စီးမြုပ်နေတာကို တွေ့လို့ လိုက်စုံစမ်းရာကနေ တဆင့်ပြီး တဆင့် အဲဒီအမှုထဲကိုရောက်သွားခဲ့တာပေါ့ အဲဒီအချိန်မှာ ဂျွန်ဘီရဲ့ အဖေကလည်းပျောက်နေတာ ၈လလောက်ကိုရှိနေပါပြီ လှေနစ်တာကိုရှာရင်းနဲ့ သူတို့ဘာတွေဆက်တွေ့ကြမလဲ နစ်သွားတဲ့လှေကရော ဘယ်သူ့လှေဖြစ်မလဲ ဂျွန်ဘီရဲ့ အဖေနဲ့ရော ဆက်စပ်နေမှာလားဆိုတာတော့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပါ......... File size…(1.5 ...
8.48
TMDb: 8.48/10 606 votes
tv

Outer Banks (2020)

2020
Dragons: The Nine Realms – Season (01)(02)(03)(04) 5.6
Dragons: The Nine Realms – Season (01)(02)(03)(04) Dragons: The Nine Realms - Season (01)(02)(03)(04) =====================================ကလေးဘ၀ကအရမ်းကြိုက်ခဲ့ကြတဲ့ How to train your dragon Trilogy လိုပါပဲ၊ ဒါပေမဲ့ ဒီစီးရီးက DreamWorks ရဲ့ လက်ရာမဟုတ်ပေမယ့် Hulu က အကောင်းဆုံးရိုက်ပြထားပြီး စီစန် 4 ခုထိထွက်ရှိထားတာမို့ တစ်၀ကြီးကြည့်ရမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း 1300 ကျော်က ဗိုက်ကင်းနဲ့ နဂါးတွေ ယှဉ်တွဲ နေထိုင်ခဲ့ကြတဲ့ How To Train Your Dragon Animation တွေ ဟာ ဒီထဲမှာတော့ ဒဏ္ဍာရီသက်သက်ဖြစ်သွားပါပြီ။ အိုလီဗီယာ နဲ့ သောမတ်စ် ကလာဆန်ဆိုတဲ့ သားအမိက မီးတောင်ချောက်ကြီး တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီး၊ အဲ့ဒီနေရာမှာ သိပ္ပံစမ်းသပ်ချက်တွေလုပ်ဖို့ ရက်ခ်‌ခရော့ကော်ပိုရေးရှင်းအဖွဲ့သားတွေ အခြေချနေထိုင်ခဲ့ကြပါတယ်။ဒဏ္ဍာရီတွေရ အဲ့ဒီချောက်ကြီးဟာ နဂါးတွေကျက်စားခဲ့သလို သော မတ်စ်ဟာ ဗိုက်ကင်းမျိူးနွယ်ကဆင်းသက်လာတဲ့ ကလေးတစ်ယောက် ဖြစ်ပါတယ်။ ကလေးသဘာ၀ စူးစမ်းလိုတဲ့ သောမတ်စ်ဟာ တစ်နေ့ ချောက်ထဲဆင်းရင်း Night Fury. မျိုးစိတ် လျှပ်စီးနဂါးတစ်ကောင်‌နဲ့ တွေ့ရှိခင်မင်သွားပါတယ်။ အဲ့ဒီနဂါးနဲ့လျှောက်သွားရင်း ...
5.6
TMDb: 5.6/10 1622 votes
tv

Dragons: The Nine Realms – Season (01)(02)(03)(04)

