Channel Myanmar

Comedy

Accidentally Meow On You (2022)
Accidentally Meow On You (2022) နွေးထွေးပြီး ကြင်နာဂရုစိုက်တတ်တဲ့စိတ်ကိုအေးစက်စက်အပြုအမူတွေနဲ့ ဖုံးကွယ်ထားတဲ့သူဌေးလေးကျိချိန်နဲ့ထူးခြားပြီးသန်မာတဲ့လက်ထောက်ကျိုးထျန်းတိုဟာကြောင်လေးတစ်ကောင်ကနေအစပြုပြီး တွေ့ဆုံခဲ့ကြပါတယ်အားကစားသမားတစ်ယောက်ဖြစ်တဲ့ကျိုးထျန်းဟာဒဏ်ရာဟောင်းပြန်ပေါ်လာလို အားကစားသမားဘဝကိုနားလိုက်ရတော့ဖျော်ဖြေရေးလောကထဲကိုရောက်သွားပြီးလက်ထောက်အဖြစ်နဲ့အလုပ်ရှာခဲ့ပြီး နောက်မှာတော့ ကျိုးထျန်းတစ်ယောက်သူချစ်တဲ့ကြောင်လေးချုံချုံဟာပျောက်သွားတဲ့အတွက်ကြောင်ရှာပုံတော်ဖွင့်ရင်းအွန်လိုင်းပေါ်ကနေကြောင်ချစ်တဲ့သုံးစွဲသူတစ်ယောက်နဲ့ချိတ်ဆတ်မိသွားတဲ့အခါသူတိုရဲ့အတွေးအမြင်တွေကိုအချင်းချင်းမျှဝေဖြစ်ခဲ့ကြတယ်မထင်မှတ်ဘဲ သူနဲ့ချိတ်ဆတ်မိတဲ့အွန်လိုင်းပေါ်ကသူငယ်ချင်းကအေးစက်စက်မျက်နှာနဲ့ ကျိချိန်ဆိုတာကိုသိသွားတဲ့အချိန်မှာတော့ဘာတွေဆက်ဖြစ်မလဲဆိုတာကို CM ကနေစောင့်မျှော်အားပေးကြပါဦးရှင်(အညွှန်းရေးသားထားသူကတော့ Khin Myat Noe ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 24Format : mp4Genres : Comedy, Romance, DramaDuration : 45 min per EpisodeSubtitle : Myanmar Subtitle ( Hardsub )Translated by CM TeamEncoded by LK Episode 1 - MegaUp / StreamVid / Usersdrive / Yoteshin / StreamSB Episode 1 (1080p) - MegaUp / StreamVid / Usersdrive / ...

Accidentally Meow On You (2022)

The Light in Your Eyes(2019) 8.1
The Light in Your Eyes(2019) The Light in Your Eyes(2019)========================Lee Joon Ha (Nam Joo Hyuk) က သတင်းထောက်တစ်ယောက်ဖြစ်ချင်ခဲ့ပြီး အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ ကြိုးစားနေသူတစ်ယောက်ပါKim Hye Ja (Han Ji Min)ကတော့ သတင်းကြေငြာသူဖြစ်ဖို့ ကြိုးစားနေသူပါHye Ja ဟာ ငယ်ငယ်က ..အချိန်တွေကို နောက်ပြန်ဆုတ်ပြီး ဖြစ်နေတဲ့အရာတွေကို ပြန်ပြင်နိုင်စွမ်းရှိတဲ့နာရီလေးတစ်လုံးကို အမှတ်မထင် ကောက်တွေ့ခဲ့ရဖူးတယ် ..အဲ့နာရီကို သုံးတဲ့ဆိုးကျိုးကတော့ တစ်ခါသုံးတိုင်း သူမဟာ အသက်တဖြည်းဖြည်းပိုကြီးလာတာပါပဲ အသက် 25 နှစ်အရွယ် သူမကတစ်နေ့မှာတော့ အဖေဖြစ်သူရဲ့ ကားမတော်တဆမှုကို ကယ်တင်နိုင်ဖို့နာရီကို အကြိမ်ပေါင်းများစွာလှည့်ခဲ့မိပြီး သူမကိုယ်တိုင်အသက် 70 အဘွားအရွယ်ကို ရောက်သွားတဲ့အခါ ......ဒီဇာတ်လမ်းလေးက အချိန်အားလုံးကို ဆုံးရှုံးခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့တောက်ပတဲ့အချိန်တွေ စွန့်လွှတ်ခဲ့ပြီး မျှော်လင့်ချက်မဲ့စွာနေခဲ့ရတဲ့အမျိုးသားတစ်ဦးအကြောင်းကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်ဘဝဇာတ်ကြောင်းကို ဆွေးဆွေးအေးအေးလေးနဲ့ ကြည့်ရတဲ့melodrama လေးဖြစ်သလို တစ်ခါတစ်လေ အလွဲအချော်လေးတွေနဲ့ရယ်နေရတဲ့ ...
8.1
TMDb: 8.1/10 14 votes
tv

The Light in Your Eyes(2019)

2019
Valeria – Season (01)(02) 6.5
Valeria – Season (01)(02) Valeria - Season (01)(02) ================= IMDb Rating - 6.5/10ဗလယ်ဒီယားဟာ စာရေးဆရာမ ဖြစ်ဖို့ ကြိုးစားနေတဲ့ အမျိုးသမီး တစ်ယောက်ပါ။ သို့သော် စာရေးဖို့လုပ်တိုင်း ဘာအကြံဉာဏ်မှ ထွက်မလာဘဲ လမ်းဆုံးနေခဲ့ပါတယ်။ ထို့အတွက် သူ့ကိုယ်သူ အားမလို အားမရဖြစ်ပြီး ဝမ်းနည်းနေတဲ့သူပါ။ ထို့အတူ ခင်ပွန်း ဖြစ်သူနဲ့လည်း ပြေလည်လှတယ် မဟုတ်ဘဲ အိမ်ထောင်ရေးမှာ အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။အလုပ်မရှိတာလည်း ၄ လကြာမြင့်ပြီမို့ ငွေရေးကြေးရေး ပြဿနာ လည်း ရှိနေပြန်ပါတယ်။ ဒါပေမယ့် သူ့သူငယ်ချင်း သုံးယောက် ဖြစ်တဲ့ လိုလာ၊ ကာမန်းနဲ့ နေရီယာတို့က သူ့ကို နှစ်သိမ့်ပေးကြပါတော့တယ်။ ဗလယ်ဒီယားတစ်ယောက် ထိုအခက်အခဲတွေကို ဘယ်လိုဖြတ်သန်း မလဲဆိုတာကို ဟာသတွေနဲ့ ကြည့်ရှု့ရမယ့် Netflix ကနေ ထုတ်လွှင့်ခဲ့တဲ့ စပိန်စကားပြော ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox တို့ဖြစ်ပါတယ်။)File ...
6.5
TMDb: 6.5/10 6000 votes
tv

