Channel Myanmar

Bollywood

Hush Hush (2022) Complete 7
Hush Hush (2022) Complete Hush HushIMDb-5.2/10ဒီတစ်ခါ မိတ်ဆက်ပေးမှာကတော့ အိန္ဒိယ drama series ကောင်းလေးဖြစ်ပါတယ်နိုင်ငံရေးအသိုင်းအဝိုင်းနဲ့မကင်းတဲ့ စီးပွားရေးလုပ်ငန်းရှင် - အစ်ရှီ ဒီဇိုင်းပညာနဲ့ နိုင်ငံတကာထိုးဖောက်‌ဖို့ ကြိုးစားနေတဲ့-ဇာရာ အောင်မြင်တဲ့လုပ်ငန်းရှင်ယောင်္ကျားနဲ့ သားသမီးလေးတွေနဲ့ အခြေကျနေတဲ့ ဘ၀လေးပိုင်ဆိုင်ထားတဲ့-ဆိုင်ဘာ ငယ်ရွယ်လှ‌ပပေမယ့် ကလေးမရနိုင်လို့ဆိုပြီး ယောက္ခမဆီက အမြင်မကြည်ခံရတဲ့ -ဒိုလီသူတို့လေးယောက်ဟာ အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နေ့ပါတီပွဲတစ်ခုမှာ လူတစ်ယောက်က အစ်ရှီကို သတ်ဖို့ ကြိုးစားလို့ ဝိုင်းကူကြရင်း လက်လွန်သွားကြတယ် ဟိုလူကလည်း ဘယ်သူမှန်းမသိသလို အစ်ရှီကလည်း နိုင်ငံအတွင်းဖြစ်နေတဲ့ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သတ်ပြီး စောင့်ကြည့်ဝေဖန်ခံနေရတဲ့ စီးပွားရေးလုပ်ငန်းရှင်အစ်ရှီက သူဖြေရှင်းလိုက်မယ်ဆိုပြီး သူငယ်ချင်းတွေကို ဖျောင်းဖြပြီး ပြန်လွှတ်လိုက်တယ် ဒါပေမယ့် သူတို့နဲ့ချိန်းထားတဲ့ မနက်မှာပဲ အစ်ရှီက ရေးချိုးခန်းထဲမှာ သူ့ကိုယ်သူ သတ်သေသွားတဲ့အချိန်မှာတော့....ကျန်ခဲ့တဲ့ သူငယ်ချင်းသုံးယောက်ဘယ်လိုတွေ ဆက်လုပ်ပြီး ဘယ်လို စခန်းသွားကြမလဲ...... အမျိုးသမီး လေးယောက်ရဲ့ ဘ၀ဇာတ်ခုံနဲ့ သူတို့ရဲ့ ဘ၀အမြင်ခံယူချက်တွေပါ ခံစားနိုင်မယ့် thriller ကားလေး ဖြစ်ပါတယ်File Size – 600MB  / 300MBQuality –1080p WEB ...
7
TMDb: 7/10 1 votes
tv

Hush Hush (2022) Complete

2022
Dahan: Raakan Ka Rahasya (2022) 8
Dahan: Raakan Ka Rahasya (2022) Drama series တွေကို ကြည့်ရတာငြီးငွေ့နေကြတဲ့ ဘောလိ၀ုဒ်ချစ်သူ ပရိသတ်ကြီးအတွက် အခုတစ်ခေါက်မှာတော့ CM ကနေ IMDB 7.4 ရရှိထားတဲ့ Thriller ဘောလိ၀ုဒ်စီးရီးလေးကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် ဒီစီးရီးလေးကတော့ သဘာ၀လွန်ဖြစ်ရပ်ဆန်းတွေ Horror ကားတွေကို ကြိုက်နှစ်သက်သူများအတွက် လက်မလွှတ်သင့်ဘဲကြည့်ရှုသင့်တဲ့ စီးရီးလေးတစ်ခုဆိုလည်း မမှားပါဘူးDahan ဆိုတာ တောင် လို့အဓိပ္ပာယ်ရပါတယ် ။ ဒါကြောင့် ဇာတ်ကားလေးကလည်း နာမည်နဲ့လိုက်ဖက်အောင် Shilaspura ကတောင်တွေရဲ့ နောက်ကြောင်းရာဇဝင်ကို အခြေခံပြီး ရိုက်ကူးထားတာပါ စီးရီးလေးအစမှာတော့ ခင်ပွန်းသည်ဖြစ်သူကို ပူပူနွေးနွေး ဆုံးရှုံးထားရတဲ့ IAS အရာရှိတစ်ဦးဖြစ်သူ Avani နဲ့ သူ့သားလေး Anay တို့ ရာဂျစ်စသန် မှာရှိတဲ့ Shilaspura သို့ အကြောင်းကြောင်းကြောင့် ခရီးထွက်လာဖြစ်ခဲ့ပါတယ် Shilaspura ဆိုတာက ရှေးခေတ် အယူအဆတွေ ကိုးကွယ်ယုံကြည်မှုတွေ မှော်ဆရာ နတ်ဆိုးရဲ့ ကျိန်စာနဲ့ ဖုံးလွှမ်းအုံ့မှိုင်းနေတဲ့ မြို့လေးတစ်မြို့ပေါ့ ...ဒဏ္ဍာရီတွေအရ Shilaspura မှာ Nikasiyas နဲ့ ...
8
TMDb: 8/10 1 votes
tv