2021
Naxalbari (2020) Complete 6
Naxalbari (2020) Complete Naxalbari (2020) Action, Crime, Thriller IMDb 7.1/10 (4.7K)အခုတစ်ခါတင်ဆက်ပေးမယ့် စီးရီးလေးကလည်း Court Martial မင်းသား ရာဂျစ်ခန်ဒေးဝါးရဲ့စီးရီးလေးပဲဖြစ်ပါတယ်။တောတွင်းတစ်နေရာမှာ သတ္တုတွင်းစက်ရုံတည်ဆောက်ဖို့အတွက် ကုမ္ပဏီတစ်ခုက ကြိုးစားနေပါတယ်။ဒါပေမဲ့ ဒေသခံတွေက အဲ့ဒီစက်ရုံကို ကန့်ကွက်နေကြတယ်။အဲ့ဒီဒေသသူပုန်တွေကလည်း သူတို့နယ်မြေကို အပါမခံနိုင်တဲ့အတွက် တော်လှန်ရေးတွေ လုပ်ကြတယ်။ လူထုထဲမှာ သူတို့ရဲ့သူလျှိုတွေကို ထည့်ထားတယ်။ ဒီသူပုန်ဂိုဏ်းကို ထိပ်တန်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ရာဟက်ကို ဖြိုခွင်းဖို့ တာဝန်ပေးလာတဲ့အခါမှာတော့...။သူပုန်တွေရဲ့သူလျှိုတွေက ရဲအရာရှိရာဟက်ဆီကို ဘယ်လိုချဉ်းကပ်လာမလဲ။ရာဟက်က သစ်တောထဲက သူပုန်တွေကို ဘယ်လိုနှိမ်နင်းသွားမလဲ။ သူ့ရဲ့အနီးဆုံးရန်သူက ဘယ်သူဖြစ်လာမလဲ။သူပုန်တွေကို လျှို့ဝှက်ထောက်ပံ့ပေးနေတဲ့သူတွေကရော ဘယ်သူတွေဖြစ်နေမလဲဆိုတဲ့ လှည့်ကွက်ပေါင်းများစွာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့် စီးရီးတွဲလေးပဲဖြစ်ပါတယ်။File Size – 500MB/ 200MBQuality – 1080p Zee5 WEB DL / 720pDuration – minute (@Episode)Total Episodes: 9EpsSubtitle – Myanmar HardsubFormat – Mp4Genre : ...
6
TMDb: 6/10 1 votes
tv

Naxalbari (2020) Complete

2020
Jeet Ki Zid (2021)Complete 6.5
Jeet Ki Zid (2021)Complete Jeet Ki Zid (2021) Action, Drama IMDb 8.3/10 (2.5K)ဒီဇာတ်လမ်းတွဲလေးကတော့ အိန္ဒိယနိုင်ငံတော်စစ်တပ်ရဲ့အထူးတပ်ဖွဲ့စစ်သားတစ်ယောက်ဖြစ်တဲ့ ဒီပ်ဆင်းဆန်ဂရ်ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးတင်ဆင်ထားတဲ့ စီးရီးလေးပဲဖြစ်ပါတယ်။ဒီပ်ဟာ ငယ်စဉ်ကတည်းက အားနည်းတယ်။ ဒါပေမဲ့ ခေါင်းမာတယ်။ သူဖြစ်ချင်တာကို ရအောင်လုပ်တတ်တယ် မှန်တယ်ထင်ရင် စွန့်စားတယ်။ငယ်ငယ်က အစ်ကိုဖြစ်သူကို ကက်ရှမီးဒေသက အကြမ်းဖက်သမားတွေ ဖမ်းသွားလို့ လက်စားချေဖို့ တပ်ထဲဝင်လာတယ်။တပ်ထဲဝင်လာတော့လည်း လူအများမလုပ်နိုင်တဲ့ စံချိန်တွေ ချိုးတယ်။ စစ်မြေပြင်အတွင်းမှာဆိုရင်လည်း အထက်အမိန့်မကြည့်ဘဲ အခြေအနေအချိန်အခါကို တွက်ဆပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းတယ်။ဒီလိုစစ်သားတစ်ယောက်ရဲ့စစ်မြေပြင်မြင်ကွင်းတွေအပြင် ဘဝရဲ့အနိမ့်အကျအလှည့်အပြောင်းတွေမှာလည်း သူ ဘယ်လိုရုန်းကန်နေထိုင်သွားမလဲဆိုတာကို ဒီဇာတ်လမ်းတွဲမှာ မြင်တွေ့ရမှာပဲဖြစ်ပါတယ်။File Size – 700MB / 400MBQuality – 1080p Zee5 WEB DL / 720pDuration – 40minsTotal Episodes: 7EpsSubtitle – Myanmar HardsubFormat – Mp4Genre : Action & ...
6.5
TMDb: 6.5/10 2 votes
tv

