Channel Myanmar

Comedy

The Heir 2013 (Completed) 7.6
The Heir 2013 (Completed) တောင်ကိုရီးယားနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲ အားပေးမှု့အပြည့်ဝရရှိထားတဲ့   မင်းသားလီမင်ဟို နဲ့ မင်းသမီးပတ်ရှင်ဟေးတို့ရဲ့   အကောင်းဆုံးတွေထဲက အကောင်းဆုံးစီးရီးတစ်ခုဖြစ်ပါတယ်...   ဒီစီးရီးလေးဟာ   Rating 7.6/10 အထိရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်   American Digital Distribution Platform 'Dramafever' နဲ့   Korean Production တို့က ပထမဆုံး Co Produced ပြုလုပ်ထားတဲ့   Drama အမျိုးအစားဇာတ်လမ်းလေးလည်း ဖြစ်ပါတယ်။   တောင်ကိုရီးယားမှာလည်း တော်တော်လေး Hit ဖြစ်ခဲ့ပြီး   Asia မှာလည်း အရမ်းလူကြိုက်များခဲ့ပါတယ်.....   ဒီစီးရီးလေးဟာဆိုရင်   နာမည်ကြီးစာရေးဆရာမ ( Decendents of the Sun , Goblin) တို့ကို ရေးတဲ့   စာရေးဆရာမ Kim Eun Seok ရဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်ပါတယ်   Hallyu လောကမှာ နာမည်ကြီး ပရိသတ်အခိုင်အမာရထားတဲ့   Lee min ho နဲ့ Park Shin Hye ကိုတွဲပေးထားပြီး   အရံ ဇာတ်ပို့တွေကအစ နာမည်ရထားတဲ့သူတွေပဲ သုံးထားလို့   မထွက်ခင်ကတည်းက ပရိသတ်စိတ်ဝင်စားခဲ့တဲ့စီးရီးလေးလည်းဖြစ်ပါတယ်...   ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင်   ချမ်းသာပြီးအထီးကျန်ဆန်နေရတဲ့သူဌေးသားလေး ကင်တန်နဲ့   သူဆင်းရဲမလေး ချားအွန်ဆန်းတို့ ...
7.6
TMDb: 7.6/10 15 votes
tv

The Heir 2013 (Completed)

2013
She Was Pretty (2015) 7.1
She Was Pretty (2015) ဒီစီးရီးလေးကတော့ ဒုက္ကဌကြီးလို့ လူသိများနေတဲ့ ကိုရီးယားမင်းသားချောလေး Park Seo Jun ရဲ့ အောင်မြင်တဲ့စီးရီးလေးတစ်ခုဖြစ်ပါတယ်... ငယ်ငယ်တည်းကဖက်တီးလို့လူတွေရဲ့အနှိမ်ခံခဲ့ရတဲ့ ကောင်လေးတစ်ယောက်ဟာ သူ့အပေါ်ကို နွေးနွေးထွေးထွေးနဲ့ဆက်ဆံခဲ့တဲ့  ကောင်မလေးတစ်ယောက်ကို သံယောဇဉ်မိသွားခဲ့ပါတယ်... အဲဒီကောင်မလေးကလည်း အရမ်းအရမ်းကိုချောလို့ တစ်ကျောင်းလုံးမှာ သူမကိုလိုချင် အတွဲလုပ်ချင်တဲ့လူတွေကများလွန်းနေခဲ့ပါတယ်.. ဒါပေမယ့် သူမဟာအဲဒီဖက်တီးလေးကိုပဲ သံယောဇဉ်ဖြစ်နေခဲ့တာ အခက်သားရယ်... သူတို့နှစ်ယောက်အသက်ငယ်ရွယ်စဉ်မှာ ခွဲခွာခဲ့ရပြီးတော့ အသက်ကြီးလာလို့ သူတို့နှစ်ယောက်အတူပြန်ဆုံကြတော့မယ့်အချိန်မှာ အရာရာအားလုံးကပြောင်းလဲသွားပါတော့တယ်... ကင်ဟီဂျင်းဆိုတဲ့ မိန်းမချောလေးရဲ့မိဘတွေက စီးပွားပျက်ပြီးတော့ သူမရဲ့ချောမောလှပနေတဲ့ ရုပ်ကလေးဟာ ပင်ပန်းမှု့တွေကြောင့် ရုပ်ဆိုးသွားခဲ့ရပြီးတော့ သူမသံယောဇဉ်ဖြစ်ခဲ့တဲ့ သူမရဲ့ငယ်ချစ်ဦး ဂျီဆောင်းဂျွန်းကတော့ ဖက်တီးလေးမဟုတ်တော့ပဲ မင်းသားလေးတစ်ပါးလို ချောမောခန့်ညားလာခဲ့ပါတယ်.. ဒီလိုနဲ့သူတို့နှစ်ယောက်ပြန်ဆုံကြမယ့် အချိန်မှာတော့  သူမရဲ့ရုပ်ဆိုးတဲ့ မျက်နှာလေးကို သူမသိပ်ချစ်ရတဲ့ ကောင်လေးစိတ်ပျက်သွားမှာစိုးလို့ဆိုပြီး သိပ်ကိုချောတဲ့ သူမရဲ့သူငယ်ချင်း မင်ဟာရီနဲ့ လူစားလဲပြီး ဇာတ်လမ်းရဲ့အရှိန်ကို ပထမပိုင်းမှာမြှင့်လိုက်ပါတယ်... တကယ်တော့ မိန်းကလေးတွေဆိုတာ ကိုယ်ချစ်တဲ့လူက ကိုယ့်ကို သူ့အမြင်မှာလှနေတာပဲမြင်ချင်နေကြတာပါပဲ.... သူ့ချစ်ရတဲ့ အချစ်ဦးကောင်လေး သူ့ကိုစိတ်ပျက်မှာစိုးလို့ လူစားလဲလိုက်တဲ့ ကောင်မလေးနဲ့ သူငယ်ငယ်က သံယောဇဉ်ရှိခဲ့တဲ့ ကောင်မလေးကိုတွေ့ချင်လို့ပြန်လာတဲ့ ကောင်လေးဂျီဆောင်းဂျွန်းနဲ့  ချောမောလှပတဲ့  ကင်ဟီဂျင်းရဲ့အချစ်ဆုံးသူငယ်ချင်း မင်ဟာရီတို့ ဘယ်လိုတွေ ဖြစ်ကြမလဲဆိုတာ  ဒီဇာတ်လမ်းတွဲလေးထဲမှာကြည့်လိုက်ကြရအောင်လား... (တကယ်တော့ အချစ်ဆိုတာ လှတာရုပ်ဆိုးတာနဲ့မဆိုင်ပါဘူး... ကိုယ်တကယ်ချစ်လာရင် အလိုလိုနေရင်းလှလာကြတာပဲ ဟုတ်တယ်ဟုတ် ???)   Quality ..... HDTV 720p   Running Time .... 01:00:00   Translator ...... Hnin Kyi Thar Oo   Encoder ... Moe Myint Lwin  Episode (1) Gdrive Link ...
7.1
TMDb: 7.1/10 10 votes
tv