Valeria – Season (01)(02)

2020
So Help Me Todd (2022)
So Help Me Todd (2022) လတ်တလောကမှ ပူပူနွေးနွေးထွက်ထားတဲ့ Legal Drama Ongoing စီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ဥပဒေ ချိုးဖောက်လို့ စုံထောက်လိုင်စင် အသိမ်းခံလိုက်ရပေမဲ့ ဘရိန်းပြေးပြီး အကွက်မြင်တတ်တဲ့ ခပ်သွက်သွက်စုံထောက်နဲ့ ဥပဒေကိုအလေးအနက်ထား​တဲ့ မအေဖြစ်သူရှေ့နေတို့ရဲ့ Relationship ကိုဦးတည်ထားတာပါ။ မိသားစုပြဿနာတွေ အရှုပ်အထွေးတွေကြားက မတည့်အတူနေ သားအမိနှစ်ယောက် အတူတူ အမှုလိုက်ရင်း ဖြေရှင်းကြတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာပါ။ Legal Drama ကိုမှ Serious Type မျိုးမဟုတ်ဘဲ ပေါ့ပါ့ပါးပါးနဲ့ တစ်နေ့တာအမောတွေကိုပြေပျောက်စေနိုင်မယ့် Comedy,Family-Type ဘက်ကိုသွားတဲ့ စီးရီးတစ်ခုပါ။ အားပေးကြည့်ရှုကြပါဦး။File size… 1Gb / 500 Mb Quality….Webrip 1080p / 720p  Format…mp4 Duration….50 Min Genre...Drama / Mystery /  Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vader Download LinkEpisode 1 720p  ...

So Help Me Todd (2022)

Wayne (2019) Complete 8.309
Wayne (2019) Complete Wayne 2019IMDb - 84 % , RT Rating 100%Now we're talking ရဲ့ Producer , Man Up ! ရဲ့ writer ဖြစ်တဲ့ Shawn Simons ရဲ့ ခပ်ကြမ်းကြမ်း Action Comedy series ကောင်းလေးလာပါပြီ။ One of Us is lying ထဲက မင်းသားချောလေး ( ရှယ်ချောပလန်နဲ့ကိုချောတဲ့ ) Mark McKenna နဲ့ Open season , Ice Age , Penguinsတွေထဲမှာ voice actorအဖြစ် သရုပ်ဆောင်ဖူးတဲ့ မင်းသမီးချောကလေး Ciara Bravoတို့အတူတူပါဝင်သရုပ်ဆောင်ထားပါတယ်။ဝိန်းဆိုတဲ့ကောင်လေးက ၅နှစ်သားအရွယ်ထဲက အမေဖြစ်သူရဲ့စွန့်ပစ်ခြင်းခံရပြီး ကင်ဆာဖြစ်နေတဲ့အဖေဖြစ်သူနဲ့အတူ နေထိုင်နေတဲ့ ကောင်လေးတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ဘဝထဲကို ဒယ်လိုင်လာဆိုတဲ့ကောင်မလေးတစ်ယောက်ဝင်ရောက်လို့လာပါတယ်။ ဝိန်းတစ်ယောက် သူ့အဖေဖြစ်သူကင်ဆာနဲ့ဆုံးပါးသွားပြီးနောက်မှာ သူ့အမေယူသွားတဲ့ ...
8.309
TMDb: 8.309/10 324 votes
tv

Wayne (2019) Complete

2019
From Repair To Pair (2022)
From Repair To Pair (2022) ဒီတစ်ခါမှာတော့ youkuကအဆွေးတစ်လိုင်းတွေ အဝကြည့်ပြီးမျက်ရည်မဆယ်နိုင်သေးတဲ့လူတွေအတွက်ချိုမှချိုဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ခုနဲ့CMက မိတ်ဆက်ပေးချင်ပါတယ်။"ချိုးယွမ်"ဟာ ယဉ်ကျေးမှုအနုပညာလက်ရာတွေကိုမြတ်နိုးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်ပြီးသူတိုမိသားစုဟာလည်း ပန်းပုပညာနောက်ခံရှိတဲ့အ‌လျောက်"ယွီရှင်းကျန့်"လိုခေါ်တဲ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းရေးလုပ်ငန်းဟာသူမရဲ့ ပန်းတိုင်တစ်ခုပဲ ဖြစ်ပါတယ်။ဒါပေမဲ့ ထိုနေရာရောက်ဖိုဆိုတာသူမအတွက် ကောင်းကင်က ကြယ်ကို ဆွတ်ခူးဖိုအိမ်မက်မက်သလို ဖြစ်နေခဲ့ပါတယ်"ချင်ကျစ်ယွင်"ကတော့ ယွီရှင်းကျန့်က ရှေးဟောင်းအမွေအနှစ်ပြုပြင်ထိန်းသိမ်းရေး ပညာရှင်တစ်ယောက်ဖြစ်ပြီးချိုးယွမ်ရဲ့ လေးစားရဆုံး အိုင်ဒေါလ်တစ်ယောက်လည်းဖြစ်ပါတယ်။"လော်ယိုချန်"ဆိုတဲ့ ချိုးယွမ်ရဲ့အစ်ကိုဖြစ်သူဟာနာမည်အတိုင်း ငွေသာအရာရာဆိုတဲ့လူမျိုးဖြစ်ပါတယ်၊ဒီလိုနဲ့အစ်ကိုဖြစ်သူကြောင့်ရော တစ်နေ့မှာ ယွီရှင်းကျန့်လုပ်ငန်းမှာအကျပ်အတည်းကြုံတွေ့နေချိန် ချိုးယွမ်တတ်မြောက်ထားတဲ့ရော်ဘာပန်းချီပညာဟာ ယွီရှင်းကျန့်အတွက်အသက်ကယ်ဆေးတစ်ခွက် ဖြစ်နေခဲ့ပါတော့တယ်၊ဒါကြောင့်ပဲချိုးယွမ်ဟာ သူမအလေးစားရဆုံးသူဆီမှာပဲ တပည့်ဖြစ်ပြီးနီးစပ်ဖို အကြောင်းဖန်လာပါတော့တယ်။ဒါပေမဲ့"ဘယ်လောက်ပဲ ဖြောင့်တန်းနေတဲ့ မျဉ်းတစ်ကြောင်းဖြစ်ပါစေ၊ထိမိရင်တော့ ရွေ့သွားနိုင်တာပဲ"ဆိုတဲ့အတိုင်းချိုးယွမ်အမြဲတစ်ဖက်သတ်ကြိုက်ခဲ့ရတဲ့"ဇော့ဟွိက်ရန်"ဟာ ပြည်ပကနေ ပြန်လာခဲ့ပါတော့တယ်-သူတို နှစ်ယောက်ကြားက စည်းကရော ခိုင်မြဲနေမှာလား-စွာတေးလန်မလေးနဲ့ ဆရာတပည့်ကြားကရယ်မောစရာဟာသလေးတွေနဲ့အချို‌‌ေလး‌ေတွကိုပုံမှန်နဲ့မတူကွဲပြားတဲ့ပုံစံနဲ့ ကြည့်ရှုရမယ့်အပြင်ရှေးဟောင်းယဉ်ကျေးမှုအလေ့အထတွေကိုပါတစ်ဝကြီးမြင်‌ေတွ့ရမှာပဲ ဖြစ်ပါတယ်။(အညွှန်းရေးသားထားသူကတော့ Anle ဖြစ်ပါတယ်)Quality : WEB-DL 720p,1080pTotal Episodes : 23Format : mp4Genres : Comedy, Mystery, DramaDuration : 45 min per EpisodeSubtitle : ...