Jeet Ki Zid (2021)Complete

2021
One Piece(1999) 8.712
One Piece(1999) One Piece (1999) ========IMDb 8.9/10 Crunchyroll 4.9/5 MyAnineList 8.7/10 ဂျပန်ကာတွန်း​တွေရဲ့ကြီးသုံးကြီးမှာပါတဲ့ one pieceဟာစထွက်ရာက​နေအခုထိ ပရိသတ်​တွေတိုးပွား​နေဆဲပါ။ဂျပန်ကာတွန်း​တွေထဲမှာ​ berserkတို့၊ AoTတို့ဆိုရင် ဇာတ်လမ်းပိုင်းအ​ကောင်းဆုံး​တွေလို့သတ်မှတ်ကြသလိုပဲ one pieceကိုလည်းအ​ကောင်းဆုံး adventureစီးရီး၊ mangaကို animeအဖြစ်အသက်သွင်းတဲ့​နေရာမှာလည်း one pieceက အ​ကောင်းဆုံးလို့​ပြောရင်မှားမယ်မထင်ပါဘူး။ ပြီး​တော့ ဒီစီးရီးဘယ်​လောက်​တောင်​ကောင်းလဲညွှန်းရမယ်ဆိုရင် အပိုင်း၁​ထောင်​ကျော်​နေပြီဆို​ပေမဲ့ one piece fan​တွေဟာ ဇာတ်လမ်းပြီးမှာ​တောင် စိုးရိမ်မိကြတဲ့အထိ လွှမ်းမိုးနိုင်​နေတာပါ။ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ချမ်းသာမှု၊ ​ကျော်ကြားမှု၊ သြဇာရှိမှု​တွေကို ပိုင်ဆိုင်တဲ့ ​ပင်လယ်ဓါးပြ​ဘုရင်ကြီးကို ​ရေတပ်ကဖမ်းဆီးပြီး ကွပ်မျက်ဖို့လုပ်ခဲ့ပါတယ်။မကွပ်မျက်ခင်မှာ ကွပ်မျက်ပွဲကိုလာကြည့်တဲ့ လူ​တွေထဲက​နေ ​ကျော်ကြီးဟာ ပင်လယ်ဓါးပြဘုရင်ကြီးကို​မေးခွန်းတစ်ခုလှမ်း​မေးခဲ့ပါတယ်။"ဘဲကြီးခင်ဗျားပိုင်တဲ့ရတနာ​တွေဘယ်မှာထားခဲ့လဲ။ one pieceဆိုတာ​​ရောတကယ်ရှိလား""သိပ်ရှိတာ​ပေါ့။ ညိုကီ​ရာငါပိုင်ဆိုင်တဲ့ရတနာ​တွေကိုအဲ့ဒီ​နေရာမှာထားခဲ့ခဲ့....ဗျစ်"ဆိုပြီး​ပြော​နေတုန်းမှာ ​ရေတပ်ကကွပ်မျက်ခဲ့တာ​ကြောင့် စကား​တောင်မဆုံးခဲ့ရှာပါဘူး။ဒါ​ပေမဲ့ one pieceရှိတယ်ဆိုတာကိုအတည်ပြုခဲ့တာ​ကြောင့်ပင်လယ်ထဲကိုလူ​တွေအသီးသီးထွက်ကုန်တာ​ကြောင့် ပင်လယ်ဓါးပြ​ခေတ်ကြီးတ​ခေတ်ထလာခဲ့ပါ​တော့တယ်။ အဲ့ဒီလူ​တွေထဲမှာငဖီဆို​တော့ အ​ရှေ့ပင်လယ်ပြာက ​တောသား​လေးလည်းပါပြီးပင်လယ်ထဲရွက်လွှင့်ကာ ပင်လယ်ဓါးပြအဖွဲ့ဖွဲ့ဖို့ အဖွဲ့သားသစ်​တွေစု​ဆောင်းရာက​နေ one pieceဆိုတဲ့မဟာဇာတ်ထုပ်ကြီးဖြစ်​​ပေါ်လာပါ​တော့တယ်..... File Size –  336MB/173MB  @EpisodeQuality – 720p ...
8.712
TMDb: 8.712/10 3524 votes
tv

One Piece(1999)