Dahan: Raakan Ka Rahasya (2022)

2022
Murder By The Sea (2022) 9
Murder By The Sea (2022) Crime Series တွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် ဒီတစ်ခါမှာတော့ Murder By the Sea လို့ခေါ်တဲ့ Crime Thriller ဘင်္ဂါလီ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ် ။ ၂၀၂၂ August ၁၂ ရက်နေ့မှာမှ အသစ်စက်စက်ထွက်ရှိထားတဲ့ စီးရီးလေးဖြစ်ပြီး စုစုပေါင်း အပိုင်း ၈ ပိုင်းပါဝင်ကာ ပူရီမြို့လေးကို အခြေခံရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ငယ်ဘ၀က မောင်ဖြစ်သူ ပင်လယ်ထဲ ပြုတ်ကျပြီး ရေနစ်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် အိမ်ထောင်ကျတဲ့အထိ အတိတ်ရဲ့ အရိပ်ကနေ မလွတ်မြောက်နိုင်သေးဘဲ မှုခင်းသဲထိတ်ရင်ဖိုဇာတ်လမ်းတွေကို ရေးသားနေသူ စာရေးဆရာမ Arpitar San .... မောင်ဖြစ်သူ သေဆုံးရတာ သူ့ပယောဂကြောင့် ဆိုတဲ့ စိတ်ခံစားချက်ကြီးကြောင့် တဖြည်းဖြည်း စိတ်ဝေဒနာ ခံစားလာနေရတာမလို့ စိတ်ရောဂါ အထူးကုဆရာဝန်ရဲ့ အကြံပေးချက်အရ သူငယ်စဉ်က နေထိုင်ရာ ပူရီမြို့ကို ပြန်လာပြီး အိပ်မက်ဆိုးကြီးကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေတဲ့အချိန် ....Arpitar တစ်ယောက် ပင်လယ်ကမ်းစပ်မှာလမ်းလျှောက်နေရင်း ဓာတ်ပုံဆရာ ဖြစ်သူ Arun ...
9
TMDb: 9/10 1 votes
tv

Murder By The Sea (2022)

2022
Modern Love: Mumbai (2022) Complete 8
Modern Love: Mumbai (2022) Complete Modern Love MumbaiIMDb rating - 8/10အချစ်လို့ကြားလိုက်ရတာနဲ့ သစ်လွင်လှပမြူးကြွတဲ့ဘဝတစ်စိတ်တစ်ပိုင်းကို မြင်ယောင်ကြပေမယ့် နေ့စဥ်ဒုက္ခလှလှတွေကို မေ့တတ်ကြတယ်ဒီကားထဲမှာတော့ သဘာဝနဲ့ ပတ်ဝန်းကျင်ရဲ့ တင်းကျပ်သတ်မှတ်ချက်တွေနဲ့ နေ့စဥ်ဒုက္ခလှလှတွေကို အချစ်နဲ့ကျော်ဖြတ်သွားကြပုံလေး ရိုက်ပြထားတယ်အခါးသံသရာကို အချစ်ချိုချိုလေးတွေနဲ့ ဘယ်လိုတွေအနိုင်ယူမလဲ.........Episode 1အိန္ဒိယထုံးစံ ဇာတ်အနိမ့်အမြင့်တွေကြားက အချစ် ကန့်သတ်ထိန်းချုပ်မှုတွေကြားက မိန်းကလေး တစ်ယောက် ဘဝ ဇာတ်အနိမ့်အမြင့်ကွာခြားမှုတွေကြားက စွန့်စားပြီးချစ်ခဲ့ရသူက စွန့်ခွာသွားတဲ့အချိန် ထင်သလိုမျှော်လင့်စောင့်စားမနေပဲ ကိုယ့်ဘဝကိုယ်စတင်ပြောင်းလဲနေတဲ့ကောင်မလေးတစ်ယောက်.. ကန့်သတ်ချက်တွေ တင်းကျပ်မှုတွေကို ပေါ့ပေါ့ပါးပါးနဲ့ ဘယ်လိုကျော်ဖြတ်ပြသွားမလဲEpisode 2ကြီးပြင်းလာခဲ့ရတဲ့ ဘဝရဲ့အတိတ်ဖြစ်ရပ်တွေကထပ်ကြပ်မကွာလိုက်နေခဲ့တာမို့ Gayတစ်ယောက်အဖြစ်ဝန်မခံချင်ခဲ့တဲ့ မန်ဇူ သားအရင်းအချာပမာပြုစုပျိုးထောင်ပေးခဲ့တဲ့အဖွားစိတ်ပျက်သွားမှာကြောက်လို့ အချစ်ကိုဝန်မခံရဲခဲ့သူ..မိဘတွေကလည်း Gayတစ်ယောက်အဖြစ်လက်မခံခဲ့လို့ ပင်ပန်းနေတဲ့သူ့ဘဝထဲ ဘယ်လိုအလှည့်အပြောင်းတွေကြုံတွေ့လာမလဲ...Episode 3တရုတ်နဲ့ အိန္ဒိယစပ်ကာ မွေးဖွားလာပြီး တရုတ်ပြည်မှာပဲ အခြေချ နေထိုင်နေတဲ့သူအမေဖြစ်သူ တရုတ်လူမျိုးက သူ့သားကို တရုတ်မနဲ့ပဲ ယူစေချင်ပြီး သူ့သားချစ်သူ အိန္ဒိယမနဲ့ သဘောမတူတဲ့အခါ...အမေနဲ့ ချစ်သူကြား ဗျာများနေရတဲ့သူတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်Episode 4အချစ်မှာ အသက်ဆိုတာဟာကိန်းဂဏန်းတစ်ခုပါပဲ အသက်၂၀လောက်ကွာခြားနေတဲ့ ၄၀ကျော်နဲ့ ၂၀ကျော်အချစ်အကြောင် းရိုက်ကူးတင်ဆက်ထားတဲ့ ဒီအပိုင်းဟာဆိုရင်လည်း ချစ်နေဖို့သာအဓိကဆိုတဲ့ ဝေါဟာရကို ပုံဖော်ထားပါတယ်Episode 5ရွေးလေ လိုလေ အိုတစ္ဆေဖြစ်နေတဲ့ အပျိုကြီးမမတစ်ယောက်လိုအပ်ချက်မရှိ သူနဲ့ကိုက်ညီတဲ့ ကောင်လေးတစ်ယောက်နဲ့ တွေ့ရှိသွားတဲ့အခါ...Episode 6အိမ်မှုကိစ္စအဝဝနဲ့ ယောင်္ကျားကိုပံ့ပိုးရင်း ဝါသနာတွေမှေးမှိန်ခဲ့ရတဲ့ အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ ...
8
TMDb: 8/10 1 votes
tv

