Channel Myanmar

Comedy

Another Miss Oh(2016) 8.2
Another Miss Oh(2016) Another Miss Oh(2016) ဇာတ်လမ်းတွဲ**********************************အပိုင်း ( ၁ မှ ၁၈) ထိ စ/ဆုံးWHY HER (2022) ဇာတ်လမ်းတွဲထဲက မမ အိုဆူဂျယ်ရဲ့ဇာတ်လမ်းတွဲကောင်းဖြစ်တဲ့ ဒီစီးရီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်..ဒီဇာတ်လမ်းတွဲဟာ သူမရဲ့အကောင်းဆုံးစီးရီးတွေထဲက တစ်ခုဖြစ်လို့အားပေးတဲ့သူလည်း များပြားလှပါတယ်...ဒါ့ကြောင့် CM ကနေ ရုပ်ထွက်အကောင်းဆုံး 1080Pလေးနဲ့တင်ဆက်ပေးလိုက်တာမို့ မိုးအေးအေးလေးနဲ့ခံစားချင်သူများအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်...ဒီဇာတ်လမ်းတွဲထဲမှာတော့ သူမက မင်္ဂါလာဆောင်ခါနီး တစ်ရက်အလိုမှာတင်သတို့သားနဲ့ သတို့သားနဲ့ ခွာပြဲခဲ့တာကြောင့် မိသားစုအသိုင်းအဝန်းကြားမျက်နှာပျက်ခဲ့ရပါတယ်...ဒါ့အပြင် အလုပ်မှာလည်းအဆင်မပြေမှုများစွာနဲ့ဖြတ်သန်းနေရတဲ့ကောင်မလေးပေါ့...ဒီလိုကံကြမ္မာဆိုးဟာ တကယ်တော့ ယောင်္ကျားလေးတစ်ယောက်ကြောင့်ဖြစ်ရတယ်ဆိုလည်းမမှားပါဘူး...ဒီလိုယောင်္ကျားနဲ့ဆုံဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...ဒီဇာတ်လမ်းတွဲဟာ ရယ်ရတဲ့အခိုက်အတန့်တွေလည်းရှိသလိုသနားရ ဝမ်းနည်းရ ကြည်နူးရနဲ့မို့ ရသစုံလင်တဲ့ဇာတ်လမ်းတွဲလေးလို့လည်းဆိုနိုင်ပါတယ်...မင်းသား,မင်းသမီးတွေကလည်းနာမည်ကြီးတွေမို့ ခံစားကြည့်ကြပါဦး..Episodes: 18Aired: Jun 10, 2022 - Jul 23, 2022File Size: 1.4GB & 500MBQuality :Web-DL 1080p,720pGenres: Comedy, Romance, LifeTranslated by Hnin Wut Ye,ChitThe, Estel,So Ri,Thynn ...
8.2
TMDb: 8.2/10 152 votes
tv

Another Miss Oh(2016)

2016
The Lost Soul (2022) 6.5
The Lost Soul (2022) The Lost Soul (2022) စ/ဆုံး"ချစ်ရတဲ့ ဝိညာဉ်မလေး" Pang SanaehaCasts:တေချစ် အဖြစ် ‌Ko Vasin ပရိုင်‌ဒေါင်/ဆိန်ဝမ်အဖြစ် Pinkploy Paparwadee ဆီ‌ထောင်းအဖြစ် Maggi Apa ‌‌‌ပေါလ် အဖြစ် Off Chanapolဇာတ်လမ်းအကျဥ်းကတော့....မိမိကိုယ်ကို ဘယ်သူဘယ်ဝါ မှန်းမသိ ဘယ်ကနေ ဘယ်လိုရောက်လာမှန်းမသိ လေလွင့်နေတဲ့ ဝိညာဉ် မလေး ဆိန်ဝမ်....မဟုတ်မခံ နိုင်ငံကြီးသားပီပီ အမှန်တရားကိုချစ်တဲ့ လူတစ်ယောက် မိန်းမနဲ့ ကလေး အသတ်ခံရတဲ့အမှုကို မဖော်နိုင်တဲ့အပြင် တရားခံကိုပါမဖမ်းနိုင်တဲ့အချိန်မှာ ရဲအရာရှိ တေချစ်တစ်ယောက် အကုန်လုံးကိုစိတ်ကုန်ပြီး သူငယ်ချင်း ဖြစ်သူဆီရဲ့ ဟိုတယ်ကို ခဏတစ်ဖြုတ် အနားယူဖိုလာရင်း လေလွင့်နေတဲ့ဝိညာဥ်မလေးဆိန်ဝမ်ကို မထင်မှတ်ပဲ တွေ့လိုက်ရတယ်ဝိညာဥ်မလေး ဆိန်ဝမ်က မိမိအကြောင်းကိုပိုသိချင်လို တစ်ဦးတည်းသောလူသား ရဲအရာရှိတေချစ်ပဲ သူ့ကိုမြင်နိုင်တဲ့အချိန်မှာ ဘယ်လိုဆက်ဖြစ်မလဲ ......?အချင်းချင်းရင်းနှီးသိကျွမ်းပြီး တေချစ်က ဝိညာဥ်မလေး ဆိန်ဝမ်ကိုကူညီရင်း လူသားနဲ့ဝိညာဥ်ကြားကအချစ်တွေဘယ်လိုပေါက်ဖွားလာမလဲ...?ဝိညာဥ်အဖြစ်နဲ့နေရတဲ့ ဆိန်ဝမ်ကရော ဘယ်သူလဲ?ချစ်စရာကောင်းသောဝိညာဥ်မလေး ဆိန်ဝမ်ကလည်း ဝိညာဥ်အဖြစ်နဲ့ တစ်သက်လုံးနေသွားမှာလား...?ရဲအရာရှိ တေချစ်ရဲ့ မိန်းမနဲ့ကလေးရော ဘယ်သူ့လက်ချက်ကြောင့်သေသွားတာလဲ....?လျှိဝှက်ဆန်းကြယ်တဲ့သရဲကားမျိုးမဟုတ်ပဲ Romance ဆန်ဆန် လူသားနဲ့ ...
6.5
TMDb: 6.5/10 1 votes
tv

The Lost Soul (2022)