1999
The Knockout (2023) 8.167
The Knockout (2023) CM ပရိတ်သတ်တွေအတွက် ဒီတစ်ခေါက်မှာတော့အက်ရှင်၊ ဒရမ်မာ၊ မှုခင်းရသမျိုးစုံ ကိုခံစားကြည့်ရှုနိုင်မယ့်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်နော်။ဒီဇာတ်ကားမှာတော့ ကျင်းဟိုင်မြိုရဲ့ ရှေ့တန်းရာဇဝတ်မှုခင်းရဲအရာရှိတစ်ယောက်ဖြစ်တဲ့ အန်းရှင်းတစ်ယောက်သူ့မြိုက လူဆိုးလူမိုက်တွေရဲ့ ရာဇဝတ်မှုတွေ၊ အကျင့်ပျက်ချစားမှုတွေနဲ့ပဲတစ်ချိန်လုံးရင်ဆိုင်နေရပေမယ့် ဘယ်တုန်းကမှအနိုင်မရခဲ့ပါဘူး။ဒါကြောင့်မို လင်ကျန်း ပြည်နယ်စုက အမျိုးသားအဆင့်နိုင်ငံရေးနဲ့ဥပဒေရေးရာပညာပေးပြုပြင်မွန်းမံမှုတွေ သင်ယူထားတဲ့သူတွေကို ကျင်းဟိုင်ကိုစေလွှတ်ပြီးကျင်းဟိုင်ကဥပဒေရေးရာအဖွဲစည်းတွေနဲ့ ပူးပေါင်း ပြီးတဲ့နောက် ဘယ်တုန်းကမှတရားမျှတမှုရအောင်မလုပ်နိုင်ခဲ့တဲ့ ရာဇဝတ်မှု၊ အကျင့်ပျက်ချစား မှုတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းကြမယ်ဆိုတာတွေ...အဲ့ဒီအခါ ကျင်းဟိုင်မှာ နှစ်အတော်ကြာအုပ်စိုးပြီး ဥပဒေကိုသူတိုလက်ခုပ်ထဲကရေလိုကျင့်သုံးနေကြတဲ့လူဆိုးဂိုဏ်းတွေရဲ့အရှိန်ဝါက ဘယ်လိုမျိုးကျဆင်းသွားမလဲဆိုတာတွေ… ကိုCM ပရိသတ်တွေအနေနဲ့ ရင်ခုန်ခံစားကြည့်ရှုနိုင်ဖိုအတွက် တင်ဆက်လိုက်ရပါတယ်နော်သရုပ်ဆောင်တွေကတော့ CM ကနေတင်ဆက်ပေးဖူးတဲ့ Rating အများကြီးရရှိခဲ့တဲ့Operation Red Sea ထဲက မင်းသား Zhang Yi က အန်းရှင်းအဖြစ်သရုပ်ဆောင်ထားပြီးတော့နာမည်ကြီး မင်းသမီးချော Li Yi Tong တိုက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်…(အညွှန်းရေးသားထားသူကတော့ Su Myat Nyut Lin ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : ...
8.167
TMDb: 8.167/10 42 votes
tv

The Knockout (2023)