Modern Love: Mumbai (2022) Complete

2022
Rangbaaz: Darr Ki Rajneeti (2022)
Rangbaaz: Darr Ki Rajneeti (2022) Rangbaaz: Darr Ki Rajneeti (2022)ဒီနေ့မှာတော့ Channel Myanmar ရဲ့ ပရိတ်သတ်တွေအတွက် အလွမ်းအဆွေးနဲ့ အချစ်ဇာတ်အိမ်တွေမဟုတ်ပဲ လှည့်ကွက်အပြည့်နဲ့ နိုင်ငံရေးဇာတ်လမ်းတစ်ခုကို မိတ်ဆက်ပေးလိုက်ပါတယ်။ဟာရွန်ရှာအာလီဘေဆိုတဲ့ ဒုစရိုက်သမားတဖြစ်လည်း နိုင်ငံရေးသမားတစ်ယောက်ရဲ့ အကြောင်းပေါ့။ လူမျိုးကြီးဝါဒကြီးစိုးပြီး ဇာတ်နိမ့်၊ဇာတ်မြင့် ခွဲခြားဆက်ဆံတဲ့ ပြဿနာနဲ့ အဓိကရုဏ်းတွေ၊ ဘာသာရေးအမြင်ကွဲလွဲမှုကြားထဲက လူတွေရဲ့ ကြမ်းကြုတ်မှုတွေ၊ ဒါတွေကို ငယ်စဥ်ဘဝကတည်းက ကြုံလာခဲ့တဲ့ ဟာရွန်။နိုင်ထက်စီးနင်းမှုတွေအောက်မှာ အလူးအလိမ့်ခံခဲ့ရတဲ့ ဟာရွန်တစ်ယောက် ဘီဟာပြည်နယ်ရဲ့ မထင်မရှားဘဝကနေ လူတိုင်း နာမည်ကြားရုံနဲ့ ကြောက်ရတဲ့ ဒုစရိုက်သမားဘယ်လိုဖြစ်လာခဲ့လဲ။ ပြည်နယ်ရဲ့ အာဏာအရှိဆုံး နိုင်ငံရေးသမားတစ်ယောက် ဘယ်လိုဖြစ်လာလဲဆိုတဲ့ အကြောင်းကို အပိုအလိုမရှိတဲ့ လှည့်ကွက်တွေနဲ့ ကြည့်ရမှာမို့ ကားကောင်းလေးတစ်ကားလို့ ညွှန်းလိုက်ပါတယ်ဗျာ။File Size –500MB / 250MbQuality – 1080p / 720pDuration – 40minsTotal Episodes: 6EpsSubtitle – Myanmar HardsubFormat – Mp4Genre : ActionTranslator – ...

Rangbaaz: Darr Ki Rajneeti (2022)

2022
Meme Boys (2022)
Meme Boys (2022) Meme Boys၂၀၂၂ ထွက် IMDB rat 7.8/10 ရရှိထားတဲ့ ဘောလိ၀ုဒ် စီးရီးအသစ်လေးဖြစ်တဲ့ Meme boys လေးလာပါပြီ .... ဒီစီးရီးလေးရဲ့ ထူးခြားချက်က အရင် စီးရီးတွေလို ဇာတ်အိမ်မျိုးမဟုတ်ဘဲ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါး ကောလိပ်ကျောင်းသားတွေရဲ့ ဘ၀ကို ဇာတ်အိမ်တည်ပြီး ဟာသ ဒရာမာ ပုံစံ ရိုက်ကူးထားတာပါ ....အုပ်ချုပ်ရေး စီမံခန့်ခွဲမှု အပိုင်းနဲ့ ပတ်သက်ပြီး ကျောင်းသားတွေနဲ့ ဌာနမှူးကြား သဘောထားကွဲလွဲချက်တွေ ရှိနေကြတဲ့ အာပူဗာ ကောလိပ် ကောလိပ်ရဲ့ အဓိက အုပ်ချုပ်သူ ဌာနမှူးကတော့ စည်းကမ်း နဲ့ ထိန်းချုပ်မှုက လူ့ဘ၀မှာ အရေးကြီးဆုံးလို့ ယူဆတဲ့သူ .... meme boys ဆိုတာကတော့ ကောလိပ်ရဲ့ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုတွေ meme အနေနဲ့ လှောင်ပြောင်ဖန်တီးပြီး အင်တာနက်ပေါ် မျှဝေနေတဲ့ page လေးတစ်ခု ...ဒီ page ...