Man Vs Bee (2022) 10
Man Vs Bee (2022) Man Vs Bee (2022) Complete Limited Series IQ 178 ရှိတဲ့ စူပါဂျီးနီးယပ်စ်တစ်ယောက်ဖြစ်တဲ့ ရို၀န်အတ်ကင်ဆန်ရဲ့ တစ်ကျော့ပြန် ဇာတ်လမ်းတွဲအသစ်ကို Netflix ကနေ အစအဆုံး တစ်သုတ်တည်း ထုတ်လုပ်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းတွဲကို ရိုဝန်အတ်ကင်ဆန်ရဲ့ Johnny English Strikes Again ကားကို ရိုက်ခဲ့တဲ့ ဒါရိုက်တာကပဲ ရိုက်ထားတာပါ။ ရုပ်ရှင်အကြိုက်တွေ အမျိုးမျိုးကွဲကြပေမဲ့ တစ်ခေတ်တစ်ခါတုန်းက Legend တစ်ယောက်ဖြစ်တဲ့ ချာလီချက်ပလင်ကို မကြိုက်တဲ့သူမရှိသလို သူ့နောက်တစ်ခေတ်မှာလည်း တွမ်အန်န်ဂျယ်ရီကို မကြိုက်တဲ့သူမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်‌တော်တို့ မျက်မှောက်ခေတ်ရဲ့ ဟာသ Legend ကြီးကတော့ မစ္စတာဘင်းန်ပါပဲ။ အဲဒီဇာတ်လမ်းတွဲကို မကြိုက်တဲ့သူမရှိတာ သေချာပါတယ်။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပဲ၊ လူနဲ့ပျား အကြိတ်အနယ်ဆော်ကြတဲ့ဇာတ်ပါပဲ။ ခင်ဗျားအိမ်ထဲ ငှက်တစ်ကောင်ဖြစ်ဖြစ် ပျားတစ်ကောင်ဖြစ်ဖြစ် ၀င်ပြီး ပြန်ထွက်မရဖြစ်နေတာကြုံဖူးမှာပေါ့။ အ၀တ်နဲ့ရိုက်ထုတ်လိုက် မောင်းထုတ်လိုက် လုပ်ပေမဲ့ အေဘေးက မထွက်တာလည်း ...
10
TMDb: 10/10 1 votes
tv

Man Vs Bee (2022)

2022
Love, Victor 8.7
Love, Victor Love, Victor (2020) Season 1အမည်မဖော်ဘဲနဲ့ အီးမေးလ်အပြန်အလှန်ပို့ရင်းက ‌ အဆုံးသတ်ကျ ရဟတ်ကြီးပေါ်မှာ ချစ်ရသူနဲ့ အနမ်းပေးခဲ့တဲ့ ‌ခရိဝုဒ်က ဂေး ကျောင်းသားလေးတစ်ယောက်ကို မှတ်မိကြသေးလားဗျ။ သူ့ရဲ့ နာမည်က "ဆိုင်မွန် စပီယာ" တဲ့လေ။အခုတော့ သူ့ရဲ့ရင်ခုန်စရာ ဇာတ်လမ်းလေးကြောင့် ဆိုင်မွန်မှာ admirer တွေ အများကြီး ရှိနေပါပြီ။ ဒီလူတွေထဲမှာ ဗစ်တာ ဆလာဇာဆိုတဲ့ ကောင်လေး အပါအ၀င်ပေါ့။ ဗစ်တာဟာ သူ့ကိုယ်သူ အခုထိ ဘယ်လိုလူစားလဲဆိုတာ အဖြေရှာမရသေးတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။တစ်နေ့တော့ ဗစ်တာဟာ ဖခင်ဖြစ်သူရဲ့ အလုပ်အပြောင်းအရွေ့ကြောင့် တက္ကဆက်ကနေ အတ္တလန်တာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ ဟုတ်ပါတယ်....သူ့ရဲ့ အိုင်ဒေါ ဆိုင်မွန်တစ်ယောက် ချစ်သူနဲ့ ပထမဆုံး အနမ်းပေးခဲ့ရာ ‌အရပ်ဒေသလေးပါ။အတ္တလန်တာမှာ ဗစ်တာဟာ သူ့ကိုယ်သူ အဖြေရှာနိုင်မယ်... ဘ၀သစ် စတင်နိုင်မယ်လို့ ယူဆထားတယ်။ တစ်ဖက်မှာလည်း message box ကနေတစ်ဆင့် ဆိုင်မွန် စပီယာထံ သူ့ရဲ့ လျှို့ဝှက်ခံစားချက်တွေ ပို့လျက်ပေါ့....အတ္တလန်တာ ခရိဝုဒ်အထက်တန်းကျောင်းမှာ ကျောင်းတက်ရင်း ဆိုင်မွန့်လိုပဲ အားကိုးရတဲ့ သူငယ်ချင်းတွေနဲ့ ...
8.7
TMDb: 8.7/10 1289 votes
tv

Love, Victor

2020
Devil Sister (2022)
Devil Sister (2022) Devil Sister (2022) စ/ဆုံး******************* Devil Sister ဇာတ်လမ်းအညွှန်းကဲ Mon, Tue တိုင်း မျှော်လင့်စောင့်စားစရာ ကားကောင်းလေးတစ်ကား ထပ်လာပါပြီ အားလုံးရဲ့အသည်း ဝင်း မယ်ထဝင်း ပါဝင်ထားတဲ့ Devil Sister ဆိုတဲ့ကားလေးဖြစ်ပါတယ်ဆရာဝန်ပေါက်စလေးဖြစ်သူ 'နမ်ချာ'... သူ့ကို ဝိုင်းသဘောကျကြတဲ့သူများပေမဲ့လည်း ကျောင်းကတည်းကတွဲလာတဲ့ မမကိုသာ အသည်းစွဲဖြစ်နေတဲ့သူ...သူ့ရဲ့မမဖြစ်သူကတော့ နမ်ချာထက် အသက် ၇ နှစ်ကြီးတဲ့ 'အိုင်ရင်'... ကျောင်းတုန်းကတည်းက နမ်ချာနဲ့ လူအသိမခံဘဲ တွဲလာကြတာဖြစ်ပြီး ဆိုးသွမ်းတယ်၊ ရိုင်းစိုင်းတယ်လို ပတ်ဝန်းကျင်က သမုတ်ခံရသူ တစ်ဦးပါတစ်နေ့မှာတော့ မသိနိုင်တဲ့ အကြောင်းအရင်းတစ်ခုကြောင့်... သူတိုနှစ်ယောက်လမ်းခွဲဖိုကို အိုင်ရင်က တောင်းဆိုပါတော့တယ်ဒါကိုလက်မလျှော့နိုင်တဲ့ နမ်ချာက ပတ်ဝန်းကျင်ကို အာခံပြီး.. လူကြီးတွေက အိုင်ရင်နဲ့သဘောတူထားတဲ့ 'ဂျင်' နဲ့အပြိုင် ဘယ်လိုတွေ မမရဲ့အချစ်ကို လုကြမလဲဆိုတာနဲ့ နောက်ထပ် ဘယ်လိုအတားအဆီး၊ အနှောင့်အယှက်တွေက မမနဲ့ မောင်လေးကြားထဲကို ဝင်လာမလဲဆိုတာကို... စောင့်မျှော်ကြည့်ရှုရင်း ရင်ခုန်နိုင်ကြပါပြီနော် Episodes: 18Aired: April.18, 2022 – 14.06.2022Aired ...