2023
Extraordinary (2023) Season 01 7.667
Extraordinary (2023) Season 01 Extraordinary (2023) Season 01 Complete ~ IMDb - 8/10, Rotten Tomatoes - 100% ~ ဒီရုပ်ရှင်ဟာ ခင်ဗျားတစ်ခါမှ မမြင်ဖူးတဲ့ စူပါဟီးရိုးလောကအကြောင်းပေါ့။ ဒီကစူပါဟီးရိုးတွေက စူပါဟီးရိုးတွေလို့တော့ပြောရခက်သား။ ဟီးရိုးမဟုတ်တဲ့ စူပါတွေပေါ့။ အများစုကတော့ စူပါငပေါတွေ။ သူတို့လောကမှာ စွမ်းအားတွေက အသက်၁၈ပြည့်ပြီးရင် ပေါ်လာတတ်တယ်။ သူတို့ရတဲ့စွမ်းအားတွေက အသုံးဝင်သလိုလို မဝင်သလိုလိုတွေချည်း။ တစ်ချို့စွမ်းအားတွေဆို ငါ့လခွီးဆိုပြီး အော်မိလောက်အောင် ကကျိုးကကြောင်နိုင်တယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဂျန်ဆိုတဲ့ ကောင်မလေးက အလုပ်အင်တာဗျူးသွားလျှောက်တယ်။ ကံဆိုးချင်တော့ သူ့ကိုအင်တာဗျူးမယ့်လူရဲ့ စွမ်းအားက တစ်ဖက်လူကို အမှန်တွေချည်းပြောအောင်လုပ်တာဖြစ်နေတယ်။ ဒီတော့ အင်တာဗျူးမှာ ဂျန်က ညက တစ်ကိုယ်ရေဘာညာနေလို့ အိပ်ယာဝင်တာနောက်ကျသွားကြောင်းကနေ အစချီပြီး ဗရုတ်ဗရက်တွေ ပြောမိရှာပါလေရော။ ဒီလိုနဲ့ စိတ်ဓာတ်ကျ ခေါင်းငိုက်စိုက်ပြီး ဂျန်အိမ်ကိုပြန်လာခဲ့ရတယ်။ ဂျန်က ကယ်ရီနဲ့ ကတ်ဆိုတဲ့ သူငယ်ချင်းအတွဲနဲ့ အတူတူနေတာ။ သူတို့လည်း ...
7.667
TMDb: 7.667/10 18 votes
tv

Extraordinary (2023) Season 01

2023
National Treasure: Edge of History (2022) Season 01 (Complete) 7.6
National Treasure: Edge of History (2022) Season 01 (Complete) National Treasure: Edge of History (2022) Season 01 Complete National Treasure နှစ်ကားဟာ ကျွန်တော်တို့ ငယ်ငယ်ကတည်းက လူတိုင်းကြိုက်ခဲ့ကြတဲ့ ပြန်ကြည့်တိုင်းလည်း ကြည့်ကောင်းနေတဲ့ ဇာတ်ကားတွေလို့ ပြောရင် လွန်ရာကျမယ်မထင်ဘူး။ နစ်ကေ့ကြီးရဲ့ ရွှေခေတ်စာရင်းလည်း ဝင်တဲ့ကားတွေလို့ ပြောရမှာပဲ။ ရတနာရှာတဲ့ကားတွေ ရှေးဟောင်းသုတေသနကားတွေ ဖောချင်းသောချင်းရှိပေမဲ့ ဒီထဲကမှ အကောင်းဆုံး ၂ခုကိုရွေးပြဆို အင်ဒီယာနာဂျုံးစ်နဲ့ ဒီ National Treasure ကိုပဲ ရွေးကြရမှာမလား။ အင်ဒီနဲ့မတူတာကတော့ ဒီကောင်က ဖောက်ပြီးရင် သူလည်း အကျိုးအမြတ်နည်းနည်းတော့ရသေးသလို နိုင်ငံတော်ပိုင်လည်း အသိမ်းခံရသေးသပေါ့။ အင်ဒီယာနာလောက် အက်ရှင်မများပေမဲ့ သမိုင်းနဲ့ချိတ်ဆက်ပြီး ပဟေဠိဖော်တာတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တရိပ်တရိပ်ပြတတ်တယ်။ ဒီလိုပြလို့လည်း ကိုယ်သိပြီးသားအချက်တွေနဲ့ သမိုင်းတွေနဲ့ နောက်ကွယ်က အချက်တွေကြောင့် စိတ်ဝင်တစားပိုဖြစ်ပြီး အားလုံးကို ဆွဲဆောင်ထားနိုင်တာပါပဲ။ National ဆိုတဲ့ နာမည်နဲ့လိုက်အောင်လည်း ကျွန်တော်တို့ရင်းနှီးတဲ့ ...
7.6
TMDb: 7.6/10 5 votes
tv

National Treasure: Edge of History (2022) Season 01 (Complete)