Meme Boys (2022)

2022
Shoorveer (2022) Complete 7.5
Shoorveer (2022) Complete ဘောလိ၀ုဒ် စီးရီးချစ်သူပရိသတ်တွေအတွက် မင်းသား မင်းသမီး အချောလေးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ action drama စီးရီးကောင်းလေးလာပြီနော် .... ၂၀၂၂ ဇူလိုင်လ ၁၅ ရက်နေ့မှာ ထွက်ရှိထားပြီး imdb rate 6.8 ရရှိထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ဇာတ်လမ်း ကျောရိုးလေးကတော့ အကြမ်းဖက်သမားတွေရဲ့ ကျူးကျော်တိုက်ခိုက်ခြိမ်းခြောက်မှုဒဏ်ကို ခံနေရတဲ့ အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကို ကာကွယ်ဖို့ အဖွဲ့တစ်ခု စတင်ဖွဲ့စည်းတာကို အခြေပြုရိုက်ကူးထားတာပါ ။ အကြမ်းဖက်သမားတွေကြောင့် သေဆုံးနေရတဲ့ အသက်ကို ကာကွယ်ဖို့အတွက် အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီက ပရောဂျက် HAWK ဟော့ခ် အမည်ဖြင့် အထူးကွန်မန်ဒိုတပ်ဖွဲ့တစ်ခုကို ကြည်းတပ် ရေတပ် လေတပ် အင်အားစုသုံးခုက ထိပ်တန်းအရာရှိတွေနဲ့ ဖွဲ့စည်းဖို့ ကြိုးစားခဲ့ပါတယ် ။ ဟော့ခ်ကို ဖွဲ့စည်းရခြင်း ရည်ရွယ်ချက်ကတော့ အကြမ်းဖက်မှုတွေကို အချိန်နဲ့တပြေးညီ မကြန့်ကြာစေဘဲ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ပေးနိုင်ဖို့ပဲဖြစ်ပါတယ် အဲဒီအဖွဲ့ကို ဦးဆောင်ဖို့ ရွေးချယ်ခံရသူကတော့ အတိတ်က တပ်သားတွေကို ဆုံးရှုံးခဲ့ရတာကြောင့် ကိုယ့်ကိုကို အားမလိုအားမရဖြစ်ခဲ့တဲ့ ပင်စင်ယူခါနီး တပ်မှူး ရန်ဂျန် မာလစ်ပဲဖြစ်ပါတယ် ။ သူကိုယ်တိုင် ...
7.5
TMDb: 7.5/10 2 votes
tv

Shoorveer (2022) Complete

2022
The Broken News (2022) 8
The Broken News (2022) The Broken News (2022)==================== အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်နေတဲ့ ဂျာနယ်လစ်လောက၊မီဒီယာလောကအကြောင်းရိုက်ကူးထားတဲ့ IMDb 7.6/10 ရ အိန္ဒိယစီးရီးကောင်းလေးပဲဖြစ်ပါတယ်။မွန်ဘိုင်းမြို့က “Awaaz Bharati” နဲ့ “Josh 24/7” အမည်ရ အပြိုင်သတင်းချန်နယ်နှစ်ခု ..ဂျာနယ်လစ်တွေရဲ့ကျင့်ဝတ်တွေ လိုက်နာရမယ့်ထုံးတမ်းတွေကိုလေးစားတဲ့သတင်းချန်နယ် နဲ့ ကိုယ့်သတင်းကြည့်ရှုနှုန်းများများရရင်ပြီးရော နစ်နာသူကိုလည်းမငဲ့ညာကြည့်ရှုသူကိုလည်းမလေးစားဘဲ လိုချင်တဲ့သတင်းကိုအကြပ်ကိုင်ဖန်တီးယူပြီး“အိန္ဒိယရဲ့ နံပါတ်တစ် သတင်းချန်နယ်” ဆိုတဲ့ဂုဏ်ပုဒ်ကိုပဲ မက်မောတဲ့ သတင်းချန်နယ် ..။ သတင်းချန်နယ်ဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အမှုအခင်းအားလုံးနဲ့ဆက်နွယ်နေတဲ့ အရာတစ်ခုပါ။ ဒါတွေအားလုံးထဲမှာမှအမှန်တရားတွေလည်းရှိမယ် အလိမ်အညာတွေလည်းရှိမယ်ဖုံးကွယ်ထားတာတွေလည်းရှိလည်းရှိမယ်။ “The Broken News” မှာလည်း၂၀၁၇ခုနှစ်ရဲ့ လူ ၁၄ယောက်သေဆုံးခဲ့တဲ့ City Glitz Mall မီးလောင်မှုကမတော်တဆမှုလား ရှို့မီးလားဆိုတာ ဘယ်သူမှအဖြေမထုတ်နိုင်သေးတဲ့သတင်းတစ်ခုဖြစ်နေပါတယ်။ အဖြေမထုတ်နိုင်သေးသလိုလက်လည်းမလျှော့နိုင်တဲ့သူကတော့ “Awaaz Bharati”သတင်းချန်နယ်က ဂျာနယ်လစ် Radhika ပါ။ အဲဒီမီးလောင်မှုထဲမှာအခန်းဖော်ဖြစ်တဲ့ ဂျာနယ်လစ် Julia လည်းပါသွားခဲ့ပြီး Radhika ကတော့အခန်းဖော်ဖြစ်တဲ့ Julia ရဲ့ပစ္စည်းတွေကတဆင့် ...
8
TMDb: 8/10 1 votes
tv