Devil Sister (2022)

My Lovely Bodyguard (2022)
My Lovely Bodyguard (2022) My Lovely Bodyguard(2022) စ/ဆုံး-----------------------------------5နှစ်တွဲခဲ့တဲ့ ရည်းစားနဲ့ အဖြတ်ခံထားရပြီး အသည်းကွဲနေတဲ့ လူ‌တယောက်ဖြစ်သူ “ ထေဝမ်”မိဘမဲ့ဖြစ်သွားသော ငွေကြေးသန်းပေါင်းများစွာ အမွေရလိုက်တဲ့တူလေးဖြစ်သူအား စောင့်ရှောက်ရန်တာဝန်ရှိလာသောအခါ ………ငယ်ငယ်ကတည်းက ဆင်းရဲပင်ပန်းစွာရုန်းကန်လာခဲ့ရသော ကိုယ်ကာယကြံခိုင်သူ အမျိုးသမီးလေး “ ဆာရဖီ”ထေဝမ်ဟာ ဆာရဖီရဲ့ အရည်အချင်းတွေကို မြင်ပြီး သူရဲ့ သက်တော်စောင့်အဖြစ်နဲ့ သူမကို ငှါးရမ်းခဲ့ပါတော့တယ် ………ဆာရဖီဟာလည်း သူမရဲ့ငွေကြေးပြဿနာတွေကြောင့် သက်တော်စောင့် အဖြစ် လက်ခံလိုက်ပါတော့တယ်ဆာရဖီနဲ့ ထေဝမ်တို့ နောက်ကွယ်က အမွေလုလုပ်ကြံသူရဲ့ အန္တရာယ်တွေကနေ ဘယ်လိုကာကွယ်ကြမလဲ ….သက်တော်စောင့်ဘဝမှာ ဆာရဖီ ဘယ်လိုအသက်အန္တရာယ်တွေနဲ့ကြုံတွေ့ရင်း ထေဝမ်နဲ့ ငြိတွယ်သွားမလဲ …… ထေဝမ်နဲ့ ဆာရဖီတို့ရဲ့ ကံဇာတာ ဘယ်လိုဖြစ်လာမလဲ။ဆာရဖီဟာလည်း အကြွေးကျေဖို့ ဘယ်လို အလုပ်မျိုးလုပ်ရဦးမှာလဲ။ ထေဝမ်ဟာလည်း အသည်းကွဲခြင်းကနေ ဘယ်လိုရုန်းထွက်သွားမလဲဆိုတာ ခံစားကြည့်ရှုရမှာပါEpisodes: 12Aired: May .2 ,  2022Aired On: Mon to TueGenres: Romance, ActionTranslated by Zee , Zoe & ...

My Lovely Bodyguard (2022)

From Now On, Showtime! (2022) 5
From Now On, Showtime! (2022) From Now On Showtime 2022ဒီတခါမှာတော့ ကိုရီးယားဝိဉာဥ်သရဲကားကြိုက်သူတွေရော မှုခင်းကားကြိုက်သူတွေပါ အကြိုက်တွေ့စေမဲ့ ဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးချင်ပါတယ်ချာချာဝန်းက သူရဲ့ကျွမ်းကျင်လှတဲ့ မျက်လှည့်လှည့်ကွက်တွေကြောင့် နာမည်ကြီးတဲ့ မျက်လှည့်ပညာရှင်တစ်ဦးပါ TV တွေမှာ တိုက်ရိုက်မျက်လှည့်ပွဲတွေ ပြသတင်ဆက်သလို သူရဲ့ကြည့်ကောင်းတဲ့ရုပ်ရည်ကြောင့် နာမည်ကြီးတဲ့ ချာချာဝန်းမှာ အများနဲ့အတူ ထူးခြားလှတဲ့ အချက်တစ်ချက်ရှိပါတယ်အဲ့ဒါကတော့ သရဲတွေကို မြင်နိုင်တာ ပြီးတော့ သူတို့နဲ့ဆက်သွယ်နိုင်တာပါပဲအဲ့လိုထူးခြားတဲ့စွမ်းရည်နဲ့ ချာချာဝန်းတစ်ယောက် ရဲမေဂိုနဲ့ပူးပေါင်းပြီး အမှုတွေကို စုံစမ်းရာကနေ သူတို့နှစ်ယောက်ကြား ဘယ်လို ရိုမန်တစ်ဆန်ဆန်အချစ်တွေဖြစ်လာမလဲလူသားတွေနဲ့ဆက်ဆံရမှာကိုမုန်းတီးတဲ့ မျက်လှည့်ဆရာရဲ့နောက်ကွယ်က အကြောင်းအရာတွေကရော ဘယ်လိုတွေဖြစ်မလဲမင်းသား Park Hye Jin နဲ့ မင်းသမီး Jin Ki Joo တို့ပါဝင်သရုပ်ဆောင်ထားပြီး အပတ်စဥ် Sat & Sun မှာတင်ဆက်ပေးထားမဲ့ Kdrama အသစ်လေးပဲ ဖြစ်ပါတယ်အညွှန်းကိုတော့ Shwe Pyae က ရေးထားပေးပြီးတော့ဘာသာပြန်ထားတာကတော့ Shoon, Shwe Pyae, Khaing Khin ...
5
TMDb: 5/10 1 votes
tv

From Now On, Showtime! (2022)