2022
Gannibal(2022) 8.5
Gannibal(2022) Gannibal(2022)****************အပိုင်း ( ၁ မှ ၇ ) ထိ စ/ဆုံးဒီJapanese Horror Thriller seriesဟာဆိုရင် Disney + နဲ့ Huluက ဇာတ်လမ်းတွဲအဖြစ်အသက်သွင်းထားပြီး2020 ခုနှစ်က hitဖြစ်ခဲ့တဲ့ Gannibal Mangaကိုမှီငြမ်းထားတာမလို့မကောင်းမှာတော့ စိတ်မပူနဲ့ဗျ။ ဇာတ်လမ်းအစမှာဆိုရင် သာယာလှပတဲ့ ကူဂဲရွာလေးရဲ့ရဲအရာရှိဟောင်းဟာဆိုရင်တော့ပျောက်ချင်းမလှပျောက်သွားတဲ့အတွက် ရဲအရာရှိအသစ်အဖြစ် ဒိုင်ဂို အာဂါဝါ ဟာတာဝန်ကျပါတော့တယ်။ရောက်ရှိချိန်မှာ ရွာနယ်ခံတွေက နွေးထွေးစွာကြိုဆိုကြသလို လက်ဆောင်တွေလည်းပေးကြဆိုတော့ပျော်စရာပေါ့..ဒီအပျော်တွေဟာ ရက်ပိုင်းတောင်မခံပါဘူး..ရွာအနီးက တောင်ထိပ်မှာ အဘွားအိုတစ်ဦး ရက်စက်စွာသတ်ဖြတ်ခံထားရတဲ့အပြင်အလောင်းတစ်ဝက်လောက်က သတ္တဝါတစ်ကောင်က စားထားတဲ့ပုံမျိုးတွေ့ရပါတယ်..အဲ့ဒီနောက် ရဲအရာရှိဟာ ဒီကိစ္စကိုဖြေရှင်းဖို့ကြိုးစားပါတော့တယ်..တစ်ပတ်ကိုတစ်ပိုင်းထွက်ရှိမှာဖြစ်ပြီး Horror ကားကြိုက်သူတို့မြည်းကြည့်သင့်တယ်..အပိုင်းတစ်မှာတင်ကြွေသွားလိမ့်မယ်..Episodes: 7File Size:815MB, 315MBQuality :Web-DL DNSP 1080p5.1Ch,720PGenres: Horror, Crime, Action & AdventureTranslated by Themes  & KitEncoded by  Phyo Pyae  >>>>TELE LINK ><>>>>  Episode 01  [720p]  ...
8.5
TMDb: 8.5/10 2 votes
tv

Gannibal(2022)

2022
Jaanbaaz Hindustan Ke (2023)
Jaanbaaz Hindustan Ke (2023) Jaanbaaz Hindustan Ke (2023)IMDb-7.3/10အိန္ဒိယမှုခင်းကားတွေကြိုက်တဲ့ပရိသတ်ကြီးအတွက် မှုခင်းစီးရီးကောင်းလေးတစ်လှည့်တင်ဆက်ပေးချင်ပါတယ် အိန္ဒိယကားဆိုပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ချိတ်ဆက်ပုံ တရားခံနဲ့ရဲနဲ့ဉာဏ်ချင်းပြိုင်ကြပုံတွေက အကွက်စေ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်တဲ့အပြင် အလုပ်နဲ့မိသားစုရေးရာစတဲ့ ဒရမ်မာတွေပါဖြည့်စွက်တင်ပြထားတာမို့ ရသစုံစွာနဲ့ မပျင်းမရိကြည့်ရှုကြရမှာပါဇာတ်လမ်းအကျဉ်းလေးကတော့ ကာဗီရာအိုင်ယာဆိုတဲ့ ရဲစွမ်းသတ္တိနဲ့ပြည့်၀တဲ့ရဲမေဟာ မစ်ရှင်တွေ စစ်ဆင်ရေးတွေတိုင်းလိုလိုအောင်မြင်ခဲ့သူပါ သူကအလုပ်မှာစိတ်ရောကိုယ်ပါနစ်မြှုပ်ထားလို့ အိမ်ထောင်ရေးပါပြိုကွဲရသည်ထိဖြစ်ခဲ့ပါတယ် ဘယ်လောက်ထိတောင်နှစ်မြှုပ်ထားသလဲဆိုရင် လင်မယားစကားများနေရင်းတောင် အလုပ်အကြောင်းသတိရပြီးထလုပ်တတ်သူပါတစ်နေ့သူဟာအရေးကြီးအမှုတစ်ခုကို ကိုင်တွယ်ရင်း မထင်မှတ်ပဲလွဲချော်သွားပြီး ပြည်သူတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့အသက်ဆုံးရှုံးခဲ့ရပါတယ် အမျိုး‌သမီးတွေရဲ့ စံပြ ရဲဂုဏ်ဆောင် စီလွန်ကျားမလို့ နာမည်ရခဲ့ဖူးတဲ့ ကာဗီရာကို ဒီဖြစ်ရပ်ကြောင့် အားလုံးကိုရွံ့မုန်းကုန်ကြပါတော့တယ် ဒီလောက်ထိတော်တဲ့ရဲက ဘယ်လိုအမှုမို့ ကျရှုံးသွားရတာလဲ အသွေးထဲအသားထဲက ရဲအလုပ်ကိုချစ်မြတ်နိုးနေတဲ့သူဟာ အ‌လျှော့တော့ပေးမှာမဟုတ်ပါဘူး သူဘယ်လိုရင်ဆိုင်ကျော်လွှားဖော်ထုတ်မလဲ တစ်ပိုင်းပြီးတစ်ပိုင်းဆက်တိုက်ကြည့်ချင်လောက်အောင် ဆွဲဆောင်မယ့်ကားဖြစ်ပါတယ်Quality : 1080p AAC5.1CH / 720pTotal Episodes : 8EpsFormat : mp4Genres :Action & Adventure, DramaDuration : 35minSubtitle : Myanmar Subtitle ( Hardsub )Translated by BpL ~ Yunni ~ Sai Thu Rein~ Nyein AyeEncoded by ...