From Repair To Pair (2022)

2022
Meet Cute (2022)
Meet Cute (2022) Meet Cute (2022) IMDb 7.4/10 Dramaအခုတစ်ခါမှာတော့ သိပ်ချစ်ဖို့ကောင်းတဲ့ အိန္ဒိယစီးရီးလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Anthology အမျိုးအစားဖြစ်ပြီး စိတ်ကြည်နူးစရာ အပိုင်းလေး ၅ ပိုင်းပါဝင်ပါတယ်နော်။ဟုတ်ပါတယ်။ အပိုင်းလိုက် ဇာတ်လမ်းတစ်ပုဒ်စီပါလို့ စီးရီးတစ်ခုတည်းနဲ့ ဇာတ်လမ်းပိုဒ်တို ၅ပိုဒ်ကြည့်နိုင်တာပေါ့နော်။ ဇာတ်လမ်းတိုင်းမှာလည်း မတူညီတဲ့ Relationships တွေကို ပညာပေးရိုက်ကူးထားပါတယ်။ ဒီစီးရီးလေးကို ယင်ကောင်မင်းသား နာနီကလည်း ပူးတွဲပရိုဂျူဆာအဖြစ်တာဝန်ယူပေးထားတာဖြစ်ပါတယ်။ဇာတ်လမ်းပိုင်းကတော့ ဇာတ်ကားနာမည်လေးအတိုင်းပါပဲ ချစ်စရာ ကြည်နူးစရာ ကြုံကြိုက်တိုက်ဆိုင်မှုလေးတွေနဲ့ တွေ့ဆုံမှုလေးတွေအကြောင်းပါ တစ်ခါတလေ ဘဝမှာ အမှတ်မထင်တွေ့ဆုံမှုလေးတွေကနေ ကိုယ့်ဘဝရဲ့အရေးကြီးဆုံးဖြတ်ချက်တွေချလာနိုင်ပါတယ်ကိုယ်အမှတ်မထင်ဆုံတွေ့လိုက်ရတဲ့သူက ကိုယ့်ကိုအကြာကြီး ခရက်ရှ်နေပြီး ကိုယ့်ဘဝရဲ့လက်တွဲဖော်လည်းဖြစ်လာနိုင်ပါတယ်ယောက္ခမဆိုတိုင်း ကိုယ့်အပေါ်အမြဲတမ်းဆိုးနေလိမ့်မယ်မထင်လိုက်ပါနဲ့နော် သူ့ရဲ့စရိုက်ကို ကိုယ်နဲ့အံကိုက်မဖြစ်လို့ မကြိုက်ဘူးလို့ မဆိုလိုက်ပါနဲ့နော် အဲ့ဒါက သူ မင်းကိုမဆုံးရှုံးချင်လို့ ပြုမူနေတာလည်း ဖြစ်နိုင်ပါတယ်နော်လမ်းကြုံလိုက်ရင်းနဲ့လည်း ဘဝရဲ့အရင်းနှီးဆုံးလူတွေဖြစ်လာနိုင်ပါတယ် ဆိုတဲ့ ဘဝရဲ့ကြည်နူးစရာတွေ့ဆုံမှုလေးတွေအကြောင်းကို ဒီစီးရီးလေးမှာ ရသမြောက်စွာကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်File Size – 500MB / 250MB Quality – 1080p  / 720pDuration – 38minsTotal Episodes: 5EpsSubtitle – Myanmar HardsubFormat – ...

Meet Cute (2022)

2022
Because This Is My First Life (2017)[Complete] 8.447
Because This Is My First Life (2017)[Complete] Because This Is My First Life (2017)*********************************မမမူဒေါ့ကိုလွမ်းနေမယ့် ယော်ရောဘွန်းတို့အတွက် Jung So Min Unnie ရဲ့ series ဟောင်းလေးတစ်ခုကိုCM ကနေအလွမ်းပြေတင်ဆက်ပေးလိုက်ပါတယ်နော်.... နမ်ဟယ်နယ်သူဖြစ်ပေမယ့် စာတော်တဲ့အတွက် ဆိုးလ်တက္ကသိုလ်ထွက်ဖြစ်သူ Yoon Ji Ho (Jung So Min) ကတော့နာမည်ကြီးထမင်းငတ်၊ ဘွဲ့ရအလုပ်လက်မဲ့တစ်ယောက်ပါ။အသက် ၃၀ အထိရည်းစားလည်းမထားဖူးတဲ့အပျိုကြီးပေါက်စ Yoon Ji Ho အနေနဲ့ အိမ်ကိုလည်းသေချာမထောက်ပံ့နိုင် အိမ်ထောင်ဖက်တွေ့ဖို့လည်းအဆင်မပြေဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလည်း အိမ်ပိုင်ရှိပြီး အလုပ်အကိုင်အတည်တကျရှိနေပေမယ့် အပေါင်ကြွေးခေါင်ခိုက်နေသူNam Se Hee (Kim Min Ki) ကတော့ အဖေဖြစ်သူဆီကနေ အိမ်ထောင်ပြုဖို့ အကြပ်ကိုင်တိုက်တွန်းခံနေရချိန်မှာ......ဆန့်ကျင်ဘက်တွေနဲ့ပြည့်နေတဲ့ ထိုလူသားနှစ်ဦး ကြံကြံဖန်ဖန်ပေါင်းစည်းရဖို့ဖြစ်လာပါတော့တယ်။ဇာတ်လမ်းလေးက ပေါ့ပါးပေမယ့် ဆွဲဆောင်မှုရှိတဲ့အပြင် Healing Drama လည်းဆန်တဲ့အတွက်watch list ထဲထည့်သင့်တဲ့အကြောင်း recommend ပေးလိုက်ပါတယ်နော်......။  Episodes: 16File Size: 1.5G ...
8.447
TMDb: 8.447/10 75 votes
tv