2022
Our Blues(2022)
Our Blues(2022) Our Blues(2022) ဇာတ်လမ်းတွဲအညွှန်း ********************************အပိုင်း ( ၁ မှ ၂၀ ) ထိ စ/ဆုံးဒီကားလေးက တွေ့မြင်နေကြ လူငယ်အချစ်သဘာဝပုံစံမျိုးကို ခံစားရမှာမဟုတ်ဘဲ လောကကြီးမှာ နေတာကြာလာတာနဲ့အမျှ ရင့်ကျက်လာကြ၊ တွေးတောတတ်လာကြပြီး အခြေအနေအရထိုက်သင့်တဲ့ဆုံးဖြတ်ချက်တွေကို ချခဲ့ရတဲ့ လူလတ်ပိုင်းနဲ့ လူကြီးပိုင်းတွေနဲ့ Lifestyle ကို မြင်သာထင်သာရှိအောင် ဖော်ပြပေးမှာမလို့ Hometown Cha Cha Cha လို ကျေးရွာလေးနဲ့ ပင်လယ်ကို ခံစားနိုင်တဲ့ ရသရမဲ့အပြင်ပါနေကြမဟုတ်တဲ့ လူလတ်ပိုင်းအရွယ်တွေရဲ့ အချစ်ရေးလေးတွေပါတာမလို့ ကြည့်ရတာ တမူထူးခြားပြီး ကြည့်လို့ကောင်းနေစေမှာပါ။ ဒါ့အပြင် သရုပ်ဆောင်ပညာပိုင်နိုင်တဲ့ ဝါရင့်သရုပ်ဆောင်တွေချည်းပဲဆိုတော့ ပြောနေစရာကိုမလိုဘဲ ကြည့်ရှုသင့်တဲ့ ဇာတ်ကားအဖြစ် မထုတ်လွှင့်ခင်ကတည်းက သတင်းမွှေးနေတာပါ။ဇာတ်လမ်းအကျဉ်း....ဂျယ်ဂျူကျွန်းပေါ်က ရွာလေးတစ်ရွာမှာ မွေးဖွားလာပြီး ကုန်ကားတစ်စီးနဲ့ ကျွန်းပေါ်ဈေးပတ်ရောင်းပြီး စီးပွားရှာတဲ့ လူရိုးကြီး 'အီဒုံဆော့' က ကျွန်းပေါ်ကို အခုမှပြောင်းရွှေ့လာတဲ့ Mystery ဆန်ဆန် 'မင်ဆွန်းအာ' ဆိုတဲ့ ကောင်မလေးနဲ့တွေ့ပြီးတဲ့အခါမှာတော့...ဘာဆက်ဖြစ်ကြမလဲကျွန်းပေါ်မှာမွေး၊ ကျွန်းပေါ်မှာပဲကြီးတဲ့ 'ချွဲဟန်ဆူ' ကတော့ အကြာကြီးနေမှ ...

Our Blues(2022)

2022
Sh**ting Stars (2022)
Sh**ting Stars (2022) Shooting Starsဆော့ဟွန်းလေးနဲ့ ဘုတ်ဂျူးလေးတို့ နှစ်ယောက်ရဲ့ ကြောင်နဲ့ကြွက်အချစ်ဟာသအခွီကားလေး လာပါပြီLee Sung Kyung ဟာ အင်တာတိန်းမန့် ကုမ္ပဏီတစ်ခုရဲ့ PR အဖွဲ့ခေါင်းဆောင်ဖြစ်ပြီးတော့Kim Young Dae ကတော့ အဲ့ကုမ္ပဏီကနေ ပွဲဦးထွက်ထားတဲ့ ထိပ်တန်းနာမည်ကြီးမင်းသားတစ်လက်ဖြစ်ပါတယ်ပရိသတ်တွေကတော့ ချိုသာယဉ်ကျေးတဲ့မင်းသားမို့ သဘောကျကြသလောက် နောက်ကွယ်မှာတော့Kim Young Dae ဟာ ဆတ်ဆတ်ထိမခံတဲ့ ဒေါသအိုးလေး ဖြစ်လို့နေပါတယ်ကုမ္ပဏီကလူတွေအတွက်ကတော့ ဒါဟာ နေ့ရက်တိုင်းမှာ စိန်ခေါ်မှုတွေကို အမြဲကြုံနေရသလိုပါပဲဒီလိုအခြေအနေကို စီမံခန့်ခွဲမှုအရမ်းတော်တဲ့ မမLee Sung Kyung အနေနဲ့ ဘယ်လိုတွေ စီမံခန့်ခွဲသွားမလဲဒေါသအိုးမင်းသားလေးနဲ့ ထက်မြက်တဲ့မမနဲ့ ရိုမန့်တစ်အနေအထားလေးတွေ ဘယ်လိုတွေ ဖြစ်သွားမလဲဆိုတာကို အခွီလေးတွေ အရယ်အမောလေးတွေနဲ့ ကြည့်ရမှာပါPenthouse က ရိုနာ့အဖေလည်းပါပြီးတော့ ဂီတမှူးဆရာလည်းပါပါတယ်Lee Lung Shin ဆိုတဲ့ ကောင်လေးလည်း ပါမှာမို့လို့ အဆင်လေးတွေနဲ့ ကြည့်ပျော်တဲ့စီးရီးလေးဖြစ်မှာသေချာတယ်ဒီဇာတ်ကားလေးကို TVN က ထုတ်လွှင့်မှာဖြစ်ပြီးတော့ ဒါရိုက်တာကတော့ ...

Sh**ting Stars (2022)

2022
The Life and Movies of Erşan Kuneri (2022) အောမင်းသားရဲ့ ဒဏ္ဍာရီ 8.6
The Life and Movies of Erşan Kuneri (2022) အောမင်းသားရဲ့ ဒဏ္ဍာရီ   ဟာသဇာတ်လမ်းတွေဆိုတာ နိုင်ငံနဲ့ယဉ်ကျေးမှုကိုလိုက်ပြီး ရသတွေ မတူညီတတ်ကြပါဘူး။တူရကီတွေရဲ့ ဟာသတင်ဆက်ပုံကိုကြည့်ချင်ရင်တော့ ဒီစီးရီးကို ရှုစားလိုက်ကြပါ။တူရကီ ဟာသဇာတ်လမ်းတွဲကောင်းလေးတစ်ကားတော့ရောက်လာပါပြီအရင်တူရကီရဲ့ နာမည်က အပြာမင်းသားကြီး အာဆန်အကြောင်းကိုစိတ်ကူးယဉ်ပြီးတော့ ဖြစ်ရပ်မှန်တွေပေါင်းထည့်ပြီး ရိုက်ထားတဲ့ကားကောင်းလေးတစ်ကားပါပဲ အပြာမင်းသားကြီးကားဖြစ်တဲ့အတွက်တချို့ဟာသတွေကတော့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်တာတွေပါပေမဲ့လည်း၁၈ယောက်စုကြည့်စရာလည်းမလိုပါဘူး တစ်ယောက်တည်းကြည့်ရင်တော့တခွီခွီနဲ့ရယ်ရဖို့အတွက် ရေဗူးဆောင်ထားဖို့ပဲ အကြံလေးပေးချင်ပါတယ်ဇာတ်လမ်းကတော့ တကယ့်ကိုတန်ပါတယ် ရုပ်ရှင်မင်းသားအကြောင်းရိုက်ထားတာဖြစ်တဲ့အတွက် ဇာတ်လမ်းထဲက ဇာတ်လမ်းတွေပါကြည့်ရတော့ပိုပြီးတော့တောင် ကြည့်လို့တန်မဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါပဲဟာသတွေနဲ့ဇာတ်မြူးလေးဖြစ်တဲ့အတွက်ကြောင့် ဇာတ်လမ်းအကျဉ်းကတော့ရေးပေးစရာမလိုလောက်အောင်ကို ဇာတ်ကွက်တစ်ခုစီတိုင်းကရယ်နေရတာပါဘဝအမောတွေပြေပျောက်ချင်တယ်ဆိုရင်တော့ ရဲရဲကြီးသာကြည့်လိုက်ပါရေဗူးလေးတော့မမေ့နဲ့ပေါ့ File size…(554Mb) Quality….Webrip 720p/1080p Format…mp4 Duration….50 Min Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield Episode 1720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 2720p - VIP / Yoteshin / Meaup /Meganz/ Usersdrive / StreamEpisode 3720p - ...
8.6
TMDb: 8.6/10 13 votes
tv