The Broken News (2022)

2022
Mai: A Mother’s Rage (2022) 9.7
Mai: A Mother’s Rage (2022) Mai: A mother's rage (2022)ဒီဇာတ်ကားလေးကတော့ Netflix ကနေပူပူနွေးနွေးထွက်ရှိထားတဲ့မှုခင်းဒရမ်မာကားလေးဖြစ်ပြီးတော့ IMDB ကလည်း 8.1ထိရထားတာမို့ ကြည့်မကောင်းမှာလည်း စိတ်မပူပါနဲ့နော်ဇာတ်လမ်းအကျဉ်းလေးကတော့တစ်နေ့မှာ Sheel နဲ့ သမီးဖြစ်သူ Supriya က လမ်းလယ်ခေါင်မှာကတောက်ကဆစကားများကြရင်းနဲ့ သမီးဖြစ်သူကကိုယ့်မျက်စိရှေ့တင်ကားတိုက်ခံရပြီးဆုံးပါးသွားခဲ့ပါတယ်တရားရုံးကလည်း မူးယစ်ရင်းကားမောင်းမှုကြောင့်ကျူးလွန်မိတာဆိုပြီး ‌ဒရိုင်ဘာကိုထောင်ချခဲ့ပေမဲ့Sheel ဟာ အမှုက တစ်ခုခုလွဲမှားနေတာကို သတိထားမိလာခဲ့ပါတယ်Sheel ဟာ မိသားစု၀င်တွေအတန်တန်တားကြတဲ့ကြားက အမှန်တရားကိုကိုယ်တိုင်ဖော်ထုတ်ဖို့ကြိုးစားရင်းနဲ့ သမီးဖြစ်သူရဲ့လူသတ်မှုမှာနိုင်ငံရေးသမားဖြစ်တဲ့ Jawahar ပါ၀င်နေတာကို သိလိုက်ရတဲ့အချိန်မှာSheel တစ်ယောက် သမီးအတွက် ဘယ်လိုလက်စားချေမလဲအဲလူသတ်မှုမှရောနိုင်ငံရေးသမားအပြင် ဘယ်သူတွေပါ၀င်နေပြီး ဘယ်လိုအရှုပ်ထွေးတွေရှိနေမလဲစိတ်လှုပ်ရှားဖွယ်ကြည့်ရမယ့်ကားလေးမို့ လက်မလွတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် File Size –550MB / 300MB @EpisodeQuality – 1080p NF WEB DL AAC5.1CH  / 720pDuration – 45minute (@Episode)Total Episodes: 6EpsSubtitle – Myanmar HardsubFormat ...
9.7
TMDb: 9.7/10 6 votes
tv

Mai: A Mother’s Rage (2022)