Because This Is My First Life (2017)[Complete]

2017
100 Days My Prince(2018)[Complete] 8.206
100 Days My Prince(2018)[Complete] 100 Days My Prince(2018)************************ CM က ဒရာမာချစ်သူတွေစိတ်တိုင်းကျမဲ့ old but gold ဇာတ်လမ်းဟောင်းလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါပြီငယ်ငယ်ကတည်းက ဆော့ကစားရင်း ဆုံတွေ့ခဲ့ကြတဲ့ ဘုရင့်တူတော် အီယူးလ်နဲ့ ဘုရင့်ညာလက်ရုံးဖြစ်သူစစ်သူကြီးရဲ့သမီး ယွန်းအီဆောတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို အလှည့်အပြောင်းများစွာနဲ့ ရိုက်ပြထားတာဖြစ်ပါတယ်။တစ်ညမှာ ယွန်းအီဆောကို မြင်မြင်ချင်းကြွေမိသွားတဲ့ အီယူးလ်က အီဆောအထင်ကြီးအောင်စာတွေကြိုးစားကျက်မှတ်ထားတာကိုပြဖို့ အဖေဖြစ်သူရဲ့ အပြင်မထွက်ပါနဲ့ဆိုတဲ့အမှာစကားကို ဆန့်ကျင်ပြီး ထွက်လာခဲ့ပါတယ်။ဖြစ်ချင်တော့ အဲညဟာ အီယူးလ်ရဲ့ အဖေဖြစ်သူက အစ်ကိုတော်ဘုရင်ကိုသစ္စာဖောက်ပြီး နန်းလုတဲ့အချိန်ဖြစ်တာကြောင့် ဘုရင့်ညာလက်ရုံး စစ်သူကြီးတို့တစ်မိသားစုလုံးပါကွပ်မျက်ခံရတဲ့ညဖြစ်နေပါတော့တယ်။ဒါကို အီယူးလ်လေးကလည်း မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရပြီး ယွန်းအီဆောကတော့အစ်ကိုဖြစ်သူနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားပါတယ်။ အဲကတည်းက သူတို့ ၂ ဦးကွဲကွာသွားရပြီး ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေနဲ့ ပြန်တွေ့မလဲဆိုတာကိုတော့ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ။ဒီဇာတ်လမ်းတွဲကို အားလုံးရဲ့အချစ်တော် Exo က DO နဲ့ မင်းသမီးလေး နမ်ဂျီဟျွန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးဂင်ဆွန်းဟို နဲ့ ဟန်ဆိုဟီးတို့လို နာမည်ကြီးသရုပ်ဆောင်တွေကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။  Episodes: 16File Size:1.1GB, 500MBQuality :Web-DL ...
8.206
TMDb: 8.206/10 126 votes
tv

100 Days My Prince(2018)[Complete]

2018
The Fabulous (2022) [Complete]
The Fabulous (2022) [Complete] The Fabulous (2022) [အစ-အဆုံး]အပိုင်းသစ် - ၈ (ဇာတ်သိမ်းပိုင်း) ရပြီနော်အားလုံးစောင့်နေကြတဲ့ Minho နဲ့ Soo Bin တို့ရဲ့ The Fabulous ဇာတ်လမ်းတွဲလေးထွက်လာပါပြီ။ဖက်ရှင်လောကထဲမှာ သူတို့ဘဝတွေကို နှစ်မြှုပ်ထားပြီးတော့ ရှင်သန်နိုင်ဖို့အတွက် ရုန်းကန်နေကြတဲ့ လူငယ်တွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဖက်ရှင်ဦးစားပေး ဇာတ်ကားလေးဖြစ်လို့ လူငယ်တွေ တော်တော်များများ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်း ...ဂျီအူမင်ကတော့ ဓာတ်ပုံတွေကို ပိုမိုပြီး လှပအောင်လို့ ပြုပြင်ပေးတဲ့ freelancer retoucher တစ်ယောက်ဖြစ်ပါတယ်။ ရုပ်ရည်ချောမောရုံသာမကဘဲ အလုပ်လုပ်တဲ့နေရာမှာလည်း အရည်အချင်းရှိတဲ့လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့အလုပ်မှာ အချစ်ရေးမှာရော သူက သိပ်ပြီး စိတ်အားထက်သန်မှုတွေ ရှိမနေခဲ့ပါဘူး။ဖြိုဂျီအွန်းဆိုတဲ့ကောင်မလေးကတော့ ငယ်ငယ်လေးကတည်းက ဖက်ရှင်လောကမှာ အလုပ်လုပ်ဖို့အတွက် အိပ်မက်တွေရှိခဲ့တဲ့ ကောင်မလေးတစ်ယောက်ပါ။ ဇိမ်ခံဘရန်းတွေကို ပရိုမိုးရှင်းဆင်းပေးတဲ့ ကုမ္ပဏီတစ်ခုမှာ ဌာနခွဲမှူးတစ်ယောက်အဖြစ်အလုပ်လုပ်ကိုင်လျက်ရှိပါတယ်။ ဖက်ရှင်လောကမှာ ရှင်သန်နိုင်ဖို့အတွက် ကြိုးစားချိန်မှာတော့ ဒီလောကထဲမှာ အမြဲတမ်း တက်ကြွပြီး ...