The Life and Movies of Erşan Kuneri (2022) အောမင်းသားရဲ့ ဒဏ္ဍာရီ

2022
This Is Going to Hurt (2022) 9.3
This Is Going to Hurt (2022) This is going to hurt (2022)ကျွန်တော်တို့ CM ကနေ ဆရာဝန် ဟာသ စီးရီးလေးတစ်ခု ထပ်တင်ပေးချင်ပါတယ်။ အပိုင်း ၇ ပိုင်းပဲ ပါပါတယ်။ဆရာဝန် ဟာသပညာရှင် အဒမ်ကေရဲ့ နိုင်ငံတကာ best seller ဝတ္ထုကို အခြေခံပြီးရိုက်ကူးထားတာပါ။ ဆရာဝန်တစ်ယောက်ရဲ့ ကြုံခဲ့ဖူးတဲ့ အလွဲတွေဟာသတွေပေါ့။ဒီတစ်ခါတော့ အဓိက ဇာတ်ကောင်က သားဖွားမီးယပ်ပါရဂူ ပေါက်စလေးပါပဲ။ ထူးထူးခြားခြား ပါရမီပါတာလည်းမဟုတ်ပါဘူး။ အမှားတွေလုပ်တတ်တယ် သင်ယူနေရတယ်။ သူလိုကိုယ်လိုပါပဲ။ ဂျစ်ကပ်ကပ်နိုင်တယ် ဂွစာတိုက်တတ်တယ်။ လူနာတွေအပေါ် စေတနာကောင်းတယ်။ ဂေးဖြစ်နေတာကို ဆေးရုံကလူတွေမသိအောင် ဖုံးထားချင်တယ်။ ပြီးတော့ သားဖွားမီးယပ် ဆရာဝန်အကြီးတန်းဖြစ်ချင်ပြီး ပိုက်ဆံများများရပြီး နှပ်ချင်တယ်။ ဒီလိုရိုးရှင်းပါတယ်။ပြီးတော့ BBC ရဲ့ ဗြိတိန်ကားဆိုတော့ မြန်မာနိုင်ငံနဲ့ကျန်းမာရေးစနစ်ချင်း ဆင်ပါတယ်။ သင်ရိုးနဲ့ လုပ်ပုံလုပ်နည်းတွေလည်းဆင်ပါတယ်။ ဟောက်စ်ဆာဂျင်တွေ နှစ်လလောက်ကြာတာတောင် ကလေးမွေးဖို့ သင်ပေးမယ့်သူမရှိလို့ မမွေးတတ်သေးတာတွေ တောက်တိုမယ်ရပဲလုပ်နေရတာတွေ၊ အစိုးရဆေးရုံမို့ လူပေါင်းစုံ ပြဿနာပေါင်းစုံကို ရှင်းရတာတွေ။ လူနာတွေက လူမျိုးရေးခွဲခြားပြီး နှိမ်ချင်တာတွေ။ ဆေးရုံမှာမနိုင်မနင်းနဲ့ ပင်ပန်းလွန်းကြတာတွေ။ဒီလိုသဘာဝကျကျ ဇာတ်ကောင်တွေနဲ့ ဟာသလည်းမြောက် ဗဟုသုတလည်းရ ပျော်စရာလည်းကောင်းတဲ့စီးရီးမို့ သေချာပေါက်ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။တုံးလုံးအခန်းတွေ ...
9.3
TMDb: 9.3/10 3 votes
tv

This Is Going to Hurt (2022)

2022
The Boss Baby: Back in the Crib (2022) 6.9
The Boss Baby: Back in the Crib (2022) The Boss Baby: Back in the Crib (2022) ============================ IMDb Rating - 6.9/10အားလုံး ချစ်ကြတဲ့ Boss Baby ပြန်လာပါပြီ။ ဒီတစ်ခါမှာတော့ movie အနေနဲ့ မဟုတ်ဘဲ Series အနေနဲ့ ထွက်ရှိလာတာပဲ ဖြစ်ပါတယ်။ အပိုင်း (၁၂) ပိုင်း ပါဝင်မှာ ဖြစ်လို့ Boss Baby ရဲ့ စွန့်စားခန်းတွေကို တစ်ဝကြီး ကြည့်ရှု့ရမှာပါ။ သီယိုဒို တန်ပယ်တင် ဟာ အရွယ်ရောက်ပြီး ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေခဲ့ပါတယ်။တစ်နေ့မှာတော့ ‌ငွေအလွဲသုံးစားမှုနဲ့ ချောက်ချခံလိုက်ရပြီး အက်ဖ်ဘီအိုင်ရဲ့ လိုက်လံ ဖမ်းဆီးခြင်းကို ခံရပါတော့တယ်။ ကြံရာမရဖြစ်ပြီး ကလေးပြန်ဖြစ်စေတဲ့ ဖော်မြူလာကို သောက်ပြီး ကလေးအဖြစ် ပြန်လည်နေထိုင်ပါတော့တယ်။ ဒါ့အပြင် သီယိုဒိုတစ်ယောက် သူ့ အစ်ကိုဖြစ်သူ တင်မ်ရဲ့ အိမ်ကို ရောက်လာပြီး အတူတူ နေထိုင်ခွင့်တောင်းပါတယ်။ သို့သော် သီယိုဒိုဟာ အလွှဲသုံးစားမှုကို မဖြေရှင်းနိုင်သေးတဲ့ အချိန်ထိ ကလေးဘဝအဖြစ် နေဖို့အတွက် ...
6.9
TMDb: 6.9/10 1070 votes
tv

The Boss Baby: Back in the Crib (2022)