2022
Rudra: The Edge Of Darkness (2022) Complete 8
Rudra: The Edge Of Darkness (2022) Complete Rudra:The edge of darkness(2022)ဒီဇာတ်လမ်းတွဲကတော့ အင်္ဂလိပ်စီးရီးတစ်ခုဖြစ်တဲ့ Luther ကိုအန္ဒိယဇာတ်လမ်းတွဲအဖြစ်ပြန်လည်အသက်သွင်းထားတဲ့ Crime/Thriller စီးရီးတစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအစအဆုံးတစ်ထေရာထဲပြန်ရိုက်ထားတာတော့မဟုတ်ပေမယ့် Remake လို့ပြောထားတာကြောင့်ဇာတ်ကောင်တွေနဲ့ ဇာတ်လမ်းကြောရိုးတချို့ကတော့ဆင်တူနေမှာပါ။ မူရင်း Luther စီးရီးကတော့ ၂၀၁၀ ခုနှစ်ထဲကစတင်ပြီးSeason(5) ခုထွက်ရှိထားပြီး အခုအိန္ဒိယဇာတ်လမ်းတွဲက တော့ Season(1) ကို အပိုင်း(6)ပိုင်းနဲ့ထွက်ရှိလာတာပါ။ ဇာတ်လမ်းအကျဥ်းကတော့ မွန်ဘိုင်းမြို့တောင်ပိုင်းက ရူဒရာဆိုတဲ့ရဲတစ်ယောက်ဟာသေနတ်လုံးဝမကိုင်တဲ့ရဲဆိုပြီးနာမည်ကျော်ပါတယ်။ ဟုတ်ပါတယ် သူဟာလူသတ်မှု၊ပြန်ပေးဆွဲမှု စတဲ့အမှုကြီးတွေကိုကိုင်တွယ်ရပေမယ့်လည်း သေနတ်ကိုလုံးဝမကိုင်ပဲMind game တွေကိုသာသုံးပြီးအမှုတွေကိုဖြေရှင်းလေ့ရှိတာပါ။ ဒီလိုအရည်အချင်းရှိတဲ့ရဲတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်ဘဝမှာတော့အမြဲအဆင်ပြေမနေခဲ့ပါဘူး။ကွဲခါနီးဖြစ်နေတဲ့အိမ်ထောင်ရေးတစ်ခု၊ ဖြေရှင်းစရာကျန်နေတဲ့အမှုတွေကြားမှာသူဘယ်လိုကျော်လွှားမလဲ။ အမှောင်လောကနဲ့ရင်ဆိုင်ရင်း ကိုယ့်ရဲ့အမှောင်ဘက်ခြမ်းကိုရောရူဒရာတစ်ယောက် ထိန်းချုပ်နိုင်ပါ့မလား။ အဲဒါတွေနဲ့အတူ စိတ္တဇဆန်ဆန်မှုခင်းတွေနဲ့ plot twist တွေmind game တွေကို ဝေဝေဆာဆာကြည့်ရှုရမယ့်စီးရီးတစ်ခုဖြစ်တဲ့အပြင် နဂိုအင်္ဂလိပ်ဇာတ်လမ်းရဲ့ကြောရိုးကိုအိန္ဒိယစတိုင်ပြန်ရိုက်ထားတာကလည်းကြည့်ရတာ အရသာတစ်မျိုးဖြစ်တာကြောင့် မှုခင်း/စုံထောက်ကားကောင်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်ကြီးအနေနဲ့လက်လွှတ်မခံသင့်တဲ့စီးရီးတစ်ခုလို့ပဲညွှန်းလိုက်ပါရစေ။ File Size – 600MB @Episode / 300MB@EpisodeQuality – 1080p / 720pDuration – minute ...
8
TMDb: 8/10 1 votes
tv

Rudra: The Edge Of Darkness (2022) Complete

2022
Tandav (2021)
Tandav (2021) Amazon Prime မှာပြသခဲ့တဲ့ အိန္ဒိယ political drama ဇာတ်လမ်းတွဲဖြစ်ပါတယ်။ဒေ့ဗ်ကီနန်ဒန် နဲ့ ဆမားပရာတပ်ဆင်းဂ် တို့ဟာပြီးခဲ့တဲ့သက်တမ်း သုံးဆက်လောက် သောင်ပြိုကမ်းပြိုနိုင်လာခဲ့တဲ့ ဂျေအယ်လ်ဒီပါတီရဲ့ ဦးစီးဦးဆောင်တွေလဲဖြစ် သားအဖတွေလဲဖြစ်ကြပါတယ်။ အခုလက်ရှိသက်တမ်းရွေးကောက်ပွဲမှာလဲ မဲရုံကထွက်လာတဲ့သူတွေအပေါ် မေးမြန်းမှုရလဒ်တွေအရ သူတို့ပါတီပဲ ဆက်နိုင်ဖို့လဲ အလေးသာနေတာပါ။ ဒါပေမယ့် သူတို့သားအဖ ကြားမှာ ကာကွယ်ရေးဝန်ကြီး ဘယ်သူရွေးမလဲဆိုတဲ့ ကိစ္စအပြင် တစ်ခြားသဘောထားကွဲလွဲမှုတွေ တေးထားတဲ့ အညှိုးတွေလဲရှိနေပါတယ်။ ဒီလိုပဲ မာလတ်ခ်ပူးဆိုတဲ့ရွာတစ်ရွာက လယ်မြေတွေကို အစိုးရကစီမံကိန်းနဲ့မလွတ်လို့ဆိုပြီး သိမ်းတဲ့အပေါ်မကျေနပ်သူတွေက လယ်ယာမြေ ပြန်ရရှိရေးဆန္ဒပြကြပါတယ်။ အဲ့ဒီထဲမှာ ပညာတတ်ကျောင်းသားတစ်ချို့လဲပါဝင်ပြီး အဲ့ဒီထဲက ကျောင်းသားသုံးဦးနာမည်နဲ့တကွ အဓိကရုဏ်းနှိမ်နင်းရေး ခေါင်းဆောင်ရဲတွေဆီကို သတ်ဖို့အမိန့်ရောက်လာတဲ့အခါ..။ ဇာတ်လမ်းရဲ့အပိုင်းတစ်မှာ ပြသွားတဲ့ ဇာတ်ကွက်တွေထဲက တစ်ချို့ဖြစ်ပါတယ်။ နာမည်ကျော်မင်းသားကြီး Saif Ali Khan (Sacred Games)ခေါင်းဆောင်ပါဝင်ထားပြီး Dimple Kapadia, Mohd. Zeeshan Ayyub တို့လိုပရိသတ်နဲ့ရင်းနှီးပြီးသား နာမည်ကျော်ဇာတ်ပို့တွေများစွာပါ ဝင်တဲ့ နိုင်ငံရေးလောကနောက်ခံ Drama, Thriller ကားတစ်ကားဖြစ်ပါတယ်။ အများပြည်သူမမြင်နိုင်တဲ့ ကန့်လန့်ကာနောက်ကွယ်က ဇာတ်ရှုပ်တွေ ကြိုးကိုင်ခြယ်လှယ်မှုတွေ ...