Jaanbaaz Hindustan Ke (2023)

2023
Lockwood & Co. (2023) 8.1
Lockwood & Co. (2023) Lockwood & Co. (2023) ================== IMDb Rating - 8.1/10Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ရှားလော့ဟုမ်းနဲ့ Supernatural ပေါင်းထားသလို စိတ်၀င်စားဖို့ကောင်းတဲ့ Horror ဇာတ်လမ်းတွဲ အသစ်တစ်ပုဒ်လာပါပြီ။ ဒါရိုက်တာ ကလည်း Marvel ရဲ့ Ant-Man , Starwars The last Jedi တို့မှာ ဇာတ်ညွှန်းဆရာဖြစ်ခဲ့တဲ့ Joel Cornish ဖြစ်ပါတယ်။ IMDb မှာလည်း အခုလောလောဆယ်  Rating 8 လောက် ထိရထားပါတယ်။ဇာတ်လမ်းအညွှန်း - ကမ္ဘာကြီးက ပရလောက ကပ်ဆိုက်ပြီး တစ်လောကလုံး သရဲ တွေ ကပ်ရောဂါလိုကြီးစိုးနေတဲ့ခေတ်ပါ။ ဒါပေမယ့် မရီဆာဖစ်စ်နဲ့ တွန်ရော်ဝယ်လ်ဆိုတဲ့ လူနှစ်ယောက်က ဒီကပ်ရောဂါကြီးကို နှိမ် နင်းခဲ့ပြီးနောက်ပိုင်းမှာ ကမ္ဘာအနှံ့ သရဲဖမ်းအေဂျင်စီတွေ မှိုလိုပေါက် လာပါတယ်။ အဲ့ထဲမှာမှ ဖစ်စ်နဲ့တွန်တို့ ဖွင့်ထားတဲ့ အေဂျင်စီက နာမည်အကြီးဆုံးဖြစ်ပါတယ်။နှစ် 50 အကြာမှာ မျိုးဆက်သစ်တွေအဖြစ် ဒီ series ရဲ့ MC တွေ ဖြစ်တဲ့ လူစီကိုင်လာနဲ့ အန်တိုနီလော့ဝုဒ်တို့ပေါ်လာပြီး ...
8.1
TMDb: 8.1/10 81 votes
tv

Lockwood & Co. (2023)