2022
Goo Pil-soo Is Not There (2022) 8.1
Goo Pil-soo Is Not There (2022)  ဘဝမှာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ... ဘယ်အရာတွေကပဲ တားဆီးနေပါစေ... "သူများကို ခေါင်းငုံ့စရာမလိုဘူး"... "တက်နင်းတာ ခံစရာမလိုဘူး"... "နောက်ပြန်လှည့်စရာမလိုဘူး"... "အရှုံးပေးစရာမလိုဘူး"ဆိုတဲ့ အဓိပ္ပာယ်ကို အသက် ၄၀ အရွယ်အမျိုးသား Goo Pil-Soo (မင်းသားကြီးKwak Do-Won) တို့မိသားစုနဲ့ အသက်နှစ်ဆယ်အရွယ် Jung Seok (Yoon Doo-Joon) တို့နှစ်ယောက်အပေါ်အခြေခံပြီး ဖော်ပြထားပါတယ်။Goo Pil Soo မှာ ငယ်ရွယ်စဉ်တုန်းက အရာရာတိုင်းအောင်မြင်ခဲ့တဲ့ သိုင်းပညာရှင်ဖြစ်ခဲ့ပေမဲ့ အသက်ကြီးလာပြီး မိန်းမနဲ့ သားလေးတစ်ယောက်ရလာတော့ အကြွေးကိစ္စ ၊ အလုပ်ကိစ္စတွေ အဆင်မပြေဖြစ်လာခဲ့တယ် ကြက်ကြော်နဲ့ဘီယာဆိုင်လေးဖွင့်ထားပြီး ကိုယ်ပိုင်အိမ်မရှိတဲ့ဘဝမှာ ခက်ခက်ခဲခဲနေရတယ် ကိုယ့်ရဲ့သားလေးကိုလည်း သူများတွေနဲ့တန်းတူဖြစ်စေချင်ပေမဲ့ ငွေကြေးအခက်အခဲကြောင့် အမြဲစိတ်ညစ်နေရတယ် အဲဒါကြောင့် သူ့မိန်းမနဲ့ သူ့သားလေးအတွက် ပိုကောင်းမွန်တဲ့ဘဝလေးရလာဖို့ အမြဲကြိုးစားနေတဲ့ လူတစ်ယောက်ပေါ့Jung Seok ကတော့ အရမ်းထက်မြက်ပေမဲ့ ဆင်းရတဲ့မိသားစုကနေပဲ ဆင်းသက်လာခဲ့တယ် မိဘတွေရဲ့အကြွေးတွေကိုဆပ်ဖို့ သူ့ရဲ့ဦးနှောက်ကို အသုံးချပြီး ဝါသနာပါတဲ့ Start-Up ဖန်တီးသူဖြစ်လာခဲ့တယ် ကိုယ်ဖန်တီးထားတဲ့ နည်းပညာတွေနဲ့ အောင်မြင်လာအောင် ကြိုးစားမယ့် လူငယ်လေးတစ်ယောက်ပါ။သူတို့နှစ်ယောက်နဲ့ဆက်စပ်နေတဲ့ ချေးငွေပြဿနာတွေ၊ပညာရေးပြဿနာတွေ၊ဝန်ထမ်းပြဿနာတွေ၊ start-up ...
8.1
TMDb: 8.1/10 1 votes
tv

Goo Pil-soo Is Not There (2022)

2022
Mommy I Love You (2022)
Mommy I Love You (2022) Mommy I Love You(2022) စ / ဆုံး"ချစ်သောမေမေ"--------------------------------Casts: ဖာနွတ် အဖြစ် March Chutavuth ဖရီမာ အဖြစ် Margie Rasri ချနချို အဖြစ် Nat Sakdatorn ဂန်နရီ အဖြစ် Joy Rinlaree ပီရ အဖြစ် Bomb Tanin ဆရင်သာ အဖြစ် Ying Rhathaနိုင်ငံခြားထွက်ပြီး ပညာသင်ကြားဖို့ခြားထွက်ပြီး ပညာသင်ကြားဖို့ ရည်မှန်းချက်ရှိတဲ့ ဖာနွတ်တစ်ယောက် မမျှော်လင့်ပဲ ချစ်ရသူ ကောင်မလေး ဖရီမာနဲ့ ကိုယ်ဝန်ရသွားခဲ့တယ် ဖရီမာက အကြောင်းစုံသိပြီး မိမိချစ်သူကောင်လေးအနာဂတ်အောင်မြင်ဖို့အတွက် ကိုယ်ဝန်ရှိနေတာကိုဖုံးကွယ်ပြီး Single Mom အဖြစ်နေသွားဖို့ဆုံးဖြတ်ခဲ့တယ်နှစ်ပေါင်းများစွာ အကြာမှာတော့ ဖာနွတ်ဟာ ဖရီမာဟာ ကိုယ့်ကလေးမွေးခဲ့တယ်ဆိုတဲ့ အဖြစ်မှန်ကို သိသွားပြီး ဖရီမာကို ပြန်ရဖို့ ကြိုးစားခဲ့တယ် အဲ့အချိန်မှာပဲ ဖရီမာဟာ စားဖိုမှူးလေးပီရနဲ့ ဒိတ်နေပြီ ဖြစ်ပါတယ်အမြဲတမ်းကလေးရဖို့ပဲတွေးနေခဲ့တဲ့ Working Woman ဂန်နရီ တစ်ယောက် မိမိမျိုးဥကို ဆေးရုံတွင် ထားပြီး ပြည့်စုံသော ( sperm ) ...

Mommy I Love You (2022)

Super PupZ (2022) 6.7
Super PupZ (2022) Super PupZ (2022) ============== IMDb Rating - 6.7/10Netflix ကနေ ပြသထားတဲ့ စီးရီးကောင်းလေးကို ဒီနေ့အတွက် တင်ဆက်ပေးချင်ပါတယ်။အမွှေးထူထူဂြိုလ်သာကောင်လေးဇီတာဟာ ကမ္ဘာမြေပေါ်ကျ ရောက်လာပြီးနောက် အစိုးရက သူ့ကို စမ်းသပ်ခန်းထဲ ခေါ်သွားခဲ့ ပါတယ်။ စမ်းသပ်မှုလုပ်တဲ့နေရာမှာ ချောချောမွေ့မွေ့ဖြစ်ဖို့ အစိုးရက ခွေးအလေအလွင့် လေးကောင်ကို ဇီတာနဲ့အတူ လှောင်ထားခဲ့ပါတယ်။ ဒါပေမယ့် ခွေးလေးကောင်ဟာ ဇီတာဆီကနေ မတူညီတဲ့စွမ်းအားတွေ ရရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ငါးကောင်ဟာ အစီအစဉ်ဆွဲပြီး စမ်းသပ်ခန်းကနေ ထွက်ပြေးကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ ဇီတာလေး တစ်ကောင်ကတော့ ကျန်နေခဲ့ပါတယ်။ လွတ်မြောက်သွားတဲ့ ခွေးပေါက်လေး တွေဟာ သူတို့ရဲ့ သခင်အသစ် လူသားကလေးလေးတွေနဲ့အတူ ဇီတာကို ကယ်တင်ဖို့ကြိုးစားကြတာကို ကြည့်ရှုရမှာပါ။ကလေးတွေသဘောကျမယ့် ဇာတ်လမ်းအမျိုးအစားလေးဖြစ်ပြီး ပါပီလေး တွေကိုချစ်တတ်တဲ့ ကိုကို မမတွေလည်း ကြည့်ရှုနိုင်မယ့်ကားလေးဖြစ်ပါတယ်။ တိရစ္ဆာန်လေးတွေရဲ့ ချစ်စရာကောင်းမှုကိုကတစ်ဝကြီးကြည့်ရှုနိုင်ပြီး ဟာသခန်း လေးတွေအပြင် စွန့်စားခန်းလေးတွေလည်းပါတာမို့ ကြည့်ကောင်းမယ့် ဇာတ်လမ်း တွဲလေးဖြစ်ပါတယ်။(ဒီစီးရီးရဲ့ အညွှန်းကို Zaw Myo Thu မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသား ပေးသူများကတော့ CM Team မှဖြစ်ပါတယ်။)File Size.............(300 MB) Quality...............WEBDL ...
6.7
TMDb: 6.7/10 2200 votes
tv