She Was Pretty (2015)

2015
The End of the F***ing World (2017) Season 1 [COMPLETE] 7.9
The End of the F***ing World (2017) Season 1 [COMPLETE] Wow! စီးရီးနာမည်နဲ့တင် ကြည့်ချင်စရာကောင်းသွားပါပြီ။2017 အောက်တိုဘာလမှာ Netflix မှာ စတင်ထုတ်လွှင့်ပြသခဲ့ပြီး လူငယ် ဆယ်ကျော်သက်ပရိသတ်တွေရဲ့ အားပေးမှုကိုအများဆုံးရရှိထားတဲ့ စီးရီးတစ်ခုဆိုရင်လဲမမှားပါဘူး။ကိုယ့်ကိုယ်ကို စိတ်ဝေဒနာရှင်လို့သတ်မှတ်ထားတဲ့ ၁၇ နှစ်အရွယ် ဂျိမ်းစ်နဲ့ လူတကာကို ဘုကလန့်ဂွစာလုပ်တတ်တဲ့ ၁၇နှစ်အရွယ် အလစ်ဆာတို့ နှစ်ယောက်ဟာ တစ်နေ့တော့ သူတို့အိမ်ကနေ အတူတူထွက်ပြေးလာကြပြီး အလစ်ဆာရဲ့အဖေဆီ သွားဖို့ကြိုးစားကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ ပင်ကိုဗီဇတွေက ဘယ်လိုမျိုးလဲ၊ သူတို့နှစ်ယောက် ဘယ်လိုစတွေ့ခဲ့ကြသလဲ၊ အိမ်ကနေထွက်ပြေးလာပြီး လမ်းမှာ ဘာတွေကြုံတွေ့ရသလဲဆိုတာကို အသေးစိတ်ရိုက်ကူးပြထားတဲ့ စီးရီးတစ်ခုဖြစ်ပါတယ်။ဒီစီးရီးရဲ့ ထူးခြားချက်ကတော့ ဂျိမ်းစ်နဲ့ အလစ်ဆာတို့ရဲ့ အတွေးလေးတွေကိုပါ ထည့်သွင်းထားတာလေးပါ။ အပြင်မှာစကားပြောလိုက်တာက တစ်မျိုးဖြစ်ပေမယ့် သူတို့စိတ်ထဲမှာကျ နောက်တစ်မျိုးတွေးနေတာကိုပါ ရိုက်ကူးပြထားတဲ့အတွက် ရုပ်ရှင်ကြည့်နေရင်း ကိုယ့်ရှေ့မှာ ဒီ ဆယ်ကျော်သက်ကောင်လေးနဲ့ ကေကာင်မလေး တကယ်ရောက်နေတယ်လို့တောင် ခံစားရလောက်ပါတယ်။ သူတို့ရဲ့စကားလုံးအသုံးအနှုန်းတွေဟာ အတော်ခေတ်ဆန်ပြီး ဟာသပြက်လုံးတွေကလဲ အရွဲ့တိုက်ပြက်လုံးတွေ အများဆုံးပါဝင်ပါတယ်။ ဆယ်ကျော်သက်ဘဝကို သေချာမီးမောင်းထိုးပြနိုင်ပြီး လူငယ်ပရိသတ်တွေ ...
7.9
TMDb: 7.9/10 84 votes
tv