The Fabulous (2022) [Complete]

2022
You Are My Makeup Artist (2022) 8.5
You Are My Makeup Artist (2022) You Are My Make up Artist (2022)စူပါစတားမလေးရဲ့နှလုံးသားပိုင်ရှင်ဝါစီတာ အဖြစ် Janie Tienphosuwan ကတ် အဖြစ် Gulf Kanawutဇာတ်လမ်းအကျဉ်းဝါစီတာက နာမည်ကြီး မင်းသမီးတစ်ယောက်ဖြစ်ပြီး ချစ်ရသူ ရတ်ချာနွန်နဲ့ လက်ထပ်ပြီး မိသားစုဘဝကို တည်ဆောက်ချင်နေတဲ့ မိန်းကလေးတစ်ယောက်ပါကတ်ကတော့ ဝါတို့အိမ်က ကောင်လေးဖြစ်ပြီး ငယ်ကတည်းက မိတ်ကပ်လိမ်းတာဝါသနာပါတာမို့ လက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမိတ်ကပ်ဆရာတစ်ယောက်လည်း ဖြစ်ပါတယ်ကတ်က ခွန်ဝါ့ကို ချစ်ကြောက်ရိုသေသူဖြစ်ပြီး ခွန်ဝါ့စကားတစ်ခွန်းဆို တစ်ခွန်းအတိုင်း အလိုလိုက် အကြိုက်ဆောင်သူလည်းဖြစ်ပါတယ်ခွန်ဝါကတော့ ကတ်ကို မောင်လေးတစ်ယောက်လို သဘောထားပြီး ဂေးနေတယ်လို့ မှတ်ယူထားပါတယ်ဝါရဲ့သတို့သားလောင်း နွန်က အမြဲဖောက်ပြန်နေတတ်သူဖြစ်ပြီး မိသွားတိုင်း ဝါ့ကို တောင်းပန်ကာ သက်သေမရှိတာကြောင့် ခွင့်လွှတ်ပေးခံရသူပေါ့တစ်ရက် နွန်က ဝါ့အမေ စျာပနကို မလာဘဲ ဖောက်ပြန်နေခဲ့တဲ့အပြင် ဗီဒီယိုကပါ လူထုဆီ ပျံ့လာခဲ့ချိန်မှာတော့...ဝါတစ်ယောက် အကြီးအကျယ် ပေါက်ကွဲကာ ကတ်နဲ့ တူတူ ...
8.5
TMDb: 8.5/10 votes
tv

You Are My Makeup Artist (2022)

2022
Emily in Paris (2022) Season 3 7.9
Emily in Paris (2022) Season 3   နက်ဖလစ်ရဲ့ ကမ္ဘာကျော်စီးရီးဖြစ်တဲ့အမ်မလီ တဂျိန်းဂျိန်းအင် ပဲရစ် အတွဲ-၃ ထွက်လာပါပြီ။ဒီစီးရီးဟာ ဖက်ရှင်၊ ဟာသ၊ အချစ်၊ ပဲရစ်အလှအပတွေကြောင့်အရမ်းနာမည်ကြီးခဲ့တဲ့ စီးရီးလည်းဖြစ်ပါတယ်။ အတွဲ-၂ ရဲ့အဆုံးအတိုင်းအမ်မလီနဲ့အယ်လ်ဖီ၊ ဂါဘရီရယ်နဲ့ ကာမီလ်တို့ ဘယ်လို စခန်းသွားကြမလဲ။ဆရာမကြီးနှစ်ယောက်ဖြစ်တဲ့ မက်ဒ်လင်းနဲ့ ဆယ်လ်ဗီတို့ အားပြိုင်မှုကြားမှာအမ်မလီ ဘာဆက်လုပ်မလဲ။အမ်မလီနဲ့ သူငယ်ချင်း မင်ဒီတို့နှစ်ယောက်ရောကြားထဲမှာဘယ်လိုတွေ ခွီကြဦးမလဲဆိုတာဆက်ကြည့်လိုက်ရအောင်။ File Size –  300MB / 500MB @EpisodeQuality – 720p / 1080p AAC 5.1CHDuration – 35 minute (@Episode)Total Episodes: 10EpsSubtitle – Myanmar HardsubFormat – Mp4Genre : Comedy / DramaTranslator – Mr Anderson , JimX , Thet Hnin Hsu ...
7.9
TMDb: 7.9/10 941 votes
tv

Emily in Paris (2022) Season 3

2020
First Love (2022)
First Love (2022) အချစ်ဦးဆိုတာ အချစ်ဆိုတဲ့အရာကို ပထမဆုံးသိရှိပြီးဘဝရဲ့ ပထမဆုံး ရင်ခုန်စိတ်လှုပ်ရှားမှုအမျိုးစုံကို ခံစားစေတဲ့သူ၊အကြောင်းရင်းမရှိ သတိမမူမိဘဲနဲ့ အချစ်ဆိုတဲ့အရာထဲ ရောက်ရှိပြီးရင်ထဲမှာ လိပ်ပြာတွေပျံဝဲနေသလို ခံစားရအောင်လုပ်နိုင်သူပါ။ဒီတစ်ခါမှာတော့ CM ပရိသတ်တိုအတွက် ချစ်စရာအချစ်ဦးအမှတ်တရတွေအများကြီးပါတဲ့ ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးမှာတော့ New Life Begin မင်းသမီးလေး Tian Xiwei နဲ့Delicacies Destiny မင်းသားချော Wang Xingyue ကအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်နော်။ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ လုဝမ်ဝမ်က မဝံ့မရဲဖြစ်တဲ့စိတ်ကြောင့်စာမေးပွဲ ခဏခဏ ကျနေသူတစ်ဦးပါ။ တစ်နေ့ အမူးလွန်ပြီးနောက်မှာထိပ်တန်းဆေးကျောင်းသား ရန်ချူနဲ့ ကောလဟာလသတင်း ထွက်ပါတော့တယ်။ဒီကောလဟာလကို ဖယ်ရှားဖိုအတွက် နှစ်ဦးသား သဘောတူစီမံကိန်းဆွဲပြီးလုပ်ဆောင်တဲ့အခါမှာတော့ နှစ်ယောက်ကြား အပြန်အလှန်အားသာချက်တွေရှာတွေ့ပြီး ခံစားချက်တွေ ပေါက်ဖွားလာကြပါတယ်။တစ်ယောက်နဲ့တစ်ယောက် မသိမသာ ဖေးမကူညီကြရင်း...ရန်ချူရဲ့အကူအညီနဲ့ လုဝမ်ဝမ်တစ်ယောက်မဝံ့မရဲဖြစ်တဲ့စိတ်ကို ကျော်လွှားနိုင်မှာလား။ရန်ချူကလည်း လုဝမ်ဝမ်ကြောင့် သွေးအေးတဲ့ပုံစံကနေဖော်ရွေတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားမှာလား။အချစ်ဆိုတဲ့ ပုစ္ဆာတစ်ပုဒ်ကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကိုရိုဆန်မှုအပြည့်ပါဝင်တဲ့ လူငယ်အချစ်ဟာသဇာတ်ကားလေးမှာအခုပဲကြည့်ရှုလိုက်ပါဦးနော်။[Reviewed by Chan]Quality : WEB-DL 720p,1080pTotal ...