Super PupZ (2022)

2022
As We See It (2022) 8
As We See It (2022) As We See It (2022) =================== IMDb Rating - 8.1/10ဒီတစ်ခေါက် Series ကတော့ သက်လတ်ပိုင်း Autism သမားများရဲ့ ဘဝနေထိုင်မှုနဲ့ ပတ်သက်ပြီး ရိုက်ကူး တင်ဆက်ထားတဲ့ series တစ်ခုပါ။ ဇာတ်လမ်းအစ လူ့ပတ်ဝန်းကျင်နဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် ကော်ဖီဆိုင်ကို လမ်းလျှောက်သွားနိုင်ဖို့ ကြိုးစားနေတဲ့ လူငယ်တစ်ယောက်ကို မြင်တွေ့ရမှာပါ။ ဆေးတက္ကသိုလ်ဝင်ခွင့်ကို ကြိုးစားဖြေဆိုနေတဲ့ မန်ဒီ ဆိုတဲ့ ကောင်မလေးဟာ သက်လတ်ပိုင်း Autism သုံးယောက်နဲ့ အတူ နေထိုင်ရင်း သူတို့ရဲ့ နေ့စဥ် ကြုံတွေ့ရတဲ့ အခက်အခဲတွေအတွက် အဖြေရှာပေးနေတဲ့ လက်ထောက် တစ်ယောက်ပါ။မန်ဒီနဲ့အတူ နေထိုင်နေတဲ့ Autism ဖြစ်နေတဲ့ ဂျက်၊ ဗိုင်အိုလက်နဲ့ ဟယ်ရီဆန် တို့က ဘယ်လိုပုံစံရှိမလဲ။ သူတို့တစ်နေ့တာ နေထိုင်မှုဘဝမှာ သူတို့ရဲ့ အခက် အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမှာပါ။ဒီ Series ရဲ့ season 1 မှာ အပိုင်း (၈) ပိုင်း ပါဝင်ပြီး Austismတွေရဲ့ ...
8
TMDb: 8/10 11 votes
tv

As We See It (2022)

2022
Sea In Love (2022)
Sea In Love (2022) Sea In Love (2022)  စ/ဆုံးအချစ်ပင်လယ်------------------------ရရေချွန်ဆိုတဲ့ ကောင်မလေးတယောက်ဟာ မေမေ့ရဲ့အိမ်မက်ကို ဖြည့်ဆည်းပေးဖို့အတွက်မိုင်ရိုကျွန်းကို ဝယ်ချင်နေတဲ့သူတယောက်ပါလန်ဆိုတဲ့ ကောင်လေးတယောက်ဟာ နိုင်ငံခြားမှာ ကျောင်းပြီးသွားခဲ့ပြီး အဖေအတွက် အလုပ်လုပ်နေရပါတယ်တနေ့ကတော့ လန်ရဲ့အဖေဟာ အကြွေးယူထားရင် အကြွေးတွေပြန်မဆပ်နိုင်လို့ သူဌေးရဲ့သမီး ရရေချွန်နဲ့ အတင်းလက်ထပ်ခိုင်းပါတော့တယ်ဒါပေမဲ့ လန်ဟာ သူ့မှာချစ်တဲ့ကောင်မလေးရှိနေပြီးမို့ လက်ထပ်ဖို့ ငြင်းဆန်ခဲ့ပြီး အကြွေးတွေ ဆပ််နိုင်ဖို့ အလုပ်ကြိုးစားလုပ်ပါတော့တယ်ဒါပေမယ့် နောက်ဆုံးတော့ သူတို့ ၂ယောက်ဟာ ကိုယ်လိုချင်တဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ လက်ထပ်မှ ဖြစ်မယ်ဆိုပြီး ၂ဦးသား သဘောတူစာချုပ် ချုပ်ဆိုပါတော့တယ်လန်ဆိုတဲ့ ကောင်လေးဟာ လက်မထပ်ဖို့ သူ့အဖေရဲ့အကြွေးကို ကျေအောင် ဆပ်နိုင်မှာလား..?ရရေချွန်ကလည်း သူ့အမေအိမ်မက်ဖြစ်တဲ့ မိုင်ရိုကျွန်းကို ဝယ်ယူနိုင်မလား...........?သူတို့ ၂ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျော်ကြည့်ရှုနိုင်ပါတယ် Episodes: 20Aired: April 27, 2022Aired On: Mon to FriGenres: Romance, ...

Sea In Love (2022)

Drag I Love You (2022)
Drag I Love You (2022) Drag, I Love You (2022)  အပိုင်း ( 22 ) စ/ဆုံး________________________________________ ဒီတစ်ခေါက်ကတော့ BL GL တွေ မဟုတ်ဘဲထူးထူးခြားခြား LGBTQ+ ကားလေး ဖြစ်ပါတယ်။ကလပ်ကပွဲတစ်ခုမှာ Draq Queen ဖြစ်သူ နာဒီယာလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်....တင်ဆက်ဖျော်ဖြေရင်းနဲ့ပဲ မတော်တဆမှု ဖြစ်ပြီး ဆေးရုံရောက်သွားပါတယ်။ဆေးရုံရောက်တဲ့အခါမှာလည်း ပစ်သတ်ခံလိုက်ရလေတော့....ရဲတွေက အမှုကို စုံစမ်းစစ်ဆေးဖို့ ဖြစ်လာပါလေရော။ရဲတွေဘက်က ကလပ်ကပွဲကို သိပ်မသင်္ကာတာနဲ့ပဲစုံထောက်တွေထဲမှာ အတော်ဆုံးဖြစ်တဲ့ စုံထောက်ဖတ်ကိုအသွင်ယူစုံစမ်းဖို့ လွှတ်လိုက်ပါတော့တယ်။ဖြစ်ချင်တော့ အဲဒီကလပ်ကပွဲမှာ transgender တွေပဲ လက်ခံတာကြောင့်ဖတ်တစ်ယောက် transgender တစ်ယောက်လို ဝတ်စားပြီး အထဲဝင်ဖို့လုပ်ရပါတော့တယ်။ဒီလိုနဲ့ ပွဲမှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံလာရပြီး.......အဲဒီမိန်းကလေးကလည်း ယောက်ျားလေးအိမ်သာဝင်တဲ့ transgender ဖြစ်နေတဲ့အခါ......တိုက်ဆိုင်မှုတွေနဲ့အတူ မထင်မှတ်ဘဲ သူတို့နှစ်ယောက် ချစ်မြတ်နိုးသွားမိတဲ့အခါမှာတော့.......သူတို့နှစ်ယောက်ဆက်ဆံရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ..?လူသတ်မှု တရားခံကရော ဘယ်သူဖြစ်နေမှာလဲဆိုတာကို ကြည့်ရှုရမှာပါ။Mystery, Comedy, Romance drama အမျိုးအစားလေးဖြစ်လို့ ရသစုံခံစားရမှာ ...