Tandav (2021)

2021
Betaal (2020) [COMPLETE] 6.4
Betaal (2020) [COMPLETE] Netflix နဲ့ SRK ရဲ့ ထုတ်လုပ်ရေးတို့၏ ဒုတိယမြောက် အိန္ဒိစီးရီးပါဇာတ်လမ်းအကျဉ်းကတော့ ဘီတဲလ်တောင်ကြီးကို ဥမင်တူးပြီး ဟိုက်ဝေးလမ်းဖေါက်ဖို့ အစိုးရကကြိုးပမ်းချိန်မှာ အနီးအနားရွာတွေက လက်မခံဘဲ ကန့်ကွက်ခဲ့ကြပါတယ်ဒီဥမင်ကိုဖွင့်လို့မရဘူး ကျိန်စာသင့်နေတာ ဒီဥမင်ကိုပိတ်ထားရမယ်ဆိုပြီး အနုနည်းရော အကြမ်းနည်းပါကန်ကွက်မှုတွေ ဖေါက်ခွဲမှုတွေလုပ်လာတဲ့အခါ ဘဇ်အဖွဲ့ဆိုတဲ့ အထူးတပ်ဖွဲ့က လာရောက်နှိမ်နင်းဖို့ အကြောင်းဖန်လာပါတော့တယ်ဘာကြောင့် ရွာသားတွေ ခွင့်မပြုရတာလဲ ဒီဥမင်ထဲမှာ ဘာကျိန်စာတွေရှိလို့လဲ ....ဟောဒီမှာ ကိုလင်းခယံရဲ့ ရီဗျူးကို ကူးယူဖေါ်ပြထားပါတယ်Zombies တွေပတ်သက်လို့ ဆိုရင် အိန္ဒိယဟာ ထွေထွေ ထူးထူး ရိုက်ပြခဲ့မယ် လို့ မထင်ခဲ့ရိုးအမှန်ပါ။အခုက Netflix နဲ့ ပေါင်း ရိုက်တာရယ် ရှာရွတ်ခမ်း ရဲ့ Production ရယ် ပါနေတာကြောင့် ကြည့်ခဲ့မိပါတယ်။Mini - Serie မို့ အပိုင်း ၄ ပိုင်းပဲ ပါ၀င်ပါတယ် ။ အပိုင်း ၁ နဲ့ ...
6.4
TMDb: 6.4/10 25 votes
tv

Betaal (2020) [COMPLETE]

2020
Sacred Games Season 2 [COMPLETE] 8.1
Sacred Games Season 2 [COMPLETE] Bollywood ပရိသတ်တွေအတွက် အိန္ဒိယဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Sacred Games ကိုတင်ဆက်ပေးလိုက်ပါတယ်။Rating အနေနဲ့လည်း IMDb 8.9/10 အထိရရှိထားလို့ ကောင်းမကောင်းညွှန်းနေဖို့ မလိုလောက်ပါဘူး၂၀၁၈ က Season 1 ထွက်ခဲ့ပြီး အားပေးကြိုက်နှစ်သက်သူများခဲ့သလို ယခုလည်း မကြာခင်ကမှ Season 2 ထွက်လာလို့ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်Season 1 ကြည့်ဖူးသူတွေအတွက်တော့ ထွေထွေထူးထူးဇာတ်လမ်းပြောပြစရာမလိုပေမယ့် အခုမှစကြည့်မယ့်သူတွေအတွက် ဇာတ်လမ်းလေး ညွှန်းပေးလိုက်ပါမယ်မွန်ဘိုင်းမြို့ရဲ့ အကျင့်ပျက်ချစားရဲတွေကြားမှာ သင်းကွဲလိုဖြစ်နေသူ စုံထောက်ကြီး ဆာရ်တက်ဂျ်ထံကို သတင်းပေးတဲ့ဖုန်းတစ်ခုဝင်လာပါတယ်အဲ့ဒိဖုန်းထဲမှာဘာသတင်းပေးခဲ့တာလဲ ဆိုရင် မွန်ဘိုင်းမြို့ဟာ ၂၅ ရက်အတွင်းပျက်စီးတော့မယ်ခင်ဗျားမြို့ကိုကယ်တင်ပါဆိုပြီးတော့ ဖြစ်ပါတယ်ဒီသတင်းပေးတဲ့သူကတော့ တခြားသူမဟုတ်ဘဲ မွန်ဘိုင်းမြို့မှာ တွေ့တာနဲ့ပစ်သတ်ဖို့ အမိန့်ပေးခံထားရတဲ့ ဒုစရိုက်၊ လူဆိုးလူမိုက်ကြီး ဂနေ့ရှ် ဂိုင်တွန်ဒီပဲဖြစ်ပါတယ်ဂနေ့ရှ် ဂိုင်တွန်ဒီနဲ့ ဆာရ်တက်ဂျ်တို့ကြားမှာ ဘယ်လိုပတ်သတ်မှုတွေရှိသလဲ၂၅ ရက်အတွင်းမှာ ဘာဖြစ်မှာလဲဆိုတာကတော့ အားလုံးပဲ ဆက်လက်ရှုစားလိုက်ကြပါခင်ဗျာ***ဒီဇာတ်လမ်းတွဲဟာ TV-MA ဖြစ်တဲ့အတွက် စကားလုံးအသုံးနှုန်းတွေကြမ်းပါတယ်သွေးသံရဲရဲအခန်းတွေနဲ့ လိင်အသားပေးအခန်းတွေအများအပြားပါဝင်သောကြောင့် ကလေးသူငယ်များ၊ မိသားစုဝင်များနှင့်အတူကြည့်ရှုသူများ ...
8.1
TMDb: 8.1/10 47 votes
tv