First Love (2022)

2022
Emily in Paris (2021) Season 2 8
Emily in Paris (2021) Season 2 Emily In Paris Season 2 (2021)အားလုံးမျှော်လင့်စောင့်စားခဲ့တဲ့ Emily in Paris S2 ကတော့ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ S1 တုန်းက မတင်မကျနဲ့ ကြည့်ရှုသူပရိသတ်ကြီးကို ထားသွားခဲ့တဲ့ Emily ဟာ S2 မှာတော့ ပိုမိုက်တဲ့ဖက်ရှင်အလန်းစားတွေနဲ့ တဖန်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။အားလုံးလည်း သိထားပြီးသား ဇာတ်လမ်းဖြစ်တာကြောင့်Spoil မဖြစ်အောင် အညွှန်းကို အကျဉ်းချုံးပဲ ဖော်ပြလိုက်ပါတယ်။ပဲရစ်မြို့က ထွက်သွားဖို့ စိတ်ပြင်းပြနေခဲ့တဲ့ ဂါဘရီယယ်ဟာတစ်ယောက်သောသူကြောင့် စိတ်ပြောင်းပြီး ပဲရစ်မြို့မှာဆက်နေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဂါဘရီယယ်ရဲ့ ရည်းစားဖြစ်သူကာမီလ်ဟာလည်း နောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိနေမှန်းသိနေတာကြောင့် ရည်းစားဖြစ်သူနဲ့ အတူရှိရတာကိုတောင် မပျော်နိုင်ရှာပါဘူး။ဆိုတော့ အမ်မလီတစ်ယောက် သူငယ်ချင်းဖြစ်သူကို အားနာပြီးရှေ့တိုးမရနောက်ဆုတ်မရဖြစ်နေတဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကကြိုးစားပမ်းစား ရုန်းထွက်ဖို့ ပြင်ဆင်ရင်း ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာCM ပရိသတ်ကြီးတို့ကိုယ်တိုင်ပဲ ကြည့်ရှုခံစားပေးကြပါဦး။(ဇာတ်လမ်းအညွှန်းကို Thet Hnin Hsu မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ CM Team ပဲ ဖြစ်ပါတယ်) File ...
8
TMDb: 8/10 610 votes
tv

Emily in Paris (2021) Season 2

2021
Reginald the Vampire (2022) 5.0
Reginald the Vampire (2022) Reginald Vampire(2022) ======================Spider-man ရဲ့ သူငယ်ချင်း Ned အဖြစ်နဲ့ သရုပ်ဆောင်ပြီး နာမည်ရလာတဲ့ Flipino - American သရုပ်ဆောင် Jacob Batalon ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲလေး ထွက်လာပါတယ်။ သူ့ရဲ့ ဇာတ်လိုက်အဖြစ် ပထမဆုံးပါဝင်ထားတဲ့ ဒီဗန်ပိုင်းယား ဇာတ်လမ်းတွဲမှာလည်း အကောင်းဆိုးကြိုးစားထားတာကိုလည်း တွေ့ရပါတယ်။ဇာတ်လမ်းအညွှန်းကတော့ ရက်ဂျီနယ်ဆိုတဲ့ ကောင်လေးဟာ သူ့ရဲ့ အဝလွန်ခန္တာကိုယ်ကြောင့် အပေါင်းအသင်းတွေကြားမှာ လှောင်ပြောင် စရာလူတစ်ယောက် အရှုံးသမားတစ်ယောက် အဖြစ်ကလွဲရင် သူ့အတွက် နေရာမရှိပါဘူး။ အလုပ်မှာလည်း သူကြိတ်ကြိုက်နေတဲ့ ဆာရာဆိုတဲ့ ကောင်မလေးရှိနေပေမယ့် မမှီတဲ့ပန်းတစ်ပွင့်လို ဖြစ်နေတာကြောင့် အဝေးကပဲ ငေးနေနိုင်ပါတယ်။တစ်နေ့ သူအလုပ်လုပ်တဲ့ စားသောက်ဆိုင်ကို မော်ရိစ်ဆိုတဲ့ ဗန်ပိုင်းယား တစ်ကောင်ရောက်လာပြီး ရက်ဂျီနယ်နဲ့ ခဏချင်းဆိုသလို စကားပြောမိကာ မိတ်ဆွေတွေဖြစ်သွားပါတယ်။ ဒါပေမယ့် ဗန်ပိုင်းယားတစ်ဖွဲ့ ထပ်ရောက် လာပြီး  မော်ရိစ်နဲ့ပြဿနာတက်တိုက်ခိုက်ရင်း ကြားညပ်ကာ ရက်ဂျီနယ်လည်း ဗန်ပိုင်းယားအဖြစ်ပြောင်းသွားပါတယ်။ ထူးခြားတာက ဗန်ပိုင်းယားတိုင်းမှာ မတူတဲ့အစွမ်းတစ်မျိုးစီရှိနေပါတယ်။ မော်ရိစ်ကလည်း သူ့ကြောင့်ဗန်ပိုင်းယား ဖြစ်သွားတဲ့ ရက်ဂျီနယ်ကိုကူညီရင်း ရက်ဂျီနယ်ရဲ့ အစွမ်းအသစ်တွေနဲ့အတူ ဘဝက တစ်မျိုးတစ်ဖုံဘယ်လိုပြောင်းလဲသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။စုစုပေါင်း(၁၀)ပိုင်းထွက်ရှိမယ့် ဒီစီးရီးကို cmမှ အပတ်စဥ်ကြဿပတေးနေ့တိုင်း တင်ဆက်ပေးသွားပါမည်။(ဒီစီးရီးရဲ့ အညွှန်းနဲ့ ...
5.0
TMDb: 5.0/10 2322 votes
tv

Reginald the Vampire (2022)