The End of the F***ing World (2017) Season 1 [COMPLETE]

2017
A Korean Odyssey (2017)
A Korean Odyssey (2017)           IMDb Rating 8.9 ရထားတဲ့ tvN က လက်ရှိအပါတ်စဉ်စနေတနင်္ဂနွေနေ့တွေမှာ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ကိုးရီးယားစီးရီးလေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးမှာ မိနစ် ၉၀စာ အပိုင်း ၂၀ ပါဝင်မယ်လို့ ပြောပါတယ်။စီးရီးအမျိုးအစားကတော့ Romance Comedy Horror Fantasy ရသစုံပါဝင်တဲ့ စီးရီးလေးပါ။tvN က ကိုးရီးယားပြည်တွင်းမှာ ထုတ်လွှင့်ပြသနေသလိုNetflix ကလည်း Globally distributor အနေနဲ့ တစ်ကမ္ဘာလုံးကို ထုတ်လွှင့်ပြသနေတဲ့စီးရီးလေးပါ။အစကနဦးက ဒါရိုက်တာတစ်ဦးထဲရိုက်ကူးခဲ့ပေမယ့် အာရှသာမကကမ္ဘာအနှံ့ထုတ်လွှင့်ပြသမှာဖြစ်တာကြောင့် နောက်ထပ်နာမည်ကျော်ဒါရိုက်တာနှစ်ယောက်လည်းပါဝင်လာတာကြောင့် စုစုပေါင်း ဒါရိုက်တာ ၃ ဦး ကောင်းမွန်သေသပ်တဲ့ CGI effectတွေနဲ့အတူအကောင်းဆုံးလက်စွမ်းပြထားတဲ့စီးရီးဖြစ်သလို ဇာတ်ညွှန်းရေးတဲ့သူကလည်း ပရိသတ်တွေ ရင်းနှီးပြီးသားဖြစ်တဲ့ Master’s sun , My girlfriend is a Nine-Tailed Fox ,My girl အစရှိတဲ့စီးရီးတွေကို ရေးခဲ့တဲ့နာမည်ကျော် Hong ...

A Korean Odyssey (2017)

Future Man (2017)
Future Man (2017)   ဒီစီးရီးလေးကတော့Rating 8 ရရှိထားပြီး စိတ်ကူးယဉ်ဆန်ဆန်စီးရီးလေးတစ်ခုဖြစ်လို့  အားလုံးလည်းလိုက်ပြီးစိတ်ကူးယဉ်လို့ရအောင်တင်ပေးလိုက်ပါတယ်.... ဂိမ်းကိုအရမ်းဝါသနာပါတဲ့လူတစ်ယောက်ရှိပါတယ်... အဲလူကဘယ်လောက်တောင်ဂိမ်းကိုဝါသနာပါလဲဆိုရင် သူအလုပ်လုပ်နေရင်တောင်ဂိမ်းဆော့တာပါပဲ သူဟာ Level တစ်ခုချင်းဆီကိုအောင် အောင်ဆော့နိုင်ပေမယ့်  နောက်ဆုံး Level မှာ အမြဲရှုံးနေမြဲပါပဲ... နောက်ဆုံး သူအဲဒီ Level ကို ရိုးရှင်းတဲ့တွက်ချက်မှု့တစ်ခုနဲ့အောင်မြင်သွားခဲ့ပါတယ်.. သူဂိမ်းဆော့နေတဲ့တလျောက်လုံး သူနဲ့အတူတွဲဖက်ပြီးဆော့ရတဲ့ ဂိမ်းထဲကဇာတ်ကောင်နှစ်ကောင်ဟာ သူနောက်ဆုံးဂိမ်းကိုအောင်မြင်သွားတဲ့အချိန်မှာတော့ သူအိပ်မက်မက်နေသလို  အပြင်ကိုထွက်လာပါတော့တယ်.... နောက်ပြီးသူ့ကိုလည်း Future Man လို့ခေါ်ပြီးတော့ အနာဂါတ်ကော သူတို့တွေအတွက်ပါ ကယ်တင်ရှင်လို့ယုံကြည်နေကြပါတယ်... ဂိမ်းသာအမြဲဆော့နေတဲ့လူတစ်ယောက်အဖို့ ဒီလိုဂိမ်းထဲကလိုမျိုး Time Travel တွေ လူသတ်တာတွေလုပ်လာရတော့မယ်အချိန်မျိုးမှာတော့ ဘယ်လိုတွေအိုးနင်းခွက်နင်းတွေဖြစ်ကြမလဲဆိုတာ ကြည့်လိုက်ရအောင်လားဗျ...   Translators ........ Pone Thone , Avery , Wha.T , Moe.YZ Encoder ...... Moe Myint Lwin Quality .... 720p WEB-DL   Episode (1) YoteShin Link / Openload Link / Solid Drive Link Episode (2) YoteShin Link / Openload Link / Solid ...

Future Man (2017)