Sacred Games Season 2 [COMPLETE]

2018
Sacred Games (2018) Season 1 [COMPLETE] 9.7
Sacred Games (2018) Season 1 [COMPLETE] July 6 ရက်နေ့မှာ Netflix ကနေ ထုတ်လွှင်မယ့် India Series အကြောင်း နည်းနည်းပြောချင်တယ်၊ အစကတော့ Netflix ကနေ ပထမဆုံးရိုက်တဲ့ India Series၊ Cast တွေထဲမှာ ကိုယ်ကြိုက်တဲ့ Nawazuddin Siddiqui ပါနေတော့ မိုက်ပြီဆိုပြီး မှတ်ထားတာ မနေ့ကမှ ဒီကားအကြောင်းလိုက်ရှာဖတ်မိတော့မှရေလည်ကြမ်းနေမှန်းသိတော့တယ်၊ဒီ series ကို ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ပါဝင်ထားသူက အိန္ဒိယရဲ့ မာတင်စကော့စေးလို့ ပြောကြတဲ့ Anurag kashyap ၊Gangs of Waseeypur ဇာတ်ကားအပါအဝင် နာမည်ကျော်ဇာတ်ကားများစွာကို ရိုက်ကူးခဲ့တဲ့ Anurag kashyap ကိုယ်တိုင်ရိုက်ကူးထားပြီးသူရဲ့ Phantom Flim နဲ့ ပူးပေါင်းထုတ်လုပ်ထားတယ်၊ဒီဇာတ်ကားက Vikram Chandra ရဲ့ 2016 ခုနှစ်က ထွက်ရှိထားတဲ့ နာမည်တူ Sacred Game ဆိုတဲ့ ဝတ္ထုကို အခြေခံထားတယ်၊သူရဲ့ ...
9.7
TMDb: 9.7/10 3 votes
tv

Sacred Games (2018) Season 1 [COMPLETE]

2018
Typewriter (2019) Season 1 [COMPLETE] 7.7
Typewriter (2019) Season 1 [COMPLETE] ဒီတစ်ခါတော့ Bollywood ပရိသတ်ကြီးအတွက် Mystery ဇာတ်ကားကောင်းတွေဖြစ်တဲ့ Kahaani, Kahaani 2 & Badla တို့ရဲ့ ဖန်တီးရှင် Sujoy Ghosh ရဲ့ ဇာတ်လမ်းတွဲတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်Mystery, Horror ကြိုက်နှစ်သက်သူတွေအတွက် လက်လွတ်မခံသင်တဲ့ ဇာတ်လမ်းတွဲတစ်ခုပါပဲNetflix က ထုတ်လွှင့်တာဖြစ်ပြီး ၅ ပိုင်းနဲ့အပြီးပါပဲဇာတ်လမ်းလေးကတော့ နာမည်ကျော် သရဲဝတ္ထုစာရေးဆရာကြီး မာဒက် မက်သရူးဟာ သူ့နေအိမ်ကြီးဖြစ်တဲ့ ဘာဒက်ဇ် ဗီလာမှာ ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်အဲ့ဒိအချိန်ကျန်ရှိခဲ့တာတော့ တစ်ဦးတည်းသော မြေးမလေးပါပဲ နှစ်တွေကြာသွားတော့ ဒီအိမ်ကြီးဟာ သရဲတစ္ဆေခြောက်လှန့်တယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်အဲ့ဒိအိမ်ကြီးထဲဝင်ပြီး သရဲတစ္ဆေရှာဖွေချင်နေတဲ့ ချာတိသုံးယောက်လည်းရှိပါတယ်ဒါပေမဲ့ မထင်မှတ်ထားဘဲ ထိုအိမ်ကြီးကို မိသားစုတစ်စုပြောင်းလာတဲ့အခါမှာတော့ သူတို့ရဲ့အကြံစည် အကောင်ထည်ဖေါ်နိုင်ပါ့မလား ...ဒီမိသားစုအသစ်ကရော ဘယ်သူတွေလဲ ...သူတို့တွေဆီကို ဘယ်လိုထူးဆန်းမှုတွေ ရောက်ရှိလာမလဲဆိုတာကိုတော့ ...(ဘာသာပြန်ပေးထားသူတွေကတော့ ကိုဇော်ထူး ပါ) Quality – 720p NF WEB-DLDuration – 1hr ...
7.7
TMDb: 7.7/10 3 votes
tv

Typewriter (2019) Season 1 [COMPLETE]

2019