2022
The White Lotus (2021) Season1 + Season2 7.3
The White Lotus (2021) Season1 + Season2 The White Lotus (2021)The White Lotus က HBOကနေ 2021မှာ ထွက်ခဲ့တဲ့ အပိုင်း ၆ပိုင်းပဲ ပါတဲ့limited စီးရီးပါ။ HBOရဲ့ limited စီးရီးတွေဟာ ဘယ်တော့မှ စိတ်မပျက်ရတာကိုChernobyl, Watchman, Mare of East Town, Big Little Lies တို့ကိုကြည့်ဖူးတဲ့ သူတိုင်းသိကြမှာပါ။ဒီစီးရီးကလဲ မြန်မာနိူင်ငံမှာ လူပြော မများပေမယ့် အနောက်ဘက်မှာတော့ ပရိတ်သတ်ရောဝေဖန်ရေးဆရာတွေဆီကပါ ချီးကျူးသံညံခဲ့တဲ့ စီးရီးပါ။review ဖတ်ပျင်းမယ့် လူတွေကိုတော့၊ Alexander Daddario တို့ Euphoriaထဲက Sydney Sweeney တို့လိုအလှနတ်ဖုရားမလေးတွေရဲ့ ကမ်းခြေက အလှတရားတွေ အများကြီး မြင်ရမှာကို တွေးပြီးကြည့်ဖြစ်အောင်ကြည့်လိုက်ကြပါလို့ပဲ တိုက်တွန်းပါ့မယ်။ plotထက် သူတို့လေးတွေကို ဦးစားပေးကြမယ့်ပုဂ္ဂိုလ်များကတော့ အောက်က synopsisတွေ reviewတွေ ဆက်မဖတ်လဲ ရပါပြီ။ဇာတ်အိမ်ကတော့ ဟာဝိုင်အီက ...
7.3
TMDb: 7.3/10 137 votes
tv

The White Lotus (2021) Season1 + Season2

2021
Cheer Up (2022) 8.5
Cheer Up (2022) Cheer Up (2022) =============ဒီတစ်ခေါက်မှတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် COMEDY/ ROMANCE အမျိုးအစား ကျောင်းသားဇာတ်လမ်းတွဲလေး တင်ဆက်ပေး လိုက်ပါတယ်။ ဒီဇာတ်လမ်းမှာတော့ တက္ကသိုလ်ကျောင်းသားဘဝရဲ့ ပျော်စရာ လေးတွေ၊ ရယ်မောစရာလေးတွေကို သေချာပုံဖော်ပြသထားလို့ ပရိတ်သတ် ကြီးလည်း အကြိုက်တွေ့မယ်လို့ မျှော်လင့်ပါတယ်။ဇာတ်လမ်းအကျဉ်း ----------------------------------- ထက်မြက်ပြီး ဇွဲကြီးတဲ့ ဒိုဟယ်အီဆိုတဲ့ ကောင်မလေးက တက္ကသိုလ်ကျောင်းသူ တစ်ယောက်ဖြစ်ပေမဲ့ မိဘရဲ့ ငွေကြေးမပြည့်စုံတဲ့ အခြေအနေကြောင့် ကျောင်း တက်ဖို့ထက် ငွေရှာဖို့ကိုပဲ အမြဲဦးစားပေးရပါတယ်။ တစ်ရက်မှာတော့ ယွန်ဟီး တက္ကသိုလ်ရဲ့ cheering squad အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်လိုက်ပါတယ်။ Teyia လို့ခေါ်တဲ့ cheering squad ဟာ ကျောင်းမှာ နှစ် ၅၀ ကြာ သက်တမ်းရှိနေတဲ့ အဖွဲ့တစ်ခုဖြစ်ပါတယ်။ သူမဒီအဖွဲ့ထဲကို ဝင်ရတဲ့ အဓိက ရည်ရွယ်ချက်က ငွေကြေး ထောက်ပံ့မှုပေးတဲ့ အတွက်ကြောင့်ဆိုပေမယ့် တကယ်တမ်းအဖွဲ့မှာ ပါဝင်လုပ်ဆောင်တဲ့ အခါမှာတော့ ဒိုဟယ်အီတစ်ယောက် တက္ကသိုလ်ရဲ့ ပျော်ရွှင်မှုတွေကို စပြီးခံစား လာရပါတော့တယ်။ဒီအဖွဲ့လေးမှာ Teyia ရဲ့ အဖွဲ့ဝင်တွေနဲ့ တွေ့ခဲ့ရပြီး၊ cheering squad ...
8.5
TMDb: 8.5/10 2300 votes
tv

Cheer Up (2022)

2022
Behind Every Star (2022) 7.5
Behind Every Star (2022) Behind Every Star (2022)EP5***************************ဒီဇာတ်လမ်းလေးကတော့ ပရိတ်သတ်တွေ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မဲ့ Comedy/Romance Drama လေးတစ်ခုဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ နာမည်ကြီးမင်းသား မင်းသမီးများရဲ့နောက်ကွယ်ကနေ ပံ့ပိုးပေးနေကြတဲ့ မန်နေဂျာတွေနဲ့ အခြားရိုက်ကွင်းအဖွဲ့သားတွေရဲ့ ဘဝတွေ၊ ဖျော်ဖြေရေးလုပ်ငန်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခက်အခဲတွေကို ရိုက်ကူးပြသထားပါတယ်ဇာတ်လမ်းအကျဉ်းMETHOD Entertainment ကတော့ မင်းသားမင်းသမီးတွေများစွာနဲ့ အလုပ်တွဲလုပ်နေတဲ့ နာမည်ကြီး အေဂျင်စီကြီးတစ်ခုဖြစ်တယ် ဒီအေဂျင်စီကြီးမှာရှိတဲ့ ဝန်ထမ်းတွေကတော့ သရုပ်ဆောင်တွေအတွက် အလုပ်အကိုင်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကိုပါ ဖြေရှင်းပေးနေရတာပါမာထယ်အိုကတော့ ကျွမ်းကျင်မန်နေဂျာတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီမှာတော့ ဒါရိုက်တာရာထူးနဲ့ လုပ်ကိုင်ဆောင်ရွက်နေပါတယ် ဉာဏ်ကောင်းပြီး သိမ်မွေ့ပေမယ့် ဗျူဟာကောင်းတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ဘယ်လိုလှည့်စားမှုမျိုးကိုမဆို သူက ကျွမ်းကျင်စွာ လုပ်ဆောင်တတ်တယ်ချွန်းဂျယ်အင်ကတော့ မန်နေဂျာလုပ်သက် ၁၄ နှစ်ရှိတဲ့ ဝါရင့်မန်နေဂျာတစ်ယောက်ပါ အလုပ်မှာဆိုရင်လည်း မန်နေဂျာအဖွဲ့ရဲ့ အဖွဲ့မှူးတစ်ယောက်ဖြစ်တယ် အရည်အချင်းရှိပြီး အလုပ်ဂျပိုးတစ်ယောက်လည်းဖြစ်တယ် ဒေါသကြီးပြီး သူဖြစ်ချင်တာဆိုရင် ဘာကိုမှဂရုမစိုက်ဘဲ ရအောင်လုပ်တတ်လို့ မာထယ်အိုနဲ့သူမက အမြဲတမ်း ပြဒါးတစ်လမ်း သံတစ်လမ်းလိုဖြစ်နေကျပါဂင်ဂျောင်ဒွန် ကတော့ ချွန်းဂျယ်အင်ရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီး အလုပ်မှာလည်း ဂျယ်အင်နဲ့ ...
7.5
TMDb: 7.5/10 votes
tv