2023
Jhansi (2022) S1+S2 7
Jhansi (2022) S1+S2 တလဲဂူး မင်းသမီးချောလေးတွေ ဖြစ်တဲ့ Anjali, Chandini Chowdhary တို့ ပါဝင်ရိုက်ကူးထားတဲ့ Jhansi စီးရီးလေးအသစ်စက်စက်လေးကတော့ ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် ထွက်ရှိလို့လာပါပြီJhansi(ဂျန်စီ) - ကယ်ရာလာမှာနေထိုင်ပြီး အတိတ်မေ့နေတဲ့ ကောင်မလေးတစ်ယောက် တစ်နေ့မှာတော့ ဂျန်စီဟာ ဆန်ကိသ် ရဲ့ သမီးဖြစ်သူ မေဟာကို မတော်တဆမှုတစ်ခုမှာ မမျှော်လင့်ဘဲ ကယ်တင်ပေးလိုက်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆန်ကိသ်တစ်ယောက်လည်း အတိတ်မေ့နေတဲ့ ဂျန်စီကို ဟိုက်ဒရာဘတ်ထိခေါ်သွားပြီး ဘ၀အသစ် စတင်ခိုင်းခဲ့ပါတယ် ကြာလာတော့ ဆန်ကိသ်နဲ့ ဂျန်စီတို့ မေတ္တာမျှလာပြီး ချစ်သူတွေ ဖြစ်လာကြတယ် ဆန်ကိသ်တစ်ယောက် ချစ်သူဖြစ်သူ ဂျန်စီ အတိတ်ကို ပြန်လည် သတိရလာဖို့ ဦးလေး ဖြစ်သူစီမှာ အိပ်မွေ့ချကုထုံးနဲ့ ကုသခိုင်းခဲ့တယ်။ တစ်နေ့မှာတော့ ကုသမှုခံယူရင်းကနေ ဂျန်စီရဲ့ အမြင်ထဲမှာ သူ့ရဲ့ အတိတ်အကြောင်း တစ်ပိုင်းတစ်စ ပုံပေါ်လာခဲ့တယ် ဂျန်စီ့ရ​ဲ့ အမြင်အာရုံထဲမှာ သူမကို တိုက်ခိုက်ပြီး နှိပ်စက်ခဲ့တာ ဘယ်သူတွေလဲ ... ဘယ်နေရာမှာ တိုက်ခိုက်ခံခဲ့ရတာလဲ ...သူတို့နဲ့ ဂျန်စီ့ကြားမှာ ဘာရန်ငြှိုးတွေ ဆက်စပ်မှုတွေ ...
7
TMDb: 7/10 2 votes
tv

Jhansi (2022) S1+S2

2022
Willow (2022) Season 01 Complete 6
Willow (2022) Season 01 Complete Willow (2022) Season 01 Complete ~ Rotten Tomatoes - 84%, Metacritic - 70% ~ 1988 မှာတုန်းက Star Wars ယူနီ‌ဗာ့စ်ရဲ့ဖခင်ကြီး George Lucas ရဲ့ဇာတ်လမ်းကို Ron Howard ကရိုက်ပြီး မှော် Fantasy ယူနီဗာ့စ်တစ်ခုအ‌နေနဲ့ Willow ဆိုပြီး ရိုက်ခဲ့ပါတယ်။ Warwick Davis, Val Kilmer နဲ့ Joanne Whalley တို့လို Cast အလန်းတွေကိုသုံးပြီးကို ရိုက်ခဲ့တာပါပဲ။ လူပြောသူပြောများလောက်တဲ့ ပေါက်ခဲ့တာတော့မဟုတ်ပေမဲ့ ဆိုးတော့မဆိုးသွားဘူးပြောရမှာပါပဲ။ ဒါပေမဲ့ ဒီဇာတ်လမ်းဟာ အများကြီးလာဖို့ရှိသေးပေမဲ့ ကလေးလေးမွေးပြီးစမှာတင် ဘာမှဆက်မဖြစ်တော့တာ တော်တော်ကြာသွားပါတယ်။ လူးကတ်စ်ကလည်း ဒီဇာတ်လမ်းကို ဆက်အသက်သွင်းချင်ပါတယ်။ Solo: A Star Wars Story ကားရိုက်ကွင်းကို လူးကတ်စ်သွား‌တော့ Lawrence ...
6
TMDb: 6/10 16 votes
tv

Willow (2022) Season 01 Complete

2022