Drag I Love You (2022)

Love, Death & Robots. 2019-2022 Season 1+2+3 Complete 8.2
Love, Death & Robots. 2019-2022 Season 1+2+3 Complete Love, Death and Robots (2019) (2021)သင်ဟာ Animation Crazyတစ်ယောက်လား။Spiderman; Into the Spiderverse ကို အရူးအမူးကြိုက်ခဲ့သူလား။ဒါဆိုရင်တော့ အခု နာမည်ကြီးနေတဲ့ Netflix က လွှင့်တဲ့Love, Death and Robots ဆိုတဲ့ Seriesလေးကို မဖြစ်မနေကြည့်သင့်ပါတယ်။Imdb Rating 9\10 ရထားတဲ့ Seriesပါ။တစ်ပိုင်းနဲ့တစ်ပိုင်းက ဇာတ်လမ်းတစ်မျိုးစီဖြစ်သလို ကြာချိန်တွေလည်း မတူညီကြပါဘူး။ခံစားစေရတဲ့ ရသတွေလည်း မတူညီကြပါဘူး။ဘယ်လိုဇာတ်လမ်းမျိုးတွေပါမလဲဆိုတာကတော့ နာမည်ထဲကအတိုင်းချစ်ခြင်းမေတ္တာတွေ သေဆုံးမှုတွေနဲ့ စက်ရုပ်တွေကိုအခြေခံထားတဲ့ ဇာတ်လမ်းမျိုးတွေပါ။တချို့အပိုင်းတွေဆိုရင် Gameဆော့နေရသလိုမျိုး ခံစားချက်ကိုပါ ပေးစေပါတယ်။အရမ်းညွှန်းနေရင် ပေါ့သွားမှာဖြစ်တဲ့အတွက် ကိုယ်တိုင်ပဲခံစားကြည့်လိုက်ကြပါ။Animationဆိုပေမဲ့ အသုံးအနှုန်းအကြမ်းတွေသွေးထွက်သံယိုအခန်းတွေ တစ်ပြုံကြီးပါတဲ့အတွက်ကလေးသူငယ်တွေကို မပြသင့်ပါဘူး။Animationကြိုက်တဲ့ပရိသတ်တွေ လုံးဝ လက်မလွှတ်သင့်တဲ့ Seriesပါ။မသေခင်ကြည့်သွားသင့်သော Animation List သာရှိရင်ဒီ seriesက အဲဒီlistထဲပါမှာ ကျိန်းသေပါတယ်။Translator : Ye Man Aung , Mr.Anderson, ...
8.2
TMDb: 8.2/10 106 votes
tv

Love, Death & Robots. 2019-2022 Season 1+2+3 Complete

2019
Love Twist (2021) [Complete]
Love Twist (2021) [Complete] Love Twist (2021) ဇာတ်လမ်းတွဲအညွှန်း(အစ-အဆုံး)***********************************အပိုင်း - ၁၀၃ (ဇာတ်သိမ်းပိုင်း) နောက်ထပ်ကြည့်လို့ကောင်းတဲ့ အပိုင်း (၁၀၀) မိသားစုကားလေးနဲ့မိတ်ဆက်ပေးပါရစေ။"Twist" လို့ခေါ်တဲ့ အသေးစားကုမ္ပဏီလေးတစ်ခုကို တည်ထောင်ထားတဲ့ ဆိုးရီ၊ ဟာရူ နဲ့ ယွန်းနာတို့က အရမ်းရင်းနှီးတဲ့ဆက်‌ဆံရေးတွေရှိကြပါတယ်။ မိဘအချင်းချင်းရဲ့ဆက်ဆံရေးကြောင့် မောင်နှမလိုဖြစ်နေတဲ့ ဆိုးရီနဲ့ဟာရူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မိသွားကြတဲ့အခါ အချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမယ့် တစ်ဖက်မှာ ယွန်းနာကလည်း ဟာရူကိုတစ်ဖက်သတ် သဘောကျနေတော့ ကြည်နူးဖွယ်အချစ်ဇာတ်လမ်းလေးကနေ သုံးပွင့်ဆိုင်ဖြစ်လာတဲ့အခါမှာ သူတို့ကြားပဋိပက္ခတွေ ပေါ်လာခဲ့ပါတယ်။အဲဒါအပြင် ဆိုးရီနဲ့ဟာရူကို သဘောမတူတဲ့ ဆိုးရီရဲ့အဖေကြောင့်လည်းတစ်ဖန် သူတို့အချစ်ရေးအတွက်ပြဿနာတစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ဒီလိုမျိုး ရင်းနှီးရသူနဲ့ ပဋိပက္ခတွေကြား မိသားစုပြဿနာတွေကြားကနေ ဆိုးရီနဲ့ဟာရူတို့ရဲ့ အချစ်အလှည့်အပြောင်းလေးကို ပုံဖော်ရိုက်ကူးထားတဲ့ဒရာမာလေးပါ။ဒီတော့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲ? မိသားစုပြဿနာတွေကြားမှာ ဆိုးရီနဲ့ဟာရူက သူတို့အချစ်အတွက်ဆက်ရုန်းကန်ကြမလား? လက်လျှော့လိုက်မလား? ဆိုတာကို သူ့ဇာတ်ရှိန်လေးနဲ့သူ ကြည့်လို့ကောင်းတဲ့ကားလေးမို့ CM Asia Series ကနေ စောင့်မျှော်အားပေးကြပါဦး  Aired: December 13, 2021 -- Aired On: Monday-FridayDuration: 30minsEpisodes: 100Genres: ...

Love Twist (2021) [Complete]

2021