Behind Every Star (2022)

2022
Uncoupled (2022) 6.889
Uncoupled (2022) Uncoupled (2022)ရိုးအီခြင်း ငြီးငွေ့ခြင်း-အင်မတန်ရိုးရှင်းပေမဲ့ ကိုယ်တိုင်ကြုံရချိန်မှာတော့ နားလည်ရခက် ခံရခက်စေတဲ့စကားလုံးတစ်လုံး၊ တစ်နည်းအားဖြင့် သံယောဇဉ်၊အချစ်၊‌မေတ္တာ၊ပတ်သက်မှု‌တွေရဲ့လမ်းဆုံးတစ်ခု။လူတစ်ယောက်အကြောင်းကို အိတ်သွန်ဖာမှောက် ခရေစေ့တွင်းကျသိရဖို့ "၁၇ နှစ်" ဆိုတဲ့အချိန်ကာလဟာ လုံလောက်လားလို့မေးရင်တော့ ကျွန်တော်တို့တော်တော်များများက ပိုတောင်ပိုဦးမယ် လို့ ပြန်ဖြေကြမှာ အသေအချာပါ။ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကြီးမိုက်ကယ်လော်ဆန်လည်း ကျွန်တော်တို့လိုပဲ တွေးထင်ခဲ့သူတစ်ယောက်ပေါ့။ဒါပေမဲ့ လောကမှာ နားလည်ရအခက်ဆုံးနဲ့ အစိုးမရဆုံးအရာ၊ အပြောင်းအလဲလွယ်ဆုံးအရာဆိုတဲ့ ဘွဲ့ထူးတွေတသီကြီးရထားတာ "လူတစ်ယောက်ရဲ့စိတ်သဘောထား" ဆိုတာကို သူမေ့လျော့နေခဲ့တဲ့အခါ...၁၇ နှစ်တာကာလပတ်သက်မှုတစ်ခုဟာ မျက်စိတစ်မှိတ်အတွင်းမှာ သစ်စိမ်းချိုးချိုးခံရပြီး နေ့ချင်းညချင်း Mr Perfect Boyfriend ကိုရထားတဲ့အတွက် ဂေးတိုင်းရဲ့စံပြပုဂ္ဂိုလ်ဘဝကနေ နေ့ချင်းညချင်းပဲ အသက် ၅၀ နားကပ်နေတဲ့ Single Gayဘဝကို ရောက်သွားတဲ့အခါမှာတော့...ပုံမှန်အသက် ၅၀ နားကပ်လို့ အားလုံးက အခြေတကျဖြစ်နေကြချိန်မှာမှ ချွတ်ချော်ပြီး လူပျိုအိုကြီးဖြစ်သွားတဲ့မိုက်ကယ်လော်ဆန်၊ ဂေး smallလေးတွေ ဂေး အဆင်လေးတွေကြားထဲမှာမှ ဂေးအိုကြီးဖြစ်နေတဲ့သူ့ဘဝ၊ ဒီကြားထဲ Singleဖြစ်ရတာကို သေမလောက်ကြောက်နေပြန်တော့ ဘယ်လိုအလွဲပေါင်းများစွာနဲ့ future spouseကို လိုက်လို့ရှာမလဲဆိုတာ ကြည့်ရှုရမှာပါ။Romace Comedyအမျိုးအစားလေးဖြစ်တာကြောင့် ပေါ့ပေါးပါးပါးနဲ့ ကြည့်ရှုသူတွေဘဝအမောပြေစေမဲ့ စီးရီးလေးတစ်ခုအဖြစ် ညွှန်းပေးလိုက်ရပါတယ်အညွှန်းကိုတော့ Mary Christ ...
6.889
TMDb: 6.889/10 36 votes
tv

Uncoupled (2022)

2022
(18+)Sursuri Li (2022)
(18+)Sursuri Li (2022) Sursuri-Li (2022)ဒီတစ်ခါမှာတော့ အိန္ဒိယ 18+ ဟာသ စီးရီးလေးတစ်ခုကို တင်ဆက်ပေးပါ့မယ်ဒီစီးရီးလေးမှာ ဆူး နဲ့ ဆူရီလီးက အဓိက ဇာတ်လိုက်တွေပေါ့နော်ဆူးက သိပ်ကိုမင်္ဂလာဦးညနဲ့ကြုံချင်နေတဲ့ အသက် ၃၀ ကျော် လူပျိုကြီး.. တဏှာစိတ်အားထက်သန်တယ်ဆိုပေမယ့် သူ့ရဲ့ဒီဆန္ဒကို သူယူမယ့်မိန်းမနဲ့ပဲ ဖြတ်သန်းချင်နေတဲ့သူပေါ့ဗျာ...အဲ..ဆူရီလီးကတော့ ယောက်ျားလေးတွေနဲ့ အွန်လိုင်းကနေ အဖေါ်အချွတ်စကားပြောပြီး ကိုယ့်အသုံးစရိတ်ရှာနေတဲ့ ကောင်မလေး... သူဟာလည်းပဲ သူ့ရဲ့မင်္ဂလာဦးညကို သူယူမယ့်ယောက်ျားနဲ့ပဲ ဖြတ်သန်းချင်နေသူပါဒီလိုနဲ့ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတို့ တွေ့ကြရာဝယ်...။ဘယ်လိုတွေ နှစ်ပါးသွားကြမလဲဆိုတာကို ကြည့်ရှုခံစားပေးကြပါဦးနော်ဒီစီရီးလေးက 18+ ကြီးကို အသာမပေးထားဘဲ ဟာသလေးတွေလည်း နှောပေးထားပါတယ်...။ဆိုတော့ ကြည့်လို့ရပါပြီနော်File Size – 500MB / 250MBQuality – 1080p / 720pDuration – 24minsTotal Episodes: 12EpsSubtitle – Myanmar HardsubFormat – Mp4Genre : RomanceTranslator – DevilEncoder – XCross 720p ==== Episode ...

(18+)Sursuri Li (2022)

2022